အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, April 14, 2012

ပီနန်တောင်ပေါ်သို့ ရောက်ခဲ့သည်။

ဒီနေ့ ၁၄.၄.၂၀၁၂ နေ့ အာရုဏ်ဆွမ်းကို မိမိတည်းခိုရာအိမ်သို့ ဦးကျော်ခင်တို့မိသားစုမှ လာကပ်ကြသည်။ ဟင်းတွေကစုံလင်လျှက် အချိုပွဲတို့နှင့်မြိုင်ဆိုင်လျှက် ဘုဉ်းပေးခဲ့ကြသည် မိမိတို့ ၃ ပါး စားနေကြမဟုတ်သော်လည်း ချဉ်ပေါင်ဟင်းအရသာကြောင့် ၂ ပုဂံခန့်ဘုဉ်းပေးခဲ့သည်။ ခဏတာနားပြီး ကိုအောင်သူမှ မိမိတို့အား ပီနန်မြို့ရှိ အထင်ကရနေရာများလိုက်ပို့ခဲ့သည်။ ကိုအောင်သူဆိုသူသည် မလေးရှားနိုင်ငံ၌ ၉ နှစ်တာနေထိုင်ခဲ့သည်ဟု ဆို၏။ ကားတစီးဝယ်ထားပြီး အားလပ်ရက်အချိန်တိုင်း တက္ကစီဆွဲသည် အပိုဝင်ငွေရှာသည်ဟူ၏။ မိမိတို့အိမ်မှ ၉ နာရီခန့်အိမ်မှထွက်ခဲ့သည် ကားကလေးသည် အလုပ်ရုံ စက်ရုံများကို ကျော်ဖြတ်ကာ ပီနန်တံတားပေါ်သို့ရောက်ခဲ့ချေပြီ ကားတို့သည် အစီစီ လိုရာခရီးကိုမောင်းနှင်လျှက် ကိုအောင်သူတယောက် ကားကို အရှိန်ကို မြင့်တင်လိုက်သည် ကားကလေးသည် သူ့တာဝန်ကျေအောင် ပီနန်တံတားပေါ်၌ ပြေးလွှားလျှက် မိမိမှာတော့ပီနန်တံတားကို လေ့လားနေရင်း ပီနန်ကမ်းခြေမှတိုက်တာအဆောက်ဦးများကိုကြည့်ရင်း လိုက်ပါလာခဲ့သည်။ မကြာခင် ပီနန်မြို့တောင်ပေါ်သို့ တတ်နေလေပြီ ကားကလေးသည်လည်း မြန်ရာမှနှေးလျှက် တရုပ်ပုံကျောင်းများကိုတွေ့သည်။ ခေါင်းမြီးခြုံထားသော ကုလားမလေးများ ဘောင်းဘီတိုတိုဝတ်ဆင်လျှက် တရုပ်မလေးများများစွာတွေ့ရှိခဲ့သည်။ကားလေးသည် ကွမ်ယင်မယ်တောင်ပေါ်ထိ တတ်ခဲ့သည်။ တွေ့နေရပြီ ကွမ်ယင်တောင်ပေါ်မှ ကွမ်ယင်ကျောင်း..ကားဝင်သည်နှင့် တရုပ်လူမျိုးတယောက် ကားပါကင်ခ တောင်ခံသည် ရမ်းဂစ်ငွေ ၂ ကျပ်။ ကားပါကင်ကားရပ်ပြီးသည်နှင့် အမှတ်တရ ဓါတ်ပုံများရိုက်ကြသည်။ ပီနန်မြို့၏ အလှအပကို တောင်ပေါ်မှနေ၍ ကြည့်ရသည် လှပသည်။သာယာသည်။ နာရီဝက်ခန့် လှည့်လည်ကြည့်ရှုသည်။ ခဏတာအကြာ တောင်အောက်သို့ ၅ မိနစ်ခန့်ပြန်ဆင်းသည်။ နောက်တနေရာ ပြန်ကြည့်ရှုသည် ကွမ်ယင်တောင်တနေရာဖြစ်သည်။ ထိုနေရာအရောက် ကိုအောင်သူမှ သံဗူးတဗူးစီ ရေအဆာပြေစေရန် ကပ်သည်။ တူတော်မောင်မှ ချောကလပ်ရေခဲမုန့်ကပ်သည်။ မောပန်းနေခြင်းကြောင့် အရသာရှိ၏။ ထိုနေရာမှာ မိမိတို့ ဘုရားပုံတော်များစွာတွေ့၇ှိနိုင်သည်။ထိုနေရာမှာ မြန်မာလူမျိုးတို့ အလုပ်လုပ်နေတာရှိကြသည်။ ထူးခြားတာတခုတွေ့ရှိခဲ့သည် ဓမ္မစင်္ကြာတရားဦးဟောတော်မူရာ ပုံသဏ္ဍာန်တွေ့ရှိသည် ဘေးမှာသားသမင်တို့ခြံရံလျှက် အော် ပဉ္စ၀ဂ္ဂီ ၅ ပါးတရားဦးဟောတော်မူရာ ဖြစ်သည်။ အပေါ်ထက်တွင် ထေရ၀ါဒ ရုပ်ပွားတော်များ အတော်များများတွေ့ရှိသည်။ ဗုဒ္ဒဂယာမဟာဗောဓိစေတီတော် ပုံတော်လည်း ဖူးမျှော်ခဲ့ရသည်။ ထိုတောင်ပေါ်တွင်အလုပ်လုပ်နေသော တောင်သာသားတယောက်က ပြောဆိုသည် မိမိတို့ထေရ၀ါဒ ရုပ်ပွားတော်များထားခြင်းသည် သူတို့အတွက် ထူးခြားမှုတွေရှိသည်ဆို၏။ ကျောင်းထိုင်ဆရာတော်သည် စိတ်တို၏။ ငွေတော်ပေါများ၏။ ဒီတောင်ပေါ်မှာ နေရာအတော်များများပိုင်ဆိုင်ထားသည် တဲ့။ ပြဿနာတစုံတရာမဖြစ်ရန် ရဲများကို ငွေများပေးပြီးစည်းရုံးထားသည်ဟူသတတ်။ မြန်မာပြည်မှအလုပ်လုပ်နေသော ဒကာ၏ ပြောပြခြင်းကြောင့်သိရသည် သူတို့အား တလလျှင် ရမ်းဂစ်ငွေ ၈၀၀ စရိတ်ငြိမ်းပေးထား၏။ အပေါ်ထပ်တွင် တတ်ကြည့်ပြီး ပီနန်မြို့ရှုခင်းများရာသီဥတုအခြေနေကြောင့်ပိုမိုထင်ရှားလှပလာ၏။ ခဏအကြာ တောင်ပေါ်မှဆင်း၍ တခြားတနေရာ ပီနန်တောင်(penang hill) သို့ ကားလေးသည် မောင်းနှင်လျှက် ကားလေးခေါ်ဆောင်ရာနောက်သို့မိမိတို့သည် လိုက်ပါလျှက် တွေ့နေရပြီ ကားလေးသည် ကားပါကင်သို့ ရပ်ပြီးသည်နှင့် တောင်ပေါ်တတ်ရန် လက်မှတ်ဖြတ်ရသည် ရမ်းဂစ်ငွေ ၃၀ ဖြစ်သည်။ ဒကာတော်ကိုအောင်သူမှ ပေးဆောင်စေသည်။ အောက်မှနေ၍ အပေါ်သို့ ကြည့်မိပြန်တော့လဲ..ခပ်လန့်လန့် သို့သော် အများသူငါတို့တတ်ပြန်တော့ မိမိတို့လည်း အရန်သင့်နေရာယူနေပေပြီ ဓါတ်ရထားသည် ဆင်းလာချေပြီ ရပ်လိုက်သည်နှင့် တောင်ပေါ်တတ်ရန်သူသူငါငါ တိုးဝှေ့နေရာယူကြသည်။ မိုးသည် ခပ်မွှားမွှားကျလျှက် ဓါတ်ရထားသည် မြေအောက်တနေရာမှ တောင်ပေါ်သို့ စတင်တတ်ခဲ့လေပြီ ရှေ့ခန်းမှ ဓါတ်ရထားမောင်းနှင်သူသည် ဖုန်းတလုံးကိုင်လျှက် ဘေးမှ ခလုပ်များစွာကိုလည်း ကိုင်ရင်း ဖန်သားပြင်မှ မြင်နေရသော ရှုခင်းကိုလည်းကြည့်ရင်းအလုပ်ရှုတ်လျှက် မိမိတို့မှာတော့ အပေါ်သို့ကြည့်လျှက်..ဘေးဘီကိုကြည့်လျှက်နဲ့ အံ့သြမှုတို့ ရောနှောလျှက် မိုဃ်းသည်လည်း တဖြည်းဖြည်းများလာချေပြီ။ လမ်းတွင် အပေါ်မှဆင်းလာသော ဓါတ်ရထားတဆင်း.မိမိတို့တတ်လာသော ဓါတ်ရထားနှင့် လမ်းခွဲတနေရာမှာ ရှောင်သည်။ မိမိတွေ့လိုက်ရသည် ရင်တော့အခုန်သား အချိန်နှင့်ကိုက်ညီစွာ ပြုလုပ်ထားသည်။ စက္ကန့်ပိုင်း နောက်ကျသည်နှင့်မတွေးဝံ့စရာ။ စက်အချိန်လည်းမလျှော့ပဲ မောင်းနှင်ကြသည်။ မိုဃ်းသည်ရွာသည်ထက် ပိုမိုလာခဲ့သည်။ ဘေးမှာ သစ်ပင် သစ်ရွက်တို့သည် ကျန်ခဲ့သည် မိမိတို့ဓါတ်ရထားသည် တာဝန်ကျေပြွန်စွာဖြင့် အပေါ်ဆုံးတနေရာသို့ ပို့ဆောင်ပေးခဲ့လေပြီ။ ဆင်းခဲ့ကြသည် အောက်သို့ ပြန်ဆင်းသူတို့သည်လည်း နေရာကိုယ်စီယူလျှက်။ မိမိတို့သည် တောင်ပေါ်သို့ တတ်လျှက် ရှုခင်းများပြန်လည်အနီးကပ်တွေ့ခွင့်ရပြန်သည် ပီနန်တံတားကြီးသည် အပေါ်မှကြည့်မိပြန်တော့ တမျှော်တခေါ်ကြီး ရှည်လျှားစွာ မြင်တွေ့ရသည်။ နာရီဝက်ကျော်မျှ လှည့်လည်ကြည့်ရှုပြီးသည်နှင့် အောက်သို့ပြန်ဆင်းခဲ့တော့သည်။ မိုဃ်းသည် သည်းထန်စွာရွာလျှက်မို့ အဆင်းခရီးသည်တို့သဘ်လည်း များပြားလျှက် ဓါတ်ရထားသည် တတ်လာချေပြီ မို့ အောက်သို့ဆင်းမည့်သူများ တိုးဝှေ့နေရာယူကြသည်။ မိမိတို့မှာ ရှေ့ဦးခန်း။ အဆင်းမှာတော့ နောက်ဆုံးတန်းဖြစ်၏။ အဆင်းခရီးမှာလည်း တလဟော ဆင်းလိုက်သည် မကြာခင် အောက်သို့ရောက်ရှိခဲ့သည်။ ကိုအောင်သူတယောက်ကားပါကင်ရှိရာသို့ ကားလေးသွားယူပြီးသည်နှင့် မိမိနေရာ ဘာတာဝပ်သို့ ပြန်ခဲ့ချေပြီ။ အပြန်လမ်းမှာ ပီနန်တံတားပေါ်မှာ ကားကို ခဏတာရပ်တန့်ပြီးအမှတ်တရ ဓါတ်ပုံများရိုက်ကြသည်။ တံတားပေါ်တွင် ကားသမားတို့သည် အရှိန်ပြင်းစွာမောင်းနှင်လျှက် တဝေါဝေါ အသံတို့ဖြင့်ဆူညံလျှက် ရှိသည်။ မကြာခင် ပီနန်တံတားကိုကျော်ဖြတ်ပြီး မိမိနေရာ သို့ ပြန်ရောက်ချေပြီ။ ဒီနေ့အဖို့ တော်ပေါ်တွေနဲ့အချိန်ကုန်လွန်ခဲ့သည် မနက်ဖြန်အချိန်တွေမှာ ဘယ်တွေ သွားမည်ဆိုတာ..စဉ်းစားရင်း. ပင်ပန်းမှုတို့ကြောင့် မျက်စိတို့သည် ကျိမ်းစပ်စပ်နဲ့မို့..ဒီနေ့တာအဖို့ ခပ်စောစော အနားယူကာ အခန်းထဲသို့ဝင်မိလိုက်တော့၏။

No comments:

Post a Comment