အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 5, 2012

စင်္ကာပူနိုင်ငံ ၏ ပထမနေ့ရက်

လေဆိပ်မှ တက္ကစီကားဖြင့် မြန်မာကျောင်း(toa payoh 14.tai gin road,burmes buddhist .temple singapore)သို့ ထွက်လာခဲ့သည်။ ဘယ်လောက်လဲ ဘာညာမေးစရာမလို ကားပေါ်တတ်ပြီးမှ မြန်မာကျောင်း လို့ပြောလိုက်သည်။ တက္ကစီသမားသိသည် ။ ဘာမှမမေးတော့ မိုဃ်းကားးတဖွဲဖွဲကျလျှက် စင်္ကာပူနိုင်ငံသို့အရောက် အအေးဓါတ်ဖြင့်ကြိုဆိုနေသော စင်္ကာပူနိုင်ငံကို ကျေးဇူးတင်ရမည်လော။ ကားလေးသည် ကွေ့ကာ ကောက်ကာတမျိုး..လမ်းဖြောင့်မောင်းလျှက်တသွယ် ဖြင့် မိုဃ်းဖွဲဖွဲလေးကျနေသော တက္ကစီကားပ်ါမှာ မိမိတို့ ၃ ပါးမှာတော့ မိုးမျှော်တိုက်တာကြီးများနှင့် လမ်းဘေး မောင်းနှင်နေသော ယာဉ်လမ်းကျောကိုကြည့်လျှက် မိမိတို့ အိန္ဒိယနှင့် ဘာမှမဆိုင် အိန္ဒိယမှာ နေရာတိုင်းမှာ ကားကြပ်၏။ ဒီမှာတွေ့လိုက်ရသည်ကား ထိုသို့မဟုတ်ခဲ့။လမ်းတိုင်းလမ်းတိုင်း သူ့စည်းကမ်းနှင့်သူ မောင်းနှင်လျှက် အမိအိန္ဒိယနိုင်ငံမှာမူ စည်းကမ်းမရှိ မောင်းချင်တိုင်းမောင်းနေ၏။ မှန်၏ မှား၏ မဆင်ခြင်။ စင်္ကာပူနိုင်ငံမှာမြန်မာလူမျိုးများ အနေများသည် မနေ့က မလေးရှားဗီဇာ သွားရောက်တင်ခဲ့သည့်နေရာမှာ  မြန်မာဆိုင်အတော်များများ မြန်မာဆိုင်းဘုတ်ဖြင့်ရောင်းနေကြသည်ကို တွေ့ရပြန်တော့လဲ ရင်ထဲကျေနပ်မိသည်။ ကွမ်းယာဆိုင်အတော်များများတွေ့ရသည်။ရောင်းသူတို့မှာမြန်မာ။ စားသူတို့မှာလဲ မြန်မာများဖြစ်၏။မလေးရှားဗီဇာ တင်ရာတွင် တပါးကို စင်္ကာပူဒေါ်လာ ၂၀ စီပေးရ၏။ သို့သော်တခုတော့ထူးခြား၏။ဓါတ်ပုံနောက်ခံကိုအပြာရောင်နှင့်အဆင်မပြေခဲ့။ နောက်ခံအဖြူဖြင့်ပြန်ရိုက်ရသည် စင်္ကာပူဒေါ်လာ ၇ ဒေါ်လာပေးရသည်။ ဈေးကြီးပါပေ့ စင်္ကာပူနိုင်ငံရယ်။ ဈေးထဲပတ်လည် လျှောက်ကြည့်မိသည်။ မြန်မာပြည်သူပြည်သားအတော်များများတွေ့ခဲ့ရ၏။နေ့ဆွမ်း တရုတ်မတဦးမှဆွမ်းကပ်သည်။ မေတ္တာပို့အမျှဝေရသည်။ မြန်မာအလွမ်းပြေ ချဉ်ပေါင်းဟင်းလေးနဲ့ လဘက်သုတ်လေးလဲပါရဲ့..။ဟင်းတွေကလဲစုံလို့ အတော်လေးဘုဉ်းပေးရအဆင်ပြေသည်။ စေတနာရှင်မှ တပါးလျှင်စင်္ကာပူဒေါ်လာ ၁၀ စီလှူဒါန်းသည်။ ညအချိန်ရောက်တော့ ဗုဒ္ဒဟူးနေ့တိုင်းဘုရားဝတ်ပြုရသည်ဟူ၏။ကျောင်းထိုင်ဆရာတော်မှ ဘုရားဝတ်ပြုလာသူ ဓမ္မမိတ်ဆွေတို့အား(၅)ပါးသီလခံယူစေသည်။ ပြီးသည်နှင့် တရားထိုင်၁၅ မိနစ်ခန့်။သံဃာတော်အပါး၂၀ ခန့်နှင့်အတူ ဘုရားဝတ်ပြုလာသူတို့ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်နှင့်မေတ္တာပို့ မင်္ဂလသုတ်ပရိတ်တော် မေတ္တသုတ်ပရိတ်တော်စသည်တို့ သံပြိုင် ဘုရားကန်တော့ကြသည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာ ဘာသာခြားလူမျိုးတို့ မြန်မာကျောင်းမှာ ၀င်ထွက်ကာ တရားထိုင်ခြင်း။ဘုရားဝတ်ပြုခြင်းများတွေ့လိုက်မိပြန်တော့လဲ…ရင်ထဲမှာပီတိတို့သည်ဖြစ်တည်လျှက်..မို့ ကျောင်းတော်ကြီး၏ ပရိဝုဏ်တွင် ဘုရားဆင်တုတော်ကြီးကြီးမားမားတွေ့မြင်နိုင်သည်။ စကျင်ကျောက်ဖြင့် ထုလုပ်ထားသည် အမြင့်ပေ(………)ရှိနိုင်သည်.။အပေါ်ထပ်မှာလည်းရပ်တော်မူ ရုပ်ပွားတော်ကြီးမှာလည်းဥာဏ်တော်အတော်မြင့်သည်။စင်္ကာပူနိုင်ငံ၏ သံဃာတော်များ ဒေသန္တရဗဟုသုတ အဖြစ်ကြွရောက်လာလျှင် နေထိုင်စရိတ်မပေးရပဲ တည်းခိုခွင့်ပြုထားသည်။ စည်းကမ်းချက်အထူးမှာ ဆေးလိပ်သောက်တတ်သူများ.ကွမ်းစားတတ်သူများနှင့် ဘီပိုး.စီပိုးရှိသူများ မှတပါး နေထိုင်တည်းခိုခွင့်ပြုသည်။

No comments:

Post a Comment