အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, February 12, 2010

Sanskrit University



မိမိပညာရေနို့သောက်စို့နေတဲ့.ဆန်းစကရစ် ယူနီဗာစီတီ..အကြောင်းလေးကိုလဲ..ပြောရအုံးရေးရအုံးမှာပေါ့…သူမပါရင် ဆားမပါတဲ့ဟင်း လိုဖြစ်သွားမှာလေ..ဟုတ်ဘူးလား..အို.စာရှုသူ..ဗာရာဏသီကျောင်းသား..ဆိုတော့..ကျောင်း
သားတယောက်ဟာ.မိမိရဲ့တက္ကသိုလ် ကိုတင်ပြရအုံးမယ်လေ….အဟမ်း…အရေးထဲ..ကွန်နရှင်ကတမျိုး.အမိတက္ကသိုလ်ကျောင်းတော်ကြီးဟာ.၁၉၅၈ ခုမတ်လ ၂၂ ရက်နေ့တွင် Sampurnanand Sanskrit Vishwavidyalaya တက္ကသိုလ်အမည်ဖြင့် DR.Sampumanand, Education Minister Pt.kamalapati Tripathi, DR.A.N.Jha စတင်တည်ထောင်ခဲ့ပါတယ်..၁၉၇၃ ခု အောက်တိုဘာလနောက်ပိုင်းမှာ.မူလနာမည်ရင်းကိုဖြောက်ပြီး Sampurnanand Sanskrit Universityအမည်ဖြင့်..u.p.State.University. အသိများခဲ့တယ်။
ထိုတက္ကသိုလ်ရဲ့မှတ်တမ်းများအရနောက်ဆုံးပန်တိုင်အထိ ဆက်လက်ကြိုးပန်းနေမည်ဟုဆိုသည်။ ထို Sampurnanand Sanskrit Universityသည် နှစ်ပေါင်း 205 နှစ်တိုင်ခဲ့သည် သက္ကတပညာရပ်တို့ စတင်ဖန်တီးပေးရာဟုလည်းဆိုနိုင်ပေသည်။ ထိုတက္ကသိုလ်ပညာေ၇းစနစ်ကိုလည်း နိုင်ငံတော် အစိုးရမှ လွန်စွာထောက်ခံမှု့ကိုရရှိခဲ့လေသည်။ ထိုတက္ကသိုလ်ဟာဖြင့် Sanskrit university ထင်ရှားကြော်ကြားလာခဲ့ပါတယ်။ သမိုင်းမှတ်တိုင်အများအရ 18 ရာစုက Sri Jonathan Duncan..
Sanskrit College ကို တည်ထောင်ခဲ့၍ Kashinath နှင့် Acharya တို့ဟာ ဝေဒ, ဝေဒန္တ,ပုရာဏ,အယုဒေ၀,သံဟိတ,astrology, Theology, Mimamsa, Nyaya စသောဘာသာရပ်များကို ပို့ချပေးခဲ့သည်။ထိုအချိန်က တက္ကသိုလ်ရဲ့ ဘဏ္ဍာငွေကိုတော့ Benares State မှသုံးစွဲခဲ့တယ်။ ထိုတက္ကသိုလ်တွင် ဋ္ဌာနအမျိုးအစားများအလိုက် ဒဿနိကဘာသာရပ်ဆိုင်ရာတို့ကိုလည်း သင်ကြားပို့ချပေးခဲ့သည်။
ထိုထိုတည်ထောင်ဖန်ဆင်းပေးသော ဆရာဂုရုကြီးတွေကို…ယနေ့ အကျွန်ုပ်အပါဝင်.ယ္ခု မျက်မှောက်တတ်ရောက်နေကြသော.ကျောင်းသားများဓါတ်ပုံကိုသာမြင်ဘူးတွေ့ဘူးကြတောပါ..
ဒါပေမဲ့အစည်းဝေးပြုလုပ်တိုင်း.ဆရာဂုရုကြီးတွေရဲ့ဓါတ်ပုံတွေသည် အမြဲတမ်းပန်းကုန်းများဝတ်ပေးကြသည်.အစည်းအဝေးတိုင်းတွင် မြန်မာဘုန်းကြီးတို့ရဲ့မေတ္တသုတ် ပရိတ်တော်အမြဲရွတ်ဖတ်ပေးရသည်.ယ္ခု..ထိုတက္ကသိုလ်ကြီးကို တတ်ရောက်နေကြသော
မြန်မာဘုန်းကြီးအရေတွက်မှာ. (၆၉)ပါးထိရှိနေပါပြီ.PH.D. ဒေါက်တာဘွဲ့ရပြီးသားတော့မပါ..ယ္ခု..PH.D.ဒေါက်တာတန်း.တွင် ကျမ်းတင်မည့်သူ.ကျမ်းပြုနေသူ.၀င်ခွင့်စောင့်နေသူဦးရေမှာ..( ၄၄ )ပါးရှိပြီး..M.A.တန်းတွင်
ပထမနှစ် ဒုတိယနှစ်.သင်ကြားနေသူမှာ ( ၂၅ )ဦးဖြစ်ပြီး စုစုပေါင်း ယ္ခုတတ်ဆဲမှာ.( ၆၉ )ဦးထိပညာသင်ကြားနေကြပါတယ် မိဝေးဖဝေးဘ၀နဲ့.အစားသောက်လေးတွေကို ခြိုးခြံခြွေတာပြီး.အဆောင်မှာအခက်ခဲကြောင့်.မိမိနှင့်သဟဇာတဖြစ်မည့်သူတွေပေါင်းပြီးအိမ်ကိုငှားကာ..
ကိုယ်တိုင်ချက်ပြုတ် စားသောက်ပြီး..ဘ၀အတွက်ရုန်းကန်နေရတဲ့.ကျောင်းသားလေးတွေပါဆိုတာ
သိပါစေတော့ရယ်လို့ ဗာရာဏသီကျောင်းသားလေး..ကနေ ပြောကြားလိုက်ပါတယ်ပေါ့.
အင်း…တကယ်တော့မလွယ်ဘူး..ဗျ..အစားအစာဆိုတာ.မြန်မာအစားအစာဆိုတာ အခြားအခြားနိုင်ငံတွေမှာရှိသော်ငြားလဲ..ဒို့များနေတဲ့ အိန္ဒိယ..မှာတော့မြန်မာအစားအစာဆိုတာ
မရှိဘူးဆိုရင် …အို..စာရှုသူ..ယုံမှာလား..??..ကလေးစကားလေးတခွန်းလောက်ငှားပြောကြည့်မယ်နော် မရှိရေးခြာမရှိပေါ့.အမိမြန်မာပြည်မှ လုံလောက်စွာယူလာရ သယ်လာရတယ်ပေါ့..ကော်ဖီမစ် ငါးပိ လဘက်ခြောက် ဒီကြားထဲ ချဉ်ပေါင်ရွက်ကြော်လေးတွေကအဆစ်ပါလာတတ်ကြစမြဲ.တခါတလေ.ကီလိုပိုလို့..
လေယာဉ်ကွင်းမှာ.ပေးလိုက်ရတဲ့..ဒေါ်လာကရှိသေးတော့.အခံရခက်ခက်နဲ့ပေးလိုက်ရတဲ့
အဖြစ်လေးတွေကလဲရှိခဲ့သေးတယ်လေ.တကယ်တော့ ဘ၀ကပေးတဲ့အသိလေးတွေလဲ ရသင့်သလောက်တော့ရခဲ့ပါပြီလေ
အမိမြန်မာပြည်မှာသပိတ်လေးပိုက် အချိန်တန်ပြေး မငတ်ပါဘူး ဒီမှာ သပိတ်ရဲ့ကိုယ်ပွါးလေးက
..မနက်မိုးလင်းတာနဲ့ စက်ဘီးအိုလေးနဲ့ဟင်းသီးဟင်းရွက်လေးတွေပေါခြောင်ကောင်းလေးတွေကို
လိုက်လို့ရှာ..အင်း…မိမိအိမ်ရောက်ပြန်တော့ဆားကမရှိ…ဆနွမ်းမှုံ့ ကကုန်..တခေါက်ပြန်ပြေးခဲ့ရ..
အလို..ကျောင်းမှီအောင် မချက်တတ်ချက်တတ် ဟင်းအမည်ခံလေးတွေလွေးပြီး တက္ကသိုလ်ကြီးဆီသို့..အပြေးအလွှားချီတတ်ရတဲ့နေ့ရက်တွေဟာ…အမေများသိခဲ့ရင်လေဆိုပြီးရင်ထဲမှ စကားလေးတခွန်းငြီးမှိပါရဲ့လေ..ဒီလိုနဲ့ နေ့မှသည် လသို့ လမှသည် နှစ်သို့ ရာသီတွေပြောင်းလဲပြီး
တက္ကသိုလ်ကြီးက စာမေးပွဲဖြေမဲ့၇က်လေးတွေကိုစောင့်မျှော်ရင်းနဲ့စာပေလေးတွေကြည့်ရှု.
ဥသြငှက်လေးရဲ့အလွမ်းသီချင်းသံလေးများကြားလေမလားဆိုပြီး တိတ်တိတ်လေးနားထောင်မိတယ်..ဥသြငှက်အလွမ်းသည်းချိန်ဟာ..အမိမြန်မာပြည်မှာ..
စာမေးပွဲတွေဖြေဆိုကြလို့ပေါ့..လားလား..ဥသြငှက်အသံတောင်မကြားရတာကြာခဲ့ပြီလား…ကွယ်..
ဆိုပြီးအခဏ်းတံခါးကိုပိတ်..တိတ်တိတ်လေးစာကိုကြည့်..စာမေးပွဲတွေဖြေပြီး..အမိမြန်မာပြည်ကို
ပြန်ကြပေမဲ့ အော် အမိတက္ကသိုလ်ကြီးကတော့.လာသမျှကျောင်းသားတွေကို အသိပညာတွေပေးပြီး
ဘွဲ့ ဒီဂရီတွေလဲပေးလိုက်တယ်ပေါ့…အမိတက္ကသိုလ်ကြီးမှာတော့..International.ဆိုသလို
မြန်မာ၊ တိဘက်၊ ထိုင်း၊ သီရိလင်္ကာ ဗီယက်နမ် နယ်သာလန် တရုတ် လာအို အိန္ဒိယသားများဖြင့်စုံလင်စွာတတ်ရောက်သင်ကြားခဲ့တဲ့ အမိတက္ကသိုလ်ကျောင်းတော်ကြီးကို လွမ်းမိပါသည်.အောက်မေ့မိပါသည်..

No comments:

Post a Comment