အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, February 20, 2010

တေဇောဓါတ်လောင်ရာအင်္ဂါရစေတီတော်

တေဇောဓါတ်လောင်ရာအင်္ဂါရစေတီတော်ကုသိနာရုံမြို့


မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်ကိုအင်ကြင်းဥယာဉ်အတွင်း၌ပင် (၆)ရက်တိုင်တိုင် ပန်းနံ့သာ တို့ဖြင့်ပူဇော် ပြီးလျှင်(၇)ရက်မြောက်နေ့၌ ဥတုဇရုပ်ကလာပ်တော်ကို မြို့၏တောင်ဘက်လမ်းဖြင့် သယ်ဆောင် ကာမြို့၏တောင်အရပ် ၌မီးသဂြိင်္ုဟ်ရန် ဆုံးဖြတ်၍မလ္လမင်း ၈- ဦးတို့ချီမကြကုန်၏။ နတ်များ မကျေနပ်၍ ကြွစေခြင်းငှာမတတ်နိုင် အရှင်အနုရုဒ္ဒါမထေရ်အား မေးလျှောက်ရာ နတ်တို့၏ ဆန္ဒမှာဥတုဇရုပ် ကလာပ်တော်ကိုမြို့ဤမြောက်ဘက်မှ သယ်ဆောင်ပြီးမြောက် ဘက်တံခါးမှ မြို့တွင်းသို့ သွင်းပြီးမြို့ လည်အတိုင်း အရှေ့တံခါးသို့ထွက်၍မြို့၏အရှေ့ဘက်တွင်မီးသဂြိင်္ုဟ်ပြီး တေဇောဓါတ်လောင်ရာ အင်္ဂါရ စေတီတည်ထားတော်မူ၏.

No comments:

Post a Comment