အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, April 4, 2012

စင်္ကာပူနိုင်ငံသို့

ကာလကတ္တားလေဆိပ်တွင် ဖုန်းမှာအင်တာနက်ရနေသည်မို့ ဖုန်းနှင့် အင်တာနက်ကလိရင်း
   (၃.၄.၂၀၁၂)နေ့ ကာလကတ္တားမြို့ မဟာရာဇ(ဂျ)ဟိုတည်တွင် ၈နာရီခန့်ကြာမျှ ရူပီး(၁၀၀၀)ပေးနေခဲ့ရသည်တည်းခိုခဲ့ရသည်။ လေယာဉ်ကွင်းနှင့်အနီးနားတ၀ိုက်မို့ ခဏတာနေထိုင်ခဲ့ရသည်။ အမိမြန်မာပြည်မှာတည်းခိုခန်းသည် ဘုန်းကြီး ရဟန်းသံဃာတို့ မသက်ဆိုင်သလို(တည်းခို၍မရသလိုအဖြစ်)ရင်ထဲရှိနေကြသည်။ မိမိမှတ်မှတ်ရရ ၂၀၀၉ ခုနှစ်လောက်က ပုဂံ ညောင်ဦး ဘုရားဖူးသွားခဲ့သည် တည်းခိုစရာအဖြစ် တည်းခိုခန်းကို မျက်စောင်းထိုးကြည့်ခဲ့သည် တည်းခွင့်မကြုံခဲ့။ ရလဲမရခဲ့။၎င်းတည်းခိုခန်းတွင် အဲယားကွန်း တီဗွီတလုံး ရူပီး၁၀၀၀ တန်မို့ အဲယားကွန်းသည် မိမိတို့ရောက်စဉ် ပျက်နေသည်။ မကြာခင် မန်နေဂျာ လာ၍ ပြုပြင်ပေးသည်။ အပြင်မှာအရမ်းပူနေသည် ဟိုတည်ထဲမှာတော့ မိမိတို့ ၃ပါး အေးစက်စက်အတွေ့ထိတို့ကြောင့် ခေါင်းချလိုက်ကျသည် ခဏတာအိပ်ပျော်သွားခဲ့သည်။ နေ့ဆွမ်းအဖြစ် ထိုဟိုတည်စာကိုပဲ ဘုဉ်းပေးရသည်။ မိမိသည်အစားဂျီးများတတ်၏။ယခုလဲ ထမင်းကြော်ရသည်ဟဆို၍ အနည်းငယ်စိတ်သက်သာရသည်။ ထမင်းကြော်ကြက်ဥဖြင့်မှာကာဘုဉ်းပေးသည်။ဘုဉ်းပေးပြီးများမကြာမှီ ပင်ပန်းမှုဒဏ်နှင့် အေးမြမှုပေါင်းစပ်လိုက်သောအခါ မကြာမှီ အိပ်ပျော်သွားခဲ့သည်။ဇိမ်ကျကျအိပ်ခဲ့သည် ရထားပေါ်မှာလဲ အအေးနဲ့ နှစ်ပါးသွားခဲ့ရသလို ဟိုတည်ရောက်ပြန်တော့လဲ အဲယားကွန်း၏ အအေးဒဏ်ကြောင့် မိမိမှာ အအေးဒဏ်ကိုကြောက်သည်။ ယ္ခု ထိ ချောင်းတဟွတ်ဟွတ်နှင့် သို့သော် အပူရာသီမှာအအေးကိုတော့ အနည်းကျဉ်းနှစ်သက်မိသည်။အချိန်တို့သည် လူကိုမစောင့်တဲ့ မိမိတို့ မထင်မှတ်ပဲ အိပ်ပျော်ရာမှနိုးလာခဲ့သည်။ အပြင်မှာမှောင်စပြုနေပြီ အချိန်ကြည်တော့ ၇ နာရီကျော်နေပြီ ။ လေယာဉ်ကွင်းသို့ ဆင်းချိန် အချိန်အတော်များများလိုသေးသည်မို့ ရေချိုးကြသည်။ တီဗွီထိုင်ကြည့်နေမိသည်။စင်္ကာပူနိုင်ငံသို လေယာဉ်သည် ည၁၁ နာရီ ၃၅ မိနစ်ထွက်ခွာမည်။ မိမိတို့လေယာဉ်ကွင်းနှင့် ၁၀ မိနစ်ခန့်လျှောက်လို့ရနိုင်သည်။ သို့သော် မိမိတို့သည် ဟိုတည်မှ ထွက်ခဲ့စဉ် အရန်သင့်တွေ့ရှိသော လန်ချားသမားများခေါ်ကာ လေယာဉ်ကွင်းသို့ ရူပီး၂၀ ပေးကာစီးလာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ထုံးစံအတိုင်း ကားတွေပိတ်ဆို့လို့နေသည် မိမိတို့လန်ချားသမားမှာတော့ ကျော်တတ်သည် ကျန်ခဲ့သည်။ရသမျှနေရာဝင်တိုးသည်။ သို့သော် ကားတို့သည် တစီးနှင့်တစီးတမိုက်သာသာရှိသည်။ ဟွန်းများဆူညံနေအောင်တီးလျှက် မိမိတို့လန်ချားအားကျော်တတ်သည်။ မီးများထိန်လျှက်တွေ့နေရသော ကာလကတ္တားလေယာဉ်ကွင်းသည် တွေ့နေရသည်။ လန်ချားသမားသည် အ၀င်ဝတွင်မိမိတို့ရူပီး၂၀ တောင်းသည်။မိမိတို့လေယာဉ်ကွင်းထဲသို့ခြေလျှင်ခရီးလျှေက်သည် မီးများထိန်လျှက် ည ၉ နာရီကျော်နေပြီ ခရီးသွားတို့ သည်လည်း ကိုယ်လိုရာခရီးကိုသွားဘို့ သွားလာလှုပ်ရှားနေကြသည်။ ထိုအထဲမှာ မိမိတို့ မြန်မာရဟန်း၃ပါးမှာတော့ မတူညီသောအ၀တ်အစားများဝတ်လျှက် လေယာဉ်ကွင်းသို့ ၀င်လာခဲ့သည်။ လူထူးလူဆန်းများဖြစ်နေရော့သလား လူတိုင်းလူတိုင်း၏ မျက်စိပေါင်းစုံတို့သည် မိမိတို့အပေါ်၌ ရှိနေကြသည်။ မိမိတို့လည်း ပါလာသော အိပ်များကို တချို့လွယ်လျှက် တချို့လက်မှဆွဲလျှက် အင်မီဂရေးရှင်း သို့ သွားခဲ့သည်။မိမိတို့ပတ်စ်ပို့တောင်းသည်။ နောက် စင်္ကာပူနိုင်ငံမှ အွန်လိုင်းဗီဇာပို့ပေးသောစာရွက်စာတမ်းတောင်းသည် တဖန်ဖုန်းနှင့် အခြားတနေရာသို့ဆက်ပြန်သည်။ မိမိတို့မှာ သူ့ကိုသာကြည့်လျှက် မကြာခင် အချိန်တောအတွင်းပြီးဆုံးခဲ့သည်။ အချိန်ကားည ၉နာရီကျော်ချေပြီ။ စောတော့စောသေး၏။ သို့သော် လူအများစုသည်တန်းစီလျှက် တွေ့ခဲ့ရသည်မို့ မိမိတို့သည်လည်း လိုအပ်သော စာရွက်ကိုဖြည့်ပြီး တန်းစီလိုက်သည် မိမိအလှည့်ကျတန်းစီနေစဉ် N0 6 ဆိုပြီးနေရာကို ညွှန်ပြသည်။ ပတ်စ်ပို့ပြသည်။ ဒီပါချာပြသည်။ ပြီးဆုံးခဲ့သည်။ အပေါ်ထပ်သို့ တတ်ခဲ့သည်။ အပေါ်ထပ်တွင် နားနေရန် ဆိုဖာခုံတို့သည် တန်းစီလျှက်ရှိသည်။ မိမိတို့အား လူထူးလူဆန်းလိုအမြင်အာရုံမှမျက်စိတို့သည် တဖန်ကျရောက်ပြန်သည် နေရာလွတ်တနေရာတွင်နေရာယူပြီး ထိုင်ခဲ့ကြသည်။ တချို့ ဖုန်းနှင့်သက်ဆိုင်ရာလူအများကိုဆက်လျှက် တချို့လက်ပ်တော့ထုတ်ကာ အင်တာနက်အသုံးပြုကြသည် တချို့ ကော်ဖိသောက်လျှက် တချို့ ရယ်ရယ်မောမောပြောလျှက် မိမိလည်း လက်ထဲမှာပါသော ဖုန်းနှင့် အင်တာနက်သုံးမိသည်။မိမိဘလော့အားကြည့်၏။ ရသည် သို့သော် မြန်မာဖောင့်မထည့်ရသေးသည့်အတွက်ကြောင့် စာကားဖတ်လို့မရ။ ခဏတာမျှ ထိုင်နေကြသည်။ ၂၀ မိနစ်ခန့်အကြာ လေယာဉ်ပေါ်တတ်ရန် ကြော်ငြာသည်။ တန်းစီကြသည် လူအများတို့သည်လည်း အဖွဲ့လိုက် ရှိကြသည်။မိသားစုလဲရှိကြသည်။ အချင်းချင်းနေရာယူကြသည်။ လေယာဉ်ပေါ်တတ်ခဲ့ရတော့သည်။ လေယာဉ်ပေါ်ဝင်ဝင်ချင်း လေယာဉ်မယ်မှ ဖေါ်ရွှေသော အပြုမူတို့ဖြင့် ကြိုဆိုသည်။ မိမိတို့ နေရာမှာA.15.B.15.C.15 ဖြစ်သည်။ လေယာဉ်ပေါ်ရောက်သည်ဆိုလျှင်ပဲ အေးစိမ့်စိမ့် အတွေ့ဖြင့် ထိတွေ့ရသည်။ ဒီညတညလုံးစီးရမည်။ စံတော်ချိန်မတူညီမှုကြောင့် စင်္ကာပူစံတော်ချိန် မနက်မိုးလင်းနေတော့မည် ။မိမိတို့နေထိုင်ရာ အိန္ဒိယစံတော်ချိန်နှင့် ၂ နာရီခွဲမျှကွာသည်။ အမှန်မှာ မနက်မိုးမလင်းခင်ရောက်ရမည်ဖြစ်သည်။ သို့သော် စင်္ကာပူစံတော်ချိန်သည် နံနက်မိုဃ်းလင်းလို့ ၆နာရီခွဲနေချေပြီ။လေယာဉ်ပျံသန်းချိန် ၄ နာရီခွဲမျှကြာသည်။လေယာဉ်ပျံသန်းနေစဉ် တခါတရံ လေယာဉ်သည် တုန်ခါလျှက် တခါတရံ ငြိမ်နေသည်။ လေယာဉ်မယ်တို့သည် ပြေးလွှားလျှက် လိုအပ်သည်များကျွေးမွေးဧည့်ခံသည်။ စုစုပေါင်း ၅ ယောက်ခန့်ရှိမည်။ ဟိုမှဒီမှ ပြေးလွှားလျှက် ရေလို ရေ။ အအေးလိုအအေး။ ဘီယာလိုဘီယာပေးသည်။ ဆောင်ရန် ရှောင်ရန် ကြော်ငြာသည်။ တီဗွီ ခပ်သေးသေးလေးများ လူတိုင်းလူတိုင်း၏ ရှေ့တည့်တည့်မှာတွေ့မြင်နိုင်သည်။ တခါတရံ မီးပိတ်လျှက် တခါတရံ မီးများထိန်လျှက် တီဗွီမှလည်းအိပ်ခြင်ပြေစေရန် မစ်စ်တာဘင်း ကို ဟာသသရုပ်ဖေါ်ကားပြသထားသည်။လေယာဉ်မဆိုက်မချင်း လေယာဉ်မယ်တို့သည် နားမနေရ ။ မိမိအလိုရှိရာမှာစေနိုင်ရန် မိမိ၏ ထိပ်မှာ ခေါင်းလောင်းတတ်ဆင်ပေးထားသည်။ခေါင်းလောင်းမည်ချိန် တမိနစ်ခန့်အတွင်းရောက်လာသည် ခေါ်ဆိုသောနေရာမှာ မီးလင်းလို့သတိပေးအချက်ပြထားသည် ရောက်လာလျှင် လေယာဉ်မယ်ကိုယ်တိုင် လူခေါ်ခေါင်းလောင်းကို ပိတ်ကာ ဘာအလိုရှိပါသလဲမေးသည်။ မိမိအလိုရှိရာမှာနိုင်သည်။ မိမိအကဲခတ်ကြည့်နေမိသည် လေယာဉ်မယ်တို့ နားချိန်မရှိ ပြေးလွှားနေရသည်။ သြော်.၀န်ဆောင်မှုအပြည့်ရှိပါလားဟု တွေးလျှက်…လေယာဉ်သည် ဆင်းတော့မည် ခရီးသည်တို့သည်လည်း ငြိမ်သက်နေရာမှ လှုပ်ရှားနေကြလျှက် ဘေးပြတင်းပေါက်မှ ကြည့်မိပြန်တော့ တိုက်တာအဆောက်ဦးကြီးများနှင့် ကြိုဆိုနေသော စင်္ကာပူနိုင်ငံ….။ အပြင်မှာမိုဃ်းသည် သည်းထန်စွာရွာလျှက်….အပြင်ရောက်ဘို့ အတော်ကြိုးစားထွက်ရသည်.။လမ်းလျှေက်သက်သာစေရန် ဓါတ်ကြိုးဖြင့်ပြုလုပ်ထားသည်။ လမ်းမလျှောက်လိုသူတို့အဖို့ ထိုနေရာထဲမှ ရပ်လိုက်သွားလို့ရသည်။ သြော်..စင်္ကာပူနိုင်ငံ..စင်္ကာပူနိုင်ငံ ရောက်လာခဲ့ပါပြီလေ..

No comments:

Post a Comment