အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, February 26, 2010

လိစ္ဆ၀ီမင်းတို့ဘုရားဓါတ်တော်ထားသည့်စေတီတော်နေရာ


ဝေသာလီမြို့၏အနီးနားတွင်အမ္ဖပါလီမည်သောပြည်ရဲ့တန်းဆာမ၏သရက်ဥယာဉ်ရှိ၏.အခါတပါးမြတ်
စွာဘုရားသည်အမ္ဖပါလီ၏ပင့်ဖိတ်မှုကြောင့်အိမ်သို့ဆွမ်းအလှူခံကြွတော်မူ၏
ထို့အတူရဟန်းတော်တွေ
ကိုလဲပင့်ဖိတ်မှုရှိလျှင်ကြွရောက်နိုင်၍ အိမ်၏အခဏ်းတွင်ကိုမူဝင်ရောက်ခွင့်မပြု.ဟုဝိနည်းဥပဒေနှင့်
တားမြစ်ထားတော်မူခဲ့လေ၏။
၎င်းဝေသာလီမြို့တော်သည် အမ္ဖပါလီမည်သောပြည်တန်းဆာမ၏စွမြက်ဖွယ်ရာအာရုံ ငါးဖြာကြောင့် ထင်ရှား၏ ကျော်ဇော၏.အမ္ဖပါလီသည်အလှကြွယ်သူဖြစ်၍တိုင်းပြည်၏ဂုဏ်အင်္ဂါ တိုင်း
ပြည်၏ရတနာတန်းဆာဖြစ်သောကြောင့်..ပြည်တန်းဆာ.ဟု ဂုဏ်ပြုခံရသူဖြစ်၏။.
ဟို..ရှေးခေတ်က ပြည်၏တန်းဆာတို့သည် ဘာသာရေးကိုပြုလုပ်သည်ဟု တွေ့ရ၏.
ထိုဝေသာလီမြို့၏ အိမ်နီးချင်းဖြစ်သောမဂဓတိုင်းကိုအုပ်ချုပ်သောဘုရင်ဗိမ္ဖိသာရမင်းသည် အမ္ဖပါလီ
အားရာဇဂြိုဟ်မြို့သို့လာရောက်၍ အခကြေးငွေ(၂)ဆတိုးပေးကာပြည်တန်းဆာအလုပ်ကိုလုပ်ရန်
အလိုရှိခဲ့သည်။သို့သော်ရာဇဂြိုဟ်မြို့သူဋ္ဌေးတို့သည်ဘုရင်၏အစီအမံကိုလက်မခံပဲ ရာဇဂြိုဟ်မြို့သူ
သာလာဝတီ အမည်ရှိသော အလှကြွယ်သူမိန်းကလေးကိုပြည်တန်းဆာမ.ဘွဲ့ပေး၍လုပ်ကိုင်စေ၏.
အဗြဟ္မစာရိယ သိက္ခာပုဒ်တော်ကိုစောင့်ထိန်းကုန်သောပုဏ်ဏားတို့သည်ဘုရင့်အမိန့်အရဖွင့်လှစ်
သောထိုပြည်တန်းဆာမလုပ်ငန်းကိုဘုရင့်အားပိတ်ပင်ခိုင်းခဲ့၏။ပြည်တန်းဆာဆိုသည်မှာ မြတ်စွာဘုရားလက်ထပ်တော်အခါကလဲရှိခဲ့လေ၏.ယ္ခု..ခေတ်မှာမူ.ပြောဘွယ်ရာမရှိတော့သည်သာတည်း။

No comments:

Post a Comment