အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, February 12, 2010

Bloger သမားတဲ့


အင်း..မိုဃ်းတွေကလဲ ဘယ်အငြိုးတေးရယ်ကြောင့်မသိ တနေကုန်ရော..ဗျာ. ရွာလိုက်တာ.အိမ်ထည်းမှာအောင်းပြီး စာလေးတွေရေးမယ်ဆိုပြီး ကွန်ပြူတာကိုဖွင့်
ကွန်နရှင်က ပြတ်တောင်းစွာနဲ့ဆေးလိပ်တိုလေးကောက်လို့ဖွာမိပါရဲ့
ချက်တင်မှာတောင် ပြန်မပြောနိုင်တော့ဘူးတတိန်တိန်အသံတွေကို
ဥပေက္ခာပြု.စားဘို့တောင်မေ့ခဲ့ရပါတယ်.. ဟော..ကွန်နရှင်လေးကောင်းတာနဲ့
ရေးထားတဲ့စာလေးတင်မယ်လို့ကြံမိပြန်တော့ ..ဟင်..မီးကပြတ်သွားပြန်ပြီ..ဗျာ.
ဟို ခပ်လှမ်းလှမ်းမှ.မညီညာသောစည်းချက်တွေနဲ့တီးလိုက်တာလဲ
လွန်ပါရောလားဗျာ.တကယ်ကို စိတ်ညစ်မိတယ်လေ.ဒါပေမဲ့ ၀ါသနာသေခါမှရှော့တဲ့ ဗျ.တခါတလေများ.မိမိမှာ.ဒေါ်လာတွေရမဲ့လူတယောက်လိုများလို့ တွေးမိတယ်လေ..ရပါဘူး.တခါတလေမီတာခတွေတတ်မှာစိုးလို့..အမှောင်ထဲ ခြင်တွေနဲ့ နဘမ်းလုံးပြီးနေရတဲ့ရက်တွေကလဲများခဲ့ပြီလေ.မီတာခကလဲ တယူနစ် ၄ ရူပီး ကျောင်းစားဆိုတော့လဲ အစားခြွေတာရ.အသုံးခြွေတာရနဲ့.ညနေက သူငယ်ချင်းကလာပေးတယ်လေ ကော်ဖီမစ်က ၁၆ -ထုတ် ယမ်ယမ်ခေါက်ဆွဲထုတ်က ၃- ထုတ် မုန့်ဟင်းခါးထုတ်ကတထုတ်ဗျာ..အချိုမှုန့်တထုတ်က အဆစ်ပါလာသေးတယ် ဘယ်လောက်ကျေးဇူးတင်ထိုက်လဲ..၀ါသနာဗျိုး..တခါတလေ မိုးလင်းတယ်..အိပ်ရေးတွေပြတ်တယ်.၀ါသနာဗျို့..မနက်ကြတော့လဲ
နှိုးစက်လေးတော့ရှိတယ်.ဟို ဘက်အခဏ်းက တိဘက်သီလရှင်က အခဏ်းနဲ့မနီးမဝေးမှာ..စာလေးတစာစာအော်သံက နှိုးစက်ပါပဲ.တစ်ခါတလေ သူငယ်ချင်းအိမ်သွားပြီး စာလေးတွေတင်ရတယ်လေ ကျုပ်အခဏ်းကတော့ ဂျောင်ကလဲကြ.သူငယ်ချင်းအိမ်ကတော့မြင့်လဲမြင့် အမိုးပေါ်တတ်လိုက်တာနဲ့...ကောင်းလိုက်တာ..ခုတော့ ကျုပ်အိမ်က ခက်ကျဉ်းကျဉ်းလေးထဲမှာ.တော့.ဘယ်လိုမှအဆင်မပြေတော့လဲ..တခါတရံစိတ်ကူးမိပါရဲ့ ကွန်ကောင်းသောနေရာနဲ့ မီးမပြတ်တဲ့နေရာ..နေထိုင်ရပါလို၏..လို့..

No comments:

Post a Comment