အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, February 29, 2012

လူကိုခင်တော့မူကိုပြင်နိုင်သည်။


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4


မိမိနေရာ အခဏ်းကျဉ်းလေးထဲမှာ တယောက်ထဲအလုပ်ရှုတ်နေခဲ့သည်။ ဘာရယ်တော့မဟုတ် ငုတ်တုတ်ထိုင်ရင်းမိုးလင်းရက်တွေမနည်းတော့ အခဏ်းခြင်းကပ်လျှက် သူငယ်ချင်းမကြာမကြာပြော၏။ အိပ်ချိန်ရော ရှိရဲ့လားဟူသတဲ့။ ရေနွေးလေးထတည်လိုက် ဆေးလိပ်လေးဖွာလိုက်။ ကွမ်းလေးမြုံ့လိုက်နဲ့ ခပ်လှမ်းလှမ်းမှ ရထားဥသြသံသည်လည်း ရှည်ကြာစွာ ဆွဲလျှက် မကြားချင်မှနေရော နေ့တိုင်းကြားနေရသည်။ ရာသီဥတုကတော့ ဆောင်းအကုန်ကာလ။ နွေဦးပေါက်စ အချိန်မို့ အအေးကတော့ ပေါ့သွားခဲ့၏။သိသိသာသာကြီးမဟုတ်ပေမဲ့ နေ့မှာတော့ ပူ၏။မနက်လင်းအာရုဏ်တတ်ချိန်မရောက်တရောက်အအေးဒဏ်ကြောင့် ဆောင်းရာသီရဲ့အငွေ့အသက်လေးများ ကျန်နေသေးသည် ဟု ခန့်မှန်းမိ၏။” နေပူ မနက်ချမ်း တပေါင်းလ သရမ်း”(ညချမ်း) ဟု မဆိုချင်ပါ။ညအချိန်မှာ မအေးခဲ့ခြင်းမို့ နေ့စဉ် ကြည့်နေကြ သတင်းလေးများ နှင့် ပါဠိတော်အဋ္ဌကထာများလေ့လာရင်း တခါတလေ အပျင်းပြေ မြန်မာပြည်အလွမ်းပြေ ဗွီဒီယိုကားလေးတွေလဲကြည့်ရင်းမို့ အချိန်တို့သည်ကုန်မှန်းမသိခဲ့။ အင်တာနက်ကို အချိန်ပြည့် ရယူနိုင်သော အိန္ဒိယနိုင်ငံ ရဲ့ စနစ်သည် ချီးကျူးမိ၏။ မထူးဆန်းဘူးလို့ပြောကြမည်။ ဒါပေမဲ့ နှစ်စဉ်လိုတော့ မဟုတ်တာသေခြာ၏။ အရင်အရင်နှစ်တွေသည် တလ (၉၈)ရူပီး တခါတလေ အနည်းကျဉ်း လီမစ်အချို့ကျန်သေး၏။ ဒီနှစ်တော့ တလ ၂ ခါ ထည့်တာကို မလုံလောက်ချင်။ဒေါင်းလော့လဲမဆွဲခဲ့။ ရှိစေတော့ တလမှ မြန်မာကျပ်ငွေ ၂၀၀၀ ကျပ်ခန့်လောက်နဲ့ အချိန်ပြည့် သုံးနိုင်ခြင်းကိုပဲကျေးဇူးတင်မိ၏။ လိုင်းကောင်းခြင်း လိုင်းမကောင်းခြင်းကတော့တခါတရံကြုံရတတ်၏။ နွေရာသီရောက်တော့မယ်ဆိုတဲ့အသိကြောင့် လန့်တော့အလန့်သား နှစ်စဉ် ၄ လ ပိုင်းဆိုလျှင်အမိမြန်မာပြည်သို့ ပြန်ဖြစ်ခဲ့၏။ဒီနှစ်တော့ ပြန်ဘို့အခွင့်လမ်းက မမြင်သေး။ တက္ကသိုလ်အခြေနေသည် ဘာမှကိုမသိရသေးသည်မို့ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတခု ပြေးသတိရလိုက်၏။” ဒုက္ခဿ အန္တောသုခံ”တဲ့ စောင့်ရကျိုးလေးတော့နပ်ပါလေစ ဆိုသည့်အတွေးလေးတွေးရင်း အအေးဒဏ်ကို အံတု။အပူဒဏ်ကိုလဲ ခံယူရင်း မပြီးပြတ်သေးသည့် ကျောင်းကိစ္စကို စောင့်မျှော်ရင်းနဲ့ ဒုက္ခ ရဲ့အဆုံးမှာ သုခ ဆိုသည့် အကြောင်းတရားလေး ရယူပိုင်ဆိုင်ခွင့်လေးရပါစေတော့ရယ်လို့..။ ဆုတောင်းမေတ္တာပို့နေရခြင်းတွေက အနန္တ။ အချိန်ရှိသမျှ တမ်းတနေမိတာက အမိမြန်မာပြည် ။လွမ်းနေမိတာလဲ မြန်မာပြည်။ အပျင်းပြေ စရဏရပ်ကွက် အရိယာမ် အထည်ဆိုင်အိမ်သို့ နေ့တိုင်းမဟုတ်သော်ငြားလည်း သတိရတဲ့အချိန်တိုင်းတော့ ရောက်ရောက်သွားတတ်၏။ တခါတရံ တီဗီကြည့်ရင်း တခါတရံ မိသားစု နှင့် စကားစမည်ပြော။ သူတို့အကြောင်းအနီးကပ်လေ့လာမိပြန်တော့လဲ။ မိသားစု လို ဆက်ဆံခဲ့ကြ၏။ အငယ်ဆုံး (ချိုတား) အဘိရှိတ် သည်ပင် မိမိမလာရင်မျှော်နေတတ်၏။တခါတရံ ဂျပါတီ လေးနှင့်ကျွေးမွေးတတ်သလို တခါတရံ လဘက်ရည်လေးကိုလည်း ရံခါ တိုက်၏။ တခါတရံသူတို့ထမင်းစားနေတာ တွေ့မိပြန်တော့လဲ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်မကောင်းမိ။ ညအခါ ထမင်းဆိုလို့ စားခဲ၏။ အိမ်မှ မာတာကြီးမကြာမကြာပြောဘူး၏။ အိမ်မှာ ၁၂ တန်းတတ်ကျောင်းသူ တယောက် မြန်မာစကားအနည်းကျဉ်းတတ်သူတယောက်(ယောက်ျားလေးသဏ္ဍာန်)ဖြင့်နေတတ်သူ မရီတူး တယောက်ကတော့ ည အချိန်ထမင်းမစားရရင် ခေါင်းကိုက်သလိုနဲ့ စိတ်ဆိုးပြီးအိပ်တတ်၏။ ကျန်သည့် မိသားစု ၆ ယောက်သည် ပူတီကိုစား ရေကိုသောက်ရင်းဖြင့် ရောင့်ရဲတင်းတိမ်ကြ၏။ နေ့တနေ့မှာတော့ ထမင်းစားနေသော ကလေးတို့တွေ့ခဲ့ရ၏။ အာလူးနှင့်ရောကာချက်ပြုတ်ထားသော ပဲသီးအချို့ထမင်းကို ပယ်ကောနှယ်ကောရောမွှေကာ မြိန်ရှက်စွာစားနေကြသည် ၂ယောက်တပုဂံ။သရက်သီးသနပ် လေးကတခြမ်း။ သူကိုက်လိုက် ငါ စုတ်လိုက်နဲ့ စားနေကြသည်ကိုတွေ့မြင်ရပြန်တော့လည်း သြော် မိမိငယ်စဉ်က ဘုန်းကြီးကျောင်းသားတို့၏ စည်းကမ်းအရ စားရသည်ကို ပြန်လည်အောက်မေ့မိသည်။ပြန်လည် လွမ်းမောနေမိသည်။ လင်ပန်းထဲတွင်ထမင်းထည့် ရှိသမျှ ဟင်းတွေထည့်ပြီး ကျောင်းသားအကြီးဆုံးမှ နှယ်ပေးရသည်။ပြီးတာနဲ့ ၅ ယောက်တ၀ိုင်းစားခဲ့ရသည်။ ငယ်စဉ်ကလေးဘ၀မို့ ဘာရယ်တော့မသိခဲ့။ သူ့လက်ကဂျီးများ..မိမိလက်မှဂျီးဖြင့် ရောနှောလို့ စားခဲ့ရသည့်အကြောင်း မှတ်မိလို့ပြုံရယ်မိသည်။ ခု မိမိသွားနေခဲ့သည်အိမ်မှမိသားစု မိသားစု လိုဖြစ်နေတော့ သူတို့အကြောင်းတွေ အမြဲမြင်တွေ့နေရသည် သူတို့စားနေတာတွေ သိနေရသည်။တခါတရံ ကလေးများ အမေရှိရာ ခြေကန် (ခြေဆင်း)လို့နေတတ်ကြသည်။ အငယ်ဆုံးကလေးသည် မိမိခေါင်းကို ပုတ်သည် ကိုင်သည်။ မသိလို့ ကိုင်တာလဲဖြစ်မည်။ စချင်လို့ကိုင်တာလဲဖြစ်နိုင်သည်။ ဒါပေမဲ့ပြောပြရ၏။ ဘန္တေတွေရဲ့ ခေါင်းကို မကိုင်ရဘူး။ မိမိတို့ရဲ့အမေ ဘက်မှာလည်းခြေတောက်ကြီးဆင်းလို့မနေရဘူး။ စသည်စသည်လေးတွေပြောပြမိသည်။ ၁၄ တန်းကျောင်းတတ်နေသူ အကြီးဆုံးမ ကိုလည်းပြောပြရ၏။ ငါတို့မြန်မာပြည်မှာ ဒါမျိုးမရှိဘူး။ မင်းရဲ့ ညီမတွေပြောပြပါ..လို့ပြောဘူး၏။ အမိမြန်မာပြည်မှာလဲ ရှိခဲ့ဘူး၏။ မိမိ ရန်ကုန်ဆွမ်းခံအိမ်မှ ကလေးတယောက် (ယ္ခု .ထိုကလေးသည် ဗိုလ်ကြီးတောင်ဖြစ်လို့နေ၏။) အမိမြန်မာပြည်ရောက်ခိုက် မတွေ့တာကြာလို့ ဆွမ်းပင့်ကပ်၏။ ထိုအကြောင်းပြောပြမိ၏။ ဆွမ်းခံကြွလို့ ထိုင်လိုက်သည်နှင့် ခေါင်းကိုကိုင်ရဘို့ ကြိုးစားတော့၏။ မိမိသည်လည်း ပါလာသော ယပ်တောင်ဖြင့်အကာကွယ်ပေးရစမြဲ။ ယ္ခုလဲ ကြုံရပြန်သည်။ ဗုဒ္ဒဂယာမြို့မှာလည်းတခါကြုံခဲ့ရသည်။ မိမိသည်ဈေးဝယ်နေ၏။နောက်မှ ကိုရွှေကုလားသည် ခေါင်းကို ကိုင်၏။ မိမိလည်းအလန့်တကြားဖြစ်သွားသည်နှင့်တပြိုင်နက် နောက်ပြန်လှည့်ပြီးတတောင်ဖြင့် မျက်နှာ တွက်လိုက်၏။ လက်သီးတစုံလည်းပစ်သွင်းလိုက်၏။ စိတ်တော့ မကောင်းမိ။ ဆိုင်ပိုင်ရှင်ရောက်လာ၏။ ရှင်းပြလိုက်၏။ တော်သေးရဲ့။။အိန္ဒိယ နိုင်ငံ၏ စည်းကမ်းသည် ရန်ဖြစ်ခြင်းရှိကြသော်လည်း ကိုယ်ထိလက်ရောက်မတွေ့ရ။ ယ္ခု မူ မိမိသည် ကိုယ်ထိလက်ရောက် တုန့်ပြန်လိုက်သည်။ မဟတ္တမဂန္ဒီ ၏ ဥပဒေအရ.တနည်းအားဖြင့်အိန္ဒိယနိုင်ငံ၏ ဥပဒေအရ မိမိသည် မှန်သည် မှားသည် မသိ။ ကိုယ်ထိလက်ရောက်ပုတ်ခတ်ခြင်းကြောင့် အရှုံးသမား။ တော်သေး၏။ ဆိုင်ရှင်မှ ထိုကုလားအား ငေါက်ငန်းကာ နေ၏။ မိမိ၏ တုန့်ပြန်မှုကြောင့် နာကျင် မည်ဟု သိနေသော်လည်း လန့်သွားခြင်းအကြောင်းကြောင့် ပြုမူမိ၏။ ယ္ခု လည်း မိမိသွားနေကြအိမ်မှ ကလေးသူငယ်များကို ပြောဆိုခွင့်ရသည်။ တနေ့ သူတို့မိသားစု ၀ိုင်းထိုင်စကားပြောနေကြ၏။ ပုံမှန် အမေ၏ ဘက်သို့ ခြေတောက်ကန်လျှက်။ မိမိတွေ့သည်နှင့် ကပျာကယာ ခြေတောက်များရုတ်သိမ်းနေ၏။ အတွေးတချက်ဝင်လာမိသည်။ သြော်..တကယ်တော့ သူတို့မသိမှုကြောင့်ပါလားဟု အကောင်းမြင်ဝါဒနှင့် မြင်လာမိ၏။ တကယ်တမ်းမူ သူတို့၏ သန္တာန်မှာ အသိစိတ်လေးတွေ ၀င်လာပါစေတော့ဟု ပြောဆိုမိသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကလည်း တောင်တန်းဒေသ သို့ သာသနာပြုခရီးထွက်ခဲ့စဉ်က မှတ်မှတ်ရရ (၁၉၉၄)ခုနှစ် စည်းရုံးရေးမှူးများ မိမိရွာကို ရောက်လာခဲ့၏။ ရဲမှူး။ လ.၀.က။ စစ်တပ်။ ဆေးမှူးတို့.ခက်ခက်ပင်ပန်းစွာဗွင်္ီဒီယိုနှင့် မီးစက်များ ယူဆောင်ပြီး လှည့်လည်ကာ ပြသရသည်။ အထက်မှ အမိန့်ကြောင့် ဆေးပေးရင်းစည်းရုံးရ၏။ ဗွီဒီယိုပြပြီးလည်းစည်းရုံးရ၏။ ဗွီဒီယိုမပြောနှင့် ရေဒီယိုတောင်မမြင်ဘူးကြသော နာဂတိုင်းရင်းသားလူမျိုးတွေ။ မြန်မာငွေဟူ၍လည်းမသုံးစွဲတတ်ကြ။မရှိကြ။ တောင်ယာခုတ်ခြင်းဖြင့်၎င်းအမဲလိုက်ခြင်းဖြင့်၎င်းအသက်မွေးဝမ်းကြောင်းပြုကာ နေထိုင်ကြ၏။ ထို ညဗွီဒီယိုပြမည် ဟု ဥက္ကဋ္ဌအတွင်းရေးမှူးတို့အားခေါ်၍ ပြောထား၏။ ဗွီဒီယိုဆိုတာ ဘာလဲ..? ဟူသတတ်။ ညနေမိုးချုပ်သော် မီးစက်နှိုးလို့ ဗွီဒီယိုစတင်ပြသ၏။ လ.၀.က မှူးမှခွေများကို မိမိအားလာပြ၏။ဒီကားတွေပြမှာဘုရား.။ ရဟန်းမစားရသော ဆွမ်းတနပ်နှင့် ရဟန်းစားရသောဆွမ်းတနပ်။နောက် ဂွမ်းစောင်အနီလေး။ ရဟန်းမစားရသောဆွမ်းတနပ်ကို မပြဘို့ ပြောထားရ၏။ ဘုန်းကြီးမမြင်ဘူးသောကြောင့် ဘုန်းကြီးရိုက်တဲ့ အခဏ်းကဏ္ဍပါသည်။မိမိအားရိုက်မှာကြောက်သောကြောင့်ဖြစ်၏။ ထိုဇာတ်လမ်းထဲမှာ ဘုန်းကြီးပုံပါ၏။ မိမိသည် စည်းရုံးရေးမှူးဖြစ်သည်။ရပ်ရွာအကြီးဆုံးလည်းဖြစ်သည်မို့ မိမိကျောင်းတွင် ဗီဒီယိုပြ၏။ မိမိမှ အလည်တည့်တည့်မှနေလျှက် ဘုန်းကြီးပုံ ထွက်လာသည်နှင့် မိမိခေါင်းအား ပုတ်၍ ..”ဟေး ကြိုင်မွန်း” အဲဒါ မင်းလား..” ဟူ၏။ ကြိုင်မွန်းဆိုသည်မှာ.ဘုန်းကြီး လို့ခေါ်၏။ အတိုင်း=မဟုတ်ဘူး ဟု မိမိမှပြောဆိုရ၏။အဲဒီအချိန်မှာ မိမိအား ခေါင်းပုတ်ပြီးမေးသောသူတို့သည်မနည်းလှ။ ဆိုလိုသည်ကား မိမိသည် စိတ်တိုတတ်၏။ ယ္ခု မသိနားမည်သူလေးတွေရဲ့ ပြုမူမှုသည်ကား မသိလို့သာ ပြုမူကြပါလားဆိုပြီး သီးခံရ၏။ လူကိုခင်မှမူကိုပြင်။ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသလို လူကိုခင်အောင်စည်းရုံးရသည်။မိမိ ၉ လ တာမျှ သာသနာပြုတာဝန်ထမ်းဆောင်ခဲ့သည်။ သူတို့လေးတွေ၏ သန္တာန်မှာ ဘုရားသံ.တရားသံ သံဃာသံ ကြားခွင့်ပေးခဲ့ရသည်။ သရဏဂုံတည်စေခဲ့သည်။တွေးမိလေတိုင်းပီတိတို့သည် ရင်ဝယ်အေးမြလျှက်။ သူတို့အကြောင်းသိလိုလျှင် လွန်ခဲ့သည့်နှစ်ပေါင်း၁၅ နှစ်ကျော်က သာသနာပြုခရီးကို မိမိဘလော့ထဲတွင် ရှာဖတ်နိုင်ပါ၏။ ယ္ခု အိန္ဒိယနိုင်ငံမှာလည်း ဘုရား၏ သြ၀ါဒဓမ္မတွေ မလိုက်နိုင်စေကာမူ အမေ နှင့်ပတ်သတ်သည့် တာဝန် အမေ ကိုရိုသေမှုတို့ကို ပြောဆိုခွင့်ရပြန်တော့လည်း။စိတ်ထဲမှာတော့ ပျော်ရွှင်မှုတခုအဖြစ် ခံစားမိသည်။အမိမြန်မာပြည်မှာလည်းမိဘအားပြစ်မှားသူတို့ရှိကြသည်။ သို့သော်နည်းပါးလှ၏။ အမိမြန်မာပြည်မှာလူဖြစ်ရကျိုးသည် ကောင်း၏။ ဘာသာတရားရှိကြ၏။ ရိုသေကြ၏။ကိုင်းရှိုင်းကြ၏။ယ္ခု အိန္ဒိယနိုင်ငံ၏ ဘာသာရေးသည် မြတ်စွာဘုရား၏ အဆုံးမများကိုမနာခံတော့။ ဘာသာအမျိုးမျိုးကိုးကွယ်နေတော့၏။ ထေရ၀ါဒ သာသနာသည်အမိမြန်မာပြည်မှာသာလျှင်တည်ရှိနိုင်သည်။ အခြားသော သီရိလင်္ကာ.ဗီယက်နမ်.ကမ္ဘောဒီးယား.ထိုင်း..စသည့်နိုင်ငံတို့တွင်လည်း မြန်မာနိုင်ငံလောက် ထေရ၀ါဒသာသနာ မထွန်းကားပါ။ အမိမြန်မာပြည်မှာရှိကြသော လူအများစုတို့သည် မိမိမြန်မာပြည်မှာလူဖြစ်ရသည်ကို ကျေနပ်ကြပါ လို့ပြောပရစေ.။ သို့သော် မြန်မာပြည်မှာဖြစ်ပြီး ဘာသာရေးအရ အားနည်းနေခဲ့လျှင်တောင် ဘာသာ သာသနာ ကို လေ့လာလိုက်စားပြီး ဘာသာ သာသနာထဲမှ အသိတရားတွေ ရယူပိုင်ဆိုင်ပြီးဘာသာရေးအသိတရားများရင်ဝယ်ပိုက်နိုင်ကြပါစေ လို့။

No comments:

Post a Comment