အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 13, 2012

စင်္ကာပူနိုင်ငံမှ မလေးရှားနိုင်ငံသို့.


စင်္ကာပူနိုင်ငံလေဆိပ်တွင် အင်တာနက် free ချက်လို့ရနိုင်သည်။
ဒီနေ့ ၁၂.၄.၂၀၁၂ နေ့ မနက် ၈နာရီခွဲကျော်လောက်က စင်္ကာပူနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်လာခဲ့ပါသည်။မိမိတည်းခိုရာကျောင်းတိုက်မှ တက္ကစီငှားကာ changi airport သို့ ထွက်လာခဲ့သည်။ တက္ကစီကားသမားသည် လူရွယ်ဖြစ်၏။ တက္ကစီကားရှေ့တွင် မြေပုံခရီးစဉ် သွားရာလမ်းကြောင်းကိုပြသနေ၏။မိမိလည်းနောက်မှနေ၍ ကြည့်နေခဲ့သည်။ ကားသမားသည် နှေးတခါ မြန်တလှည့်မောင်းနှင်နေ၏။ လမ်းတွင် စင်္ကာပူနိုင်ငံ၏ ခေတ်မှီအဆောက်ဦးများ နေရာတိုင်းမှာမြင်တွေ့လျှက်နှုတ်ဆက်ခဲ့ပါတယ် ခေတ်မှီသော စည်းကမ်းကြီးသော စင်္ကာပူနိုင်ငံကို လက်ပြမနှုတ်ဆက်ခဲ့ရပေမဲ့လဲ ဗဟုသုတတွေနဲ့ထပ်တူ စင်္ကာပူနိုင်ငံ ခေါင်းဆောင်သည် ပြည်သူတွေအပေါ်အလိုလိုက်ကာ ပြုလုပ်ပေးခဲ့သည်။ သွားရေးလာရေး လွယ်ကူစေသည်။ပြည်သူပြည်သားတို့သည်လည်းစည်းကမ်းတကျ နေထိုင်ကြသည်။ မြေအောက်ရထား လိုင်းကားစသည်တို့သည်အမိမြန်မာပြည်လိုမဟုတ်ခဲ့ပါ။ နေရာတိုင်းမှာ လူမရှိပါပဲ အလုပ်လုပ်ဆောင်ခဲ့သည်။ ဥပမာရထား ကားစသည်တို့ဖြစ်၏။ ရထားဆိုသည်မှာလည်း ကဒ်ဖြင့် လိုင်းကားမှာလည်း ကားပေါ်တတ်သည်နှင့် ကားအ၀င်ဝတွင် ၄င်းကဒ်ဖြင့် အလုပ်လုပ်သည် စပါယ်ယာမရှိ။ မိမိဆင်းလိုသောနေရာ ဘဲတီးကာ ဆင်းသွားခဲ့သည်။ အမိမြန်မာပြည်မှာတော့ စပါယ်ယာ ၂ ဦး ၃ဦးဖြင့်  ငွေကောက်သည်။ရှေ့တိုးထား ၀င်တိုးမှ စပါယ်ယာအဆိုးမဆိုနဲ့ ..ကဲ လက်တို့ပြီးတော့ မတောင်းပရစေနှင့်(စပါယ်ယာ၏ ကြမ်းတမ်းသောစကားသံ) ကဲ အနုတ်ကလေးတွေ လှမ်းထားမယ် အကြွေမပေးလို့ကတော့ ပြန်မအမ်းဘူးနော် ဆိုသည့်စကား။ မောင်း အကိုရေ့ နောက်ကားပါတယ်..ဆိုပြီး ခရီးသည်များအား တွန်းချမတတ် မြန်မြန်လေးဆင်းပါ နောက်ကားပါလို့ပါ ဟူသော ဆင်ခြေစကား။ ဆရာရေ ခဏကျောက်ချထားလိုက်ဆိုပြီး သန်ခေါင်စာရင်းတိုင်ရမဲ့ကိန်းပေါက်သည့် ခရီးသည်စောင့်ဆိုင်းမှုတို့။ ဥပမာ မြေနီကုန်း လှည်းတန်း ၈ မိုင် စသည့် လမ်းဆုံလမ်းခွများတွင်နာရီဝက်ခန့်တခါတရံကြာလျှက်။ ထိုထိုသော အမိမြန်မာပြည် ကိုရွှေကားသမားနှင့် စပါယ်ယာတို့ရဲ့ လုပ်ရပ်တို့လိုတော့မဟုတ်။ အချိန်တို့ဖြင့်အလုပ်လုပ်နေကြသည်။ တိုးတတ်သည်ကိုလည်းကြည့်ပါ။ကလိမ်ကကျစ်မရှိ။မြေအောက်ရထား ရပ်ချိန် ခဏတာ လူကြီးပါလို့ ကြာကြာရပ်နေသည်မရှိ။အရာရှိပါလို့ ဖြေးညှင်းစွာရပ်နေသည်မရှိ။အချိန်ကြသည်နှင့် ထွက်သွားသည်။ ကားဆိုသည်မှာလည်းထိုနည်းတူ။ စကားပြောစရာအကြောင်းမရှိ။တတ်လာသည် ဆင်းသွားသည် စကားတခွန်းပြောဘို့မလို။အမိမြန်မာပြည်မှာတော့ ..ဟဲ့ စပါယ်ယာ ပိုက်ဆံပြန်အမ်းအုံးလေ.စသည့်သက်ကြီးရွယ်အိုတို့စကား။ တချို့ အပျိုရွယ်တို့သည် အရှက်အကြောက်ကြောင့် မအမ်းသော်လည်း ဆင်းသွားကြသည့် အပျိုဖြန်းတို့ တွေ့ရှိခဲ့သည် ဒါကိုပင် အခွင့်ကောင်းယူကာ.လူစွာလုပ်နေကြသော စပါယ်ယာများ သတိထားရှောင်ရှားသင့်သည်။ ကြောက်လို့တော့မဟုတ် တချို့စပါယ်ယာတို့ ရိုင်းကြသည်။တချို့စပါယ်ယာတို့ တော်ကြသည် စပါယ်ယာတိုင်းတော့မဟုတ်။ စင်္ကာပူနိုင်ငံသားတို့ တွေ့သွားမြင်သွားရင်တော့ ရှက်စရာ။ ပြောစရာတော့ရှိလာမည် နိုင်ငံခြားနှင့်မြန်မာပြည်ဒီလောက်တော့ကွာမှာတော့ ဟူ၍ စောဒကတတ်စရာ၇ှိလာကောင်းရှိလာနိုင်မည်။ သို့သော် နားလည်ပေးသင့်သည်။ စာနာမှုရှိတတ်ရမည်.ဟု စသည့် အတွေးများတွေးလျှက် ကားလေးသည် လည်းတဝေါဝေါ မောင်းနှင်လျှက် ကိုယ့်ကိစ္စနှင့်ကို သွားလာနေသော ကားများ သူ့နေရာနှင့် သူ စည်းကမ်းတကျမောင်းနှင်လျှက် မိမိတို့ကားသည် လေဆိပ်သို့ရောက်ရှိတော့မည် အပြင်မှနေ၍ လေယာဉ်များ တွေ့မြင်လျှက် အင်တာနေရှင်နယ်လေယာဉ်ကွင်း ဆိုသည့်အတိုင်း လေယာဉ်များသည်လည်း များပြားစွာတွေ့ရှိနိုင်သည်။ ကားသမားသည် လေယာဉ်ကွင်း ရှေ့တည့်တည့်တွင် ထိုးရပ်လိုက်သည် ရှေ့ခန်းမှကျသင့်သော ငွေကြည့်မိသည်။ ၂၆ ဒေါ်လာဖြစ်သည်။ ကျသင့်ငွေပေးပြီးသည်နှင့် မိမိတို့သည် လေယာဉ်ကွင်းထဲသို့ဝင်ခဲ့သည်။ အင်တာနေရှင်နယ်လေဆိပ်မို့ အဖြူ အမဲများ တွေ့ခဲ့၏။ထို့ထက်ထူးခြားသည်ကား မိမိတို့သည် သင်္ကန်းရုံလျှက် ၀င်လာသည်ကား လူတိုင်းလူတိုင်း၏ အကြည့်မျက်လုံးတို့သည် မိမိတို့အပေါ်မှာ ရောက်ရှိလျှက် မိမိတို့ နေရာမှာဝင်၍ တန်းစီခဲ့သည် လေယာဉ်ဝန်ထမ်းတယောက်သည် မိမိတို့အား ဦးစားပေးစနစ်ဖြင့် နေရာ တနေရာကို ခေါ်ဆောင်လျှက် လေယာဉ်လက်မှတ်များပြစေခဲ့သည်။ ပစ္စည်းများချိန်တွယ်သည် ကီလိုပိုနေ၏။ စင်္ကာပူဒေါ်လာ ၂၇ ဒေါ်လာပေးဆောင်ခဲ့ရသည်။ ပြီးသည်နှင့် အလှအပအသုံးဆောင်များ ယမကာအရောင်းဆိုင်များတို့ဖြင့် ခန်းနားစွာ အရောင်းခမ်းမများဖြင့် စင်္ကာပူလေဆိပ်သည် သန့်ရှင်း၏။ကျက်သရေရှိ၏။ ထိုလေယာဉ်ကွင်းထဲတွင် အင်တာနက်free သုံးနိုင်သည်။ မိမိတို့ နေ့ဆွမ်းကိုလေယာဉ်ကွင်းထဲမှာ ရှာဖွေကာဘုဉ်းပေးရသည်။ လိုက်လံကြည့်မိ၏။ အဆင်မပြေမှုအစားစာများဖြစ်နေ၏။ တနေရာအရောက်ကော်ဖီဆိုင်တွေ့သည်။ ကော်ဖီတခွက်နှင့် ကိတ်မုန့် မျိုးစုံဖြင့်ရောင်ရဲစေခဲ့သည်။ ၃ ပါးစာ စင်္ကာပူဒေါ်လာ၂၆ ဒေါ်လာကျသည်။ ပြီးသည်နှင့် မိမိတို့စီးရမည့်နေရာကို လိုက်ရှာသည်။လမ်းလျှောက်စရာမလို စက်ဖြင့် ပြုလုပ်ထားသည် အမှတ်တရဓါတ်ပုံများရိုက်သည် လေယာဉ်ကွင်းထဲတွင် လိုတာရနိုင်သည် မီးရောင်ထိန်ထိန်ဖြင့် အပြိုင်အဆိုင်ပြုလုပ်ထားသည်။ဖိနပ်ဆိုင်များ အိပ်ဆိုင်များ အလှအပဆိုင်သည်ပို၍ များပြား၏။ လေယာဉ်သည် ၁၂နာရီ မိနစ်၃၀ ထွက်ခွာရမည်။သို့သော် ထွက်ချိန်နောက်ကျမည်ဟု ကြော်ငြာသည်။ မိမိတို့ကျန်နေသောအချိန်များ လှည့်လည်ကြည့်ရှုခဲ့သည်။ များမကြာခင် လေယာဉ်ထွက်တော့မည်မို့ ခရီးသည်တို့သည် လှုပ်လှုပ်ရွရွဖြစ်လျှက် လေယာဉ်ပေါ်တတ်ကြသည်။မိမိတို့ ထိုင်ခုံနံပါတ်သည် A.7.A15.B15 ဖြစ်သည်။ နေရာကိုယ်စီထိုင်မိသည် ဖုန်းဝင်လာသည် တူတော်မောင်ဆီမှ လေယာဉ်အနည်းငယ်နောက်ကျသည်မို့ လေယာဉ်ပေါ်ရောက်နေကြောင်း ပြန်ပြောလိုက်၏။ လေယာဉ်သည် စတင်ထွက်ခွာသည် ၂နာရီကျော်ကျော် လေယာဉ်ဆိုက်ရောက်လာသည် ပြန်တတ်ခဲ့သည် နှင့် မကြာမကြာမြင်တွေ့နေရ၏။ မိမိတို့လေယာဉ် ဖြေးညှင်းစွာသွားလာနေစဉ် ၄ စီးခန့်ဆင်းလာသည်ကို မြင်တွေ့ခဲ့၏။ မိမိတို့ရှေ့မှ လေယာဉ်တစီး ပေ ၅၀၀ ခန့် ။မိမိတို့နောက် ပေ ၅၀၀ ခန့်လေယာဉ်တစီး ဖြေးဖြေးမောင်းလျှက် လေယာဉ်မောင်မယ်တို့သည်လည်း လေယာဉ်၏ အန္တရာယ်ကျရောက်ခဲ့သော် ပြုလုပ်ရမည့် ပုံသဏ္ဍာန်တို့ကို ပြုလုပ်ပြနေ၏။ လေယာဉ်သည် တဖြေးဖြေးမြန်ဆန်လျှက် မိမိရှေ့မှ လေယာဉ်သည် မြေပြင်မှ ဝေဟင်သို့ တတ်သွားခဲ့ချေပြီ။ မိမိတို့လေယာဉ်မှာတော့ ငြိမ်သက်သွားသည် အရှိန်ယူနေသည်။ မိမိတို့တုန့်ခနဲဖြစ်သွားခဲ့သည်။ မကြာခင်လေယာဉ်သည် တရှိန်ထိုး မြေပြင်မှနေ၍ သေဟင်သို့ တတ်ခဲ့ချေပြီ။ နှုတ်ဆက်ခဲ့ပါတယ် စင်္ကာပူနိုင်ငံတော်ရယ်လို့ လေယာဉ်ပေါ်မှနေ၍ အောက်သို့ ရှုခင်းများကြည့်နေခဲ့သည်။ တိုက်တာအဆောက်ဦတို့သည် တဖြည်းဖြည်းသေးငယ်လျှက် ထိုမှ အမြင်အာရုံတို့သည်မြင်ကွင်းမှပျောက်ကွယ်ကာ သစ်ပင်တောရိပ်များ မြစ်ချောင်းများ ပင်လယ်ရေပြင်များကို အများဆုံးတွေ့ရှိနိုင်သည်။ လေယာဉ်သည် တခါတရံတုန်ခါလျှက် တိမ်တိုက်တွေအကြားမှ သွားလာနေသည် တိမ်ခိုးငွေ့တို့သည် ဂွမ်းလိုက်ပမာဖြူဖွေးလျှက် လှပစွာတွေ့နိုင်သည်။ တခါတရံ လေယာဉ်တောင်ပန်သည် ယိမ်းယိုင်လျှက် မိမိနေရာသည် လေယာဉ်တောင်ပန်၏ နောက်နားမှာ ရရှိသည်မို့ အပြင် ရှုခင်းများကြည့်ရင်းမြင်တွေ့နေရသည်။ ဖုန်းဖြင့် ဗွီဒီယိုရိုက်လျှက် လေယာဉ်သည် တခါတရံ ရပ်နေသယောင် လေယာဉ်မယ်တို့သည် အလုပ်များရှုတ်လျှက် အရှေ့မှအနောက်သို့ ခရီးသည်များစားစရာ သောက်စရာများလိုက်လံကျွေးမွေးနေသည်။ မိမိတို့သည် ဘေးမှရှုခင်းများကိုကြည့်ရင်း တိမ်တိုက်တွေအကြားမှာ နစ်မျှောလျက် “ ဝေဟင်မှာ လေယာဉ်စီး…ရီးလေး လေးခိုကာရယ်…(မလေးရှားကို) မရပ်မနားဝဲ ပြန်ကာရယ်.” ဆိုပြီး အတွေးဖြင့် မကြာခင် မလေးရှားနိုင်ငံ ပီနန်မြို့ရောက်ရှိတော့မည်ဆိုတာ လေယာဉ်သည် မြေပြင်သို့ တဖြည်းဖြည်းနီးလာသည်ကိုထောက်၍၄င်း,မလေးရှားနိုင်ငံ ပီနန်မြို့သည် ပီနန်ကမ်းခြေရှိသည်ဟု ကြားဘူးခြင်းကြောင့် ပီနန်ပင်လယ်ကို တွေ့ရှိခြင်းကြောင့် သိရ၏။ မှန်ပါသည် လေယာဉ်မှ ကြော်ငြာသည် လေယာဉ်ဆင်းသက်နေပြီဖြစ်ကြောင်း မကြာခင် ပီနန်မြို့သို့ရောက်ရှိတော့မည် ဖြစ်ကြောင်းပြောနေသည်။ လေယာဉ်သည် တဖြည်းဖြည်းစက်အရှိန်လျှော့သွားသည် ပီနန်မြို့လေယာဉ်ကွင်းသို့ ဆင်းနေပြီ။ ခရီးသည်များသည်လည်း လှုပ်ရွလျှက် လေယာဉ်သည် မြေပြင်သို့ ကျရောက်ခဲ့ပြီ။ မိမိတို့ ဓါတ်လှေခါး နှင့်ဆင်းလျှက် မိမိလာကြိုသော တူတော်မောင်ရောက်နှင့်နေမလား ဟု တွေးရင်း ကားသမားကိုအောင်အောင်သူဆိုတဲ့ မမြင်ဘူးတဲ့ ကိုယ်ပိုင်ကားမောင်းနေတယ်ဆိုတဲ့ ဒကာတော်တို့ ရောက်နေမလား.ဆိုသည့် အတွေးတို့ဖြင့် အင်မီဂရေးရှင်း သို့ ၀င်ခဲ့ရသည်။ ဗီဇာသည် ၁၄ ရက်သာပေးမြဲဖြစ်သည်။ ဘာပြဿနာမှမရှိခဲ့။ အပြင်သို့ထွက်လာခဲ့သည် ကားသမားကိုအောင်အောင်သူ နှင့်တူတော်မောင်တို့ ထွက်သည်နှင့် တွေ့ရချေပြီ။ မလေးရှားနိုင်ငံ ပီနန်မြို့သို့ ၃နာရီမိနစ်၂၀ ခန့်တွင်ရောက်ရှိခဲ့ပါသည်။ မိမိတို့ကားပေါ်တတ်သည် ပီနန်မြို့ တံတားကိုဖြတ်လျှက် မိမိတို့နေမည့် ဘာတာဝပ် သို့ ကားလေးသည် အမြန်မောင်းနှင်ရင်း ပီနန်တံတားသည် ဦးသန့်(မြန်မာပြည်.ကမ္ဘာ့ကုလသမဂ္ဂ)၏ အကြံပေးမှု ဟု ဆိုသည်။ ကမ္ဘာမှာ နံပါတ် ၄ ဆင့်လောက်၇ှိသည်ဟု ဒေသခံတို့ပြောပြလို့ သိရှိခွင့်ရရှိသည်။ ကားလေးသည်လည်း မြန်သည်ထက်မြန်ကာ ရှေ့မှ ကားများကိုကျော်လျှက် တောင်ရိပ်တောင်တန်းများ ရှုခင်းများနှင့် အမိမြန်မာပြည် လွမ်းမိသရောင်ရောင် တိုက်တာကြီးများလည်း မြင်တွေ့လျှက် မိမိတို့တည်းမည့် ဘာတာဝပ်သို့ ၄နာရီခွဲခန့်တွင် ရောက်ရှိပါတော့သည်။

No comments:

Post a Comment