အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, April 11, 2012

“ဒီနေ့ စင်္ကာပူနောက်ဆုံးနေ့ နှုတ်ဆက်ပွဲ”

တိုက်တန်းနစ်သင်္ဘော(skypark)`ဤပေါ်တတ်ခဲ့သည် စင်္ကာပူဒေါ်လာ ၂၀
အပေါ်မှမြင်တွေ့ရသော စင်္ကာပူရှုခင်း
အပေါ်ဆုံးတနေရာအရောက် skypark နောက်ပိုင်းမြင်ကွင်း
အထပ်ပေါင်း၅၇ ထပ်ရှိ အခန်းပေါင်း၂၀၀ ကျော်ရှိ မားကပ်များ

skypark အပေါ်ဆုံးတနေရာတွင်လည်း အမှတ်တရ

အပေါ်မှမြင်တွေ့နိုင်သော marinabay ရှုခင်း
စင်္ကာပူနိုင်ငံ ၇ှုခင်းများကို စိတ်ဝင်တစားကြည့်နေ၇ှာသော အနောက်နိုင်ငံ ညီအမ ၂ယောက်

ဒီနေ့ စင်္ကာပူနိုင်ငံ၏ ၉ ရက်တာနေခဲ့ပြီးဖြစ်ပါတယ် တနေ့ထက်တနေ့ ထူးဆန်းမှုတွေနဲ့ပဲ တွေ့နေရပါတယ်.။ မလေးဗီဇာ ရယူပြီးသည်နှင့် MARINA BAY မှာရှိတဲ့ skypark ကောင်းကင် ထိမရောက်ပေမဲ့ စားသောက်ခန်းများ ရှော့ပင်များဖြင့် စည်ကားလှသည်။ အထပ်တိုင်းတွင် ၀ယ်လိုသည့်ဈေးများရရှိနိုင်သည်။ ဈေးကတော့မသေးလှ။ တိုက်တန်းနစ်သင်္ဘောပုံ တည်ဆောက်ထားသည်။ အပေါ်ဆုံးထပ်တွင်ရေကူးကန်များစားသောက်ဆိုင်များရှိသည်။ တတ်ရောက်ခသည် စင်္ကာပူဒေါ်လာ ၂၀ ဖြစ်သည်။ ဓါတ်လှေခါး ၅၇ ထပ်ထိတတ်ရသည်။ နေရာတိုင်းမှာလဲ အပေါ်ထပ်မှ အောက် ။အောက်မှအပေါ်။စက်လှေခါးတို့ဖြင့် မြွေလိမ်မြွေကောက်ကဲ့သို့ ခဏခဏတွေ့နိုင်သည်။ တတ်လိုက်ဖင်းလိုက် လျှေက်ကြည့်ခဲ့သည်။ အပေါ်ဆုံးထပ်မှာတော့ ရောက်ရုံမျှ ရောက်ခဲ့ပါသည်။ စားသောက်ဆိုင်များ ရေကူးကန်များသည် မိမိတိုနှင့် မပတ်သတ်သလို ထိုနေရာထိလဲ စားသောက်သူများသာ သွားနိုင်သည်တဲ့။ ရေကူးကန်များကိုတော့ မမြင်လိုက်ရ။ကြားရုံမျှကြားခဲ့ရသည်။ အပေါ်ဆုံးမှနေ၍ စင်္ကာပူတနိုင်ငံလုံးရှုခင်းများကြည့်နိုင်သည်။ တနေ့က မိမိတို့စီးလာခဲ့သော စက်ဝိုင်းသဏ္ဍာန် ရဟတ်သည်လည်း ဒီနေ့ တိုက်တန်းနစ်သင်္ဘောအပေါ်နှင့်စာလျှင် အောက်မှာရှိနေသည် အမြင့်ပေ အတော်များများရှိခဲ့သည်။ ရှုခင်းများကောင်း၏။သို့သော် မိုဃ်းသားသည် ခပ်ညိုညိုမှိုင်းမှိုင်းဖြစ်နေခြင်းကြောင့် အဝေးရှုခင်းများသည် မှုန်ပြပြဖြစ်နေ၏။ရာသီဥတုများသာယာခဲ့ပါလျှင် ရှုခင်းရှုကွက်များသည် အတော် လှပမည်။မိမိတို့ခဏတာ ဓါတ်ပုံများရိုက်ပြီးသည်နှင့် ပြန်ဆင်းခဲ့ကြသည်။ အထပ်တိုင်းတွင် လိုက်လံကြည့်ရှုခဲ့သည်။အထူးသဖြင့် အနောက်နိုင်ငံလူများနှင့်တရုပ်လူမျိုးများအများဆုံးတွေ့ရှိခဲ့သည်။မိမိတို့အပေါ်ထပ်တတ်ရန် လိုက်လံရှာခဲ့ရသည် လက်မှတ်ဝယ်ရန်ပေါ့။မထင်မှတ်ပဲ မြန်မာဒကာတယောက်မှနေ၍ လက်မှတ်လိုက်လံဝယ်ပေးခဲ့သည်။တပါးလျှင် စင်္ကာပူဒေါ်လာ ၂၀ ဖြစ်သည်။ ထိုနေ့ မိမိတို့ ၇ ပါးသွားခဲ့သည်မို့ ဒစ်စ်ကောက် ၂၀ လျှော့လိုက်သည်။ စင်္ကာပူဒေါ်လာ ၁၀၀ သာလျှင်ပေးခဲ့ရသည်။ တထပ်ပြီးတထပ် စားသောက်ဆိုင်များ တန်ကြေးရှိပစ္စည်းများ ရောင်းချသည်။မိမိတို့ကြည့်ရုံမှတပါး မ၀ယ်နိုင်ခဲ့ အထူးဆန်းမိမိတို့အား ကြည့်ကြသည်။ တချို့ပုန်းရှိုး ကွယ်ရှိုးဓါတ်ပုံရိုက်ကြသည်။ တချို့ မြန်မာပြည်ရောက်ဘူးသူတို့  ဗုဒ္ဒဘာသာဝင်ဖြစ်သူတို့သည် လက်အုပ်လေးချီလို့ တသွယ် တချို့ နိုင်ငံခြားသားများသည် “မင်္ဂလာပါ”ဟုပြောဆိုနှုတ်ဆက်သူတို့တွေ့ခဲ့ရသည်။ ဟို မလှမ်းမကမ်းမှ marina bay သည်ပင်လျှင် အောက်သို့ရောက်လျှက် ထိုskypark တိုက်တန်းနစ်သင်္ဘောသည် အမြင့်ပေမည်ရွေ့မည်မျှရှိသည်ကို သတိမထားမိခဲ့ ချေ။ ကောင်းကင်လေများ တွေ့ထိခံစားရသည်။ အဆင်းတွင် မြေတိုက်ခန်းများ။ အထပ်အထပ်အလွှာလွှာ နေရာများအတော်နှံ့စပ်အောင် သွားခဲ့သည်။ ခြေတို့သည်လည်း ညောင်းပေစွ။ကြည့်လို့သည်လည်းမ၀ခဲ့။ထိုမှ အချိန်နဲနဲ မြေညီထပ်မှနေ၍ ဓါတ်ပုံများရိုက်ခြင်းဖြင့် ပြန်လာခဲ့တော့၏။အပြန်လမ်းမှာ မိမိတတ်ခဲ့သောတိုက်တန်းနစ်သင်္ဘောကြီးကိုမော့ကြည့်လျှက် အော်..ရောက်ခဲ့ပြန်တော့လည်း ရောက်ဘူးခဲ့ပါသည် လို့ပြောရုံမှတပါး.ထူးခြားသည် အံ့သြစရာတွေပြည့်ညှပ်နေသည်။ ထိုနေ့အဖို့ စင်္ကာပူနိုင်ငံ၏ နောက်ဆုံးလည်ပတ်ခြင်းဖြစ်တော့၏။ မနက်ဖြန် ၁၂ နာရီခွဲ လေယာဉ်ဖြင့်မလေးရှားနိုင်ငံ ပီနန်မြို့သို့..ခရီးဆက်ရပေဦးမည်။

No comments:

Post a Comment