အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, April 4, 2012

ကာလကတ္တားသို့...

"ကာလကတ္တားလေဆိပ်ဝယ်" 
ဗုဒ္ဒဂယာမြို့သို့တရက်ခန့်နားပြီးသည်နှင့် စင်္ကာပူနိုင်ငံသို့သွားရန် ဗုဒ္ဒဂယာမြို့မှ ကာလကတ္တာမြို့သို့ ရထားဖြင့် ထွက်ခွါခဲ့သည်။ မိမိတို့နေရာမှ ကားကလေးဖြင့် ထွက်လာခဲ့သည် အချိန်ကား နံနက်၃နာရီထိုးဘို့မိနစ်အနည်းငယ်လိုသေးသည် မိမိတို့ငှားလာသောကားကလေးသည် အစောကြီးမို့ လမ်းမှာရှင်းလျှက် ဗုဒ္ဒဂယာမြို့မှာ အထင်ကရ မဟာဗောဓိစေတီတော်ကြီးကို ဦးတိုက်ကာ ကားလေးသည် ခပ်သွက်သွက်ခပ်မြန်မြန်မောင်းနှင်လျှက် လမ်းမှာလည်း လူသူကင်းသည်မို့ လမ်းဘေးဝဲယာမှမီးလုံးမီးပွင့်လေးများ တချို့နေရာများမှာ မီးများထိန်လျှက် တွေ့သည်မှတပါး ဘာမှမမြင်ရခဲ့ချေ ကားလေးမှာတော့တာဝန်ပေးထားသည်မို့ သူ့တာဝန်ကျေအောင် ဘူတာဆီသို့ဦးတည်လျှက် ရောက်ခဲ့ပါပြီ ဗာရာဏသီဘူတာကြီး မီးများထိန်လျှက် ဘူတာထဲဝင်သည်နှင့်တွေ့လိုက်ရသည်မှာကတော့ လူများတန်းစီလျှက် အိပ်နေကြသည်။တချို့အ၀တ်တောင်မတွေ့ရ။တချို့အခင်းမပါပဲအိပ်လျှက် တွေ့လိုက်ရသည့်မြင်ကွင်းစိတ်တော့အညစ်သားပါလား..နေရာလွတ်မရှိ နေရာယူကာအိပ်မောနေကြသောမဇ္ဈိမသားတို့။ ဘူတာစင်္ကြန်ထဲမှာလဲ ထိုနည်းတူ နေရာလွတ်မရှိသလောက်နေရာယူကာ မိမိနေရာသဘောမျိုးဖြင့်အိပ်မောနေကြသည်။မိမိစီးရမည့် ကာလကတ္တားရထားဆီသို့ သွားခဲ့သည် အထက်သို့ တက်လျှက် .တဖန်အောက်သို့ပြန်ဆင်းလျှက်ရထားမှာ AC ခန်း ထိုင်ခုန်နံပါတ် ၄၉,၅၀ ,၅၁,အိန္ဒိယနိုင်ငံသည်ပူပြင်းလှ၏။အပြင်မှာအရမ်းပူနေသည်။ ရထားသည်လည်း အဲယားကွန်းအပြည့်ဝန်ဆောင်ထား၏။ အိန္ဒိယနိုင်ငံရထားသည်အမိမြန်မာပြည်မှာလိုမဟုတ်ပူမိလျှင် မြန်မာပြည်ထက် ၂ဆ ။အေးပြန်လျှင်လဲ ၂ဆ ။ ရထားသည် ၃ယောက်ထိုင်ခုံတန်းလျှက် ၄င်းကို အပေါ်ထပ် အလည်ထပ် အောက်ထပ်ဟု ၃ ထပ်ခွဲထား၏။ဘေးတနေရာမှာတော့ တယောက်ထိုင်ခုံ အဆင့်၂ ထပ်ဖြင့် မိမိတို့မှာ တော်သေး၏။ အပေါ်.အလည်.အောက်ာက၏။ မိမိရှေ့မှကုလားမ ရောက်သည်နှင့် အိပ်ယာကိုခင်းလျှက် ခေါင်းအုံးကိုယူလျှက်အိပ်တော့၏။ မိမိတို့လည်းအသီးသီးနေရာယူလျှက်။ရထားပေါ်တွင် ခေါင်းအုံး.စောင်.အခင်း မျက်နှာသုတ်ပုဝါပေးထား၏။ ပူပြင်းသောရာသီဥတုမှာ စောင် ပေးခြင်းသည်ဟူသောအတွေးကိုတွေးလျှက် အမှန်မှာ အရမ်းပူသောရာသီဥတုသည် ရထားပေါ်မှာ အဲယားကွန်းကြောင့် စောင်ခြုံကာ မိမိတို့ ၃ ပါးသည်လည်း အပေါ်ထပ်တပါး.အလယ်ထပ်တပါး အောက်ထပ်တပါးနေရာယူကာအိပ်ပြီးလိုက်ပါတော့သည်။ ရထားကြီးမှာတော့ ဘော် ဘီ ဘူ တချို့နေရာအသံရှည်ဥသြဆွဲလျှက်  အိပ်မည်ကြံသေး ၀န်ဆောင်မှုအပြည့်ဆိုလေမလား ဓါတ်ဘူးတလုံးရေနွေးထည့်ကာ ပုဂံ တလုံး ဘီစကစ်မုန့်တထုပ်သကြားအသေးတထုတ် လာပေးသည်။ကော်ဖီတိုက်သည် မိမိပါလာသောကော်ဖီမစ်ဖြင့် ရောနှောကာ အာရုဏ်အတွက် လဘက်ရည်ဖြင့် အဆင်ပြေခဲ့သည်။မကြာမှီ ကြက်ဥကြော် ပေါင်မုန့် ဖျော်ရည် ရေသန့် လာပေးပြန်သည်။ရထားမဆိုက်ခင် ဘယ်ရွေ့ဘယ်မျှကျွေးမည်မသိ။ပေါင်မုန့်နဲ့ကြက်ဥကြော်လေးစားကာ ပင်ပန်းမှုကြောင့်အေးလဲအေးလာသည်မို့ စောင်ခြုံကာအပ်လိုက်တော့၏။ မိမိရှေ့မှကုလားမကတော့ ဖုန်းတဂွမ်ဂွမ်လာ၍ အိပ်မရခဲ့ ။အသံသေး အသံညှောင်ဖြင့်စကားပြောသည် လက်ဟန်ခြေဟန်ကတခါတရံပါသေး။ ရထားသည် ဘူတာတနေရာအရောက် ဥသြသံရှည်ဆွဲကာ ခရီးသည်များကိုသတိပေးသည်။ ရထားသည် စီးသည့်အကြိမ်ပေါင်းများစွာရှိခဲ့၏။ထိုအကြိမ်မှာတော့ လိုက်ကာခန်းစီးတို့ဖြင့်၎င်း..သန့်ရှင့်သပ်ရပ်မှုတို့ဖြင့်၎င်း..တွေ့ခဲ့ရ၏။ စားစရာလဲမကြာခဏဆိုသလိုလာပေး၏။ မကြိုက်သည့်အစားအစာများဆိုရင် ဘာသိဘာသာနေလိုက်၏။ ၂၀၀၇ အိန္ဒိယစာသင်ရောက်စက မိမိတို့ ကာလကတ္တားမှ ဗာရာဏသီမြို့သို့အလာ မိမိသည် အောက်ထပ်မှ နေရာရသည် အပေါ်ထပ်မှကုလားမ ခြေတောက်ကိုပုခက်လွှဲသလိုလွှဲလျှက် သူ့၏ ခြေတောက်ကို ရှောင်ကာနေခဲ့ရ၏။ ယ္ခု မူ တော်သေးရဲ့ မိမိတို့ မြန်မာ ၃ ပါး တတန်းထဲကျသည်မို့ အဆင်ပြေ၏။ မကြာခင်ကာလကတ္တာရွှေမြို့တော်သို့ရောက်တော့မည် ခရီးသည်တို့သည် လှုပ်လှုပ်ရွရွဖြစ်နေကြပြီ မိမိတို့သည်လည်း အရန်သင့်ပြင်ထားလျှက်ရောက်ပါပြီ ကာလကတ္တားမြို့သူ့ထက်ငါ ဦးစွာတိုးဝှေ့ဆင်းကြသည်။ မိမိတို့မှာတော့ ပုံမှန်အနေထားဖြင့်လူရှင်းမှဆင်းခဲ့တော့၏။ ည၁၁ နာရီ၅၅ မိနစ်တွင်စင်္ကာပူနိုင်ငံသို့သွားရန် ဖြစ်၍ လေဆိပ်နီးရာ ဟိုတည်သို့ သွားခဲ့သည် ကားခ ရူပီး၃၅၀ ပေးရသည်။ မိမိတည်းလိုသောနေရာပြောသည် ကားသမားမှာ သူ့အတွက် ဘောက်စူးလိုခြင်၍  သူပို့နေကြဟိုတည်သို့ မိမိတို့ပို့သည်။ ရှိစေဆိုပြီးဓါတ်လှေခါးဖြင့်တတ်ကာ မန်နေဂျာကိုပြောသည်။ မိမိတို့ ည မအိပ်ပဲ နာရီပိုင်းတည်းမည်ပြောသည်။ ရူပီး၂၅၀၀တဲ့ ၃ပါးခန်း။အေစီပေါ့။ ငါတို့ညမအိပ်ဘူးပြောသော်လည်း ၂၅၀၀ မှမလျှော့။ မတည်းလိုကြောင်းပြောကာ ပြန်ဆင်းလာခဲ့သည်။ အောက်သို့ရောက်တော့ အရန်သင့်တွေ့သော လန်ချား၂ စီးငှားကာ မဟာရာဂျ ဟိုတည်သို့ အကျိုးကြောင်းပြောသည်။ရူပီးငွေ ၁၀၀၀ အအေးခန်းတီဗွီပါသည်။ စားစရာ၎င်းဟိုတည်မှာမှာစားလို့ရသည်ဟူ၏။ အချိန်သည်လည်း ကပ်နေပြီမို့ ၄င်းမဟာရာဂျ ဟိုတည်မှာပဲ ၃ပါးနေ အအေးခန်းနဲ့(AC)နေခဲ့သည် စားစရာအဖြစ်ထမင်းကြော်မှာလိုက်သည်။ ထိုဟိုတည်၏ အရသာတောင်ကောင်းကောင်းမသိလိုက်ရ ။ဆွမ်းစားပြီးသည်နှင့်အိပ်လိုက်သည် မည်ရွှေ့မည်မျှကြာသည်မပြောတတ်တော့။ ညနေ ၇နာရီခန့်မှအအေးများ၍ လန့်နိုးခဲ့သည်။ အပြင်မှာတော့ မှောင်စပြုနေပြီ မိမိနေရာမှာမီးထွန်းထား၍ မသိရသော်လည်း အပြင်မှာတော့ မှောင်နေလေပြီ။ ပြင်ဆင်ကြသည် ရေချိုးကြသည်။ မကြာခင်အချိန်မှာ လေယာဉ်ကွင်းသို့ သွားရတော့မည်…မို့…..

No comments:

Post a Comment