အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, April 16, 2012

"ထိုင်းနိုင်ငံသို့ သွားရန် ဗီဇာကိစ္စ"

"ပီနန်းမြို့မြန်မာကျောင်းတွင်အမှတ်တရ"
ဒီနေ့ (၁၆.၄.၂၀၁၂)နေ့ မိမိနေရာဘာတာဝပ် ပလန်းဂီးမှ ပီနန်းမြို့ သို့ ထိုင်းဗီဇာရရေးနှင့် လေယာဉ်လက်မှတ်ချိန်းရန် နေအိမ်မှ ၉ နာရီကျော်ကျော် ထွက်ခဲ့သည်။ မလေးဗီဇာသည် ၁၄ ရက်မျှသာရသည် မိမိတို့လေယာဉ်လက်မှတ်က ထိုင်း ကို ၃၀ ရက်နေ့မှ သွားရမည်ဖြစ်၏။ လေယာဉ်လက်မှတ်အဲယားအေရှ သို့ ချိန်းပါသော်လည်း မရခဲ့ ။မိမိတို့ဗီဇာ မရသည့်အတွက်ကြောင့်ပြောပြသည် အဆင်မပြေခဲ့။ အသစ်ပြန်ဝယ်ရသည်။ ရမ်းဂစ် ၁၀၅ ပေးရသည် ထိုင်းနှင့်မလေးရှား။ ထိုင်းဗီဇာသည် အခက်ခဲမရှိခဲ့ မိမိတို့ ၁၁ နာရီကျော်မှတင်ခဲ့သည် ညနေ ၃နာရီခွဲတွင်ရရှိခဲ့သည်။ ဗီဇာသည် ၃ လ ရရှိခဲ့သည်။ မိမိတို့ နေရာမှ ပီနန်ဆိပ်ကမ်းသို့ တက္ကစီလေးဖြင့် သွားခဲ့သည် ရမ်းဂစ် ၁၅ ။ထိုမှ ဇာတ်ကူးကာ ပီနန်မြို့သို့ ရောက်ရှိမည်။ သင်္ဘောပေါ်တွင် ပီနန်မြို့၏ အလှအပသည် တွေ့ရှိခဲ့သည် ။ သင်္ဘောပေါ်မှမြင်တွေ့ရသော ဆိပ်ကမ်းလေးသည် သာယာသည်။ သင်္ဘောကြီးများ လဲတွေ့နေရသည် ကြယ်ငါးပွင့် သင်္ဘောများလဲတွေ့ရသည်။ ခပ်ဝေးဝေးမှမြင်တွေ့နေရသော တံတားတစင်းလဲတွေ့ရသည် မပြီးဆုံးသေးခဲ့။ ပီနန်းမြို့သည် ဆိပ်ကမ်းမြို့ဖြစ်၍ သင်္ဘောပေါင်းစုံမြင်တွေ့နိုင်သည်။ ၁၅ မိနစ်ခန့်စီးပြီးသည်နှင့် ဟိုဘက်ကမ်းသို့ရောက်ခဲ့ပြီပေါ့။ ထိုမှ ထိုင်းဗီဇာ သံရုံးသို့ တက္ကစီကားငှားကာသွားခဲ့သည် ရမ်းဂစ်၂၀။ ရောက်သည်နှင့် ပုံစံများဖြည့်စွက်သည်။ ဓါတ်ပုံ ၂ ပုံ နှင့်တကွ တွဲတင်ရသည်။ ခဏတာလေးပဲအဆင်ပြေသည်။ ညနေ ၃နာရီခွဲ ပြန်ချိန်းလိုက်သည်။ ဆွမ်းစားမည့်အချိန်နီးနေပြီဟု မောင်ကျောင်းသား ၂ယောက် မောင်နိုင်လင်းနှင့်တူမောင်မောင်သံလွင်ဦးတို့မှ ဆိုင်သို့ ကြွရန်ပြောကြသည်။ ပီနန်းကျောင်း(မြန်မာ)နီးသလားဟုမေးတော့ နီးနီးလေး ဆို၍ တက္ကစီငှားကာ ကျောင်းသို့မောင်းခဲ့သည် တက္ကစီကားသမားသည် နီးနီးလေးကိုပင် ကွေ့ပတ်မောင်းကာရမ်းဂစ် ၁၀ တောင်းသည်။ ခံပေဦးတော့ ရွှေမြန်မာတို့ ။ သို့သော် ပီနန်းမြန်မာကျောင်းသို့ရောက်တော့ ကျောင်းထဲဝင်သည်နှင့်တပြိုင်နက် ရွှေမြန်မာတယောက်(လူရွယ်တဦးမှ) ဆွမ်းဘုဉ်းပြီးပြီလားဟု လက်အုပ်လေးချီမကာလျှောက်သည်။ မဘုဉ်းရသေးကြောင်း ပြောသည်နှင့် ဆွမ်းစားဆောင်သို့ ပင့်ကာ ဆွမ်းကပ်လိုက်သည်။ ဆွမ်းစားပြီးသည်နှင့် ကျောင်းအတွင်းလှည့်လည်ကြည့်ရှုသည်။ ၁၃ ရက်နေ့က ရောက်ခဲ့သော်လည်း ရွှေမြန်မာတို့များပြားနေခြင်းကြောင့် ဂရုမစိုက်ခဲ့။ယ္ခုမူ ကျောင်းတွင်းတွင် အဆောက်ဦးများ များပြားသည်ကိုတွေ့ရှိရသည်။ ၀မ်းမြောက်မိသည် ဂုဏ်ယူမိသည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာ ရွှေမြန်မာတို့နေထိုင်ရာနေရာတိုင်းမှာ မြန်မာကျောင်း၇ှိခြင်းသည် ရွှေမြန်မာတို့၏ အားကိုးအားထားရာဖြစ်သည်။ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း ဘာသာရေးပွဲတော်များပြုလုပ်ရ လွယ်ကူစေသည်။ မိုဃ်းကားဖွဲဖွဲကျချေပြီ။ ကျောင်းပေါ်သို့တတ်ကာ ခဏတာနားမိသည် ပင်ပန်းမှုကြောင့် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်။ မောင်အောင်သူ လှမ်းဖုန်းဆက်၍ လန့်နိုးလာသည်။ဗီဇာအဆင်ပြေလားမေးသည်။ တင်ခဲ့ပြီဖြစ်ကြောင်း ပြန်ဖြေသည်။ ရေမိုးချိုးသည်။ ဗီဇာသွားယူသည်။ အလာတုန်းက ၁၀ တောင်းသော တက္ကစီသမားသည် မိမိတို့ လမ်းလျှောက်သွားလိုက်သည် ခဏနှင့်ရောက်ခဲ့သည်။ ဗီဇာက ၃ လ ရခဲ့ချေပြီ။ ထိုမှ ကောင်တာမားကပ် သို့ သွားခဲ့သည်။ ဟိုကြည့်ဒီကြည့် သွားခဲ့ကြသည် ။တနေရာအရောက် ဖုန်းဆိုင်တဆိုင် အဂီလိပ်လိုမေးသည်။သူ၏ အဖြေကားမြန်မာလိုဖြစ်နေ၏။ဒီတော့မှရွှေမြန်မာပါလားဆိုပြီး သိခြင်တာတွေမေးသည်။ စိတ်ရှည်လက်ရှည်ဖြေသည်။ အပေါ်ထပ်သို့ တတ်ကာ လျှောက်ကြည့်မိသည်။ အပြင်မှာကားမိုဃ်းတွေရွာနေ၏။ ရွှေမြန်မာထမင်းဆိုင်သို့ အအေးဝင်သောက်ကြသည် ကျောင်းသား၂ ယောက် ထမင်းစားသည် မိမိတို့မှာကား ဖာလူဒါ ဘုဉ်းကြသည်။ ဆိုင်ရှင်မှလှူဒါန်းလိုက်၏။ နေရာတိုင်းမှာရွှေမြန်မာတို့ရှိကြသည်။ ထိုမှ ဆက်လက်၍ အဲယားအေရှ လေယာဉ်ရုံးသို့ သွားရပေဦးမည်။ ဗီဇာကြောင့် မိမိတို့ပြန်လိုသောနေ့တွင်အဆင်မပြေခဲ့။ချိန်းသည် မရခဲ့ ထပ်မံပြီး၁၀၅ ရမ်းဂစ်ပေးရသည်။ အမှန်မှာ မလေးရှားနှင့်ထိုင်းသည် ရမ်းဂစ် ၃၁၆ ဖြစ်၏။ မိမိတို့ ပြန်ပေးလိုက်ရသည်။ ၁၀၅ ရမ်းဂစ်ပြန်လည်ပေးဆောင်လိုက်ရ၏။ ၂၄ ရက်နေ့ ထိုင်းသို့ သွားရမည်ဖြစ်သည်။ ထိုမှ လမ်းလျှောက်လာကြရာ ပီနန်းဆိပ်ကမ်းသို့ နီးလာချေပြီ ဟူသတတ်။ မိမိနေရာသို့ ပြန်ခဲ့လေပြီ။ အချိန်ကား ညနေ ၆နာရီကျော်ကျော်ဖြစ်၏။ မနက်ဖြန် ကွာလာလမ်ပူမြို့သို့ သွားရမည်ဖြစ်၏။…

No comments:

Post a Comment