အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, December 1, 2011

ဗုဒ္ဓဂယာမြေမြတ်မဟာသို့

ဒီနေ့ ဒီဇင်္ဘာလ{1 }ရက်နေ့ ဗာရာဏသီရွှေမြို့တော်မှ မိမိအပါဝင် sanskrit university မှသံဃာတော်(၉)ပါး
နေ့လည် ၁၁ နာရီကျော်ကျော်လောက်မှာ ဗုဒ္ဓဂယာမြို့ ဘုရားပွင့်တော်မူရာ မဟာဗောဓိစေတီတော်ထဲတွင်
ထေရ၀ါဒနိုင်ငံများဖြစ်တဲ့ မြန်မာ.ထိုင်း.သီရိလင်္ကာ.ကမ္ဘောဒီးယား.ဗီယက်နမ်.အိန္ဒိယနိုင်ငံ.လာအို.စသည့် နိုင်ငံများမှ တိပိဋက သုံးပုံရွတ်ဆိုပွဲ ကျင်းပရာသို့ သွားရောက်ခဲ့တယ်ပေါ့.။ကားလေးသည် မိမိတို့ကားပေါ်ရောက်သည်နှင့်တပြိုင်နက် အရှိန်ပြင်းစွာ မောင်းနှင်းလျှက်နှင့် လမ်းဥဒဟို မှာ ညီညာသောကွန်ကရစ်လမ်းများ ခေတ်မှီလှသော လမ်းတံတားကြီးမှားနှင့်အံ့မခမ်းလောက်အောင်သေသပ်ခိုင်ခန့်စွာတွေ့ရှိရ၍ မိမိသည်ရှေ့ခဏ်းမှနေပြီး
အတွေးလေးတွေနှင့် အော် အမိမြန်မာပြည်မှာ ဒီလိုလမ်းတွေများနေရာတိုင်းမှာရှိနေရင် ကောင်းမှာပဲဟူသော အတွေးလေးနှင့် ကားလေးသည်လည်း တဝေါဝေါမောင်းနှင်လျှက်.တီ..တီ ..အလို .ဘာမှားပါလိမ့် ..မောင်ကုလား.မိမိရှေ့မှ ကားကိုတားနေသည် တဲ့ မာလက ကြွတော့မှာပဲ..လို့ လမ်းမှာတွေ့ခဲ့ရသည့် အနိဋ္ဌာရုံ
မြင်ကွင်းများ ၁၀ ဘီးတပ် ယာဉ်ကြီးများ ကြွေမွစွာ တိုက်ထားခြင်း.မကြာမကြာဆိုသလို တွေ့ရှိခဲ့ရ၏။ ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ.ချမ်းသာကြပါစေ..တဲ့ ဖုန်းလာတော့၏.မိမိသည် တိုက်ခံထားသောကားများကိုကြည့်နေရင်း..ဖုန်းအသံမည်မှုကြောင့် မိမိနှင့်အတူ ရှေ့ခဏ်းမှ လိုက်ပါလာသော ..အရှင်ပညိန္ဒ ဆီသို့ ဖုန်းလာတော့၏။ အကြောင်းမှာ ..သီတ၈ူဆရာတော်မှ အိန္ဒိယမှာတက္ကသိုလ်အသီသီး၌ ပညာသင်ယူနေကြသော မြန်မာပတ်စ်ပို့ကိုင် ပညာသင်ရဟန်းတော်များအား တပါးလျှင် ဒေါ်လာUS$ {100}
ဆီ လှူမည် သီတဂူဆရာတော်နှင့်ဒကာ/မ များ မိမိတို့အဖွဲ့ပိုင် မြန်မာပညာသင်ရဟန်းတော်များကျောင်းတွင်
ည (၈)နာရီအချိန်တွင် အစည်းဝေးနှင့် သြ၀ါဒခံယူပွဲ ပညာသင်ရဟန်းတော်များအားတပါးလျှင် ဒေါ်လာ ၁၀၀ နှုန်းဖြင့်တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်တတ်ရောက်ယူရန်ဖြစ်ကြောင်း.မိမိတို့အဖွဲ့ပိုင်ကျောင်း
ရောက်ပြီး များမကြာမှီ ဒေါ်လာငွေ ပေးအပ်လှူဒါန်းပွဲကျင်းပမည်ဖြစ်ရာ.မိမိတို့သည်လည်း အသီးသီးနေရာယူရန် အောက်ထပ်သို့ကြွခဲ့တော့၏။ အိန္ဒိယနိုင်ငံ ပညာသင်ရဟန်းတော်များအရေအတွက်မှာ စုစုပေါင်း{ ၅၂၈ }ပါးဟု သိရ၏။ တက္ကသိုလ်အသီးသီးနှင့်
ပညာသင်ရဟန်းတော်များစာရင်းကို ဆက်လက်တင်ပြပေးပါမည်ဆိုတာ.။။

No comments:

Post a Comment