အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 12, 2012

အိန္ဒိယနိုင်ငံမှ အသက် ၈ နှစ်ရှိ မြွေမင်းသမီးလေး..




မျိုးနဲ့ ရိုးနဲ့ မြွေဖမ်းလာတာမို့ မြွေဆိုမကြောက်တဲ့အပြင် ချစ်တောင်ချစ်ပါတယ်...
ဒီမြွေမင်းသမီးလေးကတော့ အဆိပ်အလွန်ပြင်းထန်သည့် တောကြီးမြွေဟောက်များက သူမအားသုံးကြိမ်
သုံးခါ ကိုက်ခဲ့ သည့်တိုင် သူမ၏အချစ်ဆုံးသူငယ်ချင်းများ ဟုခေါ်နေဆဲဖြစ်ပါတယ်..
အိန္ဒိယနိုင်ငံ၊ ဥတ္တာရာဒေ့ ရှ်ပြည်နယ်၊ ဂါတမ်ပူရ် ရွာကလေးမှရွားသားများကတော့ အသက်ရှစ်နှစ်အရွယ်
ကလေးမလေး ကဂျိုးခန် တစ်ယောက် ဖုန်ထူသောရွာလမ်းတစ်လျှောက် သူမရဲ့ ချစ်ဆုံးသူငယ်ချင်းတွေကို
( တောကြီးမြွေဟောက်တွေကို ) လည်ပင်းမှာပါတ်ပြီးလျှောက်လာတာတွေ့ယင် ထိတ်လန့်တကြားနဲ့ထွက်
ပြေးကြရတာပါပဲ..." သမီးကမြွေဟောက်တွေနဲ့ နေရတာကိုပဲပျော်ပါတယ်...သူတို့ ကိုက်ယင်တော့နာကျင်တာပေါ့..ဒါပေ
မယ့် လည်း သူတို့ အပြစ်မဟုတ်ပါဘူးလေ...သမီးအပြစ်ပါ...သမီးကသူတို့ ကို " စ " တာကိုး..." လို့ သူမ
ကပြောကြားခဲ့ပါတယ်...
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူ တပ်ဂ်ျမိုဟာမက် ကတော့ လွန်ခဲ့ သည့် ၄၅ နှစ်လုံးလုံး ဂါတမ်ပူရ်မှာ
မြွေဖမ်းသမားလုပ်လာခဲ့တာဖြစ်ပါတယ်..
သူဟာ အသက် ၂၈ နှစ်ရှိ သားဖြစ်သူ ဂူလက်ဘ် ကို သူ့ရဲ့ ကျွမ်းကျင်မှုတွေသင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်...
ဒါပေမယ့်အခုတော့အငယ်ဆုံးဖြစ်သည့်ကာဂျိုး တစ်ယောက်မိသားစု အစဉ်အဆက်လုပ်လာခဲ့သည့်လုပ်
ငန်းကို ဆက်လက်လုပ်ဖို့စိတ်ပါဝင်စားနေပါပြီ...
 သမီးကကျောင်းလည်းမတက်ချင်ပါဘူး...မြွေတွေနဲ့သာ အလုပ်လုပ်နေရတာကို ပိုနှစ်သက်ပါတယ်လို့လည်းသူမကဆိုခဲ့ပါတယ်...
ငယ်စဉ်ကလေးဘ၀ကတည်းက သူမနားမှာ ရွေ့လျားသွားလာနေခဲ့တဲ့မြွေတွေနဲ့ ယဉ်ပါးပြီး သံယောဇဉ်ဖြစ်
ခဲ့လို့အခုတော့မြွေတွေဟာ သူမရဲ့ အချစ်ဆုံးအဖော်မွန်တွေဖြစ်လာခဲ့ပါပြီ....
သူမအနေနှင့်ယခုလိုအဆိပ်ပြင်းသည့်သတ္တ၀ါတွေနှင့်သံယောဇဉ်တွယ် ခင်မင်မိကတည်းက သူမရဲ့ဝမ်း
ဗိုက်၊ ပါးပြင်နှင့် မကြာခင်ကာလများကဆိုလျှင် သူမရဲ့ လက်မောင်းမှာပါ မြွေကိုက်ခံခဲ့ ရပါတယ်...
သူမအကြီးအကျယ်နေမကောင်းဖြစ်ခဲ့ပေမယ့် အကောင်းပကတိပြန်လည်ကျန်းမာလာခဲ့ ပါတယ်...
"သူတို့ ကိုက်တဲ့ အခါတော်တော်ပဲနာကျင်ခံစားရပါတယ်...ဒါပေမယ့် သူတို့ အနေနဲ့ တမင်သက်သက်ရနငြိုးဖွဲ့ကိုက်တာတော့မဟုတ်ပါဘူး...အဖေက  အဆိပ်  သွေးတွေညှစ်ထုတ်တာမြင်ရတော့နည်းနည်း

ကြောက်မိပါတယ်... အဖေဟာတောထဲကိုအပြေးသွားပြီး  မြွေဆိပ်ဖြေ ) ဆေးတွေယူလာခဲ့ပါတယ်..."

လို့သူမကဆိုပါတယ်..

                                           ကျောင်းကိုလည်းကျောပိုးအိတ်ထဲမြွေတွေထည့် လာလို့ကျောင်းထုတ်ခံရပြီးကတည်းက
      မြွေတွေနဲ့ သာတစ်ချိန်လုံးဆော့ကစားနေပါတော့တယ်...
ကဂျိုးရဲ့ဖခင်ဟာ သူ့နယ်တစ်ဝိုက်မှာတော့မြွေဖမ်းသူ ( ဘူရာ ) ဆိုပြီးယခုအခါမှာနာမည်ကြီးနေပါပြီ

ဒါပေမယ့်သူ့ခမျာ ထိုဒေသမှာရှိသည့်အိမ်တွေ၊ ဆိုင်တွေကြားမှာ မြွေဖမ်းပေးတဲ့ အတွက် ဒေါ်လာ ၂၀ ခန်

မျှသာရရှာပါတယ်...

" ကျွန်တော်တို့က အိမ်တွေမှာမတော်တစ်ဆ၀င်ရောက်နေတဲ့ မြွေတွေကိုဖမ်းပေးပါတယ်...ကျွန်တော် အ

ဖေကလည်းမြွေဖမ်းသမားပါပဲ...အဖိုးကလည်း မြွေဖမ်းဆရာပါပဲ...မြွေဖမ်းတာဟာကျွန်တော်တို့မိသားစုရဲ့ 

စီးပွားရေးပါပဲ...ဒီလိုလုပ်နိုင်လို့လည်းကျွန်တော်တို့အလွန်ဂုဏ်ယူပါတယ်.." လို့ တပ်ဂ်ျ
ကဆိုပါတယ်...
သူတို့ အသုံးပြုသည့်မြွေဆိပ်ဖြေဆေးကတော့ တောတွင်းအလေ့ ကျပေါက်နေသည့် လျှို့ဝှက်ရှားပါးသည့်
သစ်ရွက်တွေပဲဖြစ်ပါတယ်...
သူဟာ ထိုသစ်ရွက်တွေကို ထုထောင်းလုံးခြေပြီး ထောပါတ်၊ ငရုတ်ကောင်းတွေနဲ့ နယ်ပါတယ်...ပြီးတော့

ဝါးပြီး မြွေကိုက်ခံရသည့် ဒါဏ်ရာကိုပွတ်ခြေပေးပါတယ်.. ဝေးဝေးနေကြနော်...ငါကမြွေတွေနဲ့ပဲသူငယ်ချင်းလုပ်တော့မှာ...
" ဒီမြွေဆိပ်ဖြေဆေးနဲ့သာအချိန်မှီကုသနိုင်ယင် မြွေကိုက်ခံရသူတွေရဲ့ အသက်ကိုကောင်းကောင်းကြီးကယ်

နိုင်ပါတယ်...ဒီဆေးနဲ့ ပဲကျွန်တော့ အသက်ကိုအကြိမ်ပေါင်းများစွာကယ်နိုင်ခဲ့ သလို ကဂျိုး ကိုလည်းကယ်

နိုင်ခဲ့တာဖြစ်ပါတယ်..." လို့ဖခင်ဖြစ်သူ တပ်ဂ်ျ ကဆိုပါတယ်...

သို့ သော်လည်း အသက် ၄၅ နှစ်ရှိ မိခင်ဖြစ်သူ ဆယ်လ်မာဘာနို ကတော့ သူမရဲ့ သမီးကို ဒီမြွေတွေနဲ့ ပါတ်

သက်တဲ့ ဘ၀ကနေကင်းကင်းနေစေချင်ပါတယ်...သူမဟာအချစ်တော်မြွေတွေကိုကျောပိုးအိတ်ထဲထည့်ပြီး

ကျောင်းကိုသယ်ဆောင်သွားလို့ ယခုအခါမှာကျောင်းကနေထုတ်ပယ်ထားခြင်းခံခဲ့ ရပါတယ်...

" ကျွန်မက သူ့ ကိုတစ်ခြားကလေးတွေလိုပဲကျောင်းတက်စေချင်တာပါ...ကျွန်မသဘောအတိုင်းသာဆိုယင်

တော့ မြွေတွေကိုစွန့်ပစ်လိုက်စေချင်ပါတယ်...ဒါပေမယ့်သမီးက သူ့ မြွေတွေကိုအရမ်းချစ်လို့သူမစိတ်မ

ဆင်းရဲစေချင်တာကြောင့်( ကျောင်းထုတ်ခံလိုက်တာပါပဲ...) ပဲဖြစ်ပါတယ်..." လို ဆယ်လ်မာကပြောပြခဲ့ပါ

တယ်....

                                    မြွေတွေနဲ့ ပဲနေတော့မယ်...

" အခုတော့သမီးက စာသင်ဖို့ငြင်းဆိုပြီး မြွေတွေနဲ့သာတစ်နေ့ လုံးကစားနေပါတော့တယ်...သူ့ကိုအိမ်မှာ

စာသင်ပေးဖို့ ကြိုစားပါသေးတယ်...ဒါပေမယ့် သူကမြွေတွေကိုသူ့ အနားမှာထားတာနဲ့ စိတ်အာရုံကပြောင်း
နေရတော့တာပါပဲ..." လို့ မိခင်ဖြစ်သူကဆိုပါတယ်...
"ကျွန်တော်တို့ အိမ်ကိုဘယ်သူမှလည်းသိပ်မလာရဲဘူး...လူတွေကမြွေတွေကိုကြောက်ကြတယ်လေ ...ဒါ
ကြောင့် သူတို့ ဝေးဝေးကနေရှောင်ကြတာပေါ့...
လူတွေမလာလည်း သိပ်တော့အရေးမစိုက်ပါဘူး....ဒါပေမယ့်သမီး ကဂျိုး အတွက်တော့စိတ်မကောင်း
ဖြစ်မိတယ်...ကလေးတွေကလည်းသူနဲ့ ကစားရမှာကြောက်ကြတယ်လေ...သူကတစ်ခြားကလေးတွေလို
တော့မဟုတ်ဘူးပေါ့..." လို့ဖခင်ဖြစ်သူကဆိုပါတယ်...
" ဒီလိုမျိုးသာမြွေတွေနဲ့ကစားတာကို မစွန့်လွှတ်ဖူးဆိုယင်သမီးလေးဟာ ကြီးလာယင်တော့ အိမ်ထောဖက်ရဖို့ တောင်ခက်မှာပါ..."
လို့ စိုးရိမ်ပူပန်နေသည့် မိခင်ဖြစ်သူကဆိုပါတယ်...





                                               

No comments:

Post a Comment