အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, February 6, 2012

"မယုံမရှိနဲ့ ငါတွေ့.."

ကြားဘူးနားဝပေါ့...။ဟို..ရှေးအခါက အညာဒေသကျေးတောရွာလေးတရွာတွင် နှုတ်ခမ်းမွှေးကရှည်ရှည်ဖြင့်
လူ့ဂလန့်.လူ့ဂွစာလူတယောက်ရှိသတဲ့..။သူသည် အလုပ်ကိုလည်းကောင်းစွာမလုပ်ချင်ပဲ ခြေဦးတည့်ရာသို့ 
သွားတတ်သောသူ့၏၀ါသနာ သူ၏အကျင့်စရိုက်တခု အမှန်ပြောရသော် သူ၏မွေးရာပါဗီဇတရပ်ဖြစ်၏။
သူ၏ အမည်ကို ကိုပွကြီးဟု နာမည်ပေးလိုက်မိ၏။(စာရေးသူ၏ပေးသောနာမည်)တနေ့ ကိုပွကြီးတယောက်
ဘာအလိုမကျမှန်းတော့မသိ.မျက်နှာကိုသုန်မှုန်ပြီး ရွာအပြင်သို့ ထွက်လာခဲ့တော့၏။လက်ထဲမှာကား ဆေး
လိပ်ခပ်တိုတိုကို လက်ကြားညှပ် မီးဖြစ်လေးကိုကိုင်ပြီး ရွာအပြင် ဇရပ်ပြတ်တခုအပေါ်သို့ သူသည် စိတ်ညစ်
သည့်ပုံစံဖြင့် ပက်လက်လှန်ကာ အိပ်နေမိ၏။ ဇရပ်ပေါ်တွင်ရေးသားထားသော စာတပိုဒ်ကို သူတွေ့သွားတော့
၏။လက်ထဲမှ ဆေးလိပ်တိုသည်လည်း ကိုင်လျှက်သားဖြင့် ငေးကာတွေးနေမိတော့၏။ ဇရပ်ပေါ်တွင်ရေးသား
ထားသောစာမှာ" နှုတ်ခမ်းမွှေးရှည်ရှည် ဆေးလိပ်တိုတို ဆေးလိပ်မသောက်ရ"ဟူသတဲ့ ကိုပွကြီးတယောက်
ဆေးလိပ်သည်လည်း လက်ကြားတွင်ညှပ်လျှက်သား ဇရပ်ပေါ်မှ စာသည်လည်း သူအားလှောင်ပြောင်နေသ
လို သူ၏ စိတ်သည် မရိုးမရွဖြစ်ကာ....အောင်မာ ဒါ ငါ့ကို ရွဲ့ရေးထားတာပဲလို့ အတွေးတချက်ဝင်သည်နှင့်
တပြိုင်နက်သူသည် လက်ထဲမှာအသင့်ရှိနေသော ဆေးလိပ်တိုကို မီးခြစ်လေးကိုကြည့်ကာ .ဟဲ..ဟဲ ဟုလည်း
ရယ်လျှက် သူသည် ဆေးလိပ်တိုအား နှုတ်ခမ်းတွင်တေ့လျှက် မီးခြစ်ကိုခြစ်ကာ မီးညှိလိုက်စဉ်မှာပင် သူ၏
နှုတ်ခမ်းမွှေးများအားမီးလောင်မြိုက်၏။ ညှော်နံ့များထွက်လာတော့၏။သူသည်နှာခေါင်းမှလေကို ရှူရန် ရှို့
လိုက်စဉ်မှာပဲ ညှော်နံ့သည် သူ၏နှာခေါင်းသို့ ရောက်လာတော့၏။ ဒီတော့မှ အား..ရှားပါး.ငါ့နှုတ်ခမ်းမွှေး
မီးလောင်ခဲ့ပါပကောလားဟု တွေးကာ ရယ်နေမိတော့၏။ ကိုပွကြီးတယောက်တွေးလျက်သား ငေးလျှက်သား
ခပ်မှိုင်မှိုင်အမူယာဖြင့် ဇရပ်အနီးနားတွင်ရှိသော မီးသွေးခဲကိုယူကာ သူ၏ အထက်ပါရေးသားထားသောစာ၏
အောက်တွင် သူသည်ထပ်မံဖြည့်စွက်ကာ စာတကြောင်းထပ်မံရေးခဲ့လိုက်တော့၏။ ကိုပွကြီးသည် ရေးပြီးသည်နှင့် မညီညာသော သူ၏လက်ရေးလက်သားများကိုကြည့်ပြီး..တဟား ဟားရယ်နေတော့၏။ကိုပွကြီးရေးသောစာမှာ" နှုတ်ခမ်းမွှေးရှည်ရှည် ဆေးလိပ်တိုတို ဆေးလိပ်မသောက်ရ " ဟူသောစာ၏ အောက်ခြေမှာ သူရေးလိုက်သော စာမှာ" မယုံမရှိနဲ့ ငါတွေ့"ဟူသတဲ့။ ကိုပွကြီးစာမှာ တိုတောင်း၏။မှန်လှ၏။ ဘ၀အမောများပြေနိုင်ကြပါစေ လို့ ။

No comments:

Post a Comment