အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, April 8, 2012

စင်္ကာပူနိုင်ငံ နေ့ရက်များ

"ဒီ စက်ဝိုင်းကြီးစီးခဲ့သည် လည်ပတ်ချိန် နာရီဝက်ကျော်"
ဦးသိန်းလွင် အိမ်၌ ဆွမ်းဘုဉ်းပေးခဲ့သည်


" (၅)ပါးသီလခံယူပြီးသည်နှင့်မေတ္တာသုတ်ပရိတ်နာကြားလျှက်"
ဦးသိန်းလွင်အိမ်ရှေ့တွင်( မော်ကျွန်း)မသီသီအေးတို့နှင့်အမှတ်တရ
"မောင်မြတ်မင်း မောင်ထွန်းထွန်းအောင် ညီအကို၂ ယောက် သူတို့ကားနှင့် လိုက်ပို့ခဲ့ကြသည်"
"အပေါ်မှနေ၍ရှုခင်းများကိုမှတ်တမ်းတင်လျှက်"
(၈.၄.၂၀၁၂)ဒီနေ့ ရဟန်းဒကာကြီးဦးသိန်းလွင်မှ နေ့ဆွမ်းကပ်သည် ။မတွေ့ရတာကြာပြီဖြစ်သော မောင်မြတ်မင်း အား ဖုန်းဆက်လိုက်သည် မနက်ဖြန် တနေရာရာလိုက်ပို့ဘို့ရယ်.။ဒကာကြီးအိမ်ပါ လိုက်ခဲ့ပြီး ထိုမှတနေရာရာသို့ သွားရန်ဖြစ်ကြောင်း မနက် ၈နာရီကျော်လောက်အရောက်လာဘို့ ပြောကြားထားသည်။ ရောက်လာချိန်မှာ ၈နာရီ နည်းနည်းကျော်နေပြီ မိမိနေရာတည်းခိုရာကျောင်းမှ တက္ကစီငှားကာ ထွက်လာခဲ့သည်။ ကားလေးသည် ယာဉ်ကျောရှင်းနေချိန်မို့ ခပ်မြန်မြန်မောင်းနှင်သည်။ လမ်းမကြီးမှ ကွေ့သွားလိုက် တဖြောင့်တည်းမောင်းလိုက်နှင့် မကြာခင် ဒကာကြီးနေထိုင်ရာနေရာသို့ ရောက်သည် တက္ကစီခသည် ၁၂ ဒေါ်လာဖြစ်သည်။ ထိုမှဒကာကြီးအိမ်ရှာသည် တွေ့ပါပြီ ဒကာကြီးအိမ်ထဲမှနေ၍ ဘုန်းဘုန်းကြွကြွ ဆိုပြီး ဆီးကြိုနှုတ်ဆက်သည် ။တနာရီကျော်မျှ စကားတွေပြောဖြစ်သည် မကြာခင် ဒကာကြီးမှ သူ့သမီး ဒေါက်တာမေမို့မို့အောင်(ခေတ္တ နယူးဇီလန်)နှင့် စကားပြောရန် skype မှ ဖုန်းကို ခေါ်စေသည်။ မကြာလိုက် စကားပြောဖြစ်သည်။ ဘုန်းဘုန်းအဆင်ပြေလားဟု လျှောက်သည်။ မမို့ရော ဆိုတော့ နေတာထိုင်တာ အားလုံးအဆင်ပြေကြောင်း.သို့သော် အစားအစာ ဗိုလ်စာတွေဆိုတော့ အဆင်မပြေပေမဲ့ ဖြစ်အောင်စားရသည့်အကြောင်း.ပဋ္ဌာန်းလည်းမှန်မှန်ရွတ်ဆိုကြောင်း စသည်ပြောသည်။ မမို့ဆိုသော ဒေါက်တာမလေးသည် မိမိ ရန်ကုန်ရောက်စ အချိန်တွင် မူလတန်းပညာရေး ပဲရှိသေးသည် နှစ်ပေါင်းပရိစ္ဆေဒကြာမြင့်သည်နှင့်အမျှ ဒေါက်တာဘွဲ့ သူရရှိသည်။ ဥာဏ်တော်သည် ။မှတ်ဥာဏ်ကောင်းသည်။ ယ္ခု မူနယူးဇီလန်နိုင်ငံ၌ အဖေ နှင့်အမေ ကို ခဏတာမျှခွဲခွာကာ ပညာရေးအတွက်နှင့်ဘ၀အတွက် သူစာတွေ ဆက်ကြိုးစားနေသည်။သူအလုပ်တွေ လုပ်နေသည်။ သူပြောသည့်စကားမှတ်မိသေးသည် ဘုန်းဘုန်း တပည့်တော်ကြိုးစားသမျှ အဖေနှင့်အမေ နောက် ဘုန်းဘုန်းအတွက် ပါတဲ့ သူပြောသည်။ ၂၀၁၀ ခု အိမ်မှာ(မြန်မာပြည်)မှာဆုံဖြစ်သည် ။မမို့ရေ မမို့ပြောတဲ့စကားမှတ်မိသေးလား.လို့စကားချီမိသည် သူမမှတ်မိကြောင်း မမို့ကြိုးစားသမျှတွေက ဘယ်သူအတွက်တွေလဲ. လို့မေးမိသည် အဖေ အမေ အတွက်လေတဲ့..။စဉ်းစားအုံးလေ….ဆိုတော့ မှ ဘုန်းဘုန်းအတွက်ရောလို့ ပြောထားတာလား..အကုန်မဟုတ်တော့ဘူး ဟူသတဲ့။ နောက်တာပါ မမို့ရယ် မမို့ ဒီလို ဖြစ်လာတာတွေ့ရတော့ဝမ်းသာမိပါကြောင်း အဖေလဲကြီးပြီ တနေ့ အဖေ ကို အနားပေးနိုင်အောင်ကြိုးစားပါလို့ ပြောမိသည် အဖေ့ကို တလှည့်ပြန်လုပ်ကျွေးချိန် ရောက်နေပြီ ကြိုးစားဘို့ ပြောပြသည်။ ခုတော့ သူတကယ်ကြိုးစားနေသည်ပဲ…။ စကားတွေပြောဖြစ်ကြသည် အိန္ဒိယနိုင်ငံသားအကြောင်း ဟိုအကြောင်း သည်အကြောင်း ပြောဖြစ်ကြသည် ခဏနေ ဆွမ်းကပ်ချိန်ရောက်လာပြီ ၀က်သားနီချက်. ကြက်သားနှင့်အာလူးချက်.ကြက်သားကြော် အစိမ်းကြော် ချဉ်ရေဟင်း ကမ္ဘောဒီးယားနိုင်ငံ မှပါလာသော သရက်သီးအတို့အမြှုတ် စုံလင်သည်။ ပြီးသည်နှင့်အချိုပွဲကပ်သည် သစ်သီးစုံ ဘုဉ်းရသည်။ သရက်သီး ဖရဲသီး သင်္ဘောသီး လဘက်ရည်အချို့ လဘက်သုတ် တို့ဖြင့်စုံစုံလင်လင် ဘုဉ်းပေးခဲ့သည်။ ပြီးသည်နှင့် (၅)ပါးသီလပေး မေတ္တာများပို့သပေးခဲ့သည်။ ထူးခြားသည်ကား မတွေ့ရတာကြာပြီဖြစ်သော မော်ကျွန်းမှ မသီသီအေးတွေ့ခဲ့ရသည်။ ဒကာကြီးမှစင်္ကာပူဒေါ်လာ ၅၀ စီနှင့် မသီသီအေးမှလည်းစင်္ကာပူဒေါ်လာ ၅၀ စီလှူလိုက်သည်။ထိုမှ တက္ကစီကားငှားပြီး မြေအောက်ရထားစီးရန် သွားခဲ့သည်။ ရထား ၅ ဘူတာခန့်အကြာဆင်းခဲ့ရသည်။ မိုဃ်းကားမထင်မှတ်ပဲရွာနေသည်။ ဖုန်းဝယ်ရန်သွားကြသည်။စင်္ကာပူအမှတ်တရ၀ယ်လာခဲ့သည်။ စလုံး ၂၆၀ ဖြစ်၏။ ဖုန်းဝယ်ပြီးသည်နှင့် မောင်မြတ်မင်းဆီ ဖုန်းဝင်လာတော့၏။အကြောင်းကား သူ့ညီ မောင်ထွန်းထွန်းအောင်မှ ရုံးကားဖြင့် မိမိတို့သွားလိုသောနေရာများပို့ရန် ရောက်နေပြီ။ ကားပါကင်သို့ ကြည့်လိုက်တော့ ကားက နောက်ဆုံးပေါ်ကားလေး ကောင်းမှကောင်း အနီရောင်လေး မိမိတို့လည်းကားလေးရှိရာသို့သွားခဲ့သည်။ကားပေါ်ါ်ရောက်သည်နှင့် ဘယ်ကြွချင်လဲ မေးသည် ဒကာလေးတို့ပို့ပေးတဲ့နေရာ လိုက်ရမှာပဲလို့ပြောလိုက်သည်။ စင်္ကာပူတနိုင်ငံလုံး မြင်တွေ့နိုင်တဲ့ ရဟတ်ကြီးစီးမှာလားတဲ့ မူးမှာပေါ့ ဆိုတော့ ဖြည်းဖြည်းလေးသွားသည် လည်ပတ်ချိန် နာရီဝက်ကျော်ခန့်မျှကြာသည်။တဲ့ မစီးခင် မောင်ထွန်းထွန်းအောင်မှ မိမိရှေ့ အောက်တည့်တည့် လက်ညှိုးထိုးပြ၍ ၅ နှစ်တကြိမ် ကားမောင်းပြိုင်ပွဲ စတင်တာလွှတ်တဲ့နေရာဖြစ်ကြောင်း နိုင်ငံကသေးသောကြောင့် နေရာသီးသန့်မပေးနိုင်ကြောင်း မြို့ထဲတွင်သာ ပြိုင်ပွဲပြိုင်ရကြောင်းနှင့် နိုင်ငံခြားသားများပြိုင်ပွဲဝင်ရကြောင်းပြောပြသည်။ မိမိတို့ ခု ရဟတ်စီးတော့မည်မို့ လက်မှတ်သွားဖြတ်တော့သည်။ မိမိမှပြောသည် တန်ကြေးများလျှင်မဖြတ်ဘို့ မစီးလိုကြောင်းပြောပါသော်လည်း မောင်ထွန်းထွန်းအောင်သည် ၀ယ်လာခဲ့ချေပြီ တဆောင်လျှင် စင်္ကာပူဒေါ်လာ၂၉.၅၀ ။အို့….များလှချေလား လို့ မေးမိသည် ရောက်တုံး စီးရတာ စီးပါဘုရားဟူသတဲ့။ မိမိတို့နှင့် တူတူကျသည်ကား နိုင်ငံခြားသားချည်းသားဖြစ်တော့၏။ အနောက်နိုင်ငံသား ၂ တွဲ နှင့် မိသားစု ၄ ယောက်တဖွဲ့။ထိုင်ဝမ် အမျိုးသားနှင့်အမျိုးသမီး အမဲကောင် ၃ ကောင် ဖြစ်သည်။ စတင်ထွက်ဖို့ တာဆူနေပြီ ဆင်းသူကဆင်း..တတ်သူက တတ်သည်  အထဲထဲမှာ ခုံရှည် ၄ လုံးရှိသည် ထိုင်သူထိုင်ကြ၏။ ဘေးပတ်ဝန်းကျဉ်မှ ရှုခင်းများကြည့်နေသူလဲရှိသည်။ ကင်မရာနှင့် ရှုခင်းများကို စိတ်ကြိုက်ရိုက်နေကြသည်။တဖြည်းဖြည်း အပေါ်သို့ရောက်ရောက်လာပြီ စင်္ကာပူနိုင်ငံ၏ အလှအပ ပို၍ မြင်ခွင့်ရခဲ့သည်။ မိမိလည်း အောက်မှ ကားများပြေးလွှားလျှက်သေးသေးလေးမြင်နေရသည်ကို မရအရရိုက်သည်။ ဟို မလှမ်းမကမ်းမှ MARINNA BAY မှ မိုးမျှော်တိုက်ကြီးများ ကို အမိရရိုက်သည်။ခဏခဏရိုက်သည်။ ထပ်ခါထပ်ခါရိုက်သည်။ အပေါ်ထိပ်တည့်တည့်ရောက်သောအခါ ဘေးပတ်ဝန်းကျဉ်ကြည့်မိသည် ဘယ်ဘက်ကြည့်ကြည့် မလွတ်တမ်းအဆောက်ဦးကြီးများတွေ့မြင်နိုင်သည်။ တဖြည်းဖြည်းအောက်သို့နီးလာချေပြီ။ ခပ်လှမ်းလှမ်းမှာ ခပ်မြင့်မြင့် သင်္ဘောပုံဖြင့်တည်ဆောက်ထားသည်။ သူသည်လည်း အပေါ်မှာရေကူးကန် တို့သည်၎င်း စားသောက်ဆိုင်တို့သည်၎င်း ပြုလုပ်ထားသည်ဟူ၏။ အပေါ်တတ်ရန် စင်္ကာပူဒေါ်လာ ၂၀ ဟူသတတ်။ မိမိတို့ အောက်ရောက်သည်ဆိုပြန်လျှင်ပဲ  စက်လှေခါး အသီးသီးတို့ဖြင့်စီးကာ တဖန်ဓါတ်လှေခါးဖြင့် ဆင်းပြီး.ကားပါကင်ရှိရာသို့ပြန်လာခဲ့ချေပြီ။ ထိုမှာ လူသူအရောက်နည်းသောနေရာဟူ၏။ တောင် ၂တောင်အကြားမှာ သစ်သားတို့ဖြင့် တံတားခင်းထားပြီး ကြိုးတံတားသဏ္ဍာန်ပြုလုပ်ထား၏။ အမှန်စင်စစ် သစ်သားခင်းတို့ဖြင့်စီမံထားသည်။ ၄င်းနေရာတွင်အမှတ်မထင်တွေ့လိုက်သည်ကား မပေါ်တပေါ်အ၀တ်စားဖြင့် လူမြင်ငေးအောင်အလှပဂေးတွေ ချယ်သကာ ဈေးအမြင့်ဆုံးဖိနပ်ကိုစီးပြီး မြန်မာစကား၂ ခွန်းခန့်ကြားလိုက်တော့မှ…အို့…ဆိုပြီး မိမိအာမေဋိတ်အသုံးပြုလိုက်စဉ် ရှေ့မှဓါတ်ပုံရိုက်ပေးရန် စောင့်နေသော မောင်မြတ်မင်းသည်ပင်လျှင်  ခပ်လန့်လန့်ဖြစ်သွားဟန်တူ၏။ ဒီတော့မှ သူတို့နှင့်တူတူပါလာသော ကင်မရာမန်း ကနေ မိမိအား ဘုန်းဘုန်း ဓါတ်ပုံတပုံရိုက်ခွင့်ပြုပါဆိုမှ သေချာပြီ မြန်မာ။ ဒီတော့မှ ထိုအမျိုးသမီး၃ ယောက်သားဖိနပ်လေးတွေချွတ် လက်အုပ်လေးတွေချီမကာ ဦးချနေကြသည်။ တရားလေးနည်းနည်း ဟောချင်ပါသည်။ အသိပေး သတိပေးချင်ပါသည်။ သို့သော်..

No comments:

Post a Comment