အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 13, 2012

သင်္ကြန်အကြနေ့နှင့် ရွှေမြန်မာတို့(မလေးရှားနိုင်ငံ ပီနန်မြို့)

ဤသို့ ၀ါသနာ၇ှင်များလဲ သီဆိုနေကြတယ်ပေါ့
ရေလောင်းကြရင်း ပျော်ရင်းပါးရင်းပေါ့
ဤလိုရေဒါနလဲ ပြုလုပ်နေကြတယ်ပေါ့
ဤသို့ မြနိမာကျောင်းရှေ့တွင် ပျော်ရွှင်နေကြသော ရွှေမြန်မာများ
စားရင်းပျော်ရင်း ပျော်ရင်းစားရင်းပေါ့
ဤသို့ အကျွေးမွေးတို့ဖြင့်လည်းဧည့်ခံကြတယ်
ဒီနေ့ သင်္ကြန်အကြိုနေ့ မိမိနေရာမလေးရှားနိုင်ငံ ပီနန်မြို့ဘာတာဝပ်မှ ရွှေမြန်မာတို့ စုပေါင်းပြီးပီနန်မြို့မှာ ပီနန်ဆရာတော် ဦးပညာဝံသကျောင်းသို့သွား၍ သင်္ကြန်ရေ ဆော့ကစားကြမည် ဟု မိမိနေရာမှသွားကြမည် ကားကြီး(၂)စီးဖြင့် ချီတတ်ကြသည်။ မိမိတို့လည်း ပီနန်ဆရာတော်ကြီးအား ဖူးမျှော်ရင်း လိုက်သွားခဲ့သည်။ ကားပေါ်ရောက်သည်နှင့် လူငယ် လူရွယ်တို့သည် အမိမြန်မာပြည်ကို အမှတ်တရ အလွမ်းပြေ သင်္ကြန်သီချင်းများဖြင့်ကားပေါ်တွင် သီဆိုကာ လိုက်ပါလာခဲ့သည်။ သူတို့လည်း မိဘ ဆွေမျိုးတွေနဲ့ ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ စီးပွားရေးအရ အလုပ်လုပ်ကိုင်နေကြသည်။ မြန်မာသင်္ကြန်အချိန်မှာ သူတို့လည်း ရုံးတွေ ပိတ်အလုပ်တွေပိတ်ခါ သင်္ကြန်ရက်မြတ်မှာ အမိမြန်မာပြည်အလွမ်းပြေနှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြသည်ဟု သိရသည်။ ကားကြီး၂စီးသည် ဟွန်းသံပေးကာ ပီနန်ဆရာတော်ကျောင်းသို့ ဦးတည်ကာ မောင်းနှင်လျှက် လမ်းတွင် ဆိုင်ကယ်များ ကိုယ်ပိုင်ကားလေးများ လိုရာခရီးကို သွားလာလှုပ်ရှားလျှက် မိမိတို့ ကားကြီးပေါ်တွင်မှာတော့” ချိုပြုံးရွှင် သောနှစ်မပျိုရယ်……”သံပြိုင်သီဆိုလျှက် တလမ်းလုံးသီဆိုကာ ထွက်ခွာလာခဲ့သည်။  “မနှစ်ကပေးတဲ့..သူ့လိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ…..မမှတ်မိတော့အခက်သားလှဒေ၀ီ..”ဆိုလား သံပြိုင်သီဆိုလျှက် ကသူက လက်ခုပ်သံပြိုင်တီးလျှက် ပျော်ရွှင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။ အော်. သူတို့ အရမ်းပျော်ရွှင်နေကြပါလား.ဆိုပြီး မိမိမှာတော့ အပြုံးလေးများစွာနဲ့ ပတ်ဝန်းကျဉ်ကို ကြည့်ကာလိုက်ပါလာခဲ့သည်။ စက်ရုံကြီးများ.အလုပ်ရုံကြီးများ များစွာကိုကြည့်ရင်း အော် ဒီစက်ရုံ အလုပ်ရုံတွေမှာရွှေမြန်မာတို့ အလုပ်လုပ်ရပါလားဆိုပြီး မေတ္တာလေးများပို့ရင်း ကားကြီးခေါ်ဆောင်ရာ ပီနန်မြို့သို့ လိုက်ခဲ့ရချေပြီ။ ပီနန်တံတားကြီးကို ဖြတ်ကျော်နေသည် ကားတန်းရှည်ကြီးဖြစ်နေ၏။ မနက် ၈ နာရီခွဲ ကျော်နေပြီမို့ ရုံးသွားရုံးချိန်မို့ ကားများအနည်းငယ်ရှုတ်ထွေးနေသည်။ ပီနန်တံတားပေါ်မှ ခပ်ဝေးဝေး လှမ်းကြည့်မိသည် ပယ်လယ်ရေ သဏ္ဍာန် အပြာရောင်သန်းနေသောရေပြင်လွှာသည် တည်ငြိမ်လျှက် လမ်းပေါ်မှာရှိနေသော ကားတို့သည် မောင်းနှင်လျှက် ကားပေါ်၌ ရှိသော ရွှေမြန်မာတို့သည်လည်း သင်္ကြန်သီချင်း အဆိုမပြတ် ဆိုမြဲဆိုလျှက်။ တချို့ကနေကြသည်။ တချို့လက်ခုပ်သံပြိုင်တူတီးပေးနေသည်မို့ ကနေသူတို့မှာလည်း ကွေးနေအောင်ကနေကြသည်။ အမှတ်မထင် နောက်လှည့်ကြည့်မိသည်။ သူတို့အပြုံးလေးတွေ မြင်မိပြန်တော့ သူတို့အပြုံး သူတို့ရဲ့ပျော်ရွှင်မှုသည်လည်း မိမိအား ကူးစပ်လို့လာခဲ့ချေပြီ မကြာခင် ပီနန်မြို့သို့ရောက်တော့မည် မို့ တချို့ဈေးဆိုင်ထွက်ရန် ခင်းကျဉ်းနေကြသည်။ ရွှေမြန်မာတို့အတွက် သင်္ကြန်မှာအထူး အလုပ်များပိတ်ပေးခဲ့သည် လို့ပြောပြကြသည်။ ရောက်ပါပြီ ပီနန်ကျောင်း.၀င်လိုက်သည်နှင့် သီချင်းသီဆိုသံများ အ၀င်ဝတွင်ဖေါ်ရွှေပျူငှာစွာ ကြိုဆိုနေကြသည်။ အထဲ ရောက်သွားသည်နှင့် မုံ့လုံးရေပေါ်များ.ရွှေရင်အေးများ.ဒန်ပေါက်များဖြင့်ကျွေးမွေးကြသည်။ ရေတွေနဲ့ပတ်ကြသည်။ မဏ္ဍပ်တခုမှာတော့ ရွှေမြန်မာတယောက် ကနေသည် ။မဏ္ဍပ်တခုမှာတော့ သီချင်းအော်ဟစ်ခါသီဆိုနေသည် တီးဝိုင်းတီးနေသော လူရွယ်ခပ်၀၀အမျိုးသမီးသည် လက်ရော ခန္ဒာကိုယ်ပါ လှုပ်ရှားကာတီးခတ်နေသည် ပျော်ရွှင်နေသည် မမောနိုင်မပန်းနိုင်ပေါ့။ အပေါ်မှ သီချင်းဆိုတိုင်း အောက်မှ ရွှေမြန်မာတို့ လက်တွေထောင်လျှက် ကလို့ ခုန်လို့ တချို့ ရေသန့်ပုလင်းကိုင်ကာ သွားရင်းလာရင်းရွှေမြန်မာတွေချည်းမို့ အပြုံးတွေနဲ့ ယဉ်ကျေးစွာ ပတ်ကြသည်။တချို့ စတုဒိသာကျွေးမွေးနေသည်ကို စားနေကြသည်။ ရွှေမြန်မာတို့ ကျောင်းဝိုင်းထဲမှာတိုးဝှေ့ကာ သွားနေရသည်။ စိတ်ထဲမှာတော့ နိုင်ငံရပ်ခြားတိုင်းတပါးမှာ ရွှေမြန်မာတို့၏ သင်္ကြန်ကို ပျော်ရွှင်ခွင့်ရယူပိုင်ဆိုင်ကြပြီ ပီနန်ဆရာတော်မှလည်း လွတ်လပ်ခွင့်အထူးပေးထားသည်ဆို၏။ ဒီနေ့ သင်္ကြန်နေ့မှာ ရွှေမြန်မာတို့၏ ပျော်ရွှင်မှုသည် အမြဲတမ်း ပြုံးပျော်ရွှင်နိုင်ကြပါစေလို့..

No comments:

Post a Comment