အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, February 21, 2010

ဗာရာဏသီကျောင်းသားလေးဆိုတော့ငယ်ငယ်လေးလား တဲ့

ကျောင်းသားလေးရဲ့မွေးမေမေပါ.
အင်း. ကျောင်းသားလေးဟုတ်ဘူး.ကျောင်းသားကြီးပါ ဘိုးအရွယ်ရောက်လို့နေပါပြီ.သေမင်းသို့ခြေလှမ်းတောင်ပြင်
နေပါပြီ.မသေခင်တော့မိမိသိတာလေးတွေအားလုံးသိစေခြင်တဲ့ဆန္ဒတခုတည်းနဲ့စာလေးရေးတယ်.ဓါတ်ပုံ
လေးတွေတင်ပြတာပါ.အအိပ်ပြတ်တယ် အစားပြတ်တယ်
ဗျို့.ဒါပေမဲ့.မရောက်ဘူးကြသူများဘလော့ကိုဖတ်ပြီးတကယ်ရောက်ဘူးလေအောင်တော့ရေးတာပဲတကယ်လို့ပေါ့
ရောက်ခဲ့ရင်လဲကျောင်းသားလေးရဲ့တင်ထားတဲ့ပုံလေးတွေရေးထားတဲ့စာလေးတွေက.သြော်..ဆိုပြီးအာမေဋိတ်
လေးတွေဖြစ်ခဲ့ရင်ကျေနပ်နေမှာပါ.အတတ်နိုင်ဆုံးတော့ရေးတာပဲလေ.ဒါပေမဲ့လဲ စာရေးဆရာဟုတ်ဘူး.ကျောင်းရဲ့
သားဆိုတော့ကျောင်းစာကကြည့်ရသေးတယ်..အဟီး.အခု.ဆိုကျောင်းသားလေးကအမေ့ကိုလွမ်းနေတာလေ အမေများနေကောင်းပါစ.အမေနဲ့ဝေးနေမှအမေကိုပိုလို့လွမ်းမိပါရဲ့အမေ.ရယ်.ဟိုရောက်ရင်ငါ့သားစိတ်မကြီးနဲ့တဲ့
စာလဲကြိုးစား.ငါသားပညာတတ်ကြီးဖြစ်ပါစေ.တဲ့.သားအဖေတော့မသိရှာတော့ပါဘူးတဲ့ဆိုပြီးအမေ့ရဲ့.မျက်နှာမှ
မျက်ရည်ဥတွေကပြိုင်ပြိုင်ကြလို့.သားကတော့အမေကိုမှာခြင်တယ်.အမေ.ဟာဥပုသ်စောင့်မြဲသော အမေဖြစ်စေခြင်တယ်ဆိုတော့.အမေဟာအဖိတ်နေ့ ဥပုသ်နေ့တွေဆိုအမြဲစောင့်ပါတယ်တဲ့.အကြားခြင်ဆုံးသော
စကားအမေ့ဆီမှကြားခဲ့ရတော့ရင်ထဲမှာပီတိတွေမြစ်လိုက်တာအမေ.ရယ်.ခုလဲ အမေ့ကိုအမှတ်ရလို့အမေ့ရဲ့
ခြေရာလေးအင်တာနက်စာမျက်နှာနေရာပေးထားလိုက်တယ်အမေ..ရေ..
အမေ.ကျမ္မာချမ်းသာပြီးဥပုသ်စောင့်မြဲသောအမေ.ဖြစ်ပါစေလို့ပေါ့...အမေရဲ့ သား.

No comments:

Post a Comment