အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, April 7, 2012

“စင်္ကာပူနိုင်ငံရှိ နေ့ရက်များနှင့် အမှတ်တရများ”

"ဒီနေ့ peninsula မှာ စေတနာရှင်မှ ဆွမ်းကပ်ခဲ့သည်"

" birdz of play တွင် သစ်ခွပန်းများဝေဆာလျှက်"

"အ၀င်ဝတွင် ဤသို့ ပန်းပေါင်းစုံဖြင့် ဝေဆာလျှက်"
ဒီနေ့လည်း အာရုဏ်ဆွမ်းဘုဉ်းကို နန်းကြီးသုတ်ကပ်ကြသည် အမိမြန်မာပြည်မှ ကပ်လှူကြခြင်းဖြစ်၏။ နန်းကြီးသုတ်နှင့်ဝေးနေတာကြာပြီဖြစ်သော မိမိသည် ၂ ပွဲတိတိဘုဉ်းပေးမိ၏။ ပြီးသည်နှင့်ခဏတာအနားယူပြီးသည်နှင့် လည်ပတ်ရန် (TOAPAYOH)ဘူတာဆီသို့ ထွက်ခဲ့လေသည်။ ဘူတာမှာ မောင်ပြေငြိမ်း အသင့်စောင့်နေ၏။ toapayoh ဈေးထဲဝင်သည်။ဆင်းလိုက်ပြီ စက်လှေခါးနှင့် မြေအောက်ရထားစီးရန် အ၀င်ဝတွင် မိမိဝယ်ထားသော ရထား.ကား.စီးရသည့် လက်မှတ်ကို အ၀င်ဝတနေရာတွင် တင်ပြလိုက်ရသည်။ လူဟူ၍ မရှိ။သူ့အလိုလို ငွေရှိက တံခါးပွင့်စေသည်။ ငွေမရှိက တံခါးသည်ပွင့်မပေးခဲ့။ မိမိကဒ်သည် သင်ပြီးသည်နှင့် ချက်ကြည့်မိသည် ၃ဒေါ်လာနှင့်၄၃ပြားကျန်တော့သည်မို့ လိုရမယ်ရ စင်္ကာပူဒေါ်လာ ၁၀ ထည့်ဖြည့်လိုက်သည်။ ပြီးသည်နှင့် peninsula သို့ သွားခဲ့ကြသည်။ ၆ ဘူတာလောက်စီးရသည်။ ထိုမှ ဆက်လက်ပြီး မနေ့ကရောက်ခဲ့သည့် MARINA BAY သို့ ပြန်လည်၍ အပေါ်ထပ်သို့ တတ်ရန် သွားခဲ့ကြသည်။ သို့သော် ဆွမ်းချိန်နောက်ကြနေပြီမို့ ဒုတိယအကြိမ် မှတ်တမ်းဓါတ်ပုံများရိုက်ကာ PENINSULA မြန်မာထမင်းဆိုင်သို့ နေ့ဆွမ်းဘုဉ်းရန်ပြန်လာခဲ့တော့သည် ဒီနေ့ မြန်မာဆိုင်တဆိုင်ပြောင်းဘုဉ်းပေးခဲ့သည်။ရနံ့သစ်မြန်မာထမင်းဆိုင်.တဲ့။ ဆိုင်မှာလည်းမြန်မာလူမျိုးတို့ မြန်မာထမင်းဟင်းလျာတို့ဖြင့်မြိန်ရေ ရှက်ရေ စားသောက်နေကြသည်။ မိမိတို့ ထိုင်ပြီးလို့မကြာခင် မောင်ပြေငြိမ်းမှ ဦးဇင်းတို့ ဒီနေ့ ဆွမ်းလှူမဲ့ဒကာပေါ်ပြီဘုရား ကိုယ်တိုင်လာကပ်ပါမည်ဘုရားဟု လျှောက်သည် ဒီနေ့ဆွမ်းကပ်သူဒကာလေးမှာ စစ်ကိုင်းကဟု သိရသည်။တပည့်တော် ဒီလိုလှူရတာ ၀မ်းမြောက်ကြောင်း ဟင်းအတော်များများနှင့်ကပ်သည်။မိမိတို့ဘုဉ်းပေးနေစဉ် နောက်ဒကာလေးတဦးမှ လည်း သံဗူးဖျော်ရည်တဘူးစီလာကပ်သည်။ မိမိတို့လည်း မေတ္တာပို့ပေးလိုက်သည် ခြွေတာသုံးပြီး ရနိုင်သမျှ စု ဘို့ပြောလိုက်သည်။  စု နိုင်ရင်တော့ချမ်းသာမည်ဟု..။ထိုင်ခုံအတော်များများမှာရွှေမြန်မာတို့ စားသုံးနေကြသည် သို့သော် ထိုအထဲမှ ဆွမ်းအလှူရှင်သည် တောရွာမှနေ၍ စင်္ကာပူနိုင်ငံသို့ စီးပွားရေးအရ အလုပ်လုပ်နေသည်။ စေတနာရှိစွ။ ဆွမ်းဘုဉ်းပြီးသည်နှင့် ရထားစီးကာ birdz of play သို့ ရထားဖြင့်သွားခဲ့ရသည်။ ထိုမှတဖန် တက္ကစီဖြင့် သွားရပြန်သည်။ ရောက်ခဲ့ပါပြီ ၀င်ကြေး စင်္ကာပူဒေါ်လာ ၁၈ဖြစ်သည်။ အ၀င်ဝတွင် သစ်ခွပန်းမျိုးစုံ လှပစွာဖြင့် ကြိုဆိုနေသည်။ လှလိုက်သည့်သစ်ခွပန်းများ အထဲမှာတော့ ငှက်မှလွဲပြီး ဘာမှထူးခြားမှုမရှိခဲ့။ လျှောက်ပတ်ကြည့်သည်။ အမိမြန်မာပြည်လိုပါပဲ..သို့သော် ပြင်ဆင်မှုတော့သာသည်။နာရီဝက်ခန့်ကြည့်ပြီးသည်နှင့် ပြန်ထွက်ခဲ့သည်။ ပြပွဲရှိသေးသည်တဲ့။ငှက်လိမ္မာလေးများရဲ့ပြကွက်ဆန်းဟူ၏။ သို့သော် ပြန်လာခဲ့သည်။ ထိုမှ ထုံးစံအတိုင်းတက္ကစီိငှားသည် ရထားစီးသည်။ ရထားပေါ်မှာ မြင်သမျှ တွေ့သမျှ လူရွယ် လူငယ်ပိုင်းတို့သည် တချို့ခုခေတ်စားနေသော ဖုန်းများဖြင့် အင်တာနက်သုံးနေကြသည်။ ထိုင်နေသူလဲအငြိမ်မနေ။ မတ်တတ်ရပ်နေသူသည်လည်းလက်မှ ဟိုမှသည် သည်မှဟို ရွှေ့လျှက် တချို့ ဂိမ်းဆော့လျှက် တချို့ စာများကျက်လျှက်။ လူတိုင်း (အိုင်းဖုန်း အိုင်ပတ်)ဟုတ်လားတော့မသိ ရေးလိုက်ရသည် ဥဏှောက်တော့မလုံလှ သူတို့ အသုံးပြုနေကြသည့် ပစ္စည်းများ ဒေါ်လာ ၈၀၀ ကျော် ၉၀၀ နည်းပါးခန့် ဖြစ်သည်ဟုတော့သိသည်။ လူတိုင်းလုနီးပါး ကိုင်သည်။ မိမိမှာတော့ သူတို့အသုံးပြုနေကြသည်ကို ငေးကြည့်ရုံမှတပါးအခြားမရှိ .ငေးလဲမငေးရဲ။နိုင်ငံခြားသား သိက္ခာအကျမခံခဲ့။မိမိလည်းပါလာသောဖုန်းကိုထုတ်ကာ (ဟဲဟဲ)ကလိသည် မိမိကလိသည်ကား မနေ့က ရိုက်ခဲ့သောUNDER WATER မှာရိုက်ခဲ့သောဓါတ်ပုံများကြည့်ခြင်းဖြစ်၏။ အပြန် peninsula မှာအအေးသောက်ကာ အနားယူမိသည်။ ခဏနားပြီး ရွှေမြန်မာတို့ အနေများသော နေရာမို့ခဏတာ လှည့်ကြည့်မိသည်။ကျမ္မာရေးလုပ်သည်။ ခေတ်မှီသောနိုင်ငံ အမှိုက်သရိုက်မရှိသောနိုင်ငံ တဲ့ မိမိတွေ့လိုက်သည်ကား…ညစ်ပတ်ပေနေသော အိမ်သာကို တွေ့ခဲ့ရသည်။ ဆရာချစ်ဦးညို စာပေဟောပြောပွဲမှာ နားထောင်ဘူးသည် နေရာတကာသန့်ရှင်းသည်တဲ့ ညစ်ပတ်တဲ့နေရာ ရောက်လာတော့ စဉ်းစားမိသည်တဲ့..အော် မြန်မာတွေအနေများတဲ့နေရာပါလားဟူ၏။ နိုင်ငံ ဂုဏ် နိုင်ငံသိက္ခာ စောင့်ထိန်းသင့်သည်ဟု ထင်မိသည်။ အပြုသဘောနှင့်သာ ရေးခြင်းဖြစ်ပါသည်။ ပျက်ရည်ပြုစေလိုသော ဆန္ဒမပါရှိပါ။ မိမိစင်္ကာပူမှာရောက်ရှိခဲ့သည် ရွှေမြန်မာတွေအတော်များများတွေ့၍ ၀မ်းသာသည် ပီတိဖြစ်မိသည်။ သို့သော် ဆရာချစ်ဦးညို ပြောသလို မင်းတို့
စင်္ကာပူနိုင်ငံသနားတယ်..ဒို့ ရွှေမြန်မာတွေ လာပြီးအလုပ်လုပ်ပေးနေရသည် လို့ တဲ့ မိမိကတော့အဲလိုမပြောခြင်ပါ..။ မင်းတို့စင်္ကာပူနိုင်ငံဟာ တနေ့ မြန်မာတွေ အနေများပြီးမြန်မာတွေသာ ပိုင်ဆိုင်ကြရမည်ဟု…သို့သော်…..။။

No comments:

Post a Comment