အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, February 12, 2012

"မဟာမြတ်မုနိစေတီတော်မြတ်အား"


ဒီတခေါက် အမိမြန်မာပြည်ရောက်ခိုက် သူငယ်ချင်းတပါးဆီအလည်သွားရင်း မရောက်တာကြာပြီဖြစ်တဲ့
မန္တလေးရွှေမြို့တော်ကြီးအား ၂ ရက်တာလည်ပတ်ခွင့်ရခဲ့၏။ဆိုင်ကယ်တစီးကိုသူငယ်ချင်း အရှင်ကာရုဏိက
မှပေး၍ တူတော်မောင်နှင့် လည်ပတ်ခဲ့၏။အထင်ကရ နာမည်ကြီးမဟာမြတ်မုနိဘုရားအားလည်း သွားရောက်
ဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့တော့၏။နေ့ရော ညပါ လူတို့ဖြင့်၎င်း.ရဟန်းသံဃာတော်တို့ဖြင့်၎င်း စည်ကားစွာမြင်တွေ့
ခဲ့၏။ရွှေသင်္ကန်းကပ်လှူကြသော အလှူရှင်တို့မှာလည်း စည်ကားလျှက် မိမိသည်လည်း တူတော်မောင်အား ရွှေ
သင်္ကန်းအ၀ယ်ခိုင်းပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဖခမည်းတော်ကြီးနှင့် ဆွေတော်မျိုးတော် တော်စပ်ခဲ့ဘူး
သော ကျေးဇူးရှင်များနှင့်(၃၁)ဘုံသားများအားအမျှတမ်းပေးဝေငှပြီး ရွှေသင်္ကန်းကို မဟာမြတ်မုနိစေတီတော်
မြတ်ကြီးအားကပ်လှူဒါန်းခဲ့သည်။ မရောက်တာကြာပြီဖြစ်သော မိမိ တနှစ်တာမျှ ပညာဆည်းပူးခဲ့သောမန္တလေး
ရွှေမြို့တော်ကြီးသည်လည်း လွမ်းမောဘွယ်အတိဖြင့် ရောက်ခဲ့ရပြန်တော့လည်း မြင်မြင်သမျှသည် အရင်နဲ့မတူ
တမူထူးခြားနေခဲ့ပါပြီလားဟု မဟာမြတ်မုနိစေတီတော်အတွင်းဝယ် အတွေးစလေးတခုအတွေးနယ်ချဲ့ရင်း.
အော် ..ခုတော့လည်း....မန္တလေးရွှေမြို့တော်ကြီးသည် ရောက်လာသမျှသော လူများအားမည်သူမဆိုလှိုက်လှဲ
ပျူငှာစွာဖြင့် ကြိုဆိုနေသည့်အထဲမှာ မဟာမြတ်မုနိစေတီတော်ကြီး၏ ရင်ပြင်တော်ထဲဝယ် ရင်ထဲ၍ အေးမြလျှက်

No comments:

Post a Comment