အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 20, 2012

ကွာလာလမ်ပူမြို့၏မိုးရက်များ

KLCC နဲ့အမှတ်တရပေါ့.


KLCC အထဲတွင်

KLCC အပေါ်ဆုံးထပ်တွင်
 (၁၇.၄.၂၀၁၂)နေ့ ပီနန်းမြို့မှ ကွာလာလမ်ပူရွှေမြို့တော်ကိုရောက်ရှိခဲ့သည်။ မိုးနေ့များနှင့်နေ့တိုင်းကြုံတွေ့ရသည်။ ပထမရက် ရောက်တဲ့နေ့ပဲ မိမိတို့ သတိပဋ္ဌာနဓမ္မရိပ်သာ ရောက်ပြီးလို့များမကြာမီ ကိုရွှေမိုးသည် သဲသဲမဲမဲရွာချတော့၏။ ရန်ကုန်မိုဃ်းနှင့် ရန်ကုန်သူ အစိုးမရဘူးလို့ကြားဘူး၏။ယ္ခု မူ ကွာလာလမ်ပူမြို့နှင့်ကွာလာလမ်ပူမြို့တော်သူလို့တော့ မနှိုင်းချင်။ ကွာလာလမ်ပူမြို့တော်သူတို့အစိုးမရခြင်း အစိုးရခြင်း မိမိမသိ။ မိမိသိသည်ကား အစိုးမရသော ကိုရွှေမိုဃ်း မိုးမအုံ့လိုက်နဲ့ ရွာပြီးသား။ မိမိတို့သတိပဋ္ဌာနဓမ္မရိပ်သာရောက်သည်နှင့်တ၀ုန်းဝုန်းရွာနေတော့၏။ ရာသီဥတုအပူအပေါ် အေးမြစေသည်။ ကောင်း၏။ ခရီးရောက်မဆိုက် မိုဃ်းသည်သည်းထန်းစွာရွာနေ၏။ နေလို့ထိုင်လို့အဆင်ပြေ၏။ ကျောင်းတော်အပေါ်မှနေ ဘေးဘီကိုကြည့်နေမိသည်။ မိုဃ်းရွာနေသည် အပြင်မှာ ကားကြီးကားငယ်တို့သည် ဟိုမှဒီသို့သွားလာလျှက်ရှိသည်။ ကျောင်းတော်ပရ၀ုဏ်အပေါ်၌ ရွှေမြန်မာတို့ တနင်္ဂနွေနေ့ရက်မဟုတ်သော်ငြားလည်း နှစ်ဆန်းတရက်နေ့မို့ အမိမြန်မာပြည်မှလူအတော်များများ ကျောင်း၌ ရောက်နေကြသည်။ ဝေယျာဝစ္စတွေလုပ်နေကြသည်။ အလုပ်အားရပ်မို့ ကျောင်းတော်သို့ လာလည်ကြသည်။ (၁၈.၄.)မနက်ဖြန်တွင်လည်း တောင်ပေါ်ဒေသသို့ သွားရမည် သွားမဲ့ဆဲဆဲတွင် အနွေးအကျီ င်္ဆောင်သွားဘို့ မှာနေသံကြားမိသည်။ ဘာလဲ..? ဘယ်လိုလဲ.? ဒီလောက်ပူနေတာကို အနွေးအကျီ င်္ဆောင်သွား ဆိုသော စကား၏ မှာတမ်းသံသည် မိမိကြားရသည်မှာ နားအကြားမှားခြင်းပေလားဟု ထင်နေမိ၏။ အင်းလေ..ရောက်တော့မှသိရမှာပေါ့ ဟုတေးမှတ်ထား၏။ ကားကလေးမှာတော့ မြို့ထဲ ပုံမှန်မောင်းနေဆဲ။ ထိုမှ တောင်ပေါ်လမ်းသို့ ရောက်စပြုနေပြီ။ အရှိန်ခပ်ပြင်းပြင်းမောင်းနှင်လျှက် တောင်ပေါ်သို့တတ်လေသည်။ ရာသီဥတုသည် သာယာလျှက်ရှိနေသည်။ တောင်ပေါ်သို့ ဓါတ်ကြိုးတို့ဖြင့်တတ်ရသည် ကြာမြင့်ချိန် ၂၈ မိနစ်ကြာ၏။ တောင်တွေဖြတ်သန်းလျှက် တရွေ့ရွေ့သွားနေ၏။ မကြာခင် ၂၈ မိနစ်ခန့်ပြည့်ပြီ ရောက်ခဲ့ပြီ။ skyhigh(genting) သို့ စင်္ကာပူနိုင်ငံလို ဈေးဆိုင်များ စားသောက်ဆိုင်များ နာရီများ အလှအပပစ္စည်းများ ရောင်းချသော ဆိုင်ခန်းကောင်းများတွေ့ရှိနိုင်၏။ လှည့်လည်ကြည့်ရှုသည်။ အနွေးအင်္ကျီကိစ္စ ဥဏှောက်ထဲ မေ့ပစ်လိုက်သည်။ ရာသီဥတုသည် သာယာမြဲ သာယာလျှက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တောင်ပေါ်ဒေသ ၏ ရှုခင်းသည်လည်း လှပလျှက်တွေ့ရသည်။ အင်း…မိုးသားတို့သည် ပုံမှန်တော့မဟုတ်သလို ခပ်မှိုင်းမှိုင်းဖြစ်လာသည်။ မိုးကောင်ကင်၏ ပြာလဲ့လဲ့သဏ္ဍာန်မှသည် ရုတ်ချည်း ညိုမှိုင်းကာ တောင်ပေါ်ဒေသ၏ ရှုခင်းတမျိုးကြည့်လို့ကောင်းသည်။ တိမ်ခိုးတိမ်ငွေ့များနှင့် ဆေးရောင်စုံချယ်သထားသကဲ့သို့နှယ် ဘေးဘီကြည့်မိလိုက်သည်  တောင်တန်းများဝိုင်းရံလျှက် မကြာခင်ရာသီဥတုအခြေနေ ပြောင်းလဲလာချေပြီ။ မိုးသံပေးလာသည် မိုးများထစ်ချုန်းလျှက် လျှပ်စီးများလပ်လာသည်။ အစိုးမရခြင်းဟူသော ကွာလာလမ်ပူမြို့တောင်ပေါ်ဒေသ မိုဃ်းသည် သည်းထန်စွာရွချလျှက်။ ပို၍သာ၍ မိုဃ်းသည်ရွချနေပြီ။ မိုးကောင်းကင်တခုလုံးညိုမှိုင်းလျှက် တ၀ုန်းဝုန်းရွာချတော့သည်။ မိမိတို့အဆောက်ဦးထဲတွင်ရှိနေခြင်းကြောင့် မိုဃ်းရွာသံသည် ကြောက်စရာကောင်းလောက်အောင် ညာသံပေးပြီး ရွာသကဲ့သို့နှယ် တောင်ပေါ်ရှိနေကြသော လူအများစုတို့သည် ကြောက်ရွံ့ခြင်းကင်းစွာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ နာရီဝက်ခန့်ရွာအပြီး မိုးကားစဲပြီ။ နှင်းထုများကျလာသည် မှောင်မိုက်လာ၏။ တောင်တန်းများအမြင်အာရုံမှပျောက်ကွယ်လျှက်ရှိသည်။ အင်း…ကျောင်းမှမှာတမ်းတော် ပြန်လည်ကြားယောင်လာခဲ့သည်။ မိုးရွာခြင်း နှင်းထုများကြခြင်းကြောင့် အအေးဓာတ်များ ပိုလာခဲ့သည်။ အေးစိမ့်စိမ့်ဖြစ်လာသည်။ ပို၍အေးလာခဲ့သည်။ မိုဃ်းသည် တ၀ုန်းဝုန်းညာသံပေးလျှက် ရွာသကဲ့သို့နှယ် သဲသဲမဲမဲရွာချတော့သည်။ လျှပ်စီးများလည်း ပန်းချီကားတချပ်နှယ် ၀င်းဝင်းတောက်လျှက် ရှိသည်။ မိုးကောင်းကင်တခုလုံး အပြာရောင်မှသည် အဖြူရောင် မှိုင်းပြပြအရောင်တို့ဖြင့် ပြောင်းလွဲလျှက်ရှိသည်။ လူအများတို့သည်လည်း မိုဃ်းရွာသည်ကိုဂရုမထားပဲ ပြုံးရွှင်သောမျက်နှာတို့ဖြင့် ဟိုဟိုဒီဒီသွားလာလျှက် မိမိတို့လည်း နောက်တနေရာသို့ မိုးနဲနဲရွာနေသည်မို့ ဆက်လျှောက်ကြသည်။ တရုတ်ကျောင်းတော်များ တရုတ်အတော်များများတွေ့ရသည်။ ဒကာမကြီးမပြောပြသည်စုံလို့..ဒီနေရာမှာတော့ မိမိတို့ဘုရားတဆူဖူးမြင်ခွင့်ရရှိခဲ့သည်။ တရုတ်တို့တည်ထားခြင်းဖြစ်၏။ ဘေးပတ်ဝန်းကျဉ်ရှုခင်းတွေကြည့်ချင်သည်။ သို့သော် တောင်တန်း တောင်ရိုးတို့သည် မှုန်ပြပြ တိမ်တွေပြေးလွှားနေကြသည်။ နှင်းထုများလည်း ဆော့ကစားနေကြသည်။ မိုးသည် ခပ်ဖွဲဖွဲကျလျှက်။ ရာသီဥတုအခြေနေဆိုးရွားလာသည် အေးစိမ့်လာသည် ။နှင်းများဖြင့် ပိတ်လျှက် တောင်များပြိုကြသည်။ သစ်ပင်များ တောင်ပြိုမြေများ ကျောက်တုံးများ ကားလမ်းပေါ်တွင် ပိတ်နေသည်ဟု သိရတော့သည်။ အခြေနေသည် မြန်ဆန်လှသည်။ ကားများသည်ပင်လျှင် တောင်ပေါ်သို့တတ်လို့မရတော့ဟု ကြားသိရ၏။ မြေသည်ကားကြီးများ မြေများသယ်ရန် တွန်းဖယ်ရန် ဘော်ဇီလာ ကားကြီးများနှင့် ရဲများအလုပ်ရှုတ်နေကြသည်။ မိမိတို့မှာတော့ ကားလာနိုးလာနိုးဖြင့် မျှော်လင့်နေမိသည်။ လိုက်ပို့သော ဒကာမကြီးသည် တရုပ်လူမျိုးမို့ နားလည်သင့်သလောက်နားလည်သည် တက္ကစီကားတို့သည်ပင် မတွေ့ရ။ ကိုယ်ပိုင်ကားတို့ စီးပွားဖြစ်ကြသည်။ ဒကာမကြီးမှ ကိုယ်ပိုင်ယာဉ်မောင်းနှင်သော ကားသမားကို မိမိတို့အားလာခေါ်ရန် ပြောလိုက်သည်။မိမိတို့ လမ်းလျှောက်နေကြသည်။ ဘာမှတော့သဲသဲကွဲကွဲ မမြင်ရ။ ကားတစီးထိုးရပ်လာသည် မိမိတို့ရှေ့မှ တရုတ်လူမျိုး ထိုကားနားသွားပြီးချဉ်းကပ်သည် သို့သော် ကားသမားသည် ဒကာမကြီးအားလက်ညှိုးထိုးပြလျှက် ဒကာမကြီးခေါ်ထားသကဲ့သို့နှယ် ပြောဆိုနေသည် မှန်၏ ။ဒကာမကြီးသည် အရှင်ဘုရားတို့ကားပေါ်တတ်ပါ။ တပါး၁၀ ဆီပေးရပါမည်ဟု ပြော၍ ကားပေါ်တတ်ခဲ့သည်။ ကားလေးသည် မိမိတို့ရောက်သည်နှင့် တောင်ပေါ်တနေရာသို့ မောင်းထွက်တော့၏။ လမ်းဘေးတွင် တချို့ကားများရပ်လျှက် မှုန်ဝါးဝါးတွေ့နေရသည်။ တချို့ မိမိတို့ကဲ့သို့ ဖြေးညှင်းစွာမောင်းနှင်နေသည် ။တနေရာအရောက် လမ်းမှာ မြေများပြိုနေသည်။တော်ပေါ်မှမိုးများစွာရွာခြင်းကြောင့် မြေသားတို့သည် လမ်းမှတွင် ပြည့်လျှက် တချို့နေရာကျောက်တုံးကြီးများဖယ်ရှားထားလျှက် တချို့နေရာ ကားကြီးနှင့်မြေများကို ဖယ်ရှားလျှက် တွေ့နေရသည်။ မိမိတို့ကားသမားမှာတော့ ပိုက်ဆံရခြင်းကြောင့် အန္တရာယ်ကိုတော့ မမြင်။သို့သော် ကျွမ်းကြင်စွာ မောင်းနှင်လျှက် မိမိတို့ ပို့ပြီးသည်နှင့် နောက်တခေါက် ထွက်သွားလေတော့၏ မိမိတို့ အအေးဒဏ်ကို အံတုပြီး တိတ်ဆိတ် ငြိမ်သက်လျှက် မိုးသည် ရွာနေဆဲ။ လူတိုင်းရဲ့ မျက်နှာကိုယ်စီမှာ စိုးရိမ်ပူပန်စိတ်များရှိနေကြသည်။ များမကြာမီ ကားကြီးတစီးထိုးရပ်လာသည် မိမိတို့ တရုတ်စကားမကျွမ်းကြင်မှုကြောင့် ကျန်နေခဲ့သည်။ နောက်တစီးရပ်လာပြန်သည် ဒကာမကြီးရောက်လာသည်နှင့် မေးမြန်းတတ်လိုက်သည် တောင်အောက်သို့ ဆင်းရန်ဖြစ်၍ လက်မှတ်များဝယ်ပြီး စောင့်နေသည်။ ခဏအကြာ ကားပေါ်တတ်ခဲ့သည် တော်ပါသေးရဲ့ ကားများပြန်ဆင်း၍ရကြောင်းမို့ ကားပေါ်၌နေကာ နေရာယူနေလိုက်သည်။ အော်..နာရီပိုင်းအတွင်း လမ်းများ သွာလာ၍ရစေရန် ပြုပြင်ပေးခဲ့သည်။ ဒီနေရာမှာ အမိမြန်မာပြည်မှာဆိုလျှင် ၂.ည.၃ည. တောင်ပေါ်တွင်အိပ်ရမည်။ အခုတော့ မြန်ဆန်လှသော အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးသွားခဲ့သည်။ တော်ပါပေစွ။ချီးကျူးပါပေစွ။ ကားတဆင့်ပြီးတဆင့် စီးခဲ့ရသည်။ ရထားများလဲ စီးခဲ့ရသေးသည်။ ထိုနေ့အဖို့ မိမိနေရာသို့ အချိန်အတော်လေးလင့်မှ ရောက်လာခဲ့တော်၏။
   (၁၉.၄.၂၀၁၂ )    ထိုနေ့အဖို့ (KLCC)သို့ သွားရောက်ခဲ့သည် ။မလေးရှားမရောက်ခင်ကထဲက ကြားဘူး တွေ့ဘူးသော နေရာတခု ယခု ကိုယ်တိုင်ရောက်ခဲ့သည် ထင်တာထက် ပို၍ အံ့သြမိသည်။မယ်တော်ကြီးမှ ရိုက်၍ အဆင်ပြေမည့်နေရာသို့ခေါ်ကာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သည်။ KLCC ထဲ ၀င်ခဲ့သည် ခန့်ငြားသည်။ သူထက်ငါ အပြိုင် ဆိုင်ခန်း၏ အလှအပများယှဉ်ပြိုင်သလို စားစာရာနေရာများ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ များစွာတွေ့ရှိခဲ့သည်။ ဓါတ်လှေခါးဖြင့် အပေါ်ဆုံးထပ်ကိုတတ်ခဲ့သည်။ အပေါ်ထပ်မှာလည်း အလှအပ ရောင်းပစ္စည်းများ အများပြားတွေ့ရှိခဲ့သည်။ တနေရာအရောက် တရုတ်မလေးများသည် အလှအပပစ္စည်းများကိုင်လျှက် ရှေ့မှ ဗွီဒိယိုကင်မရာသည်လည်းချိန်လျှက် ကြော်ငြာရိုက်နေကြသည်။ လူတွေသွားလာနေသည် သူတို့အလုပ်မပြတ် သူလုပ်ဆောင်စရာများဆက်လက်လုပ်ဆောင်နေသည်။ ၀ိုင်းဝန်းကြည့်နေခြင်းမရှိခဲ့ကြ။ မိမိခဏတာရပ်ကြည့်ခြင်သည်။ သို့သော် မကြည့်ဖြစ်ခဲ့ ခဏတာအကြည့်ရောက်ခြင်းဖြင့် မိမိသွားလိုသည့်နေရာ ဆက်သွားခဲ့သည်။ များသောအားဖြင့် စားသောက်ဆိုင်များများတွေ့ရသည်။ အိန္ဒိယ အစားအစာ တရုပ်အစားအစာစသည်စသည်တို့ဖြင့် ကြော်ငြာလျှက် တွေ့ရသည်။ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ မယ်တော်ကြီးမှ ပြတိုက်သို့ သွားမည်ဖြစ်ကြောင်းပြောသည်။ ကြည့်စရာနေရာများ လိုက်ပို့ပါ ပြောကာ ပို့သမျှလိုက်ခဲ့သည်။ ပြတိုက်သို့တက္ကစီငှားသည် ၁၂ ရမ်းဂစ်။ ပထမ တယောက်ငှားသည် ကုလား ကား အဆင်မပြေခဲ့။ တပြသာသာမှာစကားများကာပြန်ဆင်းခဲ့သည်။ ဒုတိယ ကားတစီးးအဆင်ပြေသည် ဖေါ်ရွှေသည် သူ့ကို ၁၀ နှင့်ငှားသည် သို့သော် မယ်တော်ကြီးမှ ၂ ရမ်းဂစ်ပိုပေးခဲ့သည်။ရွှေမြန်မာတို့သည် သူတို့ညစ်ရင် ပြန်လည်ကာ တုန့်ပြန်ချင်၏။ယခု ကားသမားသည် ဖေါ်ရွှေခြင်းကြောင့် ၂ ရမ်းဂစ်ပိုပေးကာ  စေတနာကိုရောင်ပြန်ဟပ်ပေးလိုက်သည်။ ရွှေမြန်မာတို့ စိတ်ဓါတ် မဟုတ်မခံချင်။ စေတနာတို့ဖြင့် ပြည့်ညပ်နေသော ရွှေမြန်မာ။ ကားလေးသည် တိုက်တာအဆောက်ဦးတွေအကြားမှ ပုရွက်ဆိတ် တကောင်ကဲ့သို့ မောင်းနှင်နေသည်။ မကြာခင်ပြတိုက်အနီးသို့ တာဝန်ကျေစွာပို့ဆောင်းပေးခဲ့သည်။ ပြတိုက်ထဲဝင်ခဲ့သည် တယောက်ကို ၆ ရမ်းဂစ်။ သိပ်တော့မထူးခြားခဲ့ပါ။ လှည့်လည်ကြည့်ရှုသည်။ ပြန်ထွက်ခဲ့သည်။ ထိုမှ selamat datang သို့ သွားခဲ့ကြပြန်သည် ကားငှားသည် အတော်နဲ့အဆင်မပြေခဲ့။ ၃.စီး အဆင်မပြေခဲ့ ၄ စီးမြောက် အဆင်ပြေချောမောသည်။ ကားခ ၂၀။  လမ်းတွင် မယ်တော်ကြီးမှ ရုံးများ ရန်ကုန်မြို့နှင့် နှိုင်းယှဉ်လျှက် ပြောပြသည်။ လွှတ်တော်ရုံးများ မလေးရှားနိုင်ငံရဲ့အကြောင်းများပြောဆိုသည်။ ရောက်ခဲ့ပါပြီ။ ဟို ကောင်းကင်ထိရောက်လေမလားမသိ အောက်မှနေ၍ မော့ကြည့်ဖြစ်သည် မူး၏။ ဆက်မကြည့်ရဲ KLCC သို့ လှမ်းမျှော်ကာဓါတ်ပုံရိုက်ကြပြန်သည် ရာသီဥတုကားဖောက်လာပြီ မိုဃ်းသည်ရွာချတော့၏။ မိမိတို့သည် မိုးများခေါ်ခဲ့လေသလားမပြောတတ်။ကွာလာလမ်ပူမြို့ နေ့ရက်များသည် မိုးရက်များသာဖြစ်လေတော့၏။ မယ်တော်ကြီးမှပြောပြသည်။ တပည့်တော် လိုက်ပို့သူတွေများခဲ့သည် တလ ၅ ခေါက်လောက် လိုက်ပို့ရသည်တဲ့။ အ၇ှင်ဘုရားတို့ကြမှ နေ့တိုင်းမိုဃ်းတွေနဲ့နှစ်ပါးသွားနေရသည် တဲ့။ မှန်၏ မိုဃ်းသည် သဲသဲမဲမဲရွာနေသည်။ဓါတ်ပုံရိုက်ဘို့သည်ပင် မပေးတော့။ အပေါ်သို့တတ်ရန် အချိန်မရတော့ တထပ် နှစ်ထပ်လှည့်လည်ကြည့်ခြင်းဖြင့် ကျေနပ်ခဲ့ရသည် အချိန်လဲမရှိတော့ မိုးသည်လည်းရွာနေ၏။ ပြန်ဘို့အချိန်နီးနေပြီ ပြန်ကြစို့ ဟုသာပြောခဲ့ရသည် သို့သော် ကားတက္ကစီ ကားမရှိခဲ့။မိုဃ်းသည် သဲသဲမဲမဲရွာနေ၏။ တက္ကစီကားလည်းမရှိ မိုးလွတ်သောနေရာမှာ ထိုင်စောင့်နေသည်။ မယ်တော်ကြီးမှအပေါ်တတ်ကာ ကားငှားသည် နိုင်ငံခြားသားမို့ ပိုတောင်းသည်ဟူ၏။ မတတ်နိုင် ရလာသည်ကိုပင် ကျေနပ်နေမိသည်။ ၃၀ ရမ်းဂစ် ။ မိုဃ်းရွာထဲ ကားကလေးမှာ မောင်းနှင်လျှက် မိုးရွာထဲ ထီးဆောင်းလျှက်သွားနေကြသော လူတွေနှင့် ကားကြီးကားငယ်အသွယ်သွယ်တို့ အလိုရှိရာနေရာသို့ သွားလာနေကြသည် တထပ်စီးလိုင်းကားမှား ၂ ထပ်စီးလိုင်းကားများလည်းတွေ့ရသည်။ တချို့နေရာလေးတွေမှာ အုပ်စုလိုက်မိုးခိုနေကြသော လူများ။ ထိုအထဲမှာ ရွှေလို့အမည်ရတဲ့ ရွှေမြန်မတို့လည်းပါနေသည်။ မြန်မာစကားသံတို့ဖြင့်ပြောနေသံကြားနေရသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူနေ့ရက်များသည် မိုဃ်းရွာသည့်နေ့များနှင့် ဆုံရသည်။ကွာလာလမ်ပူမိုးရက်များသာဖြစ်တော့သည်။ မို့  မိမိသူငယ်ချင်း ညောင်ကန်အေး စမုံညင်းသို့လဲ ရောက်တုန်း ရောက်ခြင်သည် မို့ အရောက်သွားလာခဲ့သည်။ ထိုနေ့အဖို့ ပီနန်းပြန်ရက်မို့ အခြားနေရာများမသွားတော့ပြီ မို့ ညောင်ကန်အေးစမုံညှင်းသို့ တက္ကစီမှသည် ရထားသို့ ရထားမှသည် တက္ကစီသို့ အဆင့်ဆင့်သွားရောက်ခဲ့သည်။ ထိုနေ့အဖို့ မိုးသည် သူမဟုတ်သည့်အလားငြိမ်သက်လျှက် ရှိသည်။မိမိတို့ပီနန်းသို့ပြန်ရန် ကားငှားပြီး သတိပဋ္ဌာန်ဓမ္မရိပ်သာမှ ထွက်လာခဲ့တော့၏။ ကားသည် ၃ နာရီမှ ထွက်မည် ဟူ၏။ ခဏတာနားပြီး ကားစောင့်နေတော့၏။ ၁၅ မိနစ်အကြာ ကားစီးရန် မြေအောက်သို့ ဆင်းခဲ့သည်။ကားပေါ်နေရာယူနေခဲ့သည် မကြာမှီ ကားစတင်ထွက်တော့၏။ တောင်ရိုးတောင်တန်းတွေကိုဖြတ်ကျော်ကာ ကားသည် အရှိန်ပြင်စွာ မောင်းနှင်းနေသည်။ မယ်တော်ကြီးဆိသို့ ဖုန်းဆက်ကာ မေးမိသည် မိုးရွာနေသလားဟု ပြန်လည်အဖြေရလိုက်သည် မိုးမရွာကြောင်း မိုးသားတို့သည် မိုးရွာသည့်သဏ္ဍာန်မပြ ကောင်းကင်ကြီးကြည့်မိသည် ကောင်းကင်မှာ မိုးသားသည် အပြာရောင်သန်းလျှက် အော်. ကွာလာလမ်ပူနေ့ရက်များသည် မိမိတို့လှည့်လည် နေချိန်မှာ မိုးရက်များနှင့်သာကြုံတွေ့ခဲ့ရတော့သည်။

No comments:

Post a Comment