အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, February 18, 2012

မိဂဒါဝုန်ထဲဝယ်အမှတ်တရ ဓမ္မဒါန ပေါ့

"တိပိဋက တပုံဆောင်ဆရာတော်(၂)ပါးနှင့် ကျိုက်ထီးရိုးဆရာတော် အရှင်ဓမ္မိက တို့နှင့် ဓမ္မစကြ်ာတရားဦးဟောရာမြေမြတ်မဟာတွင်အမှတ်တရ"
"တိပိဋကတပုံဆောင် ဆရာတော် ဦးဃောသိတမှ မင်းကွန်းဆရာတော်၏ ဘ၀ဖြစ်စဉ်စာအုပ် ကို ပဉ္စ၀ဂ္ဂီ (၅)ဦးတရားဦးဟောတော်မူရာမြေမြတ်မဟာ၌ လှူဒါန်းပြီး မိမိအား ပြန်လည်၍ လှူဒါန်းခဲ့။"
<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE

ထိုမှဆက်လက်၍ ရာမနန်းတော်သို့ ဆက်လက်ထွက်လာခဲ့တော့၏။ကားကြီးကားငယ်အသွယ်သွယ် တို့ဖြင့် လူဦးရေထူထပ်သော အိန္ဒိယနိုင်ငံသည် ဆိုက်ကား ဆိုင်ကယ် စက်ဘီး တို့ဖြင့်လည်း ရှုတ်ထွေးလျက် တနေရာအရောက် ကားတို့ဖြင့်ပြည့်ကျပ်လို့နေ၏။ အချိန်အနည်းငယ်မျှကြာခဲ့၏။ နေ့ဆွမ်းအဖို့ ဆိုင်တဆိုင်ဝင်စားခဲ့လျှင်လည်း အဆင်မပြေခဲ့။ မိမိတို့မှာ ငါးခြောက်ဖုတ်များပါရှိ၏။ဆိုင်မှ ယူဆောင်စရာဆိုလို့ မိမိတို့အဖို့အဆင်မပြေခြင်းကြောင့် ရာမန်းတော်ထဲတွင် ဘုဉ်းပေးရန်လည်း ထင်သလိုမဖြစ်နိုင် အမိမြန်မာပြည်မှာ အဆင်ပြေခဲ့ပေမဲ့ ဒီ ဒေသ ဒီနေရာမှာဖြင့် အသား ငါးများပါလာခြင်းကြောင့် မိမိလည်း မိမိအခဏ်းမှာ အဆင်ပြေနိုင်ကြောင်းလျှောက်ထားကာ ရာမနန်းတော် သို့ ခပ်မြန်မြန်လေ့လာရန်နှင့် ရာမနန်းတော်သည်လည်း ဂင်္ဂါမြစ်ကမ်းနှင့်ကပ်လျှက်တည်ရှိခြင်းကြောင့် ဂင်္ဂါမြစ် ခရီးစဉ်ကို ဖျက်ပြီး ရာမနန်းတော်အပေါ်မှ အကြောင်းအရာများပြောပြခဲ့သည်။ ဂင်္ဂါမြစ်သည် စာပေထဲတွင်ကြားဘူးသည် မှတ်ဘူးသည် မဇ္ဈိမသားတို့သည် ထိုဂင်္ဂါမြစ်ရေ ကိုချိုးခြင်းဖြင့်အကုသိုလ်အပြစ်များကင်းစင်စေသည်ဟု အယူဝါဒရှိကြ၏။ ထိုဂင်္ဂါမြစ်ထဲတွင်လူသေများ မျှော်ကြ၏။ မြစ်ကမ်းဘေးမှာမီးသင်္ဂြိုဟ်ကြသည်။ ညနေချမ်းအခါတွင် နိုင်ငံခြားသားတို့ဖြင့်၎င်း ဘာသာအယူဝါဒရှိသော လူတို့ဖြင့်၎င်း စည်ကား၏။ ဂင်္ဂါမြစ်၏ အလှကို မော်တော်ဘုတ်လှေဖြင့်ကြည့်နိုင်၏။ မိမိတို့အဖို့ မလိုအပ်ခြင်းကြောင့် ရာမနန်းတော်မှ ဂင်္ဂါမြစ်ကိုအမှတ်တရဓါတ်ပုံရိုက်ပြီး မိမိနေရာစရဏ (မိမိငှားနေသောအိမ်)သို့ ပြန်လာတော့၏။ ဆရာတော်ကြီးများ နားနားနေနေနေစေပြီး မိမိသည် လက်ကျန်ရှိနေသောပါလရွက်လေးကိုကြော်ကာ ဆရာတော်ကြီးများကပ်လှူခွင့်ရရှိခဲ့၏။ ရန်ကြီးအောင်ဆရာတော်မှ ဘုဉ်းပေးရတာ ကောင်းသဟေ့ ဟု ဥဒါန်းခဏခဏကြူးရင့်ခဲ့သည်။

ထိုမှ နာရီဝက်ကျော်မျှ ဆွမ်းကိစ္စအပြီး အချိုပွဲအဖြစ် ဘီစကစ်မုန့် ကော်ဖီမစ် သပျစ်သီးတို့ဖြင့်

ကပ်လှူခွင့်ရှိခဲ့ပြန်၏။ ရေနံချောင်းဆရာတော်မှလည်း မြိန်ရေ ရှက်ရေ ဘုဉ်းပေးနေ၍ မိမိမှာအလွန်စိတ်ချမ်းသာကြောင်း စကားလက်ဆုံပြောနေကြရင်း ဆရာတော်တို့မှာ ဒိည သင်္ကဿမြို့သို့ ခရီးဆက်ရန်ရှိကြောင်း အချိန်ကို လုနေရခြင်းကြောင့် မြတ်စွာဘုရားဓမ္မစကြ်ာတရားဦးဟောရာ မိဂဒါဝုန်(ဓမ္မေခစေတီအတွင်း)၌ နောက်တကြိမ် ကြည်ညိုလိုကြောင်းနှင့် ရေနံချောင်းဆရာတော်သည် မင်းကွန်းတွင် တိပိဋကတပုံဆောင်ခဲ့သည်မို့ မင်းကွန်းဆရာတော်ကြီးအားပူဇော်သောအားဖြင့် ဆရာတော်ကြီး၏ ဘ၀ဖြစ်စဉ် ပန်းချီစာအုပ်ကို သူကိုယ်တိုင်ရေးသားထား၍ တရားဦးဟောတော်မူရာနေရာတွင်လှူလိုကြောင်း လှူပြီးပါက မိမိအားပြန်လည်အလှူခံရန် မိန့်ကြားခဲ့သည် မို့ မကြာခင် ထိုဓမ္မစင်္ကြာတရားဦးဟောတော်မူရာ နေရာတွင် သွားခဲ့တော့၏။ ရောက်ခဲ့ပါပြီကော ဓမ္မစကြ်ာတရားဥိးဟောတော်မူရာနေရာတွင် ရေနံချောင်းဆရာတော်သည် စာအုပ်ကို ကိုင်လျှက် မိမိနှင့် ကျိုက်ထီးရိုးဆရာတော် ဦးဓမ္မိက တို့သည် ကင်မရာတို့ဖြင့်အသင့်ကိုင်လျှက် ခပ်မြန်မြန်တတ်ကာ စာအုပ်ကိုလှူနေခဲ့သည် ကို မှတ်တမ်းတင်းပေးရ၏။ ကျိုက်ထီးရိုးဆရာတော်မှ ဆရာတော်ရေ ခပ်မြန်မြန်နော် တဲ့ ကုလား တုတ်စာ မိနေမှဖြင့် တဲ့ ရီစရအဖြစ်ပြောမိ၏။ ဆရာတော်သည် စာအုပ်ကို ကိုင်လျှက် ပီတိအပြုံးဖြင့် အောင်မြင်စွာ လှူခွင့်ရရှိတော့၏။ ပြီးမှ မိမိအား ကဲ ဦးသီလာစာရ ရေ အမှတ်တရပေါ့..ဗျာ ဟု ပြောပြီး

ထိုမင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်စဉ် ပန်းချီစာအုပ်ကို မိမိအလှူခံလိုက်မိ၏။ စာအုပ်သည် မင်းကွန်းဆရာတော်ဘုရားကြီး၏ ငယ်စဉ်မှသည် နောက်ဆုံးဆေးရုံတတ်ချိန် အောက်သွေးသုည(ဇီးရိုး)ပြချိန်ထိ ဆရာတော်သည် သတိမမေ့ပဲဝေဒနာကိုသီးခံနေပုံ စသည်တို့ဖြင့်ဝေေ၀ဆာဆာ ပြုလုပ်ထားသည်။ မင်းကွန်းဆရာတော်ဘုရားကြီး၏ အသက်၁၇ နှစ်မှ အသက် ၈၁ နှစ်ထိ ပုံတော်များ စာဖြေနေပုံများ ကျမ်းပြုနေပုံတော်များ စသည်စသည်တို့ဖြင့်ဝေဆာလျှက် ဒီနေ့အဖို့အဖိုးမဖြတ်နိုင်သော စာအုပ်ကောင်းတအုပ် အလှူခံခွင့်ရခဲ့သည်မို့…။ မိမိသည်လည်း မင်းကွန်းဆရာတော်ဘုရားကြိးအားအမှတ်ရစေသောအားဖြင့်..။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း တဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကို ပညာစက္ခု မျှော်ထောက်ရှု၍

ယ္ခု ပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

ယ္ခု ပင်လျှင် မနာခင်က ကြိုတင်ကောင်းမှုကြိုးစားပြုလော့။

ယ္ခု ပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဒာ သေပိမ့်ငှာဟု သတ္တ၀ါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင် တစက်ကမှ မရှိကြဘူး အပ္ပမာဒေန ဘိက္ခဝေ သမ္ပဒေထ ဘုရားစကားလိုက်နာပွားသည် တရားလက်မလွတ်စေနှင့်။ တဲ့..။

No comments:

Post a Comment