အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, February 9, 2010

အမှတ်တရလေးပါ


င့ါဘ၀နဲ့ အမေ........
အော်.......ရာသီတွေပြောင်းနေသ၍လည်း
ငါ့ဘ၀ရဲ့ စာပေကျောင်းသားဘ၀လေးက
မပြောင်းလဲ...အမေ့နဲ့ရွာကို
ခွဲရတဲ့ အကြိမ်လည်းမနည်း
လွမ်းရတဲ့ရက်တွေကလည်း စွဲစွဲမြဲမြဲဆိုပါတော့....
ဘာပဲဖြစ်ဖြစ် အမေနဲ့ခွဲရတဲ့ ငါ့ဘ၀...
အမေ၀မ်းသာတဲ့ မျက်လုံးတွေ ပိုများအောင်တော့
ငါလုပ်မှ..........
အမေရယ်....တကယ်ဆို သားအမေ့ကိုမခွဲချင်ပါဘူး
အမေ့အတွက်သာ ဆုတောင်းနေတယ်........
အမေဟာ သားအတွက် အမြဲရှိနေပါစေလို့ပေါ့......
အမေ့ကိုချစ်တဲ့သားလေး...အဝေးတမြေ...

နောင်တော်ကြီး အတွက်ညီငယ်မှ အမှတ်တရ..
9.2.2010 2း02 pm.

No comments:

Post a Comment