အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, February 12, 2010

သြ၀ါဒ

ရွှေဥမင်ဆရာတော်ဘုရားကြီး၏သြ၀ါဒတော်များ

သူတော်ကောင်းဆိုတာ.
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့ သင်မကောင်းရင်တော့ကျွန်ုပ်ဆိုးမယ်ဆိုတဲ့သဘောပေါ့နော် ဒါ ဆိုအတော်ကိုကြောက်စရာကောင်းတာပဲ သူတော်ကောင်းဆိုတာ သင်ကောင်းကောင် မကောင်းကောင်း ကျွန်ုပ်ကတော့အမြဲကောင်းနေရမယ်လေ..

စေတနာကိုမတွန့်တိုကြပါနဲ့
စေတနာသည်လူတိုင်းနှင့်မတန်ပါလို့ စာတန်းတွေကပ်ထားကြတာ အိမ်အချို့မှာတွေ့တယ် အလကားရတဲ့စေတနာကိုပဲ နှမျှောတွန့်တိုရာရောက်နေရင်ကောင်းမလား စဉ်းစားကြနော်

သတိ နဲ့ အချစ်
သတိနဲ့နေခြင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်တယ် ကိုယ့်ကိုယ်ကိုချစ်ရင် သတိနဲ့အသိအမြဲကပ်ပြီးနေရမယ်

ပကာသနကိုရှောင်
အပျော်နှင့်အကြွားအက
ုသိုလ်တရားက ကုသိုလ်ဟန်ဆောင်ရွေ့ ပြိန်းအသောသူတို့ကို လှည့်ပတ်စေ၏.

No comments:

Post a Comment