အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, December 7, 2011

၃ လသားအရွယ်ကထဲကစပါးကြီးမြွေနှင့်အတူကြီးပြင်းလာခဲ့သည့်ကလေး

လောကမှာ ခင်မင်စရာ မိတ်ဆွေအပေါင်းအသင်းဆိုတာ အရမ်းကိုပဲ အရေးကြိးပါသည် ။ ထိုထဲတွင် သူငယ်ချင်းဆိုတာလဲ အရေးကြီးဆုံးပါပဲ မိဘ များထက် သူငယ်ချင်းများနှင့် ကျောင်းတွင် တွေ့ ရသည့်အချိန်ကများကြပါသည် ။ အားလုံးးက ၀ါသနာတူ အချင်းချင်းသာ အစဉ်အမြဲ ခင်မင်ပြီးသူငယ်ချင်းဖြစ်ကြပါသည် ။ အခုတော့ အသိဥာဏ်ချင်းလဲ မတူညီ လူနှင့် သတ္တ၀ါလဲ သူငယ်ချင်းဖြစ်လို့ ရပါသည်။ ကျွှနိုပ်တို့ မြင်နေရတဲ့ကလေးတွေကြည့်လိုက်ရင် မိမိတို့ အိမ်မှာ မိမိဝါသနာအလိုက် မိမိတို့ ချစ်မြတ်နိုးတဲ့ ကြောင်လေးတို့ ခွေး၊ ငါးလေးတွေ ၊ယုန်လောက်သာ အိမ်မှာ မွေးကြပါတယ် မနက်ဆို အစာလေးတွေကျွေး ညအိပ်ခါနီးရင် နှုတ်ဆတ်ပြီးအိပ်ကြတယ် . တကယ်ကိုပျော်စရာပါ မွေးဖူးတဲ့လူတိုင်းသိပါသည် ဒါကိုတော့။ အခုတော့ အိမ်မှာလဲ မွေးဖို့ မဖြစ်နိုင်တဲ့ သတ္တ၀ါတစ်ခု နှင့်သူငယ်ချင်းဖြစ်နေနှင့် မွေးကတည်းက လူလားမြောက်လာကတည်းက အတူနေထိုင်လာခဲ့တာ ယခုဆို 6 နှစ်တောင်ပြည့်ပါပြီ ကမ္ဘောဒီယား မှကလေးငယ်တစ်ယောက်ပဲဖြစ်ပါသည် ။၎င်းအသက်သည် ယခုအခါ ၆ နှစ်ရှိပြီးဖြစ်ပါသည်။ ၄င်းငယ်စဉ်ကတည်းကပင် ထိုစပါးအုန်းမြွေကြီးနှင့် အတူလက်ပွန်းတသည်း အတူနေထိုင်လာခဲ့တာဖြစ်ပါသည်။ တစ်စုံတစ်ရာ အန္တာရာယ် ပြုခြင်းလုံးဝမရှိပါ မိမိသွားလိုရာနောက်ကို ထိုစပါးအုန်းမြွေကြီးသည် တစ်ကောက်ကောက်လိုက်လာတတ်ကာ မိမိပြောသည့်စကားကိုလည်း နားလည်ပြီး ထိုကလေး၏ စကားကိုလည်းနားထောင်ကြောင်းသိရပါသည် ။ တကယ်ကိုအံ့သြစရာပင်ဖြစ်ပါသည် မြွေကြီးသည် ပုံထဲတွင် မြင်ရသည့်အတိုင်းတကယ့်ကို လူတစ်ယောက်ကို အသာလေးစားသောက် နိုင်သော အရွယ်ရှိပါသည် ။ ထိုမြွေကြီး ၏နာမည်ကိုတော့ Luck ဟုအမည်ပေးထားပြီးထိုမြွေကြီးသည် အမဖြစ်ပြီး 6.1 m ရှိပြီးနောက် ကိုယ်အလေးချိန်ကတော့ 120 kg ရှိပါသည် ။ ထိုကလေး သုံးလသားအရွယ်ကတည်းက ကလေး၏ဖခင်မှ တောထဲမှ ခေါ်ယူလာခဲ့ခြင်းဖြစ်ပါသည် ။ယခုလို အတူတကွနေထိုင်လာ ခဲ့သည်မှာ ကလေး၏တစ်သက် ၆နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပါတော့သည် ။
























ကဲအားလုံးပဲအခုဆို စပါးအုန်းမြွေကြီး Lucky နှင့် ကမ္ဘောဒီးယားက ကလေးတို့ ရဲ့အတူနေထိုင် လှုပ်ရှားမှုဓါတ်ပုံ၇ိုက်ထားတာလေးတွေကို မြင်တွေ့ ရနေပြီ ဖြစ်ပါသည် ။ 
မူရင်းကဒီမှာပါ... http://mcwaiyan.blogspot.com/

No comments:

Post a Comment