အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, February 14, 2012

"အမှတ်မထင် ဂျိန်းဘုန်းကြီး နဲ့ ရင်ဆိုင်"


"မိမိ အိမ်ရှေ့၍ တွေ့မြင်ရသော ဂျိန်းဘုန်းကြီး"
"မိမိသည်လည်း ဈေးဆိုင်ထဲမှဤသို့မှတ်တမ်းတင်မိ "

ဒီနေ့ ထူးထူးဆန်းဆန်း မိုဃ်းရွာ၏။ မကြာပေမဲ့ မိုဃ်းရေ ပါသည်ဟု ဆိုရမလောက် မိမိအိမ်ရှေ့မိုဃ်းရေများတွေ့ရ၏။ မီးသည်လည်း လာလိုက်ပျက်လိုက် စိတ်တော့အညစ်

သား မီးသွားတင်လိုက် (၅)မိနစ်အကြာပျက်လိုက် ဗီယက်နမ်ဆရာလေးနှင့်မိမိ ဘာကြောင့်လဲ.? ဘာလို့လဲ.? ဆိုသည့်မေးခွန်းအဖြေရှာမရ မိမိသည် ၆ ခါထက်မနည်း တင်လိုက် ပျက်လိုက် ။ဗီယက်နမ်ဆရာလေးသည်လည်း ၇ ခါရှိပြီဟု ပြောခဲ့သည်။ ဘန္တေ အခြားအိမ်ပြောင်းမှ ကောင်းမည်တဲ့။ မီးပြဿနာ မိမိအိမ်မှာတွေ့ကြုံနေရ၏။ မိုဃ်းသည်လည်း ရွာနေမြဲမို့ ကျန်ရှိနေသော ဖတ်လက်စ စာလေးကိုဖတ်နေမိတော့၏။

ဒီနေ့ အပြင်ထွက်ဘို့ ၀န်လေးနေမိ၏။ရာသီဥတုဆောင်းတွင်းမှာအအေး ကို မိုဃ်းရေနှင့်ထပ်ဆင့်လိုက်တော့ ခပ်အေးအေးမို့ ဖတ်လက်စ စာအုပ်ကို ဖတ်ရင်း အခဏ်းအောင်းနေမိ၏။ မနေသာတော့ ဒီနေ့ဆီကလည်းမရှိတော့ ဟင်းချက်စရာသည်လည်းဗလာနတ္ထိ။ သို့သော် သတိရမိသည်ကား မိမိနှင့်အခဏ်းချဉ်းကပ် မောင်ကုဏ္ဍလ သည် မြန်မာနိုင်ငံမှ ပါလာသော ချဉ်ပေါင်ရွက်ကြော်နှင့် ငါးကြီးကြော် ပါလာသည်ဟု ပြောခြင်းကြောင့် မီးဖိုတံခါးဖွင့်လိုက်သည်နှင့် အိုး….အားပါး ပါး။ မိမိကြိုက်နှစ်သက်သောချဉ်ပေါင်ကြော်တွေပါလားဟု ထမင်းအိုးထည်းမှာ ချက်ပြီးသားဆွမ်းကိုခူးလျှက် ဒီနေ့ နေ့လည်ဆွမ်းမှာ မြိန်လှ၏။အရသာရှိလှ၏။အမိမြန်မာပြည်ကိုအောက်မေ့မိတော့၏။မစားရတာကြာပြီဖြစ်သော ချဉ်ပေါင်ကြော် ၏ အရသာသည် မည်သည့် အသားဟင်းလျှာနှင့်မှမလဲနိုင်တော့။

ဆွမ်းကိစ္စပြီးသည်နှင့် အညောင်းပြေ အပြင်ခဏသွားခဲ့သည်။ ဓမ္မစကြ်ာတရားဦးဟောရာ အနီးနားတွင်တွေ့လိုက်ရသည့်မြင်ကွင်းတစုံ “ဂျိန်းဘုန်းကြီး”

အ၀တ်မပါကိုယ်လုံးချည်း။နောက်မှ ၀တ်ဖြူစင်ကြယ်ဝတ်လျှက် အမျိုးသမီး၂ ယောက်

ဂျိန်းဘုန်းကြီးနှင့်အတူ လျှောက်လှမ်းနေသော အမျိုးသားခပ်ကြီးကြီးတယောက် မိမိလည်း မတွေ့ရတာကြာပြီမို့ အထူးဆန်းဖြစ်ခဲ့သလို ငေးလျက်သား။ အတွေးစတခုကြောင့် နောက်မှလာသော ကားဟွန်းတီးသံကြောင့် သွားရမဲ့နေရာကိုဆက်လက်သွားမိတော့၏။ မိမိတွေ့ခဲ့ရသည်ကား စရဏရပ်ကွက်တနေရာမှာ ယ္ခု မိမိအိမ်ကိုပြန်လာခဲ့စဉ် မမျှော်လင့်ပဲ ဂျိန်း ဘုန်းကြီး ၂ယောက် ရှေ့ဆင့်နောက်ဆင့် လျှောက်လျက်။ မိမိနေအိမ် ဟာဘေရီးယား အရောက် ပြန်လည်တွေ့ဆုံပြန်တော့၏။မိမိလည်း အိမ်ထဲအမြန်ဝင်ကာ ကင်မရာ ယူပြီးထွက်အလာ ၀တ်ဖြူစင်ကြယ်နှင့် အမျိုးသမီးတို့သည် မိမိအား တချက်အကြည့် မိမိသည် ကင်မရာနှင့် ရိုက်မည့်ဆဲဆဲ။မရိုက်ဖြစ်ခဲ့။ နောက်မှ ထိုဂျိန်းဘုန်းကြီးကို ကြည့်နေဆဲ။နောက်တယောက် လာပြန်ပြီ မထူးတော့ပြီ အိန္ဒိယနိုင်ငံ ရဲ့ ဂျိန်း ဘုန်းကြီး ကို ဓါတ်ပုံအမိရရိုက်မည်ဟု ဆုံးဖြတ်လျှက် (၂၀၀၈)ခုနှစ်မှရိုက်ထားသော ဓါတ်ပုံတို့သည် ဘယ်ရောက်ကုန်မှန်းမသိတော့။ ယ္ခု.တော့ မှတ်တမ်းတင်သဘောမျိုးပိုက်ကာ ရှေ့မှတပုံ နောက်မှတပုံ အမှတ်တရအဖြစ်ရိုက်ထားလိုက်တော့၏။ စာရှုသူများလည်းပြန်လည်မျှဝေလိုက်ပါ၏။

ဂျိန်းဘုန်းကြီးများသည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရားနှင့်အပြိုင် ဘာသာတခု ။ယနေ့တိုင် ထိုဂျိန်းဘာသာဟူ၍ ရှိခဲ့၏။ကိုးကွယ်ခဲ့၏။ မိမိသွားနေကြအိမ်မှာ ဂျိန်းဘာသာဝင်ဖြစ်၏။ နာမည်ရဲ့ နောက်မှာကိုပင် ဂျိန်း ဟု ပါ၏။ဥပမာ( ဂျိုတီးဂျိန်း=jhyoti jame) ဟု မှည့်ခေါ်ထား၏။

အမိမြန်မာပြည်သူတို့သည် အရှက် အကြောက်ရှိကြ၏။ မမြင်စေလိုသောနေရာဋ္ဌာနတို့မမြင်အောင်တမင်ဖုန်းကွယ်ထားကြ၏။ယ္ခု ဂျိန်း ဘုန်းကြီး ဟု ဆိုသော ဘာသာရေးခေါင်းဆောင်များသည် အ၀တ်မပါ ကိုယ်တုံးလုံး ဖြင့် ရွာထဲ မြို့ထဲ လမ်းလျှောက်ခြင်းဟာ အကြည်ညိုခံလေလော..? မတွေးတတ်။ ၂၀၀၈ ခုနှစ်အတွင်းမှာတွေ့လိုက်ရသော ဂျိန်း ဘုန်းကြီးများမှာတော့ ဘုရားအနီးနားမှာ ရှိခိုးဦးချနေသူတို့များပြားစွာနှင့်တွေ့ရှိခဲ့ရ၏။ ယ္ခု တွေ့လိုက်ရခြင်းမှာတော့ ခေါင်းကိုအောက်စိုက်လျှက် သွားနေကြသည်။ နောက်မှအမျိုးသမီး ၂ယောက်မှာတော့ ၀တ်ဖြူစင်ကြယ်ဝတ်ကာ ထို ဂျိန်းဘုန်းကြီးနောက်မှ လိုက်ပါသွားလျှက် မိမိလည်း တိဘက်တက္ကသိုလ်အထိတော့ လိုက်ပါလျှက်…သြော်.. မြတ်စွာဘုရားလက်ထက်တော်အခါက ဂျိန်းဘုန်းကြီးများသည် ယ္ခု ထက်တိုင် ရှိနေကြပါလားဆိုပြီး စဉ်းစားပြီး မိမိအိမ်သို့ ပြန်ကာ အမှတ်တရ အဖြစ် ဘလော့တွင် POST အဖြစ် ဒီနေ့ ရဲ့ထူးခြားမှုကား ဆောင်းတွင်းမှာ မိုဃ်းလေးက တဖြိုက်ဖြိုက် အမိမြန်မာပြည်မှ ချဉ်ပေါင်ကြော်လေးက ခပ်မိုက်မိုက်။ဂျိန်းဘုန်းကြီးသည်လည်း ထို အရာတွေထက် ခပ်မိုက်မိုက်နဲ့ (ဆောင်းတွင်းကာလ မှာ အ၀တ်မပါခြင်းကြောင်း ခပ်မိုက်မိုက်ဟု )ဟု သုံးနှုန်းခဲ့တော့၏။

No comments:

Post a Comment