အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)
Friday, January 28, 2011
ဥရုဝေလတောရိပ်အလွမ်း(သို့)တရားအမှန်ရှာဖွေရာနေရာ
ဒီ.လို ဒုက္ကရစရိယာ(၆)နှစ်ကြာကျင့်တော်မူခဲ့တဲ့ ရှင်တော်ဗုဒ္ဒ
ဥရုဝေလတောရပ်တောင်တန်းတနေရာပေါ့
မှတ်မှတ်ရရနေ့.အမိမြန်မာပြည်မှသူငယ်ချင်းများဖြစ်ကြသော အရှင်တိက္ခဥာဏ နှင့်အရှင်သုနန္ဒ တို့သည် အိန္ဒိယနိုင်ငံသို့ ပညာသင်ရန်ရောက်ရှိလာခဲ့၏.၁၇ ရက်နေ့တွင်ရောက်ရှိပြီး ၁၈ ရက်နေ့တွင် မြို့ရာဇဂြိုဟ်နှင့်နေရဉ္ဖနာမြစ်စသည့်နေရာလေးတွေကို လိုက်ပို့ရန် ဂိုက်အဖြစ်အရှင်ဇနက (နာလန္ဒာတက္ကသိုလ်)နှင့်မိမိရော ၄ ပါးအဖွဲ့တို့သည် ဥရုဝေလတောအုပ်မြတ်စွာဘုရားဒုက္ကရစရိယာ
( ၆)နှစ်ကြာကျင့်ကြံခဲ့သောနေရာသို့
ကားကလေးကို ရူပီး ၅၀၀ ဖြင့် ငှားကာသွားခဲ့တော့၏.။။ကားကလေးသည်လည်းတာဝန်ကျေပြွန်စွာမိမိတို့ကားပေါ်ရောက်သည်နှင့်အရှိန်
်ပြင်းစွာမောင်းထွက်တော့၏.။ ဂယာမြို့ကိုကျော်ဖြတ်၍ ရာဇဂြိုဟ်သို့သွားရာလမ်းမကြီးသို့ရောက်လာခဲ့ပြီကော.ဂယာမြစ်ကိုကျော်ဖြတ်ကာ မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံခဲ့သောနေရာဥရုဝေလတောအုပ်တနေရာသို့ကားလေးသည်ဖြေးညှင်းစွာ
တဖုံ လျင်မြန်စွာတမုံ့ လမ်းဘေး၌တွေ့မြင်ရသော ကားသေးကားကြီးများစက်ဘီးဆိုင်ကယ်များဖြင့် ရောပြွမ်းရှုတ်ထွေးကာမိမိအလိုရှိရာနေရာသို့သွားလာနေကြသော ကုလားများနှင့် လမ်းဘေးမြင်တွေ့ရသော စိုက်ခင်းများ.မိမိတို့သည် တဦးနှင့်တဦးစကားမပြောဖြစ်ပဲ
အတွေးကိုယ်စီဖြင့် ကားလေးခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ကြလေပြီ.။မိမိသည်.မြတ်စွာဘုရားရှိစဉ်က ဒီနေရာတွေခြေလျင်ခရီးဖြင့်ဆွမ်းခံထွက်ပုံ ပုံရိပ်များနှင့် စိတ်အစဉ်အာရုံတို့သည်ကြည်ညိုမှုအနှိုင်းမဲ့စိတ်ဖြစ်တည်ကာ အတွေးထဲနစ်မြောနေခဲ့သည်.အပြင်မှတိုက်ခတ်လာသောဆောင်းလေနုတချက်ကြောင့်အတွေးဆကိုဖြတ်ပြီး ကားဘေးဘီကိုကြည့်မိတော့၏.ကျေးရွာလေးတရွာထဲသို့ရောက်နေပြီ ရွှံ့တို့ဖြင့်၎င်း.နွားချေးတို့ဖြင့်၎င်း ဖန်တီးထားသောအိမ်လေးများ.တချို့တိုက်တာများ
လမ်းဘေးတွင်မြင်တွေ့ရသောအဖိုးကြီးအဖွားကြီးများ ကလေးလူငယ်လူရွယ်များဖြင့်ဆောင်းရာသီအအေးဒဏ်ကိုကာကွယ်ပြီးနေဆာလှုံနေကြသည်
တနေရာအရောက်ကလေးတယောက်မှ မိမိတို့ကားအားလက်ဖြင့်ပွတ်တိုက်ပြီးလုပ်ရပ်ကိုမြင်တွေ့လိုက်တော့ အော် မဇ္ဈိမသားတို့ရယ် မတော်လို့များကားတိုက်မိလိုက်ရင်.ဟု တွေးမိ၏.။များမကြာမီ ဥရုဝေလတောင်တန်းကြီးမြင်တွေ့နေရလေပြီ..။ကားလေးသည်လည်းတာဝန်ကျေပြွန်ခဲ့သည်မို့ တရှိန်ထိုးရပ်သွားတော့၏.။ကားပေါ်ကဆင်းသည်နှင့်တပြိုင်နက် နှုတ်ဆက်လိုက်သည်ကား.စုတောင်းစားများဖြစ်တော့၏.မိမိတို့သည်လည်း အရှင်ဇနက.ဂိုက်ခေါ်ဆောင်ရာသို့ ဥရုဝေလတောအုပ်ဖြစ်သော မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံရာတောင်တန်းပေါ်သို့ ခြေလျင်တတ်ရတော့၏.။လမ်းဘေးမတွင် အိပ်လျက်တောင်ရမ်းနေသော အဖွားအိုများ.ကလေးကိုပိုက်ပြီးတောင်ရမ်းနေသောအမျိုးသမီးများနှင့်ကလေးသူငယ်တို့သည်လည်း ပိုက်ဆံတောင်းနေကြတော့၏.၁၅ မိနစ်ခန့်တတ်ပြီးသည်နှင့် မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံသောလှိုဏ်ဂူထဲသို့ဝင်ကာအမှတ်တရဓါတ်ပုံများရိုက်ပြီး.ဘုရားကို
အာရုံပြုဆုတောင်းမေတ္တာပို့သမှုပြုလိုက်မိပါသည်.။ထိုနေရာတွင် ထိုင်းဘုန်းတော်ကြီးနှင့်ဒကာ/မများ..နေပါလီမြို့သူ/သားများ..တိဘက်များနှင့် ဘုရားဖူးများအများအပြားတွေ့ရှိခဲ့ရ၏.။ထိုနေရာတွင် မြတ်စွာဘုရားဘုရားမဖြစ်ခင်က
ဘာသာပေါင်းစုံ အယူပေါင်းစုံနှင့်တွေ့မြင်ခဲ့ရ၍ ၎င်း ဥရုဝေလတောအုပ်သို့ရောက်ရှိကာ အမှန်တရားရှာဖွေခဲ့ရာ ၆နှစ်တိုင်တိုင် ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့သောနေရာဖြစ်တော့၏.။ရာဇဂြိုဟ်တခွင် တရားမှန်ရှာဖွေလာခဲ့ရာမှ ဘုရားမဖြစ်မီဘုရားအလောင်းတော်ဘ၀တွင် အယူပေါင်းစုံ အလွှာပေါင်းစုံကို လိုက်လံလေ့လာဆည်းပူးပါသော်လည်းလိုခြင်သောပန်းတိုင်မရရှိခဲ့ပေ.။ဘုရားအလောင်းလျာသည် တရားကျင့်သောရသေ့ရဟန်းကျောင်းများကိုလှည့်လည်ရှာဖွေဆည်းပူးခဲ့သည်.လက်တွေ့ကျင့်သုံးခဲ့သည်.။
တွေ့သမျှ ရသေ့ဆရာကြီးများအနက် အာဠာရ ရသေ့နှင့်ဥဒကရသေ့ကြီးမှာသမထအကျင့်လမ်းစဉ်ကိုထိပ်ဆုံးသို့ရောက်အောင်ပို့ဆောင်နိုင်ပါသော်လည်း သမထလမ်းစဉ်ဖြင့် ကိလေသာမကုန်ခမ်းနိုင်.။ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာနိဗ္ဖာန်သို့မရောက်နိုင်ဟု သိရသဖြင့်ထိုဆရာကြီးများထံမှဖဲခွာခဲ့သည်။။မြောက်ပိုင်းရှိ ဟိမ၀န္တာတောင်ရိပ်ခိုသောရသေ့ကျောင်းသင်္ခန်းများကိုချဉ်းကပ်ခဲ့ပြီးနောက်ရာဇဂြိုဟ်တ၀ိုက်အနှံ
လှည့်လည်ဆည်းပူးရှာဖွေခဲ့သည်.တဖန်ရာဇဂြိုဟ်မြို့မှတောင်ဘက်သို့ မိုင် ၄၀ ခန့်စုန်ဆင်းလာခဲ့ရာဂယာမြစ်သို့ရောက်သည်။ဂယာမြစ်ကားဖြူစဉ်မြင့်မြတ်လှသည်ဟု ကျော်ကြားသည်.။ထိုမြစ်ရေဖြင့်ရေချိုးပါက(ဆေးကြောပါက)လူတို့၏၀ိညာဉ်မှာကိလေသာစဉ်ကြယ်သည်ဟ
ုယူဆနေကြသည်.။မြစ်ကမ်းပါးရှိညောင်ပိန္နဲပင်ကြီးသည်လည်းရှိ၏။ထိုညောင်ပိန္နဲပင်ကြီးကိုယဇ်ပူဇော်ပါက သံသရာမှလွတ်မြောက်နိုင်သည်ဟုယူဆကာနေ့စဉ်ပူဇော်ပသနေသောအယူဝါဒရှိသူများရှိကြသည်.။
ဘုရားအလောင်းတော်သည်ဆင်ခြင်တုံတရားလက်ကိုင်ထားကာအသိဥာဏ်ရှိသူဖြစ်ရကားထိုထို
အယူဝါဒများကိုဥပေက္ခာပြုလျစ်လျူရှုကာလက်မခံချေ။ဂယာကဿပရသေ့ကြီးကား ဂယာမြစ်၌အချိန်မှန်ရေချိုး၍ မကောင်းမှုကိလေသာတွေကိုဆေးကြောနေသည်.။ဂယာတောင်ဘက်ဆက်လက်ထွက်လာခဲ့ရာ နေရဉ္ဖနာမြစ်ညာပိုင်း၌ နဒီကဿပနှင့် ဥရုဝေလကဿပတို့သည်လည်း ရေငုတ်မီးလှုံ တုန်းခုန်ဖယ်ခတ် လမ်းစဉ်ကိုကျင့်နေကြသည်ဟု ဘုရားလောင်းသည်ကြားသိနေရသည်.။သို့ရာတွင် ထိုအကျင့်လမ်းစဉ်တွေကိုဖယ်ရှားစွန့်ပစ်ပြီးဖြစ်၍ထပ်မံစုံစမ်းရန်မလိုတော့ဟု ဆုံးဖြတ်ကာ နေရဉ္ဖနာမြစ်၏အရှေ့ဘက်ရှိဥရုဝေလတောအုပ်တွင်တတ်ခါတောင်ခါးပန်းတွင်သဘာဝအလျှောက်ဖြစ်
်ပေါ်နေသောကျောက်ဂူငယ်တခုတွေ့လေသည်။။ဂူငယ်မှာအလျား ၁၀ တောင် အနံ ၆ တောင်ခန့်ကျယ်ဝန်း၍ ဂူငယ်ရှေ့၌ပြန့်ပြူးသော မြေဥပစာမြေကွက်လပ်လည်းရှိ၏.။၎င်း နေရာကိုရွေးခြယ်ကာ .ဒုက္ကရစရိယာ အကျင့်ကိုကျင့်ကြံအားထုတ်ခဲ့သောနေရာပင်ဖြစ်တော့၏.။။
Wednesday, January 19, 2011
သုဒတ္တ၏ ဘ၀ပုံရိပ် ( ၂ )
မိရိုးဖလာ ယုံကြည်မှု ( ဘာသာရေးကို ခပ်ပေါပေါ့ သဘောထားသူ ) ပသာဒသဒ္ဓါ၊
ရတနာသုံးပါးဂုဏ်တော်တို့ကို သိ၍ နှစ်နှစ်ကားကား သက်ဝင်ယုံကြည်မှု (ဘာသာတရား အလေးထား သူ) သြကပ္ပနသဒ္ဓါ၊အရိယာမဂ်ဥာဏ်နှင့်ယှဉ်၍ ယုံကြည်မှု ( သစ္စာတရား ထိုးထွင်းသိသူ ) အဓိဂမသဒ္ဓါ၊ယင်းသုံးမျိုးတွင် သုဒတ္တသည် “ ဘုရားရှင်အပေါ် ” ဘာသာတရား အပေါ် အဓိဂမသဒ္ဓါဖြင့် ချဉ်းကပ်ယုံကြည်သည့်အဆင့်အထိ ရောက်သွားပေပြီး။
သူ၏ယုံကြည်ချက်သည် လူမှုရေး စီးပွါးရေး အိမ်ထောင်ရေးစသည့် မည့်သည့် အရေးကြောင့်မှ ပျက်စီးနိုင်ခြင်းမရှိတော့၊နောက်ဆုံးအနေအားဖြင့် ဘာသာစွန့်
မလား အသက်စွန့်မလား ကြိုက်ရာရွေးဆိုလျှင် အသက်ကိုသာ စွန့်မည် ဘာသာ
တရားကိုတော့ လုံးဝ စွန့်မည်မဟုတ်တော့၊
သူသည် သောတာပန်မျှသာ ဖြစ်သေး၍ နောက်ဘ၀ပြောင်းရပေအုံးမည်၊ သို့သော်
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း ဘယ်လောက်ပြောင်းပြောင်း ယုံကြည်ချက်ကတော့
ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ဘ၀နှင့်ချီ၍ပင် ခိုင်မြဲသော သဒ္ဓါတရား သူရသွား
လေပြီ။
သူ၏ ယုံကြည်ချက်သည် ကြောက်၍ ယုံကြည်ခြင်းလည်း မဟုတ်၊ အပြောကောင်းလွန်း၍ ဟုတ်များဟုတ်လေမလားဟု သံသယဖြင့် ယုံကြည်ခြင်း လည်းမဟုတ်၊ လူများစု ယုံကြည်သည့်ဘာသာဖြစ်ရကား အများယုံလို့ ယုံသည့် ယုံကြည်ခြင်းလည်း မဟုတ်၊ ရုပ်နာမ်ခန္ဓာတို့၏ သဘာဝဓမ္မကို ကိုယ်တိုင်ထိုးထွင်း
သိရှိ၍ ယုံကြည်ခြင်း ဖြစ်၏။ တနည်းအားဖြင့် သမ္မုတိသစ္စာကို ပရမတ္ထထိ ရောက်
အောင် အတွင်းသိ သိ၍ ယုံကြည်ခြင်းဖြစ်၏။
ထို့ကြောင့် သုဒတ္တသည် နှုတ်မှ ထုတ်ဖေါ်၍ပင် ရှင်တော်ဘုရားကို လျှောက်ထား
လေတော့၏။
အရှင်ဘုရား ရှင်တော်မြတ်ဘုရား၏ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ ပေ၏။ အရှင်ဘုရား ရှင်တော်မြတ်ဘုရား၏ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။
ဥပမာထား၍ တပည့်တော်လျှောက်ထားရလျှင် မှောက်ထားသော အိုးကို လှန်
ပြဘိသကဲ့သို့ . တစ်စုံတစ်ခုဖြင့် ဖုံးလွှမ်းသည့်ပစ္စည်းကို ဖွင့်လှစ်၍ ပြဘိသကဲ့သို့ .
မျက်စိလည် လမ်းမှားသူအား လက်ကိုကိုင်ဆွဲ ဤလမ်းပဲဟု ညွှန်ပြသကဲ့သို့
မျက်စိအမြင်ရှိသူတို့သည် အဆင်းမျိုးစုံ ( ရှုခင်းမျိုးစုံ ) ကို မြင်ကြပါစေဟု ဆီးမီး
ကို ညှိထွန်းပြသကဲ့သို့ ထို့တူ ရှင်တော်မြတ်ဘုရားသည် အကြောင်းနည်း ပရိယာယ်များစွာတို့ဖြင့် အရိယသစ္စာတရား( ပရမတ္တသစ္စာ ) ကို ထင်ရှား သိသာအောင် ညွန်ပြတော်မူပါပေ၏။အ၀ိဇ္ဇာကိုပယ်ရှား၍ ၀ိဇ္ဇာနယ်ခြားသို့
ရောက်စေတော်မူပါပေ၏။သံသရာတစ်ဖက်ကမ်းသို့ တက်လှမ်းရန် လက်ကမ်း
တော်မူပါပေ၏။ ရှင်တော်မြတ်ဘုရား၏ ကျေးဇူကြောင့် “ ပညာမျက်လုံးနှင့် သဒ္ဓါ
လက်ရုံး ” တို့ကို တပည့်တော် သုဒတ္တ ကောင်းစွာ ရရှိပါပြီဘုရား။
မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် (အရိယသစ္စာ တရားကို ညွှန်ပြ၍ ဘ၀သံသရာမှ ထုတ်ဆောင် ကယ်တင်တော်မူသော ) ရှင်တော်မြတ်ဘုရားကိုလည်းကောင်း၊ (အပါယ်မကျအောင် ဆောင်ထားခြင်း၊ လူ့ရွာနတ်ဌာန်နိဗ္ဗာန်အထိ သုဂတိသို့လည်း ဆောင်ပို့ခြင်းငှာစွမ်းဆောင်နိုင်သော) တရားတော်မြတ်ကိုလည်းကောင်း၊ (အယူသီလ အကျင့်တူမျှတော် မူကြကုန်သော) သံဃာတော်အရှင်မြတ်အပေါင်းကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ် သိမှတ်ပါ၏အရှင်ဘုရား၊ ရှင်တော်မြတ်ဘုရားသည် ယနေ့မှစ၍ အသက်နှင့်ခန္ဓာ တည်ရှိနေသမျှ ကာလပါတ်လုံး (ရာသက်ပန် ) ဘုရားတပည့်တော် သုဒတ္တကို “ ဥပါသကာ ” ဟူ၍ အသိအမှတ် ပြုတော်မူပါဘုရား။
သုဒတ္တ၏ ပင်ကိုယ်သဘာဝစိတ်ဓါတ်သည်ပင် ပေးချင်ကမ်းချင် လှူဒါန်းချင်
သည့် (ဒါနာဘိရတာ - ပေးကမ်းမှု၌ ပျော်မွေ့သူ ) ဗီဇမျိုးစေ့ပါလာသူ ဖြစ်၏။ ထို့ကြောင့်ပင် လူအများက သူ့ကို နာမည်ရင်းဖြစ်သည့် သုဒတ္တဟူသော နာမည်ကို မခေါ်ကြပဲ ( အခြေမဲ့ အနေမဲ့ ဘ၀ယဲ့နေသူများအား အမြဲ ထာဝရ အစားအသောက် ဖန်တီးပေးနေသူ ဖြစ်၍ ) အနာထပိဏ်ဟုပင် ခေါ်ကြ၏။
အမှန်အားဖြင့် ကိုးကွယ်ရာ မဲ့သူတို့၏ အားထားရာသာ မဟုတ်၊ လောကအတွက်
လူထုအတွက် လိုအပ်ရင် လိုအပ်သလို လိုအပ်သည့်နေရာ၌ လိုအပ်သလောက် ကူညီထောက်ပန့်နေသူဖြစ်ပါ၏။
ထို့ကြောင့် ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များကိုလည်း ဆွမ်းဆက်
ကပ်လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာခြင်းပင် မြတ်စွာဘုရားရှင်ကို
လျှောက်ထားလေတော့၏။
ရှင်တော်မြတ်ဘုရားသည် ရဟန်းသံဃာနှင့်အတူ မနက်ဖန်၌ ဖြစ်လတ္တံသော ပီတိ ပါမောဇ္ဇ ကုသိုလ်တရား တိုးပွါးစေရန်အလို့ငှာ တပည့်တော်၏ ဆွမ်းကို လက်ခံတော်မူ ပါဘုရားဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူလိုက်၏။
သုဒတ္တသည် မြတ်စွာဘုရား(ဆိတ်ဆိတ်နေခြင်းခြင့် )လက်ခံတော်မူသည်ကို သိ၍ နေရာထမှထကာ “ ခြေလက်နှဖူးတံတောင်ဒူး ” ငါးခုအညီ အဉ္ဖလီဂါရ၀ ကျကျနန ရှိခိုး၍ လက်အုပ်ချီ အရိုအသေပြုကာ မိမိတည်းရာ ရာဇဂြိုဟ်သူဌေး ( ယောက်ဖ အိမ်သို့ ) ပြန်လာ၏။
သူ၏ အပြန်လမ်းသည် ကြောက်စိတ်မရှိ တွန့်စိတ်မရှိ ရွန့်စိတ်မရှိ၊ မနက်ဖန် ဘ၀သံ
သရာမှ ကယ်မထုတ်တင်၍ “ ဒိဋ္ဌိ ၀ိစိကိစ္ဆာ သီလဗ္ဗတပရာမသ ဣဿာ မစ္ဆရိယ ”
ဟူသော အကုသိုလ်အညစ်အကြေးကို သုတ်သင်သန့်ရှင်းပေးတော်မူသော အနန္တ
ကျေးဇူးရှင် မဟာကရုဏာသခင် ရှင်တော်မြတ်ဗုဒ္ဓကို ကျေးဇူးဆပ်သောအားဖြင့်
ဆွမ်းဆက်ကပ်ရပေတော့မည်၊ ဆက်လက်လျှောက်လှမ်းရန် ကျန်နေသေးသည့်
သံသရာခရီးအတွက်လည်း ဒါနရိက္ခာထုပ် အနုဂါမိကဥစ္စာကို သာသနာတော်၌ မြှုပ်နှံခွင့် ရပေတော့မည်၊မနက်ဖန်လှူဖို့ရေး တွေး၍ ၀မ်းသာနေသော ပုဗ္ဗစေတနာများ
တစ်ဖွါးဖွါးပင် ဖြစ်ပေါ်နေတော့၏။
သုဒတ္တသည် မြတ်စွာဘုရားရှင်ကို သံဃာတော်အရှင်မြတ်တို့နှင့်တစ်ကွ ဆွမ်းစား
ပင့်လျှောက်ခဲ့သည့်သတင်းကို အိမ်ရှင် ရာဇဂြိုဟ်သူဌေး ကြားသိရ၏။
ထို့ကြောင့် သုဒတ္တကို သူပြောကြည့်၏ သုဒတ္တ သင်ဟာ ဧည့်သည်ဖြစ်၏၊ သင့်အား
လုပ်ဖေါ်ကိုင်ဘက်အဖြစ် အကူအညီရအောင် အိမ်ရှိလူများကို ကူညီခိုင်းမယ်ဟု
ပြော၏၊ သုဒတ္တက လက်မခံပေ၊
အခုလို့ ကူညီပေးမည်ဆိုတာကို အထူးကျေးဇူးတင်ပါတယ်၊၊လိုအပ်ရင်လည်း ပြောပါ့ မယ်၊ လောလောဆယ်တော့ အကူအညီ မလိုသေးပါ၊ ကျနော့မှာ လုပ်ဖေါ် ကိုင်ဖက် ပါပါတယ်၊ သူတို့နှင့်ပဲ ဘုရားအမှုးရှိသော သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း
ပါမယ်ဟု ပြန်လည် ပြောပြ၏( သူ့မှာ သွားလေရာ အသိုင်းအ၀ိုင်းပါ၏၊ရောက်လေရာ
မိတ်ဆွေများ၏၊ သူကသာ ဘာလုပ်ချင်သည် ပြောလိုက် ဘာမဆို ကူညီလုပ်ကိုင်ပေး
မည့် လုပ်တတ်ကိုင်တတ် အခြွေအရံက သူနားမှာ အရံသင့်၊ သူလူများ အကြောင်းကို သူ ကောင်းကောင်းသိ၏၊ယုံ၏၊ ထို့ကြောင့်လည်း ရာဇဂြိုဟ်သူဌေးလူရင်းသူ့ယောက်ကို
ပင် ငြင်းပယ်လိုက်ခြင်းဖြစ်၏။
ရာဇဂြိုဟ်သူဌေးသာမက၊ ရာဇဂြိုဟ်ပြည်နေ နိဂုံးသူဌေးကလည်း သုဒတ္တ ဆွမ်းကပ်
မည့်အကြောင်း သတင်းကြား၏၊ထို့ကြောင့် သူလည်း အကူအညီပေးဖို့ကမ်းလှမ်း၏၊ သုဒတ္တကား လက်မခံ၊ အကူအညီပေးမယ်ပြောတာ ကျေးဇူးတင်ပါတယ်၊ လိုအပ်ရင်ပြောပါ့မယ်ဟုသာ ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်ပြန်၏။
“ ဂိဇ္ဈကုဋ်တောင် ပဏ္ဍ၀တောင် ဣသိဂိလိတောင် ဝေပုလ္လတောင် ဝေဘာရတောင် ” တောင်ငါးလုံး ကာခို ရာဇဂြိုဟ်မြို့(မဂဓတိုင်း)၏ အရှင်သခင်ဖြစ်သော သေနိယမင်း
သည်လည်း သုဒတ္တ ဘုရားအမှုးရှိသော သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း
မည့်အကြောင်း သတင်းကြား၏။(ရွေစင်ရွှေနှစ်ကဲ့သို့ ၀ါဝင်းသောအဆင်းရှိသော ကြောင့် ပြည်သူများက တလေးတစား နာမည်တပ်၍ “ ဗိမ္ဗသာရမင်းဟုလည်း ခေါ်ကြ၏၊ပြည်သူကို တရားသဖြင့် အုပ်ချုပ်သော သောတာပန် မင်းကြီးဖြစ်၏)။
ထို့ကြောင့် မင်းကြီးသည်လည်း သုဒတ္တကို ( ဧည့်သည်ဖြစ်နေ၍ ) အကူပေးရန် ကမ်းလှမ်းပြန်၏ ဘုရင်မင်းကြီးကိုလည်း လက်မခံ ၊ ကျေးဇူးတင်ကြောင်းပြော၍
ယဉ်ကျေးသိမ်မွေ့စွာပင် ငြင်းပယ်လိုက်ပြန်၏၊(သုဒတ္တသည် အပေါင်းအသင်း မိတ်ဆွေ ၀င်ဆန့်ရုံသာမက မင်းပေါက်စိုးပေါက် လူတစ်ယောက်ဖြစ်ကြောင်းကို ဤနေရာ ကြည့်၍လည်း သိနိုင်ပါ၏၊ ဤသည်မှာလည်း သူက လောကအတွက် ခြွေသူဖြစ်၍ လောကကလည်း ပြန်လည်၍ ၀န်းရံကြခြင်းဖြစ်ပါ၏၊
သုဒတ္တသည် ရာဇဂြိုဟ်သူဌေးအိမ်မှာပင်နေ၍ မနက်ဖန်အတွက် လိုအပ်သည်များကို
ဝယ်ချမ်းရန် သူ့လူများကို စီမံနေ၏။သူ့လူများသည်လည်း တက်ကြွနေကြ၏၊သူတို့၏
အကောင်းဆုံးလက်ရာများကို သူတို့ ပြခွင့်ရပေတော့မည်။
ဤသို့ဖြင့် နံနက်မိုးသောက် အလင်းသို့ပင် ရောက်ခဲ့ပေပြီး၊ ဆွမ်းခဲဖွယ်ဘောဇဉ်များကို
လည်း အကောင်းဆုံးလက်ရာ အသန့်ရှင့်ဆုံးသော ပြင်ဆင်မှုတို့ဖြင့် ပြင်ဆင်၍
ပြီးပေပြီး။ မိမိတို့နှင့် သင့်တော်မည့် (ကျန်းမာရေးအရ - သပ္ပါယဖြစ်မည့် ) ဆွမ်းဟင်း များကို ဘုဉ်းပေးနိုင်ရန်ချိုချဉ် စပ်ငန် ဖန်ခါး အရသာများလည်း စုံလင်လှ၏
မြင်ရသူများ လက်ဖျားခါယူရလောက်အောင်ပင် ဆွမ်းဘောဇဉ်များကို စီမံ ပြင်ဆင်
ထားကြ၏၊ ပြင်ဆင်မှု အားလုံးပြီးသော အခါ သုဒတ္တသည် သူကိုယ်တိုင်ပင် သွားရောက်၍ “ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတော်မူရန် အချိန်တန်ပါပြီး၊ ဆွမ်းခဲဖွယ်
ဘောဇဉ်များ အားလုံးပြင်ဆင်၍ ပြီးပါပြီး ” ဟု လျှောက်ထားလေ၏
မြတ်စွာဘုရားသည် သင်္ကန်းကို ကောင်းစွာ ၀တ်ရုံတော်မူပြီးလျှင် သပိတ်သင်္ကန်းကို
ယူဆောင်တော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျှက် သုဒတ္တတည်းခိုရာ ရာဇဂြိုဟ် သူဌေးအိမ်သို့ ကြွရောက်တော်မူကာ ခင်းထားအပ်သော နေရာ၌ သီ
တင်းသုံး ထိုင်နေတော်မူ၏၊
သံဃာတော်များ နေရာအသီးသီး သီတင်းပြီးသော အခါ၌ သုဒတ္တသည် ဘုရားအမှုး
ရှိသော သံဃာတော်အရှင်များအား မွန်မွန်မြတ်မြတ် စီမံချက်ပြုတ်၍ကြော်လှော်၍
ထားသော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကိုဆက်ကပ်လှူဒါန်းလေတော့၏။ ရဟန်းတော် များက ပြည့်စုံပါပြီ တော်ပါပြီးဟု လက်ကာ၍ တားရလောက်အောင်ထိ ကိုယ်တိုင် ပြုစုလုပ်ကျွေး ဆက်ကပ်လှူဒါန်း၏။အားလုံးဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ
သုဒတ္တသည် “ ဝေးနီးလေညာ မြင့်ရာရှေ့နောက် ” ဟူသော အပြစ်ခြောက်ပါးလွတ်
သော နေရာ၌ ထိုင်လျှက် လက်ဦချီကာ မြတ်စွာဘုရားအား “ ရှင်တော်မြတ်ဘုရား
မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များနှင့်အတူ တပည့်တော်တို့၏ သာဝတ္ထိ
ပြည်၌ ၀ါကပ်ခြင်း ၀ါဆိုခြင်းကို လက်ခံတော်မူပါအရှင်ဘုရား ” ဟု လက်လျှောက်လေ
တော့၏
ဂဟပတိ ( သုဒတ္တကို - ခေါ်ခြင်းဖြစ်၏ ) “ မြတ်စွာဘုရားတို့သည် ဆိတ်ငြိမ်ရာ၌ မွေ့လျှော်ကုန်၏ ” ဟု မိန့်တော်မူ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား သိပါပြီ၊ ရှေးဘုရားရှင်တို့ကဲ့သို့ လာခြင်း
ကောင်းတော်မူသော မြတ်စွာဘုရား သိပါပြီဟု ပြန်လည်လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် သုဒတ္တအား တရားစကားဖြင့် ( ပစ္စုပ္ပန်သံသရာ အကျိုးစီးပွါးကို )
သိမြင်စေလျှက် ( တရားကို ) ဆောက်တည်စေကာ (တရားတော်ကို ကျင့်သုံးလိုက်နာ
ရန် ) ထက်သန်ရွှင်လန်းစေပြီး ပြန်လည်ကြွသွားတော်မူ၏။
ဗုဒ္ဒဂယာမြို့သို့ ရောက်ရှိခြင်း..
၁၄.၀၁.၂၀၁၁ နေ့မှ ဗာရာဏသီမြို့မှ ထွက်ခဲ့ပြီး.ဗုဒ္ဒဂယာမြေမြတ်မဟာသို့ ၄င်းနေ့တွင်ရောက်ရှိခဲ့ပါ၏.။
Sunday, January 16, 2011
ဘုန်းကြီးသာခေါ်တယ်.တကယ်တော့ ..
[သင်တန်းမှူးဘုန်းကြီးအိဒ္ဒိပါလ]
မြန်မာစစ်အစိုးရ မှ ငွေကြေးထောက်ပံ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီမှ မကြာမီက
ထူးထူးခြားခြား ဖွင့်လှစ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ ကပွဲသင်တန်းကြီးတွင် သင်တန်းမှူး ဘုန်းကြီး
အိဒ္ဒိပါလရဲ့ ညွှန်ကြားချက်အတိုင်း စစ်တိုင်းမှုးကတော်များပါ ထူးထူးခြားခြား ကခုန်ကြတဲ့ ဗွီဒီယိုခြောက်ခု
facebook အင်တာနက် ကွန်ယက်တွင် ပျံ့နှံနေသည်။
စစ်ဌာနချုပ် ဗိုလ်မှုးချုပ် ထွန်းသိန်းအပါအ၀င် စစ်အစိုးရ အရာရှိများ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သော
သင်တန်းကြီး ဖြစ်သည်။ အဆိုပါ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာနှင့် မြို့နယ် အချို့ မ
ှ အာဏာပိုင်အဖွဲ့ အစည်းဝင်များ၊ စစ်တပ်နှင့် နယ်ဘက်မှ အရာရှိကတော်များ၊ သားသမီးများ တက်ရောက် ကြသည်။
သင်တန်းကို ရန်ကုန် မြို့ Asia Plaza၊ MCC ခန်းမ နှင့် ဘုရင့်နောင်ခန်းမတို့တွင် ကျင်းပပြီး၊ မွန်ပြည်နယ် သထုံနှင့် မော်လမြိုင်၊
ပဲခူးမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့ များ တွင်လည်းကျင်းပခဲ့သည်။
အဆိုပါသင်တန်း တွင် သင်တန်းမှုး ဘုန်းကြီးက အဆိုးနှင့် အဆိပ်များကို ခါချရန် ကကြဖို့ ပြောပြီး၊ သင်တန်း
ဖွင့်လှစ်သည့် နေ့တွင် လာရောက် သြ၀ါဒ ပေးသူများက စိတ်ဓာတ်မြှင့်တင်ရန်နှင့် နိုင်ငံ့သားကောင်းများ
ပေါ်ထွက်လာရန် ဆရာတော်ရဲ့ အကညွှန်ကြားချက်များ လိုက်နာဖို့ ပြောကြားခဲ့သည်။
"စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာ စောင့်သိ ရိုသေတဲ့ စိတ်ဓာတ်၊ တိုင်းတစ်ပါးကို
အထင်ကြီးသော မှီခိုအားထားလိုသော စိတ်ဓာတ်များ ကင်းဝေးပြီး မိမိကိုယ်ကိုယ် မိမိယုံကြည်မှု၊ မိမိတိုင်းပြည်ရဲ့ ပြည်တွင်းအားကို
ယုံကြည်မှု၊ ... နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်လိုမှု စတဲ့ စိတ်ဓာတ် အင်အားတွေကို နိုင်ငံသားတိုင်းက ပိုင်ဆိုင်ထားဖို့၊
ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီးစိတ်ဓာတ်နူးညံ့ သိမ်မွေ့တဲ့ မိမိလူမျိုးရဲ့ မွန်မြတ်တဲ့ ဓလေ့ စရိုက်ကို ဂုဏ်ယူနိုင်ကြဖို့အတွက်
ထူးခြားတဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ အကသင်တန်းကြီး ရည်ရွယ်ချက်ကြီးကြီးဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
" အဖွင့်စကားပြောသူမှ ပြောကြားသွားသည်။ အောက်တွင် အဖွင့်စကားနှင့် အကဗွီဒီယိုများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါလင့်ကတော့အကတွေဖြင့်စည်းရုံးနေတာဖြစ်ပါတယ်.
မြန်မာတွေကလည်း ဘာလို့ ဘာသာရေးကို အကဖြင့် စည်းရုံးခြင်းကိုကြိုက်နေကြပါသလဲ.?
http://www.youtube.com/watch?v=PsFOZxkIK6Q&feature=player_embedded
Thursday, January 13, 2011
ကျေးရွာနေဆရာတော်ဘုရားကြီး၏ နေထိုင်ရာဒေသသို့ ရောက်ရှိခဲ့စဉ်က
သက်တော်(၉၈)နှစ်ရှိဆရာတော်ကြီး ရေစကြိုမြို့နယ် မအူကတိုးစုရွာ
သက်တော်ရှည်ဆရာတော်ကြီးအား မိမိ၏ဆရာတော်မှ ကျမ္မာရေးမေးမြန်းလျှောက်ထားစဉ်
မှတ်မှတ်ရရနေ့..မိမိ အိန္ဒိယနိုင်ငံမှပြန်ရောက်ပြီးတပတ်ခန့်အရောက်ကျေးဇူးတော်ရှင်မုံရွာမြို့၌သြ၀ါဒ ခံယူပွဲအပြီး.သူငယ်ချင်းဖြစ်သူနှင့်အတူ မိမိ၏ ဇာတိသို့
ပြန်လာခဲ့၏။ မိမိ၏ ရပ်ရွာသို့ရောက်ရှိ၍ မကြာခင် ဂေါစဂါမ်ဖြစ်သော ပေကုန်းကျေးရွာဘုန်းကြီးပျံတခုသို့ ယခုတမူးတွင်ကျောင်းထိုင်နေသော အရှင်စန္ဒာသီရိ
မှ လုပ်စရာများလုပ်ရန်အတွက်၎င်း.ပင့်သံဃာအနေဖြင့်ပင့်၍ သွားရောက်ခဲ့တော့၏.။၎င်းမှတဖန် မိမိ၏ဆရာသမားနှင့်အတူ မအူလေးရွာဟုမိမိတို့ဒေသတွင်
နာမည်သာကြားဘူးမရောက်ဘူးသည်ကတကြောင်း.မိမိ စစ်ကိုင်းမြို့ဇေယျသိန်ပါဠိတက္ကသိုလ်၌ ပညာသင်စဉ်က ဆရာဖြစ်သော အရှင်ဝိစိတ္တ(ဓမ္မာစရိယ)
အားလည်း.မတွေ့ရတာကြာပြီဖြစ်၍ ကျေးရွာဆရာသမားဘုန်းတော်ကြီးဦးဇေယျသေန နှင့်အတူ မအူလေးရွာတွင်..တရွာဖြစ်သော.မအူကတိုးစုရွာသို့
အန္တိမဈာပနပြီးဆုံးပြီးသည်နှင့် ဆရာတပည့်သွားရောက်ခဲ့ကြတော့၏.။လမ်းခရီးမှာစေတီပုထိုးပျက်များ.ပြုပြင်မွမ်းမံဆဲဖြစ်သောစေတွပုထိုးများနှင့်အတူ
စိုက်ပျိုးနေကြသောတောင်သူဦးကြီးများ.ရှေးအချိန်ခါကအလောင်းစည်သူရှင်မင်းတရားကြီးသည် ဘာသာသာသနာတွင်အရေးပေးဆောင်ရွက်ခဲ့သည့်နေရာ
ဖြစ်သည့်အလျောက်ရှေးဟောင်းပုထိုးစေတီများ..ရှေးဟောင်းလက်ျာများအတော်များများတွေ့ရှိခဲ့ရ၏.။များမကြာမှီ .မိမိငယ်စဉ်ကကြားဘူးခဲ့သော စကားများ
သုံနှုန်းခဲ့သော..မအူလေးရွာတရှူပေးကွာ..မအူဈေးတန်းတရှူပေးစမ်း.ဆိုသော ရှေးလူကြီးများ ဈေးလိပ်သောက်ရာတွင်ပညာသားပါပါ ဆေးလိပ်ကို
တောင်းယူသောက်တတ်ကြသော ရှေးဟောင်းစကားများမြစ်ဖျားခံရာ မအူကတိုးစုရွာသို့ရောက်ရှိခဲ့၏.။။
မတွေ့တာကြာပြီဖြစ်သော ဆရာ အရှင်ဝိစိတ္တ သည်လည်း.၁၂ နှစ်ကြာခဲ့လေပြီ.။ပုံမပြောင်းပဲ ပင်ကိုယ်တွေ့ရှိခဲ့စဉ်ကအတိုင်းတွေ့မြင်ခဲ့ရတော့၏.။။ထိုမှ
ကျောင်းထိုင်ဆရာတော်ကြီးအား ကန်တော့ရန်သွားခဲ့ကြ၏.။ဆရာတော်ကြီးမှာ အသက် (၉၈) နှစ်သို့ရောက်ခဲ့ချေပြီ.မျက်မှန်တပ်ရုံကလွဲပြီးကျမ္မာလျက်
ဘုဉ်းပေးမြဲဆွမ်းများကိုလည်း.ပုံမှန်မပျက်ဘုဉ်းပေးလျက်ဖူးမြင်ခွင့်ရရှိတော့၏.။ဆရာအရှင်ဝိစိတ္တမှ ပြောပြ၍ သိခွင့်ရတော့၏.။၎င်းဆရာတော်သည်
ဘွဲ့အမည်မှာဆရာတော်ဦးအိန္ဒက ဖြစ်၏။အသက် (၉၈) နှစ်ရှိပြီဖြစ်သော်လည်း အပ်ပေါက်ထိုး၍ ယနေ့မိမိတွေ့မြင်ချိန်တွင်လည်း အပ်ချုပ်မြဲ.။ရှေးရှေး
ဆရာတော်ကြီးများသည် လက်မှုပညာအတတ် တတ်ကြ၏.။၎င်း ဆရာတော်သည်လည်း.အပ်ချုပ်ခြင်းအလုပ်လုပ်နေရမှ စိတ်ချမ်းသာမှုတခုဖြစ်၏ ဟု
သိခွင့်ရခဲ့၏.။တောင်းများရက်လုပ်ခြင်းဖြင့်လည်းမကြာမကြာပြုလုပ်လေ့ရှိ၏။ ဆရာတော်သည် သူ၏ သင်္ကန်းများကို ကိုယ်တိုင်ချုပ်ခြင်းဖြင့်၎င်း မိမိကျောင်း
တွင်လည်းအမှိုက်ကျုံးစရာ တောင်းများခြင်းများရပ်ခြင်းပြုလုပ်ဆဲဖြစ်၏.။မိမိ ၏ရပ်ရွာဆရာသမားမှ အနီးသို့ကပ်ခါ ဆရာတော် မှတ်မိပါသေးလားဘုရား
ဟု လျှောက်တင်ခဲ့ရာ..ဘုန်းကြီးဦးဇေယျသေန လား.ဟု အသံကြားရုံဖြင့်မှတ်ဥာဏ်ကောင်း၏.။ဆရာသမားမှ အပ်တွေချုပ်သေး တောင်းတွေရက်သေးလား
ဆရာတော်ဟု လျှောက်ထားရာ ပြုံးလျှက်နှင့်ပင် ၀ိစိတ္တ က သင်္ကန်းတွေ တဘက်တွေ သိမ်းထားတော့ မချုပ်ဖြစ်ဘူးဟူသတဲ့.။
ဆရာတော်သည် အလုပ်မရှိလျှင် သင်္ကန်းများတဘက်မှားကို ဖြတ်ကာ ချုပ်နေတတ်အကျင့်ရှိ၏။ ကျမ္မာရေးအခြေနေမေးမြန်းကြည့်ရာ မသေလောက်သေးဘူး
နေရအုံးမယ်ထင်တယ် ဟု မိန့်တော်မူ၏.။ခဏနေ ရေချိုးတော့၏.။မချမ်းဘူးလားဆရာတော်ဟု လျှောက်တင်ခဲ့ရာ.ချမ်းနိုင်ခြင်းဆိုတဲ့ အသားမရှိဟု မိန့်၏။
ဆရာတော်ဘုရားအား ဆရာသမားမှ ၀တ္ထုငွေ (၁၅၀၀၀)ကျပ် မိမိမှ (၅၀၀၀)ကျပ်ဆေးအဖြစ်လှူဒါန်းခဲ့၏.။
ယနေ့ ဆရာတော်သည်လည်းကျမ္မာစွာရှိနေမည်ဟု ယုံကြည်မိပါ၏.။
သုဒတ္တ၏ ဘ၀ပုံရိပ်
မူရင်းက..ဒီမှာပါ..http://newlightmyanmar.blogspot.com/
Wednesday, January 12, 2011
`စောင့်လေ မျိုးနွယ်´(သို့)ဘ၀ဆိုးမှ ရုန်းထွက်သူလေး.
`စောင့်လေ မျိုးနွယ်´(သို့)ဘ၀ဆိုးမှ ရုန်းထွက်သူလေး.
ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက်
အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။
"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ
ဖြစ်ခဲ့ဖူး ပါသည်။
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏
ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့
တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။ မင်္ဂလာဆောင်ပြီး
နောက်တစ်နေ့မှာတော့သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။
"ချိုမင်းကိုယ်တို့ xxxxx ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"
"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ ကိုယ်တို့
xxxxx ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"
"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊
ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား
အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး
ချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"
အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ
ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့
သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ
သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း
အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက
လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့
တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ
မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"
အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ
ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍
တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။
အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် xxx ဘာသာဝင်
ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍
ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။
"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"
"ဟင်...အမေဘာလုပ်မိလို့လဲ"
"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"
"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။
ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"
"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ
ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြောမင်းမပြောရင်ငါပြောရလိမ့်မယ်။"
"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"
မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာ
တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက်
နာကျင်မှုတို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။
သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့
သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း
မိန်းကလေးများနှင့်ဆုံဖြစ်သည်။
"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊
နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲ
ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတယ်သိလား၊
တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ
ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"
ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့်
အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"
တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့
သူငယ်ချင်းများကို ရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို
သူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။
အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း
သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်
ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ
သူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင်အဖွဲ့နှင့်
အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်
သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့်သင်္ကြန်ရက်များတွင်
ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ
ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်။
သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ
အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို
သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့
လိမ့်ဆင်းလာသည်။
ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.... ဖြန့်ငြား........
ဖန့်ငြားပါစေသော်။
သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ
လွင့်ပျံလာသောအသံချဲ့စက်အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း
ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။
ရွာကိုပို၍သတိရမိသည်။သူမတို့အရပ်တွင် အလှူအစနေ့တွင်
အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင်
သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကျမည်။
ဦးညွန့်တို့
ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့်
လာရောက်ထမင်းချက်ကြမည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍
အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့်
ကလေးလူကြီးအားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။
ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်
သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။
ရင်တလှပ်လှပ်တုန်လာသည်အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။
ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက် ငွေဖလားကိုယ်စီကိုင်ကာ
အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက်သရေရှိလှသော
မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့
ပိုက်ဆံအိတ်ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍
ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာအတွင်းမှာ အရသာအရှိဆုံးအလှူဟု
သူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။
"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"
သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သော
ဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး
ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့
ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။
"အရှင်ဘုရား တပည့်တော်.......?........xxxxxx ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"
တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။
ကိုရင်များကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍
လှည့်ပြန်သွားကြလေပြီ။
အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော
အမိအဖတို့၏သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကို
ရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာဖိတ်သော ကိုရင်များကို
ဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင်ခံစားလိုက်ရသည်။
တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။
အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင် ငိုရှိုက်ပစ်လိုက်သည်။ ဘယါသူမပြု မိမိမှု့
ဘယ်သူ့အပြစ်မှမဟုတ် မိမိ ပြင်မရသော အပြစ်ကြီး .......။
တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေး
ကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင်ခပ်ဖျော့ဖျော့အောက်ဝယ်
ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။ သည်အခိုက်အတန့် လေးမှာပင်
မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ်ယာကလန့်နိုးခဲ့သည်။
3 နှစ်ကြားပြီးနောက် .......
"mom...ဘာလုပ်နေတာလဲဟင်"
အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်။
"သြော်--သားသား--mom ဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။
အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသားလည်း ရှိခိုးရမယ်နော်"။
သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို
လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေးရင်း စေတီတော်မြတ်ကြီးရှိရာသို့
ဦးတိုက်ထားလိုက်သည်။
"သားသားလိုက်ဆိုစမ်း mom ဆိုသလိုလိုက်ဆိုစမ်း .........."
"..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။ "
သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု
မှတ်ယူလိုက်သည်။
ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက
ဆန့်ကျင်ဘက်ဖြစ်လွန်းသော စကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။
"ချို-သားလေးကိုကို xxxx ခ်ါသွားအုံးမယ်"
"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ ငယ်ပါသေးတယ်။
အစ်ကိုရယ်ဖြည်းဖြည်းမှခေါ်တာပေါ့။"
"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"
ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကို
သူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။ အိမ်ထောင်ဦးစီးမဟုတ်ပါလား။
သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို
အရေးတကြီး ခေါ်သံကြားလိုက်ရသည်။
"မချို-----မချို----မချို"
"ဟဲ့----ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ"
"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် နင့်သားကို
ချင်းချင်းဝိုင်းရိုက်လို့ ခေါင်းကွဲတာ ..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့"
"ဘာ..သားလေးအရိုက်ခံရလို့"
သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသော
ကြမ်းပြင်နေရာသည် ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။
ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော
သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား
ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့်
နှလုံးသားသည် တဆက်ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင်
ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား
သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းက
ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။
"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ သားကိုခေါ်သွားလို့ပေါ့။
ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။
ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"
သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့်
သူမကြမ်းတမ်းစွာပြောဆိုပစ်လိုက်သည်။
"အေးငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့
ငါအားလုံးသိပြီးပြီ။
သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ရင် ငါလည်း xxxxx ပို့ဖို့
အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။
သားလေးဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"
"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က
သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွားတာ အပြစ်ပြောစရာမဟုတ်ဘူး။
ဒါဘာထူးဆန်းလဲ"
"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ
မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက
xxxx ဘာသာဝင်ဖြစ်နေပြီလေ"။
သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။
"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။
ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက်တည်ပြီးသွားပြီ
အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"
"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး
တခြားဘာသာ ပြန်ပြောင်းတယ်ပေါ့"
"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကို
ကျွန်မဘာသာဖန်တီးယူတာ။ အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။
ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး
မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြီး
အဆုံးအရှုံးမခံနိုင်တော့ဘူး"
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှ
ရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။
သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍
သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်
သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။
ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။
.....x"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့
အချိန်မှာ ငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲ
လောကီကိုစွန့်ခွာသွားတဲ့သီလရှင်တစ်ပါး ဖြစ်နေပါပြီ။ ငါလေ တို့ငယ်ငယ်က
နုတ်တိုက်ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက
"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာ
လျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊
ဘ၀လည်းဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊
ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။
နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး
မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါနဲ့လို့
ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။
နင်တို့ရဲ့သူငယ်ချင်း
မချို
စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန်
မှာကြားလိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏
နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။
သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။
သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊
ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေလှမ်းများက သီလရှင်များနေသော
ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့
(မှတ်ချက်=မေလ်းထဲမှဖတ်ရ၍ တင်လိုက်ခြင်းဖြစ်ပါသည်။ )
မူရင်းက.ဒီမှာပါ..http://www.srimingalar.com/
အင်း..ဖတ်လိုက်မိသည်..။ခုတော့..မချိုတယောက်အပြစ်ကင်းသောအမျိုးကောင်းသမီးအဖြစ်ရှိနေမည်ဆိုတာ
တွေးထင်မိသည်...။အပြစ်မဲ့သော.သားလေးလည်းဆုံးရှုံးရချေပြီ..။မချို သည်.ခပ်ညံ့ညံ့အမျိုးသမီးမဟုတ်ဟု
သိလာရသည်..။ဝမ်းသာမိသည်.။ဂုဏ်ယူမှိသည်..။အကြိမ်ကြိမ် ကောင်းချီးပေးနေသည်.။နောင်လာအမျိုးသမီး
များအတုယူသင့်သည်.။ဘ၀ ကိုမသေစေနှင့်.။အချိန်ရသေးသည်.။ပြင်ဆင်နိုင်ကြသေးသည်.။
ထိုကဲ့သို့သော မြန်မာအမျိုးသမီးတို့သည်..မထူးတော့ပြီ.ဟု အရှုံးထဲမှာပဲရင်ဆိုင်နေကြသည်မှာ ဒု နဲ့ဒေး.
မချိုသည်..မမှန်ဘူးဟု ထင်မြင်သော.(..) ဘ၀ထဲမှရုန်းထွက်ခဲ့ပြီ.။အသိကို နောက်မကြအောင်ရှောင်ကြဉ်ပြီး
ဖြစ်လာပြီးသည့်ပြဿနာကို..အကောင်းဆုံးဖြစ်အောင် ဘ၀ အရှုံးထဲမှ ပြန်လည်ထွက်ခွာတတ်ကြပါစေလို့..
ကျောင်းသားလေးမှ ပြန်လည်ဖြည့်စွက်ထားခြင်းပါ..။။ကျောင်းသားလေး..