အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, April 4, 2012

မြေမြတ်မဟာသို့(ဗုဒ္ဒဂယာမြို့)

(1.4.2012)နေ့ ဗာရာဏသီရွှေမြို့တော်မှ စတင်ခရီးထွက်ခဲ့သည်ပေါ့။ဗုဒ္ဒဂယာမြေမြတ်မဟာသို့  ရထားဖြင့် နံနက် ၈ နာရီခန့်လောက်ပေါ့။ဂယာသို့ နေ့လည် ၁၁ နာရီခန့်လောက်ရောက်ရှိခဲ့သည်။ ည မြတ်စွာဘုရားဘုရားဖြစ်တော်မူရာ မဟာဗောဓိစေတီတော်တွင် ပရိတ်ရွတ်ခြင်း ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့သည်။ လူအများစည်ကားလျှက် တိဘက်.နေပါလီ.ထိုင်း.ဗီယက်နမ်.သီရိလင်္ကာ မြန်မာ ထေရ၀ါဒ နိုင်ငံများမှ အတော်များများတွေ့ရှိရသည်။ကိုယ်ပိုင်အဖွဲ့စည်းလေးတွေနဲ့ စီတန်းလို့ ဂုဏ်တော်ရွတ်ပွားသူများ မဟာဗောဓိပင်အောက်၌ တရားထိုင်နေသူများလက်မှပုတီကိုကိုင်လျှက်လမ်းလျှေက်နေသာ တိဘက်လူမျိုးများ မြေပြင်ကို အားယားမှောက်လျှက် ၀တ်ပြုနေသောတချို့ တိဘက်များ မြန်မာပညာတော်သင်ရဟန်းတော်များသည်လည်း တရားထိုင်နေကြခြင်း ဘုရားပရိဝုဏ်အတွင်းလှည့်လည်၍ ပရိတ်ရွတ်ဖတ်ခြင်း ပဋ္ဌာန်းရွတ်ဖတ်ခြင်း စသည်စသည်တွေတွေ့ရှိခဲ့သည်။ မိမိလည်း လမ်းလျှောက်ပရိတ်ရွတ် စင်္ကမသတ္တာဟနေရာတွင်ထိုင်၌ ပဋ္ဌာန်းရွတ်ခဲ့၏။ လမ်းလျှေက်နေသူများမှလည်း အချို့မိုက်ကိုကိုင်လျှက် ဘုရားဂုဏ်တော်(၉)ပါးသံပြိုင်ရွတ်ဆိုလျှက် တချို့ ၀တ်ဖြူစင်ကြယ်ဖြင့် မဟာဗောဓိပင်အောက်ဝယ် တရားထိုင်နေကြခြင်း မြတ်စွာဘုရား ဘုရားအဖြစ်ရောက်ရှိခဲ့သည့်နေရာမြတ်မှာ ကုသိုလ်ထူးတွေ ရယူနေကြသည်ကို မြင်မိပြန်တော့လဲ မဇ္ဈိမသားတို့သန္တာန်မှာတော့ဒီိလိုကုသိုလ်စိတ်လေးတွေများဖြစ်တည်နေခဲ့ပါလျှင် ဟူသော အတွေးလေးတချက်ဝင်လျှက် တချို့ရှိပါ၏။ တွေ့လဲတွေ့မိပါ၏။ အသက်ခပ်ကြီးကြီးကုလားမအိုကြီးများခါးတောင်ကြိုက်လျှက် လက်အုပ်လေးချီမလျှက်လမ်းလျှောက်နေကြသည်မှာလည်း မျက်စိထဲမြင်ယောင်လျှက် ဒီနေ့အဖို့ မဇ္ဈိမသားတို့ရဲ့အပြုမူလေးတွေတွေ့မိပြန်တော့လဲ မိမိရင်ထဲမှာ ပီတိလေးတွေတော့အဖြစ်သားပါလား…..ဆိုပြီး အတွေးလေးနဲ့ မိမိနေထိုင်ရာ သူငယ်ချင်းအိမ်သို့..အပြန်လမ်းမှာတော့….

No comments:

Post a Comment