အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, February 10, 2010

ရင်ထဲကစကား

ကျောင်းတော်တက္ကသိုလ်သို့ခြေလှမ်းများ

လွယ်အိပ်ကိုလွယ် အိပ်ချိန်ပယ်ရွေ့
ကျောင်းတော်တက္ကသိုလ်တတ်ရတယ်.
စက်ဘီးကိုစီး နေပူချည်းတည်း
ကျောင်းတော်တက္ကသိုလ်တတ်ရတယ်.
ဒီ နိုင်ငံဝယ် လူဦးရေပေါများ ကုလားများနှင့်
တိုးငှေ့ကာစီး. ကျောင်းကြီးမှီအောင်
ကျောင်းတော်တက္ကသိုလ်သွားရတယ်
တခါတလေ ကုလားတွေက အလိုက်မသိ
ဝင်တိုက်မိလို့..ကျတဲ့မျက်ရည်ရှိခဲ့တယ်
စက်ဘီး လန်ချား မော်တော်ကားနဲ့
ဆိုင်ကယ် နွားတွေ ကုလားတွေနဲ့
ထိကေ အာချား.ကုလားစကားနှင့်
ကီလို တဆယ် ဝေးကွာကျောင်းကြီး
အမြန်ခရီးနဲ့..
ကျောင်းတော် တက္ကသိုလ် ပြေးရတယ်
ကျောင်းတော်တက္ကသိုလ် သင်သည့် စာပေ ဘာသာတွေက
သက္ကတ ဟိန္ဒီ ဖလော်လဂျီတွေနဲ့..
မမြင်စဘူး စာအထူးကြောင့်.
အမိ မြန်မာ ဘာသာစကား ပါဠိ အဌကထာ
ကျမ်းရွှေစာနဲ့ သင်ယူခဲ့ရ ငါ့ ဘ၀မှာ..
ခုတော့……လဲ…ရှေ့သို့ တတ်ခါ ကျမ်းရွှေစာကို.
မုချပန်းတိုင် လှမ်းကိုင်နိုင်အောင်
ကြိုးစားနေပြီ…ခုတော့လဲ….

No comments:

Post a Comment