အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, December 5, 2011

ဗုဒ္ဒဂယာ မြေမြတ်မဟာဝယ်


ဗုဒ္ဒဂယာမြို့ မဟာဗောဓိစေတီတော်အတွင်းမှာ ပိဋက သုံးပုံရွတ်ဆိုပွဲပြုလုပ်ခဲ့ပါတယ်။{2.12.2011}နေ့မှာစတင်ရွတ်ဖတ်ကြပါသည်။

မြန်မာရဟန်းတော်များသည် သုတ္တန္တပိဋက ရွတ်ဆိုရ၏။ထေရ၀ါဒ(၇ )နိုင်ငံဖြစ်၏.မြန်မာ.ထိုင်း.ဗီယက်နမ်.ကမ္ဘောဒီးယား.သီရိလင်္ကာ.နီပေါ.လာအိုတို့ဖြစ်ကြ၏။
ပိဋက သုံးပုံ ချန်တင်းဒကာမ အမေရိကန်သူ
အိန္ဒိယရဟန်းတော်များနှင့်ဘင်္ဂလားဒေ့ရှ် ရဟန်းတော်များနှင့် အင်တာနေရှင်နယ်မဏ္ဍပ်တို့ဖြင့် ထူးခြားစွာတွေ့ရ၏.နေ့စဉ်ရွတ်ဖတ်ချိန်သည် မနက် ၇နာရီစတင်ပြီးနေ့လည်ဘုဉ်းပေးရန် အားလပ်ချိန်ဖြစ်၏.နေ့လည် တနာရီခွဲတွင်ပြန်လည်စတင်ပြီးညနေ ၅ နာရီတွင် တနေ့တာ ချန်တင်းရွတ်ဆိုမှုပြီးဆုံးသွားတော့၏။ ၄င်း အင်တာနေရှင်နယ် ချန်တင်း အလှူရှင်သည် အမေရိကန်နိုင်ငံသူ ဖြစ်၏။ ဒီနှစ် (၇ )ကြိမ်မြောက်ပြုလုပ်ကျင်းပသည်။လာမဲ့နှစ် ၂၀၁၂ နှစ်မှာ မြန်မာနိုင်ငံမှ ဦးဆောင်မှုပြုလုပ်ကာ ကျင်းပရမည်ဖြစ်ပါသည်။အလှူရှင်များနှင့် အိန္ဒိယနိုင်ငံရှိ ပညာသင်မြန်မာရဟန်းတော်များအစရှိသည့် မြန်မာကျောင်းထိုင်ဆရာတော်များဦးစီးဦးဆောင်မှုဖြင့်လာမဲ့နှစ်မှာ သိုက်သိုက်ဝန်းဝန်းကျင်းပမည်ဖြစ်ပါသည်။ ရွတ်ဖတ်ရာနေရာဒေသမှာ မြတ်စွာဘုရားအပရာဇိတရွှေပလ္လင်ရတော်မူရာ မဟာဗောဓိစေတီတော်အတွင်းမှာဖြစ်၏။နေ့လည်ဆွမ်းကို အင်မတန်ခန့်ညားသောမဏ္ဍပ်ကြီးထိုးကာ ထိုင်းအစားစာနှင့်အိန္ဒိယအစားစားများဖြစ်၏။မိမိကိုယ်တိုင်ပန်းကန်များကိုင်ကာ ဆွမ်းကိုအလှူခံကာ ဘုဉ်းပေးရ၏။ရွတ်ဆိုနေစဉ်အတွင်း နိုင်ငံအသီးသီးမှ ရူပီးငွေများ အချိုရည်များ လာရောက်လှူဒါန်းကြ၏။အထူးသဖြင့် မြန်မာနိုင်ငံမှ “သီဟသုဓမ္မသိင်္ဂီ””သီရိသုဓမ္မသိဂီင်္”မိုးသောက်ပန်းဆောက်လုပ်ရေးနှင့် အိမ်ခြံမြေရောင်းဝယ်ရေးမိသားစုမှ (၅.၁၂.၂၀၁၁)နေ့မှ ရူပီးငွေ ၁၀၀၀ နှင့် လက်အိပ်ခြေ အိပ်များ ကော်ဖီမစ်များလာရောက်လှူဒါန်းသည်။ ၄င်းနေ့မှာပဲ ကျောင်းအမကြီးဒေါ်မြရှင် အဖွဲ့မှလည်း လွယ်အိပ်နှင့် ရူပီးငွေ ၃၀၀ နှင့်အချိုရည်များ ပိဋကသုံပုံ ရွတ်ဆိုနေစဉ်လာရောက်လှူဒါန်းခဲ့ပါသည်။. ဆက်လက်ဖေါ်ပြပါဦးမည်။

No comments:

Post a Comment