အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, March 3, 2012

၃.၃၂၀၁၂ နေ့အခဏ်းပြောင်းရွှေ့ခြင်း

ဒီနေ့ ညက အချိန်လင့်မှ အိပ်မိတယ်လေ.မနက်၁၀ နာရီကျော်တာကိုပင်မသိလိုက်ခဲ့ပါ အိမ်ရှင်မှအိမ်လခလာတောင်းမှ နိုးတော့၏။ ညက ဗုဒ္ဒဂယာမြို့ သူငယ်ချင်းတယောက်မှ ဘလော့တခု လုပ်ပေးဘို့တောင်းဆိုတာနဲ့ ဘလော့နှိုက်နေတာရယ်။ အခဏ်းကျဉ်းလေးထဲမှာ ကွန်နရှင်ရဲ့ ဆိုးဝါးမှုကြောင့် အချိန်တော်တော်ပေးဆပ်လိုက်ခဲ့ရတယ်ပေါ့။ မိမိ နဂိုရ်နေသော အခဏ်းလေးသည် အနည်းငယ်ကျဉ်း၍ကတကြောင်း နောက်ပြီး ယ္ခု နေသောအခဏ်းသည် မီးဖိုချောင်.အိမ်သာ.ရေချိုးခဏ်း ပါသည်မို့..ယ္ခုနေသောအခဏ်းသည် အခြား တိဘက်.ကုလားများရောက်လာရင် မိမိတို့မြန်မာ (၂)ပါး ချက်ရေး ပြုတ်ရေး.မှာ အခက်ခဲကြောင့် အခဏ်းခြင်းကပ်လျှက် သူငယ်ချင်းမှ မိမိအား ယ္ခုနေသော အခဏ်းပြောင်းရွှေ့လိုက်ရင် အဆင်ပြေမှာလေ..တဲ့။ မိမိလည်း မြန်မာနိုင်ငံသားတို့နေထိုင်ရာအခဏ်းလေးကိုသံယောဇဉ် တွယ်မိတာကတကြောင်း နောက်ပြီးယ္ခုနေသောအခဏ်းသည် မိမိ(M.A)နောက်ဆုံးနှစ်တွင်နေထိုင်ဘူးခဲ့သည့် သံယောဇဉ်ကြောင့်အိမ်လခသည် တလ ၁၅၀၀ ရူပီး (မီတာခမပါ) ယခင်နေထိုင်သော အခဏ်းသည် တလရူပီး၉၅၀ ပေးရ၏။ သို့သော် အရာရာအဆင်ပြေစေဘို့ရာ ၃.၃.၂၀၁၂ မှ စ၍ မီးဖိုချောင်.အိမ်သာ.ရေချိုးခဏ်းပါသော နေရာဟောင်းလေးသို့ ပြန်လည်၍...။

No comments:

Post a Comment