အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, April 15, 2012

သင်္ကြန်အတတ်နေ့တွင် မလေးရှားနိုင်ငံ ပီနန်းမြို့ ဘာတာဝပ် တ၀ိုက်ရွှေမြန်မာတို့၏ ဆွမ်းကပ်လှူပွဲ

ပလန်းတီး ရွှေမြန်မာမိသားစုမှ အာရုဏ်ဆွမ်းကပ်လှူကြသည်
ပလန်းတီးရွှေမြန်မာမိသားစု တို့နှင့်အမှတ်တရ
တရားနာယူရန်စောင့်ဆိုင်းနေကြသော သုခကာရီအသင်း
နာဂါစာရီ သုခကာရီအသင်းမှလည်း နေ့ဆွမ်းအဖြစ်
စီမံအမ်းပါတ်စ် ရွှေမြန်ာမိသားစုတို့၏ ဆွမ်းလှူဒါန်းစဉ်
စီမံအမ်းပါတ်စ် အိမ်ရှင်မိသားစုမှလည်း
အားလုံးကိုယ်စားညီညီညွတ်ညွတ်
ရွှေမြန်မာမိသားစုမှ န၀ကမ္မကပ်လှူနေစဉ်
ဒီနေ့မဟာသင်္ကြန်အတတ်နေ့တွင် ဘာတာဝပ်ရှိ.ရွှေမြန်မာအဖွဲ့ပလန်ဂီးမိသားစုမှ အာရုဏ်ဆွမ်းကပ်လှူပြီး နေ့ဆွမ်းကို နာဂါစာရီသုခကာရီအသင်းရွှေမြန်မာမိသားစုမှလည်းနေ့ဆွမ်းကပ်လှူပြီး ထိုမှ ကားသမား ကိုအောင်အောင်ထွဋ်မှ  ၁၅ မိနစ်ခန့်ကားလေးဖြင့်ဒုတိယနေ့ဆွမ်းကို ရွှေမြန်မာမိသားစု စီမံအမ်းပါတ်စ် မှ ထပ်မံကပ်လှူခဲ့ကြသည်။ ထိုနေ့အဖို့ ရွှေမြန်မာတို့အမိမြန်မာပြည်ကို အောက်မေ့တမ်းတကြသည်။ အမိမြန်မာပြည်မှာတော့ နှစ်ဆန်းတရက်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာတော့ ဘာသာမတူညီမှုတို့ကြောင့် ကုသိုလ်ရေးမပြုလုပ်ကြ။ အမိမြန်မာပြည်မှ ရွှေမြန်မာမိသားစုတို့သည် သင်္ကြန်တွင်းကုသိုလ်ကောင်းမှုပြုလုပ်ရသည်ကို သိသည့်အတွက်ကြောင့် နှစ်ဆန်းတရက်နေ့ကိုယ်စားသင်္ကြန်အတတ်နေ့ တနင်္ဂနွေနေ့ ကို သတ်မှတ်ထားပြီး ညီညီညာညာ ပြုလုပ်ကြသည်။ မိမိတို့သည်လည်းသင်္ကြန်အချိန်ခါနှင့်တိုက်ဆိုင်သည့်အတွက်ကြောင့် ရွှေမြန်မာတို့၏ ဖွမ်းကပ်မှုကို ဘုဉ်းပေးခွင့်ရရှိခဲ့သည်။ ရွှေမြန်မာတို့သည် အားရပ်သည် တနင်္ဂနွေနေ့ဖြစ်၏။ တချို့ ၄.၅ ရက်ခွင့်တောင်းကာ မဟာသင်္ကြန်အတွင်း မြန်မာကျောင်းတော်များသို့ သွားရောက်၍လည်း ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်။ တချို့နေရာတို့မှာ အားလပ်ခွင့်မပေးပဲ အလုပ်ဆင်းစေခဲ့သည်။ တနေရာမှတနေရာသို့ လှည့်လည်ကာ ရွှေမြန်မာတို့ ညီညွတ်ရေးကိုဦးစားပေးကာ စားသောက်ကြသည်။ ချစ်စရာကောင်းပေစွ။ မနေ့ကတနေ့ကုန် ချက်စရာများ စသည်တို့ မမောနိုင် မပန်းနိုင် ဈေးသို့သွား၍ ညီညီညာညာကျရာတာဝန်ကို ထမ်းဆောင်ပြီး သွားလာကြသည်။ ထိုညအဖို့ရွှေမြန်မာတို့ မအိပ်မနေ ချက်ပြုတ်ကြသည်။ တချို့နေရာတွင် မဟာသင်္ကြန်ဖွင့်လျှက် မြန်မာပြည်အလွမ်းပြေ ဘောက်တို့ဖြင့်ဖွင့်ကြသည်။ ကနေသူတို့သည်လည်း ကနေလျှက် ပျော်ရွှင်နေကြသည်ကို မိမိတွေ့ရှိခဲ့သည်။ ၀မ်းသာလွန်းလို့မျက်ရည်များတောင် မိမိလည်မိသည်။ အမှန်စင်စစ် ရွှေမြန်မာတို့ ပျော်ပျော်ရွှင်ရွှင် ညီညီညွတ်ညွတ်နိုင်ငံရပ်ခြား တိုင်းတပါးမှာ မြန်မာဟေ့ ဆိုပြီး အမိမြန်မာပြည်၏ အစဉ်လာကို နိုင်ငံရပ်ခြားတိုင်းတပါးမှာထုတ်ဖေါ်ပြခွင့်ရှိကြသည်။ မဟာသင်္ကြန်အကြိုနေ့၏ ပုံရိပ်ကိုလည်းပြန်လည်မြင်ယောင်နေမိသည်။ ပီနန်မြို့မြန်မာကျောင်းကြီးမှာရွှေမြန်မာတို့ တညီတညွတ် ကျောင်းတော်သို့အသီးသီး ကားတို့ဖြင့်သွားလာ၍ ဆရာတော်ဘုရားကြီးကိုလည်း ပူဇော်ကန်တော့ရင်း သင်္ကြန်ရေ ဆော့ကစားကြသည်မှာလည်း ပီနန်မြို့သူ/သားတို့သည် ရွှေမြန်မာတို့ကျောင်းနှင့်မဆန့်အောင်ပေါများသည်ကိုတွေ့လျှက် တချို့ ရွှေမြန်မာတို့အတာသင်္ကြန်ရေ ပတ်ဖြန်းတာကို လာရောက်ကြည့်ရှုသူတို့တွေ့ခဲ့ရသည်။သူတို့လည်း ရေအပတ်ခံသည်။ ပီနန်သူတရုတ်မလေးတယောက် ကျောင်းနားမှနေ၍ သေနတ်ရေပြွတ်ဖြင့် ပြုံပျော်ရွှင်စွာ သူ့ရှေ့ရောက်လာသူတွေအားလုံးကို သေနတ်ဖြင့်ပတ်နေသည်ကို မြင်တွေ့မိ၍ အော်..သူသည်လည်းအတော်ပျော်နေပုံရသည် ဟု တွေးနေမိသည်။ ရွှေမြန်မာတို့ စိတ်မဆိုးကြေး လောင်းကြပတ်ကြသည်။ အပြုံးကိုယ်စီနှင့် မဟာအတာသင်္ကြန်ရေ ပတ်ခြင်းကိုခံယူကြသည်ကို တွေ့ရှိရ၍ ပီတိတွေဖြစ်မိခဲ့သည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာရွှေမြန်မာတို့အတာသင်္ကြန်သည်ကား…ပျော်ရွှင်ဖွယ်ကောင်းသော ချစ်စရာကောင်းသော မဟာအတာသင်္ကြန်ဖြစ်လေတော့သည်။

No comments:

Post a Comment