အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, December 20, 2011

အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အရပ်အပုဆုံး အထက်တန်းကျောင်းသူလေး

အိန္ဒိယ နိုင်ငံ မှ ဂျူရောသီ အာမက် (Jyoti Amge) မှာ ကမ္ဘာ့ အရပ်အပုဆုံး သက်ရှိ အမျိုးသမီး အဖြစ် စာရင်းဝင်သွားပါတယ်။
သူမ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ထိ စောင့်ကြည့်နေပြီး ယခုသူမ အသက် ၁၈ နှစ်ပြည့်တဲ့နေ့တိတိမှာပဲ နောက်ဆုံးအဖြစ် သူမ အရပ်ကိုတိုင်းကြည့်တဲ့အခါ နှစ်ပေသာရှိနေတယ်ဆိုတာကိုသိရပါတယ်။
အရင်က ကမ္ဘာ့အပုဆုံး အဖြစ်သတ်မှတ်ခံထားရသူကတော့ အမေရိကန်နိုင်ငံမှ အသက် ၂၂ နှစ်ရှိ ဘရစ်ဂျစ် ဂျောဒန် (Bridgette Jordan) ဖြစ်ပြီး သူ့အရပ်မှာ နှစ်ပေ သုံးလက်မ ဖြစ်ပါတယ်။
အခုတော့ ၁၈ နှစ် တင်းတင်းပြည့်ခဲ့ပီ ဖြစ်တဲ့ အာမက်ရဲ့ အရပ် က နှစ်ပေသာ ရှိသည့်အတွက် ကမ္ဘာ့အပုဆုံး သက်ရှိ စံချိန်ကို ထပ်ချိုး လိုက်နိုင်ပြီလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က သူမရဲ့မွေးနေ့ပါတီကို နပ်ပွာ Nagpur မှာ ကျင်းပခဲ့ပါတယ်။ သူမ မွေးနေ့ကို မွေးနေ့ကိတ်နဲ့အတူ ပတ်ဝန်းကျင်အိမ်နီးချင်းမှ လူအများတက်ရောက်ခဲ့သလို လန်ဒန်မှ မျိုးရိုးဗီဇ လေ့လာရေးဌာနမှ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အာမက်ဟာ သူမရဲ့ မွေးနေ့မှာပျော်ရွင်နေသလို ၂၀၁၂ ခုနှစ် မျိုးရိုးဗီဇ မှတ်တမ်းမှာ သူမရဲ့ နာမည်စာရင်းပါသွားခဲ့သလို တရားဝင် မှတ်တမ်းလွှာကိုလေး ကိုလည်းဂုဏ်ယူစွာလက်ခံယူခဲ့ပါတယ်။
သူမ အရပ်က ၂ ပေ နဲ့ ၀.၀၆ လက်မ ဖြစ်ပါတယ်။ တကယ်တမ်းကြည့်မယ်ဆိုရင် အဲလောက် အရပ်ဟာ ၂ နှစ်အရွယ် ကလေးရဲ့ အရပ်လောက်သာရှိတာပါ။ သူမ ဟာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး တစ်နေ့ကျရင် Bollywood Star ဘောလစ်ဝတ် ရုပ်ရှင်စတားဖြစ်ချင်တယ်ဆိုပါတယ်။ သူမ ဖြစ်ချင်တဲ့အတိုင်း နောက်နှစ်ကစပြီး ဘောလစ်ဝတ်မှာ ရုပ်ရှင်နှစ်ကား စရိုက်တော့မှာဆိုတာကိုလည်းသိရှိရပါတယ်။
သမိုင်းမှာတော့ သူမလိုမျိုး အသက် ၁၈ နှစ်မှာ အရပ် ၂ ပေသာရှိခဲ့တဲ့ အမျိုးသမီးတစ်ဦး လည်းရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ အမေရီကန်နိုင်ငံသူ ပေါ်လင်း မတ်စ်တာ Pauline Musters ဖြစ်ြပီး ၁၈၉၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


 
မှတ်ချက်။ ။မေးတခုမှတွေ့ရှိ၍ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment