အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, February 9, 2012

အို့..ဘယ့်အိမ်ရှင်

“ဒီနေ့မီးပြဿနာတရပ်”
ဒီနေ့သည်မိမိနေသောအိမ်မှ မီးကိစ္စပြဿနာလေးဖြစ်ခဲ့ရတယ်ပေါ့။ အကြောင်းမှာမိမိတို့နေ့တိုင်းထိုမီးကိစ္စမှာကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရတာကြာပြီလေ။မီးလာပါလျှက်နဲ့ တခါတရံ မိမိတို့မြန်မာဘန္တေများနေသောအခဏ်းနှင့် ဗီယက်နမ်ဆရာလေးအခဏ်း တိဘက်ဘန္တေအခဏ်းမှာမီးမရခဲ့ချေ။အကြောင်းမှာ မိမိတို့နေသောအခဏ်းနှင့်အနီးနားကုလားမိသားတစုသည်နေထိုင်၏။ထိုကုလားမိသားစု၏မီးအသုံးများမှုကြောင့် မိမိတို့မှာပြဿနာနေ့စဉ်တွေ့နေရစမြဲဖြစ်၏။အခြားနေရာများ
မီးလာနေတာသိပါလျှက်နဲ့မိမိတို့အခဏ်းမှာ မလာရေးခြာမလာ။ ဘာကြောင့်လဲ .? ဘာလို့လဲ.?ဆိုသောအတွေးတို့သည်ရှာမရခဲ့။ မီးလာတာသိပါလျှက်နဲ့အလှည့်ကျမီးသွား
တင်ရသောဒုက္ခတို့သည်နေ့ရှိသရွေ့။ဗီယက်နမ်ဆရာလေးသွားပြီးထိုကုလားအခဏ်းနားမှာမိန်းကိုချပြီးမီးကိုပြန်တင်ခဲ့ရတဲ့နေ့ပေါင်းတို့သည်နေ့တဓူဝ။မိမိသည်လည်းတခါတရံ မိမိကွန်ပြူတာမီးနည်းနေသည်ကိုသိ၍ ပတ်ဝန်းကျဉ်ကြည့်မိပြန်တော့ မီးသည်လင်းနေမြဲမို့ တခါတရံမိမိသည်လည်းမနေနိုင် ။ထိုကုလားအခဏ်းနားမှာရှိသော
မိန်းကိုချကာမီးကို တင်ရခဲ့ချေပြီ။နေ့စဉ်နေ့တိုင်းဆိုတော့ စိတ်တော့အညစ်သား။ပြောပြန်ရင်လဲအောင်မင်းလွန်ရာကျချေမည်။ မပြောပဲရေငုံနှုတ်ပိတ် တိတ်တိတ်ကလေးနေလာတဲ့ရက်တို့သည်မနည်းတော့။ အမှန်မှာမိမိတို့အခဏ်း.တိဘက်ဘန္တေအခဏ်း.နှင့်ဗီယက်နမ်ဆရာလေးတို့အခဏ်းသည် ကွန်ပြူတာနှင့် မိမိစာကြည့်လိုသောမီးချောင်း မီးသီးမှတပါး အခြားသုံးစွဲခြင်းမရှိခဲ့။
အိန္ဒိယနိုင်ငံ၏ ရာသီဥတုသည်ဆိုးဝါးလှ၏။ဆောင်းရာသီမှာ အင်မတန်အေး၏။ခိုက်ခိုက်တုန်မျှဖြစ်၏။ နွေရာသီမှာလည်း အရမ်းပူပြင်းလှ၏။ ထိုကြောင့် အိန္ဒိယနိုင်ငံသားမိသားစုသည် အနွေဒဓါတ်ရစေရန့် HEATER (ဟီတာ) တီဗွီစသောမီးတို့ဖြင့် သုံးစွဲ၏။မိမိတို့မှာ အအေးဒဏ်ကိုအံတုပြီး (HEATER)ကိုမသုံးရက်ခဲ့။အကြောင်းမှာ မိမိတို့သည်လည်း ခန္ဒာကိုယ်နှင့်တည်ဆောက်ထား၏။ချမ်းတတ်၏။အေးတတ်၏။ သို့သော် အချိန်နှင့်အခါနှင့်မို့ အားနာလျှက် မသုံးစွဲ။နောက်တချက် အိမ်ရှင်ဖြစ်သော ထိုကုလားမိသားစုနှင့်လည်း မပတ်သတ်လို။မိမိအိမ်ရှင်သည်လည်း လောကယ်ဖြစ်သော သူ့နိုင်ငံသားကိုသာဦးစားပေးမည်။မိမိတို့အား ဦးစားမပေးနိုင်ဟု တွေးထင်ခဲ့သည်။ မိမိတို့သည်လည်းပုံမှန်မီတာခ ပေးဆောင်ရသည်။ သို့သော် မီးလာနေချိန် မီးမလာသည်ကို ရင်ထဲမှာ ခံစားနေရ၏။မိမိသည် ၄င်းအိမ်တွင်နေထိုင်လာခဲ့သည်မှာ ၃.နှစ်ခန့်.၄ နှစ်ခန့်ကြာချေပြီ။ဒီနှစ်မှာတော့ မီးပြဿနာသည် စိတ်ဆင်းရဲရ၏။ သို့သော် မေတ္တာတော့မပြတ်မိခဲ့။ ပုထုဇဉ်ဆိုတော့တခါတရံ အေးအေးချမ်းချမ်းနဲ့ မီးသွားတင်ရပါများတော့ မေတ္တာပြတ်ချင်လာပြီ။ ဒီနေ့..(၉.၂.၂၀၁၂) မီးသည် ၅မိနစ်တခါ သွားသွားပြီ တင်ခဲ့ရတော့၏။ စိတ်ထဲမှာလည်း မကြည်သာ။ ထိုကုလားသည် ဒေါသကြီးစွာနှင့် အိမ်ရှင်အားပြောလေတော့၏။ ဟိန္ဒီစကားအနည်းကျဉ်းမျှတတ်သော မိမိတို့မှာ ဘာတွေပြောနေသလဲ။ သို့သော် မီးပြဿနာတော့သိနေ၏။ တိဘက်ဘန္တေသည်လည်း
ဒေါသကြီးစွာဖြင့် ထိုကုလားကိုဆူပူကြိမ်းမောင်း၏။ ထိုကုလားသည်လည်း ပြန်ပြော၏။ အိမ်ရှင်သည် ဆင်းလာခဲ့ချေပြီ။ မိမိတို့မှာလည်း တတ်စွမ်းသမျှ ၀င်ပြောမိ၏။ တိဘက်ဘန္တေသည် မိမိတို့ မြန်မာအခဏ်း။ဗီယက်နမ်အခဏ်းနှင့် သူ၏အခဏ်းမှာ ကွန်ပြူတာတလုံးစီသာအသုံးပြုတဲ့အကြောင်း နေလာခဲ့တာလည်းကြာပြီဖြစ်ကြောင်း မင်းတို့ရောက်လာမှ ဒီပြဿနာဖြစ်ခဲ့ရကြောင်း လက်ညှိုးထိုးကာပြောနေတော့၏။ အိမ်ရှင် မိသားစု။ထိုအိမ်ငှားနေသောကုလားမိသားစု။ မိမိတို့မြန်မာဘန္တေနှင့် တိဘက်ဘန္တေ မျက်နှာချင်းဆိုင်ပြောဆိုနေတော့၏။ အိမ်ရှင်သည်လည်း မိမိတို့အားကရုဏာမျက်လုံးများဖြင့်အကြည့်တချက်။ သူ့လူမျိုး၏အမှားကိုမငြင်းဆန်နိုင်
တော့ပြီမို့ တိဘက်ဘန္တေသည်လည်း အိမ်ရှင်အား သေချာစွာရှင်းပြပြောဆို၏။ အိမ်ရှင်သည် ထိုအခါမှ သူ့လူမျိုးအကြောင်းပြောပြတော့၏။သူ၏ မီးအရမ်းသုံးစွဲမှုကြောင့် အိမ်ငှားနေတာ ၃ နေရာရှိပြီ ဖြစ်ကြောင်း ထိုနေရာတွေက မီးလိုအပ်တာထက်ပို၍ သုံးစွဲခြင်းကြောင့် နှင်ထုတ်ခံရကြောင်းပြောဆိုရင်ဖွင့်တော့၏။ မိမိတို့သည်လည်း အမှန်တော့ လိုအပ်တာထက်ပို၍ သုံးစွဲချင်သော်လည်း အခြေနေအရပ်ရပ်ကြောင့် လိုအပ်သောကွန်ပြူတာနှင့် စာကြည့်ရန်မီးသီးမှတပါး မသုံးစွဲကြောင်း ပြောပြမိတော့၏။ အိမ်ရှင်မိသားစုသည်လည်း မိမိတို့အပေါ်ကရုဏာမျက်လုံးနှင့် အကြည့်တချက်ကြည့်ပြီး အကယ်၍ ဒိလိုခဏခဏဖြစ်လာခဲ့ရင် ထိုကုလားမိသားစုအားနှင်ထုတ်မည်ဖြစ်ကြောင်းပြောဆိုကာ
သွားတော့၏။ ဧည့်သည်နှင့်အိမ်ရှင်သည် အိမ်ရှင်ဖြစ်သော ထိုကုလားမိသားစုသည် မိမိတို့အပေါ်မှာ အနိုင်ယူလိုသည်။အကြောင်းမှာ သူသည် သူ့နိုင်ငံ သူ့လူမျိုး မိမိတို့သည် အညတြ နိုင်ငံခြားသားမို့ အနိုင်ယူလိုခြင်းသည် မထူးခြားလှ။ သို့သော် လိုအပ်တာထက်ပိုလာခဲ့၏။ မိမိတို့မြန်မာနိုင်ငံသည် နိုင်ငံခြားသားဆိုလျှင် ဦးစားပေး၏။
နိုင်ထက်စီးနင်းမပြုလုပ်ချေ။ မိမိတို့မြန်မာလူမျိုးတို့သည် အားနာတတ်၏။ သနားတတ်၏။ အိန္ဒိယနိုင်ငံသားတို့သည် အားမနာတတ် ။အနိုင်ယူလိုစိတ်များ၏။ အမိမြန်မာပြည်မှာဆိုလျှင် ထိုကုလားမိသားစု အမှုန့်ကြိတ်မိမှာသေခြာ၏။သို့သော် မိမိတို့သည် သူတို့နိုင်ငံမှာနေရခြင်းကြောင့် အနိုင်မယူရက်သလို။မသိဟန်ဆောင် မမြင်အောင်ပဲနေထိုင်ခဲ့၏။ တခါတရံ မီးသွားတင်ချိန် မကြားတကြားပြောဆိုခဲ့၏။ စကားနည်း ရန်စဲ ဟု ဆင်ခြင်ပြီး မကြားခြင်ယောင်ဆောင်ခဲ့ရ၏။အမှန်မှာ သူသည် မီးအရမ်းသုံးတာကို အိမ်ရှင်သိမှာစိုး၏။ မိမိတို့သည်လည်း ဘာမှမပြောရေငုံနှုတ်ပိတ် တိတ်တိတ်ကလေးနေလာခဲ့တော့၏။ ဒီနေ့မှာတော့ တိဘက်ဘန္တေသည် မနေနိုင်တော့
သည်မို့ လက်ညှိုးထိုးကာထိုးကာပြောဆိုနေတော့၏။ ဒီနေ့ အဖို့ ခု ထိ မီးကိုပြန်မတင်ရသေး။ အမြဲခပ်သိမ်းဖြစ်ပါစေလို့ ဆန္ဒပြုနေရင်း…။

No comments:

Post a Comment