အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, February 15, 2012

“သူတို့ပြောသော ပါလရွက်”


မနေ့ကတော့ နိုင်ငံတိုင်း ကမ္ဘာတိုင်း “ချစ်သူများနေ့’ဟု အထိမ်းအမှတ်ပြုလုပ်ခဲ့၏။မိမိတို့အဖို့မှာ ချစ်သူများနေ့သည် ရင်ခုန်စရာတော့ မရှိလှ။ သို့သော် ရင်တော့မခုန် အူတော့တုန်နေမိ၏။ ဒီနေ့

ဘာနေ့ရယ်တော့မသိရ။အပြင်ထွက် ဈေးဝယ်သွားခဲ့၏။ ဘာဆိုင်မှမဖွင့် လူတွေအတော်ရှင်းလို့နေ၏။

မိမိသည် စရဏတ၀ိုက်.အာရှပူရ် တ၀ိုက် လှည့်လည်ပြီးဟင်းသီးဟင်းရွက်ရှာမိပြန်တော့ ဘာမှမတွေ့ခဲ့

လက်မှိုက်ချ အိမ်သို့ပြန်လာခဲ့၏။ မီးဖိုချောင်ထဲမှာလဲ ဆန် ဆီမှတပါးအခြားမရှိပြီ။ သို့သော် ပါလရွက်

ဟု ခေါ်ဆိုသော လွန်ခဲ့သည့် ၃.၄ ရက်မှ အပေါ်ထပ်တနေရာတွင်နေရာယူနေ၏။ ခပ်နွမ်းနွမ်း ၃.၄ ရက်ကြာပေမဲ့ ဆောင်းတွင်းကာလမို့ အရွက်တို့သည် မလပ်ဆပ်ပေမဲ့ အချို့ ခပ်ဝါ၀ါ အချို့စိမ်းစိုစိုပေါ့။

ရောနှောနေသော ထိုပါလရွက်ကို ကြော်ရုံမှတပါး အခြားမရှိတော့ပြီ ဟု လက်တွေ့ ဆေးကြောသုတ်

သင်ပြီး ဒီနေ့အဖို့ ပါလရွက်ကြော်(ခပ်နွမ်းနွမ်း)လေးနဲ့ ဆွမ်းကိစ္စပြီးခဲ့ရသည်။ရေနွေကြမ်းလေးဖြင့် မသိ

မသာမြှိုက်ချ မြိုချရ၏။ ထိုပါလရွက်ကြော်သည် ခုတလော သတင်းကြီးလို့နေ၏။ အကျွုန်ုပ်နှင့်အတူ

နေသော အရှင်ကုဏ္ဍလ သည် ၄င်းပါလာရွက်ကို အတော်ခံတွင်းတွေ့၏။သူ၏ ကြော်ငြာကောင်းမှု

ကြောင့် (၉) န၀င်း ဟု ခေါ်ဝေါအပ်သော မြန်မာရဟန်းတော်များ လွန်ခဲ့သည့် ၂၀၀၈ မှ ၉ ပါး အိမ်ငှား

အစအဦးပြု နေထိုင်ခြင်းကြောင့် (၉)န၀င်းဟု ယနေ့ ထက်တိုင် (၉) န၀င်းအိမ် ဟု ခေါ်ဝေါ်ခဲ့ကြ၏။

ထို အိမ်တွင်နေထိုင်ကြသော မြန်မာရဟန်းတော်တို့၏ ပါးစပ်မှလည်း ပါလရွက်သည် ဈေးသက်သာ၏။

စားလို့ကောင်း၏။ တဲ့…မိမိအားလည်း အရှင်ကုဏ္ဍလ မှမကြာမကြာကြော် ကျွေးဘူး၏။ ခံတွင်းမတွေ့

လှ။နည်းနည်းမျှ အနံ့ဆိုး၏ ဟု ထင်ကာ မစားမိခဲ့။ ရံခါ ပူပူနွေးနွေး လေးဆိုခဲ့လျှင်တို့ရုံသာတို့ခဲ့၏။

အကြိုက်လို့မပြောနိုင်။ဒီနေ့အဖို့ တိုပါလရွက်လေးသည် မိမိအဖို့ တန်ဖိုးရှိ၏။သူသာ မရှိလျှင် ဒီနေ့အဖို့

ဆီ နဲ့ ဆား နဲ့ လွေးရုံမှတပါး အခြားမရှိတော့ပြီ။ ထို ခပ်နွမ်းနွမ်း ပါလရွက်လေးကို ရေပြောင်စင်အောင်

ဆေးပြီး ကြော်ရမည်။ ဒီနေ့အဖို့ ထိုပါလရွက်ကြော်လေးသည် ကောင်း၏။ ခံတွင်းတွေ့လာ၏။နောက်

ရက်တွေမှာလည်း ထိုပါလရွက်များကြော်ရလေ မလားဟု တွေးလျှက် ပါလရွက်သည် ဈေးသက်သာ၏

တစီးမှ ရူပီးငွေ ၅ရူပီး ။မဆိုးလှ ပူပူနွေးနွေး ပါလရွက်ကြော်လေးသည် အသားဟင်းနှင့်တောင်မလဲနိုင်

ဟု သူတို့ပြောသော ပါလရွက်သည် ဒီနေ့ အဖို့ အကျွန်ုပ်သည်လည်း သူတို့ပြောခဲ့သော စကားလေး

အတိုင်း ..။ ပါလရွက်ကြော်နဲ့ ဒီနေ့အဖို့ ဆွမ်းကိစ္စအပြီး နေ့ခင်းမအိပ်ဘူးသောအကျွန်ုပ်အဖို့ မျက်စိမှေး

လာသည်နှင့်တပြိုင်နက်…..။။

No comments:

Post a Comment