အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, December 6, 2011

အိန္ဒိယကို ညှို့အားပြင်းစွာဆွဲဆောင်သည့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ခါ



အိုစမာဘင်လာဒင် ပုန်းအောင်း နေထိုင်ခဲ့မှုကြောင့် မျက်နှာပျက် အရှက်ရခဲ့ရသည့် ပါကစ္စတန်မှာ ယခု ၄င်းရဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်မှုကြောင့် ကမ္ဘာ့မီဒီယာများရဲ့ ချီးကျူးမှုကို ခံနေရပြန်သည်။
ပြီးခဲ့တဲ့အပတ်က ခန့်အပ်လိုက်တဲ့ ငယ်ရွယ် သေးသွယ် လှပ စတိုင်ကျတဲ့ အသက် ၃၄ နှစ်ရှိ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟိနာ ရာဘ်ဘနီ ခါ (Hina Rabbani Khar) မှာ ယခု ရက်ပိုင်း အိန္ဒိယကို ရောက်ရှိလာပြီး၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာ နှင့် တွေ့ဆုံခဲ့သည်။ သူမရဲ့ စွဲမက်ဖွယ် လှသွေးကြွယ်မှုကနေ အိန္ဒိယသားများကို တိမ်းညွတ်ဖမ်းစားနိုင်ခဲ့သည်။
ဆယ်စုနှစ်များစွာ အေးခဲတင်းမာနေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို အရည်ပျော်ကျသွားအောင် ၀န်ကြီး ခါ က ဆောင်ရွက်ပေးနိုင်မည်ဟု အားလုံးက သူမ အလှကို ကြည့်ရင်း ယုံကြည်အားတက်နေကြသည်။ လွန်ခဲ့တဲ့ သုံးနှစ် ပါကစ္စတန် စစ်သွေးကြွများရဲ့ လက်ချက်နဲ့ အိန္ဒိယ မွမ်ဘိုင်းမြို့မှာ ၁၆၆ ဦး သတ်ဖြတ်ခံရပြီးကတည်းက နှစ်ဘက် တင်းမာနေခဲ့သည့် ဆက်ဆံရေးမှာ၊ ယခု ခါ ရဲ့ ခရီးစဉ်ကြောင့် တိုးတက်မှု အများကြီး ပြန်ရရှိခဲ့သည်။
ခါ နှင့် ခရစ်ရှနာ တို့နှစ်ဦးက ပါကစ္စတန်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား လုံခြုံရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် သဘောတူညီမှု  အများအပြား ရရှိခဲ့သည်။ ခါ က ၀န်ကြီးချုပ် မန်မိုဟန် ဆင်း နဲ့လည်း တွေ့ဆုံခဲ့သည်။
သို့သော် ခါ က အိန္ဒိယခေါင်းဆောင်များနှင့် ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာကို အများက သိပ်စိတ်မ၀င်စား။ သူမ တပ်တဲ့ Roberto Cavalli နေကာမျက်မှန်၊ အရည်အသွေးမြင့် ပုလဲလည်ဆွဲ၊ Hermes Birkin လက်ကိုင်အိတ်နှင့် အင်္ကျီဒီဇိုင်းအမျိုးမျိုးကိုသာ အိန္ဒိယ သတင်းစာများက အသားပေး ဖော်ပြကြသည်။  ဘယ်တုန်းကမှ ပါကစ္စတန် သံတမန်တွေကို ချီးကျူးရေးသားမှုမရှိတဲ့ အိန္ဒိယသတင်းစာတွေက၊ ယခု ရှေ့မျက်ဖုံးတွေကနေ ခါ ကို လွှတ်အမွှမ်းတင်ပြီး ချီးမြှောက်ရေးခဲ့ကြသည်။
မော်ဒယ်ဂဲလ် လို လှပပြီး စမတ်ကျတဲ့ မူဆလင် နိုင်ငံခြားရေးဝန်ကြီး ခါ ကလည်း “အိန္ဒိယနဲ့ ပါကစ္စတန်က မျိုးဆက်သစ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခုလောက်က ခါးသီးတဲ့ အတွေ့အကြုံမျိုးနဲ့ လုံးဝခြားနားတဲ့ ဆက်ဆံရေး အသစ်ကို မြင်ကြရတော့မှာ ဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 http://www.maukkha.org/

No comments:

Post a Comment