အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, June 28, 2012

စစ်မှန်သောအလှူပေးတတ်ဘို့

အလှူ…
အလှူဆိုသည်မှာ ကူညီခြင်း စွန့်လွှတ်ခြင်း ပေးကမ်းခြင်း ထောက်ပံ့ခြင်း ချီးမြှင့်ခြင်းကိုဆိုလိုသည်။ ဗုဒ္ဒဘာသာလူမျိုးများသည် အလှူရေစက် လက်နှင့်မကွာ အစဉ်အမြဲ လှူဒါန်းနေကြသောသူများ ဖြစ်ပေသည်။ သို့ရာတွင် ဤသို့သောလူများ၏ အကျိုးပေးကား အဘယ့်ကြောင့် နုံချာနေကြပါသနည်း။ ပြန်လည်ဆန်းစစ်သင့်ကြပေ၏။
အလှူအမျိုးအစားနဲ့ အကျိုးပေးပုံ…
ရုပ်ဝတ္ထုအလှူနှင့် လုပ်အားဒါနအလှူ ဟူ၍ အလှူနှစ်မျိုးရှိ၏။ မိမိပိုင်ဆိုင်သောအရာများ လုပ်အားဆောင်ရွက်မှုများကို စွန့်လွှတ်စိတ်ထား စွဲလန်းမှုကင်းကွာ ကိုယ်ကျိုးစွန့်ခြင်းဖြင့် သူတပါးကောင်းကျိုးအတွက် အဓိကထား လုပ်ဆောင်ခြင်းကို လှူဒါန်းသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သို့တည်းမဟုတ် စွန့်လွှတ်စိတ်မပါ ငါ့ပစ္စည်း ငါ့ဥစ္စာ အစွဲအလန်း တစုံတရာမျှော်လင့်ချက်နှင့် ပေးကမ်းလှူဒါန်းမည်ဆိုပါက အလှူ ဒါန အထမြောက်လိမ့်မည်မှာ မသေချာလှပေ။ ဤကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် မလှူဒါန်းနိုင်ခြင်းဟူသော အကြောင်းတရားကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ပဲ နုံချာသေးနုပ်သော အကျိုးတရားကိုသာ ရရှိစေပါသည်။ အစွဲအလန်းကင်းကင်းဖြင့် စိတ်ပြတ်သားစွာ လှူဒါန်းမှသာလျှင် စစ်မှန်သော ကောင်းကျိုးကို အပြည့်အဝ ရရှိမည်ဖြစ်ပါသည်။
အလှူသင့်ဆုံးသော အလှူခံပုဂ္ဂိုလ်
ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များသာမက၊ သက်ရှိတိရိစ္ဆာန်များအပါအဝင် အယုတ်အလတ် အမြတ်မရွေး မည်သူမဆို လိုအပ်နေသောအချိန်တွင် လိုအပ်နေသောအရာကို လှူဒါန်းခြင်းသည် အသင့်တော်ဆုံးနှင့် အမွန်မြတ်ဆုံးဖြစ်ပါသည်။ ပြည့်စုံကုံလုံသော ရဟန်းသံဃာတော်များကို လှူဒါန်းကြမည့်အစား၊ မပြည့်မစုံ မလုံလောက်သော စာသင်သားကိုရင် ဦးဇင်းလေးများကို လှူဒါန်းခြင်းသည် ပိုမို သင့်တော်မွန်မြတ်လှပါသည်။ ထို့အတူ ချမ်းသာသော လူများကို ပင့်ဖိတ်ကျွေးမွေးကြမည့်အစား၊ ဆင်းရဲသောသူများကို စတုဒီသာကျွေးမွေးခြင်းကား အလှူရှင်သာမက၊ အလှူခံလူများကိုပါ ပိုမို အကျိုးရှိစေပါသည်။
အချို့သော လှူဒါန်းသူများသည် အလှူခံပုဂ္ဂိုလ်၏ သီလစင်ကြယ်မှုကို အရေးတကြီး အရေးထားနေပြီး၊ မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိမရှိ ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြ၏။ အမှန်စင်စစ် မိမိ၏ စိတ်စေတနာသန့်စင်မှုနှင့် မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိဖို့က ပိုပြီး အရေးကြီးပါသည်။ လက်တဖက်က ခိုးယူပြီး၊ ကျန်လက်တဖက်ဖြင့် ပြန်လှူဒါန်းခြင်းသည် မလုပ်သင့်သော အရာပင်ဖြစ်ပါသည်။
အလှူသင့်ဆုံးသော အလှူခံပစ္စည်း
လှူဒါန်းရာတွင် အလှူခံပစ္စည်းသည် အပ်စပ်မှုရှိပြီး အလိုအပ်ဆုံးအရာဖြစ်ဖို့ အရေးကြီးပါသည်။ ရဟန်းသံဃာတော်များ အတွက် ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်းတည်းဟူသော ပစ္စည်းလေးပါးနှင့် အပ်စပ်သော အလှူဖြစ်ရန် အရေးကြီးလှပါသည်။ မိမိအလှူကြောင့် ရဟန်းသံဃာတော်များ၏ ဝိနည်းအာပတ်သင့်စေပါက မိမိ၏အလှူသည် စင်ကြယ်သောအလှူ မဖြစ်နိုင်တော့ပေ။ အလှူခံပစ္စည်း၏ တန်ဖိုးအနည်းအများ၊ အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ်ရှိန် ရာထူး အဆောင်အယောင်များသည် အဓိက မကျပဲ၊ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေအကျိုးရှိစေရန် ရည်သန်လျက် မိမိအကျိုးကို ထည့်မတွက်ပဲ စွန့်လွှတ်လှူဒါန်းနိုင်ခြင်းသည်
သာ စစ်မှန်သော အလှူဖြစ်နိုင်ပါသည်။
ကုသိုလ်မရ၊ ငရဲကျ…
မြန်မာလူမျိုးအများစုသည် အလှူလှူဒါန်းရာတွင် နံမည်ဂုဏ်ပုဒ် ကို အလွန်တရာမက်မောသူများဖြစ်ကြသည်။ ဘုရားတကာ ဘုရားအမ ကျောင်းတကာ ကျောင်းအမ ရဟန်းတကာ ရဟန်းအမ စသော ဂုဏ်ပုဒ်များကို သေလွန်သည့်အခါ သတင်းစာတွင် ကြော်ညာရုံအားမရကြ သေရာညောင်စောင်း သုသာန်အုတ်ဂူ ရောက်သည်အထိ ဂုဏ်ဖော် ဂုဏ်ယူကြလေ့ရှိကြသည်။ အမှန်စင်စစ် လှူဒါန်းပြီးသော မည်သည့်အရာမဆို လှူဒါန်းသူနှင့် လားလားမျှ သက်ဆိုင်မှု မရှိတော့ပေ။ ရုပ်ဝတ္ထုပစ္စည်းသာမက လုပ်အားဒါန၏ အသီးအပွင့်အားလုံးတို့သည် အလှူခံပုဂ္ဂိုလ်နှင့်တကွ လူ့အဖွဲ့အစည်းတရပ်လုံးရှိ လူအားလုံးနှင့်သာ သက်ဆိုင်ပေတော့သည်။
ဥပမာအားဖြင့် ဘုန်းကြီးကျောင်းတကျောင်းအား ဆောက်လုပ်လှူဒါန်းမည်ဆိုပါက ၄င်း ဘုန်းကြီးကျောင်းသည် အလှူရှင်ပုဂ္ဂိုလ် သို့မဟုတ် စုပေါင်းအလှူ ဖြစ်သော အဖွဲ့အစည်းတရပ်နှင့် သက်ဆိုင်မှုမရှိတော့ပေ။ ယင်းဘုန်းကြီးကျောင်းသည် အလှူခံ ရဟန်းသံဃာနှင့်တကွ ဘုရားသားတော် သမုတိသံဃာတော်အားလုံးသာမက လူ့အဖွဲ့အစည်း အတွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်သာ သက်ဆိုင်မှု ရှိရပေမည်။ ဤသို့မဟုတ် အလှူရှင်အနေဖြင့် ငါ့ကျောင်း ဟူသော အစွဲအလန်းကို မစွန့်လွှတ်ပဲ ဘုန်းကြီးကျောင်းနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှ ဝင်ရောက်စွက်ဖက်နေမည် ဆိုပါက ကုသိုလ်တစ်ပဲ အကုသိုလ်တစ်ပိသာ ဖြင့် အပယ်ငရဲ လားရမည်မှာ သေချာလှပါသည်။
အတုယူသင့်ပါတယ်….
ဗုဒ္ဓဘာသာဝင်များသည် အလှူ လှူဒါန်းရာတွင် ခရစ်ယာန်ဘာသာဝင်များ၏ လူမျိုးမရွေး ဘာသာမရွေး အချိန်နေရာမရွေး လှူဒါန်းမှုနှင့် စိတ်နေစိတ်ထား စိတ်ပြတ်သားမှုကို အတုယူသင့်ပါသည်။ ခရစ်ယာန်လူမျိုးများသည် လှူဒါန်းရာတွင် လိုအပ်သောနေရာတွင် အမှန်တကယ်လိုအပ်သောသူများကိုသာ အယုတ်အလတ် အမြတ်မရွေး၊ မိမိအကျိုးတစုံတရာ မမျှော်ကိုးပဲ၊ စွန့်လွှတ်လှူဒါန်းလေ့ရှိပါတယ်။
တူသောအကျိုးပေးမှာပါ…..
ဆုဆိုသည်မှာ တောင်း၍ရသော အရာမဟုတ်၊ လုပ်ယူရသောအရာ ဖြစ်ပေသည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက မည်သည့်အလုပ်မျှ လုပ်စရာမလို၊ ဆုသာ ထိုင်တောင်းရုံသာ ရှိပေတော့မည်။ မိမိပြုလုပ်သော ကောင်းသောကံ၏ တူသောကောင်းကျိုးမှန်သမျှကို မိမိသာလျှင် ပြန်လည်ရရှိမည်ဖြစ်သည်။ တောင်းယူစရာမလိုပဲ အလိုအလျှောက် ရရှိမည့် အကျိုးတရားဖြစ်ပါသည်။
သို့ရာတွင် တခါတရံ တချို့သော လူများ၏ လူချမ်းသာ နတ်ချမ်းသာများဆုတောင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ဘဝဆက်တိုင်း ပေါင်းဆုံရပါစေကြောင်း ဆုတောင်းများသည် ပြည့်ပါသည်ဟု စောဒက တက်မည်ဆိုပါက၊ ၄င်းသည် ဆုတောင်းခြင်းကြောင့် ပြည့်ဝခြင်းမဟုတ်ပဲ၊ ဘဝတဏှာကို စွဲလန်းခြင်းဟူသော ဥပါဒါန်တရားကြောင့်၊ ဘဝတဖန်ထပ်မံရရှိခြင်းဖြစ်ပါသည်။
အကောင်းဆုံးစိတ်ထားနည်း..
မိမိ၏ အကျိုးတစုံတရာကို လက်ရှိဘဝအတွက်သာမက၊ နောင်သံသရာအတွက်ပါ မျှော်ကိုး တွက်ချက်မနေပဲ၊ အလှူခံပုဂ္ဂိုလ်များ၏ အဆင်ပြေအကျိုးဖြစ်ထွန်းမှုများကို ဝမ်းမြောက်ဝမ်းသာ စိတ်စေတနာ သန့်သန့်ထားခြင်းဖြင့်၊ စွန့်လွှတ်လှူဒါန်း ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပါသည်။ ။
တရားအသိကိုပေးလှူပါသည်။
 ဖေ့ဘုတ်စာမျက်နှာမှ တွေ့ရှိ၍ တင်ပြလိုက်ပါသည်။




Monday, June 18, 2012

ဗာရာဏသီရွှေမြို့တော်၏ ဦးစွာမိုဃ်း

ဒီနေ့ ၁၈.၆.ရက်နေ့ပေါ့.ညအချိန်မိုဃ်းလေးဖွဲဖွဲကျနေခဲ့သည်မို့ အပူဒဏ်သက်သာပြီပေါ့။ မိုဃ်းချိန်းသံတွေလဲကြားနေရ၏။အပြင်ထွက်ကြည့်တော့ လဲ အအေးဓါတ်သည် သိသာနေခဲ့ချေ၏။အင်း.မနက်ဖြန်..စတဲ့ နေ့ရက်တွေမှာလည်း ရွှေမိုဃ်းရယ် ရွ့ာပါဦးလို့ဆိုပြီး ဆုတောင်းနေမိတယ်.။လက်တွေမှာလည်းအပူနာတွေနဲ့ ။ တနေကုန် တညလုံး ဖွင့်ထားရတဲ့လေပန်ကာနဲ့ ကိုလာကြောင့် မီတာတွေလဲတတ်လှပြီ။ ခု post တင်နေချိန်မှာ မိုဃ်းလေးက တဖျောက်ဖျောက်နဲ့ မိုဃ်းချိန်သံတို့သည်လည်း ကြားနေဆဲမို့ ..ပျော်ရွှင်စရာ နေ့တနေ့မို့ ဘာရယ်တော့မဟုတ် အမှတ်တရ post တခုအဖြစ် တင်လိုက်မိတယ်။

Friday, June 15, 2012

နဖူးကချွေးဒူး(သို့) မိမိနှင့်ပန်ချပ်

မနေ့က ညနေစောင်းလေးမှာ သရက်သီးစားချင်စိတ်လေးဖြစ်မိတာနဲ့ စက်ဘီးလေးနဲ့ ထွက်သွားခဲ့တယ်။ အိုညနေခင်းနေသာဝင်တော့မှာ အပူရှိန်ကတော့ ပူမြဲပါပဲ။ မရောက်တာကြပြီဖြစ်တဲ့ တြိပူရ် ဘက်လည်း သွားရင်းပေါ့။ သွားရင်းသွားရင်းနဲ့ ဘယ်ရောက်လို့ရောက်မှန်းတော့မသိတော့ဘူး။ ကုလားအိမ်ကြိုအိမ်ကြားတွေထဲမှာ နွားချေးတို့ဖြင့် နံစော်နေခဲ့တယ်။ ရထားသံလမ်းတနေရာကိုရောက်ခဲ့ပြန်တယ်..အော် ဒါတော့သိပြီ အာရှပူရ် တနေရာပဲဆိုပြီး ဆက်သွားခဲ့ပြန်တယ်။ မိမိစားလိုသော သရက်သီးကားအထူးတော့မဟုတ် သရက်သီးစိမ်းဖြစ်တယ်။ သရက်သီးစိမ်းလေးကို ဒါးလေးနဲ့ ကွင်းလို့ ကွင်းလို့ လှီးပြီး သရက်ချဉ်အဖြစ်စားချင်မိလို့ လျှောက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ ဒါနဲ့ အာရှပူရ်နဲ့ မလှမ်းမကမ်း ၃ ကီလိုလောက်မှာရှိတဲ့ ၅ ကီလိုဈေးသွားမှဆိုပြီး ဆက်နင်းခဲ့တယ်။ လမ်းကလဲ ဆိုးဝါးလိုက်တာ ဒီနေ့နင်းရတာ သွားရတာ အဆင်မပြေပါလားဆိုပြီး အရမ်းမောလာခဲ့တယ်။ တနေရာအရောက် စက်ဘီးကြည့်မိတော့ နောက်ဘီးကလေမရှိတော့ အော် ဒါ့ကြောင့်ကိုး ဆိုပြီး မလှမ်းမကမ်းတနေရာရောက်တော့ လေ၀င်ထိုးခဲ့တယ် ရူပီး၁ ရူပီးပေးပြီး ဆက်သွားခဲ့တယ် ။၅ ကိလိုဈေးရောက်တော့ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရှုတ်ပွေလို့နေတယ်ပေါ့။ စားလိုသော သရက်သီးစိမ်းတွေ့တော့ မေးကြည့်တယ် လက်ထဲမှ ၄ လုံး ကိုင်လျှက် ချိန်စေခဲ့တယ် တကီလိုတဲ့ ၄၀ တဲ့။ ဈေးကြီးတယ်ကွာ=ဗဟုမန်ငါး။ ဆိုပြီး လှည့်ထွက်ပြန်လာခဲ့တယ်။ လက်တွန်းလှည်းတွေရော ဆိုက်ကားတွေရော ကားတွေရော နွားတွေရော လူဦးရေထူထပ်ပေါများလှတဲ့အထဲမှာ နွားတွေကလဲ လူတွေ အလည် မြို့လည်ခေါင်တွေမှာ သူတို့မဟုတ်သလို ခပ်တည်တည်သွားလာလို့နေကြတယ်လေ။ နွားလဲရှောင်ရ ခွေးလဲရှောင်ရနဲ့ မမိတမိ ဘရိတ်လေးကို လက်က ချိန်ဆနေရတယ်။ နဖူးကချွေးတွေကလဲ ဒူးပေါ်သို့ ကျစေခဲ့တယ်။ ခြေမထိတော့ မရောက်ဘူး စက်ဘီးနင်းလျှက်နဲ့မို့ ဒူးပေါ်သာ ကျခဲ့တယ်။ တနေရာရောက်တော့ ဒိုင်းကနဲ အသံမြည်လာတော့ ရော ပေါက်ပြီ စက်ဘီး ။ ရာသီဥတုကလဲပူတယ် လမ်းကလဲ ကြမ်းဆိုတော့ စက်ဘီးလည်းမနေနိုင်တော့ ငိုပြလိုက်တယ်။ ဒါနဲ့ သက်ဘီးလေးတွန်းပြီး ဆက်သွားနေခဲ့ရင်း မထူးပါဘူး နောတော့လဲ မတတ်နိုင် စက်ဘီးကိုပဲ ပေါက်လက်စလေးကို ခပ်ဆဆလေးနဲ့ နင်းခဲ့တယ်။ ဘန္တေဂျီ ပန်ချပ်..တချို့ကြပြန်တော့ ဂုရုဂျီ ပန်ချပ်။ ( စက်ဘီးပေါက်နေပြီလို့ဆိုလိုပါ၏။)သိတာပေါ့။ မြန်မာဘုန်းကြီးတွေကို ကုလားများက ဘန္တေကြီး ဂုရုကြီးလို့ခေါ်ကြတယ်ပေါ့။ မြန်မာမှမဟုတ် အခြားသော တိဘက် ကမ္ဘောဒီးယား ထိုင်း ဗီယက်မန် ရဟန်းတွေကို ဒီလိုပဲခေါ်တတ်ကြတယ်။ဒါပေမဲ့ မတတ်နိုင်ဘူး စက်ဘီးဆိုင်နဲ့လဲ တော်တော် ဝေးနေတော့ ဦးခေါင်းကိုငြိမ့်လျှက် သိတယ်ဆိုတဲ့အမူယာကိုပြခဲ့ပြီး ဆက်လက်သွားခဲ့တယ်ပေါ့။ မကြာခင် စက်ဘီးပြင်ဆိုင်ကိုရောက်ခဲ့တယ် ။ ၁၀ မိနစ်လောက်ထိုင်စောင့်နေခဲ့တယ်။ အော် ငါသွားရှာတဲ့ သရက်သီးစိမ်းလဲမရသေးပါလားဆိုပြီး စရဏတ၀ိုက်လှည့်ရှာပြန်တော့ တွေ့ပြီ ခပ်မာမာ လေး၃ လုံးရွေးပြီး ချိန်ခိုင်းပြန်တော့ အသားကီလို မရှိတရှိမို့ ၈ ရူပီး ကျလို့  ပေးကာပြန်လာခဲ့တယ်။ အိမ်ရောက်ရင် ဒါးလေးနဲ့ ရစ်လှီးပြီး ဆားလေးနဲနဲထည့်ကာ သရက်ချဉ်အဖြစ် လုပ်ရမည်ကို တွေးပြီး ခရမ်းချဉ်သီးကို ငါးပိလေးများများနဲ့ဆီပြန်ချက်ပြီး ဆွမ်းဘုဉ်းရတာလဲ မကောင်းတာ ကြာခဲ့ပြီမို့ စားချင်စိတ်အာသီသလေးကြောင့် နဖူးကချွေး ဒူးသို့ကျကာ လိုက်ရှာခဲ့ရသော သရက်သီးစိမ်း….။

Thursday, June 14, 2012

ယောင်္ကျားလေးမဟုတ်လို့တဲ့ မိမိရင်သွေးသမီးငယ်လေးအားညှင်းပန်းနှိပ်စက်သောအိန္ဒိယနိုင်ငံက ဖခင်

ကဲ ..ခေတ်ကြီးဘာတွေ ဖြစ်ကုန်ကြပြီလဲ...? မိမိရင်သွေးကိုတောင် ရက်စက်နေမှတော့ တစိမ်းအပေါ်မတွေးဝံ့စရာပဲပေါ့။ အိန္ဒိယနိုင်ငံ၏ အမျိုးသမီးမွေးဖွားခြင်းသည် စရိတ်ကုန်ကျသည်မှာမှန်သော်လည်း အဲလိုစရိတ်ကုန်ကျသည်ကို မိမိ၏ရင်သွေးအား မညှာမတာညှင်းပန်းနှိပ်စက်တာတော့ လူမဆန်မှုပဲလေ..။အင်တာနက်ဖေ့ဘုတ်စာမျက်နှာတနေရာကနေတွေ့မိတော့ တင်မိလိုက်တာပါ။ မိမိနေသောအိမ်ပိုင်ရှင်မှာလဲ သမီးတယောက်ထည်းမွေးထားတာပဲ ချစ်လိုက်တာတုန်နေတာပဲ သူ့မိဘများက ၂၀၀၉ လောက်ကအဆိုပါ အိမ်ရှင်သမီးကိုမေးဘူး၏။ သူလဲ ယောက်ျားတယောက် တောင်းနိုင်ဘို့ သူ့မှာလဲ ဘွဲ့ ဒီဂရီတွေ များများတတ်မှဆိုပြီး ကြိုးစားနေရှာပါတယ်..။အမှန်ပြောရရင် ရုပ်ကတော့ တကယ့်ကို မလှပါဘူး.သို့သော် မိဘများကလဲ သူ့အတွက် လင်ကောင်းရရှိရေး ဓါတ်ပုံးလေးနဲ့ သားမက်ရှာပုံတော်ဖွင့်နေလေရဲ့ သူကလဲ အတတ်နိုင်ဆုံးဘွဲ့ဒီဂရီတွေ ရရှိဘို့ကြိုးစားနေဆဲပါ..။ ခုတော့ ဤသို့မဟုတ်အမျိုးသမီးလေးမွေးဖွားလို့ ညှင်းပန်းနှိပ်စက်ခြင်းဟာ လူမဆန်မှုပဲ..
2a013aa8-5d45-49b2-9026-5d44a86e94bdMediumRes
လူ့ဘ၀ ဘာဆိုဘာမှန်းတောင်သိမသွားလိုက်ရရှာဘူးနော်.

သားယောင်္ကျား လေး မမွေး ဖွား ပေး ဟု ဆိုကာ စိတ်ကြီး လှသည့် အိန္ဒိယ ဖခင် သည် သုံးလ
သား အရွယ် သမီး ငယ် ကလေး ကို ဆေးလိပ် မီးဖြင့် ထိုးခြင်း ၊ ဓားဖြင့် ခုတ် ခြင်း ၊လည်ပင်း
ကို လှီးဖြတ် ခြင်း တို့  ဖြင့် သတ် ဖြတ် ခဲ့ သည် ဟု CNN သတင်း တွင် ဖော်ပြထားသည်။
Afreen ဟု အမည် ပေးထားသည့် သုံးလ အရွယ် လသား ကလေး ငယ် သည် ဒဏ်ရာများ
ဖြင့် ဆေးရုံ သို့  ရောက်ရှိ ခဲ့ ပြီး နောက် သေဆုံး ခဲ့ သည်။ ရဲ က ကလေး ၏ ဖခင် ကို လူသတ်
မှု ဖြင့် ဖမ်းဆီး ခဲ့ သည်။
Afreen ၏ မိခင် ဖြစ်သူ သည် သမီး လေး မွေးဖွား ပြီး နောက် နယ်အဝေး ရောက် နေသည့်
သူ့  ယောင်္ကျား ဆီ သို့  အကြောင်းကြား ခဲ့ ရာ ၊ ” မိန်းကလေး လား …. နင်ဘာလို့  ငါ့ အတွက်
ယောင်္ကျား လေး မွေး မပေးတာ လဲ ဟု အကြောင်း ပြန်ခဲ့ သည်။
“သူက ယောင်္ကျား လေး လို ချင်တယ် ၊ မိန်းကလေး က ကုန်ကျ စရိတ် ကြီးတယ်။ သမီး
လေး မွေး ပြီး တစ်ရက် နှစ် ရက် နောက် တော့ သူ က ရာဇသံ ပို့ တယ်။ ဒီကောင်မလေး
ရဲ့  မွေးနေ့  အတွက် ရူပီး တစ်သိန်း (ဒေါ်လာ ၁၈၀၀) လိုတယ် ။ မင်း မိဘ တွေ ဆီ က ဒီ
ပိုက်ဆံ ကို တောင်း ၊ ငါတော့ စိုက်မပေး နိုင် ဘူး  ၊ မရရင် သတ်ပြစ် လိုက် လို့  ပြောတယ်”
လို့ အသက် ၁၉ နှစ် အရွယ်  မိခင် ဖြစ်သူ ရပ်ရှမန် ဘာနူ က CNN သတင်း ကို ပြောသည်။
အိန္ဒိယ နိုင်ငံ သည် မိန်းကလေး များ အတွက် အဆိုးရွား ဆုံး နေရာ ဖြစ်သည် ဟု ကုလသမဂ္ဂ
အစီရင် ခံတစ်စောင် တွင် ဖော်ပြခဲ့ ဖူးသည်။
ယဉ်ကျေးမှု နှင့် အယူဝါဒ ရေးရာ အရ ယောင်္ကျား လေးများ ကို သာ မိသားစု များ က အလိုရှိ
ကြ ပြီး ၊ မိန်းကလေး များ ကို လိုချင် စိတ် မရှိ ဟု ဆိုသည်။
All India Institute of Medical Sciences (AIIMS) မှာ ဒေါက်တာ Anand Krishnan
ယောင်္ကျား လေး တွေ မွေးဖွား နိုင်တာ အကောင်းဆုံး ရင်းနှီးမြုပ် နှံမှု ပဲ ဟု ဆိုသည်။
အိန္ဒိယ နိုင်ငံ ၏ ရိုးရာ အစဉ် အလာ အရ အမျိုးသမီးများ သည် အရွယ် ရောက်သည့် အခါ အိမ်
ထောင်ခန်းဝင် စရိတ် နှင့် လက်ထပ် စရိတ်ကို အကုန် အ ကျ ခံရသည်။
အိန္ဒိယ နိုင်ငံ တွင် အလားတူ အဖြစ်အပျက် များ မှာ နှစ်စဉ် ဖြစ်ပွား လေ့ ရှိ ပြီး ပြီးခဲ့ သည့် တစ်
လ ကျော်က သမီး ဖြစ်သူ ကို ရိုက်သတ် မှု တစ်ခု အိန္ဒိယ မြောက် ပိုင်း တွင် ဖြစ်ပွား ခဲ့ သည်။
သုံးလသား အရွယ် အမျိုးသမီး ၏ ဖခင် ဖြစ်သူ အိုမာ ဖာရွတ် ကို ရဲ က ကလေးသူငယ် ညှင်းပန်း
နှိပ်စက် မှု ၊ လူ့  အခွင့် အရေး ချိုးဖောက်မှု ၊ လူသေစေမှု များ ဖြင့် ဖမ်းဆီးထားသည်။

Tuesday, June 12, 2012

“မေ့မရတဲ့သူတို့အကြောင်း(၉)”

ဤသို့ တောင်ယာကပွဲတွင် ခေါင်ရည်လိုက်တိုက်နေသော နာဂအမျိုးသမီးအားလျှပ်တပြတ်အမှတ်တရပေါ့

တောင်ယာအပြီးတွင် ဤသို့ ကပွဲတွေနဲ့ဆင်နွှဲကြတယ်ပေါ့
စာသင်ရပုံလေးတွေက တချို့နေရာမှာ ဂီတနဲ့သင့်ခဲ့ရသည်များလည်းရှိခဲ၏။ ကန်တော့ခန်းနှင့် ဆုတောင်းခန်းပြီးသည်နှင့် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” စသည့် ပါဠိသင်ခဲ့ရာ၌ အဆင်မပြေခဲ့။ ဆိုဘို့ခက်ခဲနေ၏။ ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ လို့ ချပေးသည် လိုက်ဆိုဘို့ နှောင့ှ်ေးနေကြ၏။ ဒါနဲ့ မိမိသည် လက်ခုတ်တီး လက်ခုတ်တီးလို့ ပါးစပ်မှပြောလိုက်၏။ နောက်မှနေ၍ လက်ခုပ်တီး လက်ခုပ်တီးလို့ သံပြိုင်လိုက်ဆိုကြ၏။ (အတိုင်း= မဟုတ်ဘူး။ ငိုနားထီး=ငြိမ်ငြိမ်နေပါ) ဆိုပြီး မိမိမှရှေ့မှနေ၍ လက်ခုတ်တီးလျှက် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” လက်ခုပ်တီးလျှက် စီးနဲ့ဝါး ကိုက်အောင်သင်ပေးရသည့်အခါများလဲရှိခဲ့၏။ အမှန်စင်စစ် လူတဦးတယောက်ကို သရဏဂုံတည်စေအောင်သင်ပေးရခြင်းသည် မြေပြန့်အဖို့ ပြောစရာမလိုပဲမဲ့ တောင်ပေါ်တိုင်းရင်းသားတွေ သင်ပေးရခြင်းသည် မိမိအတွက် ဆိုဖွယ်ရာမရှိဝမ်းသာပီတိဖြစ်မိ၏။ တောင်ယာပြန်ချိန်တွင် မိမိသင်ပေးသော ဘုရားစာများရွတ်ဆိုလျှက် “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” စသည် သံပြိုင်ရွတ်ဆိုကာ ပြန်လာကြသော နာဂလှပျိုဖြူလေးရဲ့အသံသည် မိမိအတွက်မှာတော့ တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိခဲ့ရပါ၏။ သူတို့သည် တောင်ပေါ်တတ်ရာ၌၄င်း,တောင်ယာမှပြန်လာရာတွင်၎င်း, အလေးအပင်များ ပလိုင်းတွင်ပါလာသောအခါ ပါးစပ်မှ  ယား လား ဟား ဟေ..ဟား လား ဟား ဟေ..လို့ သံပြိုင်ညီးတတ်ကြ၏။ ယခုမူ မိမိရဲ့  “ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ” ကို ရွတ်ဆိုပြီး တောင်ယာအပြန်ခရီးတွင် ကြားမိပြန်တော့ မိမိရင်မှာ သိန်းထီပေါက်သကဲ့သို့ ပျော်ရွှင်မှုတွေဖြစ်မိ၏။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို အခြားသော ဘာသာတွေဆီသို့မရောက်စေလိုခဲ့ခြင်းသည် မိမိ၏ ရင်ထဲက ဆန္ဒဖြစ်၏။ မိမိတို့ တောင်တန်းသာသနာပြုခရီးစဉ် မထွက်ခင်က တောင်တန်းသာသနာပြုသွားလိုသော အရှင်ဘုရားများ စာရင်းပေးသွင်းပါဟု မိမိတို့ ဒေ၀သာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် ပဓာနနာယက ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ တောင်တန်းသာသနာပြုသြ၀ါဒါစရိယ ) ဆရာတော်မှ ဘုရားဝတ်တတ်အပြီးသြ၀ါဒခြွေ၏။ ထိုအချိန်ကား မှတ်မှတ်ရရ (၁၉၉၄)ခုနှစ် ကဲ ဒေသန္တရ ဗဟုသုတလည်းဖြစ်တာပေါ့။ ဆိုပြီး လိုက်လိုကြောင်း စာရင်းပေးသွင်းလိုက်၏။ တောင်တန်းဒေသအချို့မှာ ခရစ္စယာန်များ ထိုးဖောက်နေရာယူနေကြောင်း နယ်စပ်ဒေသ အဲဒီအချိန် မောင်သင့် ဖြစ်၏။ မောင်သင့် လို့ သိရခြင်းမှာ မိမိဆွမ်းခံအိမ်မှ ဗိုလ်ကြီးထွန်းရီ(အငြိမ်းစား) ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင့်တင့်ထွန်း၏ ဖခင်သည် မိမိအား မောင်သင့်သည် သူနှင့် အပတ်စဉ်တူခဲ့သည် ဖြစ်ကြောင်းဘွဲ့တခုခု ရအောင်လုပ်ပေးမည်ဟု ပြောဘူးသောကြောင့် သိရ၏။ သို့သော် မိမိ ထိုဘွဲ့ကို မယူလို မသိနားမလည်သူတို့အား သိနားလည်အောင် ယဉ်ကျေးအောင် ပြောဆိုသင်ပြပေးရရင် မိမိအတွက်အကျိုးရှိမည်ဟု ခံယူကာသွားခဲ့သည်။ မိမိပြန်လာစဉ် ဗိုလ်ကြီး ထွန်းရီကား ကျမ္မာရေး အတော်လေးညံ့နေ၏။ ဆက်သွားဘို့ တိုက်တွန်းခဲ့သော်လည်း ၁၁ လ အချိန် မိမိသည် သူတို့ရင်ထဲ နှစ်လုံးသားထဲ သိသင့်သလောက် မိမိပြောဆိုခဲ့ပေပြီ။သူတို့လဲ အ၀တ်တွေဝတ်လို့ နေကြချေပြီ။ မိမိ၏ မွေးသခင်မှလည်း သွားခွင့်မပြုသလို မိမိရဲ့ ပညာရေးသည်လည်းရှိသေးသောကြောင့် ၁၁ လ တာ၏ ကုသိုလ်သည် မိမိအတွက် အင်အားရှိခဲ့ပြီလို့ ယုံကြည်မိသည်။ဆက်ဦးအံ့ သူတို့၏ ဘုရားပန်းအလှူတွေကတော့ ဘုရားစင်ပေါ်ဝယ် ပန်းမျိုးစုံနဲ့ဝေဆာလို့ ပလောပီနန်ဥများ ဘိန်းရွက်များ ငြုတ်သီးစိမ်းများသည်လည်း တနေ့တခြားများပြားလျှက်ရှိ၏။ တနေ့ မိမိစာသင်နေချိန် နာဂလှပျိုပြူတယောက်မိမိအားစိုက်စိုက်ကြည့်ကာ သူပြောနေ၏။ သူပြောသည်ကို မိမိမသိ။ ကျောင်းသားခေါင်းဆောင်ပြောမှသိခွင့်ရ၏။ သူပြောသည်ကား ငါ ဒီည ဘုန်းဘုန်းနဲ့အိပ်မယ် ဟူသတတ်။ အလို..ဘုရားရေ…ငါတို့က မိန်းမမယူရ ညနေ ထမင်းမစားရဘူးလို့ပြန်ပြောခိုင်းလိုက်၏။ အရင်ရေးပြီးသားဖြစ်၏။ သူတို့သည် အချစ်ဒီမိုကရေစီဖြစ်သောကြောင့် မည်သူနှင့်မဆို အလိုတူက အိပ်နိုင်၏။ မိမိနှင့် အိပ်ချင်ရခြင်းအကြောင်းမှာ မိမိတို့မြေပြန့်သည် မချမ်းသော်လည်း တောင်ပေါ်ဒေသသည် အေး၏။ချမ်း၏။ သို့အတွက်ကြောင့် မိမိသည် စောင်တွေ ၄.၅ ထည် မိမိကုဋင်ပေါ်ထပ်ထားသည်ကို သူတွေ့မြင်၏။ ထိုအရာကြောင့် လို့ မိမိခန့်မှန်းမိ၏။ နောက်နေ့ မိမိရွာထဲ ထုံးစံအရ ဆေးများလိုက်တိုက်စေသည် ရွာဝင်သည်နှင့် ပြောကြ၏။ ရီကြ၏။ ကြိုင်မွန်း မိန်းမမယူရ။ ညနေထမင်းမစားရ။ မြန်မာစကားမပီတပီနဲ့ သူတို့၏ အသံလေးတွေ ဒီနေ့ထိ ကြားယောင်နေမိ၏။ အမှတ်ရနေမိသည် အောက်မေ့နေမိသည်။ သို့သော် မရောက်ဖြစ်တော့။ တရက် အချိန်ကား ညနေနေ၀င်ချိန်ဖြစ်၏။ စခန်းပေါ်မှ စစ်သားတယောက် မိမိနေရာသို့အပြေးလွှားရောက်လာ၏။ အရှင်ဘုရား ဒီည စခန်းပေါ်ကျိမ်းရမယ်ဘုရား အရှင်ဘုရားကျောင်း စစ်သားမပေးနိုင်တော့လို့ဟူ၏။ ဟ.. ဘာလို့လဲ ဒီနေ့ စခန်းပေါ် အင်အားလဲနည်းနေတယ်ဘုရား။အခြားတနေရာသို့ ကိစ္စဖြင့် သွားခဲ့ရသည့် စစ်သားများရှိ၏။ အေး.ကျိမ်းတာပေါ့..ဘာလို့လဲလို့ ထပ်ဆင့်မေးချင်၏။ မမေးရက်။ဒီလိုနဲ့ မိုးလေးအတော်ချုပ်လာသည်နှင့် မိမိ၏ အိပ်ယာလိပ်များယူဆောင်ကာ စခန်းပေါ်တတ်ခဲ့၏။ မိမိအား ဗိုလ်ကြီးနေသော အဆောင်တွင်ကျိမ်းစေ၏။ ဗိုလ်ကြီးသည် လက်မှပုတီးကိုင်လျှက် မေတ္တာပို့နေ၏။ မိမိအား ရှိခိုးပြီးသည်နှင့် အရှင်ဘုရားရေ နယ်စပ်တနေရာမှာ သူပုန်တွေသောင်းကျန်းနေတယ်တဲ့ သူတို့အချင်းချင်းဖြစ်နေတာပါဘုရားတဲ့။ နာဂသူပုန်များသည် ရှိ၏ သူတို့အချင်းချင်းပစ်ခတ်နေ၏။ ထိုသည်ကို စိုးရိမ်စိတ်ဖြင့် မိမိကို ဥပေက္ခာမပြုရက်လို့ ဖြစ်၏။ မိမိကျောင်းအား နေ့စဉ် အာရုဏ်နေ့ ချက်ပြီးဆွမ်းကပ်ရန် တယောက်ထားပေးသည်။ ညတွင်အလှည့်ကျ စောင့်ပေး၏။ တနေ့ ရာသီဥတုသည် အရမ်းကိုအေးနေ၏။ မိုးသည်လည်း ရွာသထက်ရွာနေသည်။ မိမိအိပ်နေခိုက်လန့်နိုးလာချိန် စစ်သားသည်ကား မိမိကျောင်းအ၀င်ဝ ငုတ်တုတ်ထိုင်လျှက်ရှိ၏။ မအိပ်ဘူးလားလို့မေးမိ၏။ ရခိုင်စစ်သား တပည့်တော်ကင်းစောင့်နေတာလေ ဆို၏။ အော် ညတိုင်း မအိပ်ပဲစောင့်ရသည်ကို မိမိမသိခဲ့။ ကဲ နောက်နေ့မှစပြီး အိပ်ကွာ..သေလဲတူတူသေကြတာပေါ့ လို့ပြောဆိုကာ အစောင့်မခိုင်းတော့။ ထိုအချိန် ရေဒီယိုသည် ည ၉ နာရီဆိုလျှင် ပြီးဆုံး၏။ ပြီးသည်နှင့် မြ၀တီမှလာသော သီချင်းလေးများတူတူ နားထောင်ရင်း စကားပြောကြ၏။ ၁၀နာရီထိုးပြီးသည်နှင့် နားထောင်စရာလဲမရှိတော့ အိပ်ကြတော့၏။ ပြန်လည်အောက်မေ့နေမိ၏။ ဓါတ်ခဲတလုံး၏ တန်ကြေးသည် တောင်ပေါ်ဒေသမှာ သိရ၏။ တခါတရံ ဓါတ်ခဲအားမရှိလို့ နားမထောင်ရ အပျင်းပြေစရာ အပျင်းမဖြေရသည့်နေ့ရက်များသည်လည်း ဒုနဲ့ဒေးဖြစ်၏။ ယခု ခေတ်အရဆိုလျှင် ပြောရလျှင် ကွန်ပြူတာ အင်တာနက်လေးနဲ့ ဆိုရင်တော့ အပျင်းဖြေစရာ တခုဖြစ်မည်ဟု တွေးနေမိ၏။ ယခုလည်း မိမိ တနေကုန်အခန်းအောင်းကာ ကြည့်စရာ စာလေးများကြည့်သည်။ အင်တာနက်လေးဖွင့်ကာ သတင်းလေးတွေ ဖတ်မိသည်။ အပြင်မှာရာသီဥတုအရမ်းပူနေမှုကြောင့် တခါတရံ တနေကုန်ခဲ့၏ ကုန်လို့ကုန်မှန်းမသိလိုက်ရ။ ခုတလော သတင်းတွေကလဲ ထူးဆန်းနေသည် ရီးစားကို မီးရှို့သတ်ရတာနဲ့ အသက် ၆၆ နှစ် အဖွားအိုမှ သူအိမ်သားဆုံးပြီးလို့ မကြာသေး အင်တာနက်စာမျက်နှာကိုလှန်လှောပြီး ချစ်သူရှာဖွေသည်တဲ့။ သူရှာကျိုးနပ်သွားခဲ့၏။ သူ၏ရီးစားချစ်သူလေးကား အသက် ၂၈ နှစ်သားလေးတဲ့။ နောက်ရခိုင်ဒေသ ရဲ့ ဖြစ်နေတာတွေကြည့်ပြီး စိတ်လဲမကောင်းမိခဲ့။ မိမိတို့လည်း ဘာမှမတတ်နိုင်ခဲ့။ မိမိတတ်နိုင်သည်ကား (မိုးညင်းဆရာတော်ဘုရားကြီး နိုင်ငံရပ်ခြားတနေရာမှာ စစ်ပွဲတွေဖြစ်နေကြသည်ကို ကြားသိရတော့ သူ၏ ယောဂီများခေါ်ကာ မြေပုံကိုထောက်ပြပြီး ကြည့်စမ်းယောဂီတို့ လူတွေလဲ သေကြေပျက်စီးကုန်ကြပြီတဲ့ ဆိုပြီး ဆရာတော်ာကီးသည် ထိုနေရာအား အာရုံပြုလျှက်” နညမညဿ ဒုက္ခမိစ္ဆေယျ “လို့ အကြိမ်ကြိမ် မေတ္တာပို့သတော်မူ၏။ ဆရာတော်၏ မေတ္တာဓါတ်ကြောင့်ဟု ဆို၏။ ထိုနေရာသည် စစ်ပွဲပြီးဆုံးသွားသည်ဟု ကြားသိခဲ့ဘူးသည်။ ဆရာတော်၏ မေတ္တာဓါတ်သည်ကားထူးဆန်းပေစွ။ မိမိလည်း ထိုဆရာတော်၏ မေတ္တာဓါတ်လို မစူးရှသော်ငြားလည်း ရခိုင်ဒေသ ကို အာရုံပြုကာ” နညမညဿ ဒုက္ခမိစ္ဆေယျ” လို့ မကြာမကြာ ရွတ်ဆိုနေမိတော့၏။

Friday, June 8, 2012

မေ့မရတဲ့သူတို့အကြောင်း(၈)


တောင်ယာကပွဲတွင်ဒီလိုပိုက်ဆံလေးတွေ သီကာဆုချတော့ သူတို့၏ ပျော်ရွှင်မှုတွေကြည့်ပြီးမိမိ၏ ရင်ထဲဝယ်

ရွာထိပ်ရှိ ပန်တုံး အောင်ပွဲခံကြသည့်နေရာ

ခန္တီးမြို့နှင့်လဟယ်မြို့အကြားဝေထိုက်ကြိုးတံတား ဦးနု လုပ်ဆောင်သွားခဲ့သည်
ဒီနေ့တော့ ရာသီဥတုလေးသာယာသည်မို့ စောဘွားကြီးမှ သူ့အိမ်လာဘို့ ပြောထားသည် ဆေးဘူးလေးယူကာ ရွာထဲဆင်းခဲ့တော့၏။ ဆေးဘူးဆိုလို့ အထူးအဆန်းမထင်ပါနဲ့ ပါရာစီတမော့နှင့်ဘာမီတွန်နောက်ပြီး မက်ထရို ဒီ(၃)မျိုးကို ကော်ပုလင်းထဲသို့ထည့်ကာ တအိမ်ဆင်းတအိမ်တတ် (အိုးပူ အိုးညူတို့ မိုးလိမ်းမိုး)အဘိုးအဖွားတို့နေကောင်းကြလား စသည်အော်ကာ ဆေးများလိုက်ပေးရသည့် အလုပ် မိမိမှာနေ့စဉ်အလုပ်တခုဖြစ်၏။ တခါတရံ ပရုတ်ဆီဘူးရောပါလျှက် သူတို့သည် ဘာဆိုဘာမှမသိကြ။ တချို့ခါးနာလို့ ဆေးတောင်းသည် ။ခါးနာမှာပေါ့ နေ့စဉ်ပလိုင်းလွယ်ကာ အလေးများ(ထင်းများ)နေ့စဉ်ထမ်းလို့ တောင်ယာမှနေပြီးရွာထဲသို့ သယ်ဆောင်လာရ၏။ သူတို့သည် အိမ်၌ မီးဖိုမီးမပြတ်ကြချေ။ တညလုံး ထိုမီးဖိုဘေးတွင် အိပ်ကြ၏။ထင်းများ ပလိုင်းတွင်ထည့်ကာနေ့စဉ် ထမ်းရသည့်အတွက်ကြောင့် ခါးများနာသည် မဆန်းချေ။ သို့သော် ခါးနာလို့ နှိပ်ခြင်းပြုခြင်းမရှိသည်က အခက်သား။ မိမိသည် သာသနာပြု တဲ့ သို့သော် သာသနာပြုဆိုခြင်းထက် သူတို့၏ ကျမ္မာရေးများကိုနေ့စဉ်ကြည့်ရှုနေရသယောင်။ ခါးနာသောအဖိုးများ အားယားမှောက်စေ၏။ ပရုတ်ဆီများလိမ်းပေးခြင်းဖြင့် သက်သာစေ၏။ ဗိုက်နာသောသူများလည်းရှိ၏။ ဗိုက်နာမှာပေါ့ ခေါင်ရည်သည် ပြောင်းဖူးကိုပြုတ်ပြီးအချဉ်ဖြစ်အောင်လုပ်သည် ဆေးတမျိုးခတ်၍ ရေနွေးမပွက်တပွက်နှင့် သောက်သည်။ ထိုဗိုက်နာသောလူများ မက်ထရိုပေးသည် ။ ခေါင်းကိုက်သောသူများပါရာစီတမော့ပေးခြင်းဖြင့် မိမိသိသမျှ ပေးဝေငှမိသည်။ ထိုအချိန်က ပါရာစီတမော့တပုလင်း ၂၅ ကျပ်ခန့်ရှိ၏။ တအိမ်မှာတော့ တောလိုက်ထွက်ရာမှ ငှက်ဖျားမိလာသည်ထင်၏။ လူတိုးစောရမ်း=အရမ်းချမ်းနေတယ် တဲ့ ။ဒေါ်မာသိုက်ဂိုး= မနက်ဖြန်လာမယ်ဟုပြောကာ နောက်တအိမ်ဆက်ခဲ့ရ၏။ ကရိုကွင်းဟု ခေါ်သောဆေး မိမိမှာမပါခြင်းကြောင့် မနက်ဖြန်မှလာမည်ပြောခဲ့၏။ ဒီလိုနဲ့ တအိမ်ဆင်းလို့တအိမ်တတ်ခဲ့ရသည်။ စောဘွားကြီးအိမ်နှင့်နီးသထက်နီးလာပြီမို့ ဘာအတွက်ကြောင့် ငါ့ကိုခေါ်ရတာလဲ ဆိုသည့်အတွေး ဖြစ်လာခဲ့၏။ မကြာခင် စောဘွားကြီးအိမ်သို့ရောက်ခဲ့ပြီပေါ့။ ဟာ ဘုန်းဘုန်း မင်းလာပြီလားတဲ့(သူသည်မြန်မာစကားအနည်းငယ်ပြောတတ်၏)အေး ကွ ငါလာတယ်လေ။ မင်းခေါ်ထားတယ်လေ။ အေးလာဆိုပြီး ထုံးစံအတိုင်းမီးဖိုဘေးသို့ ထိုင်ရတော့၏။ မီးသည် အရှိန်ပြင်းစွာတောက်လျှက် အနီးနားတွင် မီးထိုး ထမင်းချက်နေသော ခပ်ငယ်ငယ်အမျိုးသမီးတယောက် ကလေးကို နောက်ပိုးထားလျှက် အလုပ်ရှုတ်နေသည်။ မကြာခင် သိလိုက်ရ၏။ သူ့မိန်းမတဲ့။ ကဲ ရှိဦး ပြော။ သူ့နာမည်သည် စောဘွားကြီးရှိဦး ဖြစ်၏။ ငါမေးချင်တယ်လေ။ မင်းကိုတဲ့။မေးပါလေ. ဘာမေးမှာလဲ မင်းနဲ့ငါ ဘယ်သူကြီးလဲ..? မင်းမိန်းက က ဘယ်မှာလဲ..?စသည်စသည်တို့ဖြင့် မေးခွန်းပေါင်းများစွာနဲ့ မေးတော့၏။ ကဲ မင်းအသက်ဘယ်လောက်ရှိပြီလဲ..တဲ့။ မင်းရောလို့ မိမိမှ ပြန်လည်မေးလိုက်၏။ ငါလားတဲ့ တောင်ယာအခါခုတ် ၄၀ တဲ့။ အို့…ငါက တောင်ယာအခါခုတ်၂၇ ခါ။ (၁၉၉၄)ခုနှစ်ကပေါ့။ ငါကကြီးတယ်တဲ့ စောဘွားကြီးပြောသည်။ မင်းမိန်းမရှိလားတဲ့ ..ငါ့မှာမိန်းမမရှိဘူးလို့ပြော၏။ ငါကတော့ ခု ယူထားတာ ၁၉ နှစ်တဲ့ သူက မကောင်းတော့ဘူးတဲ့ မကြာခင် ၁၆ နှစ်သမီးလေး ယူမှာတဲ့ဆိုပြီး သူ့မိန်းမရှေ့ပြော၏။အဲဒီတော့မှ ဟင်းချက်နေသော နာဂအမျိုးသမီးကြည့်မိလိုက်၏။ ခပ်ငယ်ငယ် ခပ်ချောချောလေး။ အို့ စောဘွားကြိးသည် ရွာမှာ ဥက္ကဋ္ဌထက် သူကအရာပိုရောက်၏။ မင်းမိန်းမမရှိတော့ မင်းဘယ်လိုစားလဲတဲ့..ငါ့မှာ သပိတ်နဲ့ ဆွမ်းခံစားတယ် ..ဝေဘာပယိ. ဟောက်ပယိ= ကြာက်သားဝက်သားတွေရတယ်လို့ပြောလိုက်၏။ သြော် ဆိုပြီး စောဘွားကြီးသည်အံ့အားသင့်လျှက်။ နောက်တခု မင်းညနေထမင်းစားတယ် ငါမစားဘူး လို့ပြောလိုက် .ဟာ မင်းညနေ ထမင်းမစားရင် အားမရှိဘူးတဲ့..ဆိုပြီး ပြော၏။ မိမိလည်း မရှိမဲ့ရှိမဲ့ လက်ကိုကွေ့ကောက်ပြီး အင်အားပြမိ၏.သူသည် လက်ကို လာကိုင်လျှက် မိမိလက်မှမရှိမဲ့ရှိမဲ့ကြွက်သားကို လာကိုင်ပြီးသြော် ဆိုပြီး အံ့အားသင့်ခဲ့ပြန်၏။ မိမိသည် အသက်ထက် မိန်းမမယူတာနဲ့ ညနေထမင်းမစားတာ ဤ ၂ ချက်နဲ့အနိုင်ယူမိလိုက်တော့၏။ ဘုန်းဘုန်းရေ ရွာမှာမင်းအကြီးဆုံးဖြစ်သွားပြီတဲ့။ မင်းပြီးရင်တော့ ငါနော် တဲ့။ စော်ဘွားကြီးကို ရပ်ရွာမှ တောင်ယာခုတ်ကာပေးရ၏။ စော်ဘွားကြီးကို သီးသန့် တောင်ယာထားပေးရသည် တောင်ယာခုတ်ပေးရသည်။ ဤသည်ကားတောင်ပေါ်ဒေသ၇ှိတိုင်းရင်းသားတို့၏ထုံးစံဓလေ့ဖြစ်၏။ဤသည်နဲ့မပြီးသေး နောက်နေ့ ကျောင်းသို့လာကာ လန်ကွတ်တီဝယ်ရန် ပိုက်ဆံမရှိ၍ မိမိအကြီးဆုံးဖြစ်သည်မို့ ငွေ ၅၀ လာတောင်းတော့၏။ မိမိလည်း ပေးလိုက်ပါ၏။ သို့သော် အကြီးဆုံးရဲ့ ပိုင်ဆိုင်မှုကို တောင်းဆိုရမည် လို့ ခံယူထားမိ၏။ ကဲ စော်ဘွားကြီး ရွာမှာ ငါအကြီးဆုံး မင်းအကြီးဆုံးတုန်းက ရွာသားတွေက တောင်ယာ ခုတ်ပေးရတယ် ငါ့ကိုလည်း တောင်ယာ ခုတ်ပေးပါလေ ဟု တောင်ဆိုလိုက်၏။ အေးပါတဲ့ နောက်မှ သိလိုက်ရသည်ကား ဘုန်းဘုန်းအတွက်ဆိုပြီး တောင်ယာ ခုတ်ပေးကြတော့၏။ မိမိ ထိုပိုင်ဆိုင်ခွင့်မရလိုက်တော့ စာဖြေရန် မြေပြန့်သို့ ပြန်ဆင်းခဲ့ရသည်။ ပြန်တတ်ရန် မိမိ၏ မိခင်မှ ခွင့်မပြုတော့၍ နောက်သံဃာ ရယူခဲ့သည်။ ဒီနေ့အတွက် မိမိအတွက် စောဘွားကြီးအား ရပ်ရွာအကြီးဆုံးဖြစ်ခြင်းကြောင့် မြန်မာကျပ်ငွေ ၅၀ ပေးကာ လှူဒါန်းလိုက်ရ၏။

မေ့မရတဲ့သူတို့အကြောင်း(၇)

စော်ဘွားကြီးနှင့်ဥက္ကဋ္ဌတို့ ကပွဲတွင်

"နာဂလှပျိုဖြူ မခမန်း'"

အချိန်ကားမိုဃ်းတွင်းကာလဖြစ်၏။ မိမိကျောင်းပေါ်မှနေ၍ ရွာထဲကို လှမ်းကြည့်မိတော့ မိုးရွာနေခြင်းကြောင့် လူတဦးတယောက်မှမတွေ့ရ မိုဃ်းသည်လည်းဘယ်အငြိုးတေးကြောင့်ရယ် မသိရွာချနေ၏။ မိမိလည်း မညီညာသော ကျောင်းပေါ်ဝယ် လမ်းလျှောက်ရင်း မနေ့ကပြောခဲ့တဲ့ စောဘွားကြီးက သူ့အိမ်လာပါတဲ့။ ဘာအကြောင်းရယ်တော့မသိ လာခဲ့ပါဆိုတော့လဲ သွားရပေဦးမပေါ့ သို့သော် မိုဃ်းကားမစဲသေး။ ဘုရားစင်ကြည့်မိပြန်တော့ သူတို့လေးတွေရဲ့ လှူထားတဲ့ သစ်ခွပန်းမျိုးစုံသည်လည်း လန်းဆန်းလို့ ဘုရားခန်းမှာ ကျက်သရေရှိနေတော့၏။ သူတို့ အလှူ သူတို့ရကြပါစေလို့ ပန်းတော်ကပ်ဆုတောင်းသင်ပေးခဲ့လို့ သူတို့ကိုယ်တိုင် ဆိုပြီး “ယင်းနာဂ ထူဝှက်” လက်နှစ်ဘက်နဲ့ကပ်လို့ ဆုတောင်းခဲ့ကြသည်။ ခုတော့ သူတို့လေးတွေ အ၀တ်လေးတွေ ၀တ်လို့ ပေးထားတဲ့သနပ်ခါးလေးတွေလိမ်းလို့ ဆိုတော့လဲ ကသဲမင်းကို အပြစ်မဆိုရက်တော့။ တကယ်တော့လဲ အမိမြန်မာပြည်မှာ ဒီလို အရိုင်းစိုင်း ဘာဆိုဘာမှမသိတဲ့ လူမျိုးလေးတွေ မြင်မိပြန်တော့လဲ ရင်ထဲမှာတော့ တကယ်မကောင်းမိခဲ့။ လခသည် တလ (၉၀၀)ကျပ် မိမိစည်းရုံးရေးအရ သနပ်ခါး,ဆံထိုး,ဆံညှပ်,ထမီ(၁၅၀ကျပ်တန်)နှုတ်ခမ်းဆေးဆိုးစသည်တို့ ၀ယ်ပြီးကိုယ်တိုင်ရှေ့မှနေ၍ လုပ်ပြခဲ့၏။ မှန်ဆိုသည်ကိုသူတို့မမြင်ဘူး။ မိမိတယောက်ခြင်းခေါ်ကာ သနပ်ခါးကို လိမ်းပေးဘူး၏။ လက်ထဲရေနည်းနည်းထည့်ကာ ရွှေပြည်နန်းကိုလက်ထဲတွင်သွေး၏။ လိမ်းပေး၏။ ပြီးသည်နှင့် မှန်ကိုပြ၏ “လူတိုးမီးယမ်း”ဟု သူတို့ကိုသူတို့ပြောနေကြ၏။ လူတိုးမီးယမ်း=အရမ်းလှသည်။ မှန်ကိုပင်မမြင်ဘူးသော မင်းတို့လေးတွေကို ခုလို လုပ်ပေးရတဲ့ ငါ့ရဲ့ မြေပြန့်မျက်စိနဲ့ကြည့်ရင်မကောင်းဘူးဆိုတာသိနေခဲ့ပါတယ် သို့သော် ငါ့ရဲ့ စည်းရုံးရေး ငါရဲ့ ရွာ သာယာရေး.ငါ့ရဲ့ရွာ ကောင်းမွန်ရေးတွေကို ရှေးရှု ငါသည်လျှင် ရပ်ရွာအကြီးဆုံးမို့ မင်းတို့အတွက် ငါ့ရဲ့ သေးငယ်တဲ့အာပတ်လေးတွေ သင့်လို့ မင်းတို့အတွက်ပေးဆက်ရပြီပေါ့လေ။ ဒါပေမဲ့ ငါ မင်းတို့အတွက် ငါ ထာဝစဉ်ပေးဆက်နေမှာပါလေ။ စသည့် အတွေးလေးတွေနဲ့တွေးနေရင်း မိုဃ်းကတော့ စဲနေပြီ တောင်ယာသွားသူတို့ သွားနေကြ၏။ မိမိ၏ အရင်းနှီးဆုံးဒေါ်နန်တော့ သူကျောင်သို့လာ၏။ လက်ထဲမှ ပွတ်ချွန်းဆေးလိပ်ခဲလို့ နောက်မှပါလာသူက အေးလွေပေါ့။ စစ်သားသည် သူတို့လာသည်ကို သိ၍ နောက်တောက်တောက်ပြော၏။ မိမိသည် အိပ်ချင်ယောင်ဆောင်နေ၏။ဘုန်းဘုန်း နေမကောင်းဘူးလို့ပြောလိုက်၏။ ထိုသည်ကို ဒေါ်နန်တော့သည် ရှိုက်ကြီးတငင်ဖြင့်ငိုတော့၏။ မိမိသည် အိပ်ချင်ယောင်ဆောင်နေရာမှ စောင်ခြုံထဲမှရီနေမိ၏။ မကြာခင် မိမိအသံထွက်လာတော့မှ ဒေါ်နန်တော့သည် မိမိအား ဘုန်းဘုန်းမကောင်းဘူးဆိုပြီးပြောတော့၏။ ဒီတော့မှ( ကြိုင်ပါရ= ဘုရားရှိခိုးပါ)လို့ပြောကာ ကဲစစ်သားရေ လဘက်ရည်ဖျော်ကွာ..ထိုအချိန် မိမိကျောင်းအတွက် ရိက္ခာများရနေသည် တလလျှင် တကြိမ် လဟယ်မြို့သို့ သွားထုတ်ရသည်။ နောက်ပြီးပဲနဲ့နို့ဆီနဲ့ရောကြော်ထားလေးပါယူခဲ့ နန်တော့တို့စားရင်း ပေါ့ကွာဆိုပြီး စကားထိုင်ပြောနေမိ၏။ ဒေါ်နန်တော့ ငါ့လဲကြိုင်ပါရလုပ်ပါလို့ပြောမိ၏။ ဟာ ဘုန်းဘုန်းကလဲ မနောက်ပါနဲ့ဟူသတဲ့။ ကဲ ထားတော့ အချိန်တန်တော့ မင်းသိလာမယ်ဆိုပြီး မလုပ်ချင်တာကို ဇွတ်မလုပ်ခိုင်းခဲ့။ လဘက်ရည်သောက်ရင်း ဒေါ်နန်တော့မှ မြန်မာစကားလဲ တော်တော်လေးပြောတတ်သည်မို့ ဘုန်းဘုန်း ည ကျောင်းမလာတဲ့သူတွေကို ရေပို့ခိုင်း။ တချို့ထင်းပို့ခိုင်း။ ဆုပေး ဒဏ်ပေးလုပ်ပါတဲ့။ အေး ငါလဲ ဥက္ကဋ္ဌခေါ်ပြီးပြောမယ်ဆိုပြီး စကားပြတ်သွားတော့၏။ ဒေါ်နန်တော့သည် စကားပြောရင်း မျက်စိသည် ဘုရားဆင်းတုတော်ပုံကို ကြည့်လျှက် နေရာမှထကာ ဘုရားပုံတော်ကို လက်ညှိုးထိုးလျှက် တအားရီတော့၏။ ဘုရားဆင်းတုတော်ပုံသည်ကျောက်ဆင်းတုဖြစ်၍ နှုတ်ခမ်းလေးသည် နီရဲနေ၏။ လက်ညှိုးသည် ဘုရားပုံတော်ကိုထိုးမြဲထိုးလျှက်ရီမြဲရီနေဆဲ မိမိသည်မနေနိုင် ဟဲ့ နန်တော့ အဲဒါ ငါ့အဖေလေ..ဘာလို့ရီရတာလဲ လို့မေးတော့ ဒီကောင်တအားလှနေတာပဲ တဲ့။ မိမိသည် မြတ်စွာဘုရားလက်ထက်က စိဉ္စာမာန ကို အမှတ်ရနေမိသည်။ မြတ်စွာဘုရားကို ဂေါတမဟာ ငါ့လင်ပဲလို့ စွပ်စွဲနေသော ပုံနှင့်တထေရာထဲတူနေသည်မို့ ရီလဲရီချင်နေမိသည် သို့သော် နန်တော့ အဲလို မလုပ်ရဘူးလေ ဒါ ငါ့ရဲ့အဖေလေ။ဆိုတော့မှ အရီရပ်သွားတော့၏။ မျက်စိထဲမြင်ယောင်နေမိသည်ခုထိ မျက်ရည်များပင်ထွက်လျှက်ရီနေပုံကို တကယ်တော့ နန်တော့သည် မြန်မာစကားတတ်၏။ လူမှုရေးနားလည်၏။ မိမိအပေါ်လဲ သားတယောက်ကဲ့သို့ သံယောဇဉ်ကြီး၏။ သူ့အိမ်သို့ သွားလေတိုင်း ဘုန်းဘုန်းကခေါင်ရည်လဲမသောက်ဘူးဆိုပြီး ရှိတဲ့ ပြောင်းဖူးခြောက်လေးတွေကို နွှာပြီးမီးကြီးခဲများဖြင့် ခလှောက်ကာပြီးသည်နှင့် ပြာပူနဲ့လောင်းထည့်လိုက်စဉ် ပြောင်းဖူးတို့သည် တဖျောက်ဖျောက်ပွင့်လျှက် ထိုပြောင်းဖူးပေါက်ပေါက်များကို ကျွေးသည်။ တခါတရံ ပလောပီနံပြုတ် တခါတရံ တောင်ယာမှ ယူလာသော ဘိန်းရွက်နုနုလေးများ(ကြော်စားရန်) တနေ့ လဟယ်မြို့မှ စည်းရုံးရေးအရဗွီဒီယိုများလာပြသည် ဆေးများပေးသည်။ ထိုအထဲတွင်ပါလာသော လ.၀.ကမှူးဦးတင်ဝင်းဖြစ်၏။ ယခု ပတ်စ်ပို့လုပ်ရာဋ္ဌာန၌ တွေ့ရ၏။ လွန်ခဲ့သည့် ၇ လ ပိုင်းက ပန်းဆိုးတန်းမှာထိုင်စဉ်ပေါ့။ သူလည်းမိမိရွာသို့ ပါလာ၏။ မှတ်မှတ်ရရ ဆက်သွယ်ရေး ကိုဋ္ဌေးဦးရောဖြစ်သည်။ မိမိကျောင်းမှာလည်း စားစရာဘာမှမရှိသည်မို့ နန်တော့အိမ်သို့ခေါ်ကာ ဧည့်ခံ၏။ နန်တော့သည် ပုံမှန်ပြောင်းဖူးကို နွှာသည် ပြီးသည်နှင့် မိမိသာကျွေးသည် ကျန်သည့် လူများမကျွေးခဲ့။ ဟဲ့ နန်တော့ သူတို့က ငါ့မိတ်ဆွေတွေလေ သူတို့အတွက် ခေါင်ရည်လုပ်ပါဆိုတော့မှ လုပ်ပေးသည် ပြီးသည်နှင့် နောက်လဲလာလည်ပါလို့ ပြော၏။ ထိုအချိန်တွင် လ.၀.က ဦးတင်ဝင်းပြောသောစကားနားထဲမှာ ကြားယောင်နေမိ၏။ အရှင်ဘုရား သာသနာပြုရာ အတော်အောင်မြင်နေပြီပဲ ဆက်ပြီး ပြုလုပ်ပေးပါဘုရားဟူ၏။ ယခုအချိန် သူတို့ကောင်းစားနေပြီ မိမိတို့မှာတော့ “’ဒုက္ခဿ အန္တော သုခံတဲ့” ဒုက္ခရဲ့အဆုံးမှာ သုခ ဆိုတာ ဘယ်သောအခါမျှ ရမည်နည်းလို့။ ရှိစေတော့ တနေ့ ဒီနန်တော့ အိမ်မှာပဲ ပြဿနာတခု ပြေခဲ့ရသည်။ မိမိကျောင်းမှာ ရှိနေစဉ် မိမိအားရှိခိုးခိုင်းသည်။ သူ နောက်တယ်ထင်နေတာတဲ့။ ခု တိုက်တိုက်ဆိုင် မိမိစခန်းမှ ဗိုလ်ကြီးသောင်းဦး(ခ.လ.ရ ၂၂၂ ဟုမ္မလင်းမြို့)သည် အိန္ဒိယနယ်စပ်မှပြန်လာခဲ့၏။ မိမိအတွက် မုန့်ထုပ်လေးများ စတီးရေခွက်လေးများနှင့် မွန်ထီကာလို ဆေးလိပ်တဘူး လှူရန် ကျောင်းလာသည် မတွေ့ရသည်နှင့် ပါလာသောစစ်သားလေးမှ ဒီအချိန် ဘုန်းဘုန်းဆေးလိုက်ပေးနေတာ ရွာထဲမှာ ဆိုသည်မို့ ရွာထဲထိ လိုက်လာခဲ့၏။ နန်တော့အိမ်တွင်တွေ့၏။ တွေ့သည်နှင့် ဗိုလ်ကြီးမှ ထိုင်၍ ကန်တော့သည် လှူစရာလှူသည်။ ထိုသည်ကို မြင်တွေ့နေသည်ကား နန်တော့။ ဟင်….ဘုန်းဘုန်း…မင်း..တော်တော်ကြီးတာပဲ ဟူသတတ်လို့ ပြော၏။ ထိုအကြောင်းကို ဗိုလ်ကြီးအားပြောပြ၏ ဗိုလ်ကြီးပြောလိုက်သည်ကား ဘုန်းဘုန်းက စစ်သား တပ်ကြပ်ကြီး ဗိုလ်ကြီး ဗိုလ်မှူး စတဲ့ ဗိုလ်ချုပ်မှူးကြီးခင်ညွန့်(ထိုအချိန်က၁၉၉၄ခု)တို့ကလဲ ရှိခိုးရတာပဲလေ ဟု ပြောလိုက်စဉ် နန်တော့သည်လည်း ထိုင်လျှက် ရှိခိုးတော့၏။ ထိုနေ့အဘို့ နန်တော့အား ပြောဘို့အကြောင်း ဖန်လာတော့ ခု သူသိသွားပြီဆိုတော့လဲ။ ဒီနေ့အဖို့ တိုက်ဆိုက်မှုနဲ့ဖြေရှင့်မှုတခုပြီးခဲ့ရချေ၏။ နာဂတိုင်းရင်းသားတို့သည် နဂိုရ်မြန်မာစစ်တပ်တွေ မရောက်ခင်က တရွာနဲ့တရွာချိန်းကာသတ်ဖြတ်ကြ၏။ ရွာထိပ်တွင်ပန်တုံးဟု ခေါ်သောတုံးကြီးတတုံးရှိ၏။ သူတို့ ချိန်းပြီး တဘက်ရွာမှ လူတဦးတယောက်ရဲ့ ဦးခေါင်းဖြတ်ပြီးလျှင် အနိုင်ဖြစ်တော့၏။ ထိုဦးခေါင်းကိုရွာသို့ ယူလာကာ ခေါင်ရည်တွေနှင့် အသားတွေဖြတ်ကာစားသောက်ကြ၏။ အောင်ပွဲခံကြ၏။၃ နှစ်လျှင်တကြိမ် တောင်ယာကိုက်ဗြီးပွဲလည်းလုပ်လေ့လုပ်ထရှိ၏။ ထိုနေ့အဖို့ တောင်ယာသွားခြင်းမပြုတော့ပဲ နာရတိုင်းရင်သူတိုင်းရင်သားတို့ ရေချိုးပြီး အလှပြင်ကြသည်ပေါ့။ ရေချိုးဆိုသည်မှာ သစ်ပင်မှ သစ်ခေါက်တို့ဖြင့် ဂျီးများအောင် ပြောင်စဉ်အောင်တိုက်ချွတ်ရုံသာဖြစ်၏။ တနေ့ ရွာထဲကနေ တောင်ယာလမ်းသို့သွားခဲ့စဉ် ထူးဆန်းမှုတခုတွေ့ရ၏။ကြဖိ ဆိုသော နာဂမိန်းမပျို တောင်ကျရေ တနေရာတွင် ထမီကိုရေရှားလျှက် ရေချိုးနေ၏။ မိမိသည် မိမိမျက်စိကိုပင် မယုံရဲ ။ အော် ဒီလိုလဲရှိပါသေးလားဆိုပြီး နောက်နေ့ ထိုအိမ်သို့ သွားကာ ရေမွှေးဆပ်ပြာတခဲပေးပြီး သွန်းမုံငှက်= ရေချိုးပါ။ ဆိုပြီး ပြောခဲ့၏။ အိမ်ရှင်အဖွားကြီးမှ (အစာဝေး=ငါ့သား) ဆိုပြီး မိမိကိုခေါ်ကာ ကြက်ဥတလုံးနှင့် ပြောင်းဖူးခြောက်တဖူးပေးလိုက်သည်။ မိမိသည် ထုံးစံအတိုင်း ပြောရ၏။သူတို့သည် ပေးသိအခါတိုင်း ပစ်၍ပေးတတ်သည်မို့ (အိုးညူ ယင်းနာဂထူဝှက်= အမေ လက်နှစ်ဘက်နှင့်ပေးပါလို့ )ပြောရသည်။ တခါ ရေချိုးခြင်းနှင့်ပတ်သတ်လို့ မိမိပြဿနာတတ်ခဲ့ရသေးသည်။ မိမိကျောင်းနေ ပါဆွန်ဆိုသော ကလေးလေး မိမိဆီမှာအမြဲနေသည်မို့ မိမိသည် ထိုကလေးအား ရေချိုးပေးသည် ဂျီးများတွန်းပေးသည်။ ဆပ်ပြာများဖြင့် သေချာစွာ ရေချိုးပေးစေ၏။ ထိုကလေး အိမ်မပြန်ဖြစ်တာကြာပြီ တနေ့ သူအိမ်ပြန်သွားခဲ့သည် သူ့အမေသည် မိမိအားပြဿနာရှာတော့၏။ ဥက္ကဋ္ဌ အိမ်သို့ သွားတိုင်သည်။ မိမိမှ သူ၏ သားကို ရေချိုးပေးကြောင်း သူ့သားမှာသန့်ရှင့်နေသည်မို့ အပျင်းတယောက်လို့ ရွာထဲမှ ထင်နေကြကြောင်း တိုင်၏။ ဥက္ကဋ္ဌကျောင်းသို့ရောက်လာသည်။ ဘုန်းဘုန်း မင်းပါဆွန်ကိုရေချိုးပေးတာ မကောင်းဘူး.သူ့အမေ ငါ့ကို လာတိုင်တယ်တဲ့။ ငါတို့နာဂတွေက ရေချိုးရင် အပျင်းထူးတယ်လေတဲ့ သန့်ရှင်းနေရင် အပျင်းကြီးတဲ့သူတဲ့။ ရော ခက်ချေပြီ အေးလေ ငါလေ သူ့ကို ကောင်းအောင်လေ မင်း ပါဆွန်ကို ငါ့ကျောင်းပြန်လာပေးပါ ဆိုပြီး ပြောလွှတ်လိုက်သည်။ နောက်နေ့ပါဆွန်ဆိုသောကလေး ကျောင်းရောက်လာသည် မိမိသည် ဘာမှမပြောဆိုပဲ ထိုကလေးအား ကျောင်းရှေ့ခေါ်ကာ မိုဃ်းရွာထားသည်မို့ ကျောင်းရှေ့တွင် ရွှံ့တို့သည်ရှိလျှက်မို့ ထိုရွှံ့များဖြင့် မျက်နှာမှသည် လိုက်လံသုတ်ပေးလိုက်သည်။ သူ့ကို ပြန်လွှတ်လိုက်သည် သူ့အမေသည် သဘောကျလျှက် ထိုကလေးမှာတော့ မျက်နှာတို့သည် ရွှံ့များပေကြံလျှက်။တခါတရံကြပြန်တော့လဲ သူတို့အရိုးစွဲ ဓလေ့များကို ဥပေက္ခာပြုရသည့်အခါတွေလဲရှိ၏။ နဖူး မေးရိုးတို့ ဆေးမှင်တွေ ထိုးခြင်းကိုတော့ ကသဲမင်းကြီးသေပြီ မင်းတို့လုပ်စရာမလိုကြောင်း.မင်းတို့က အရမ်းလှလို့ ကသဲမင်းက ကြိုက်လို့ပဲလေ။ ခု ကသဲမင်းလဲမရှိတော့ မင်းတို့လဲ အသားတွေအနာမခံကြနဲ့ ဟု ပြောရသည်။ လက်ခံသလား မခံသလားမပြောတတ် ဥက္ကဋ္ဌမှပြောသည် ငါတို့ ဆေးတွေမထိုးတော့ဘူးဟူ၏။

Thursday, June 7, 2012

အတွေးပေါင်းကုဋေကုဋာရယ် ပင်ပန်းလှပါပြီကွယ်

မိမိအိမ်ရှေ့မှ အဖေါ်အဖြစ် လေခြူပင်ပျိုလေးပေါ့ အသီးလေးတွေဝေလို့
မေ့မရနိုင်တဲ့ သူတို့အကြောင်းလေးတွေ ဆက်တိုက်ရေးဘို့ အခြေနေမပေးခဲ့သလို ရာသီဥတုသည်လည်း အရမ်းပူတော့ စိတ်ပျက်တာနဲ့မရေးဖြစ်ခဲ့ အိန္ဒိယနိုင်ငံရဲ့ မီးမမြဲခြင်း=မမှန်ခြင်း အနိစ္စသဘောတရားနဲ့ မရှိမဲ့ရှိမဲ့ အင်ဗာတာမီးလေးခြွေတာပြီး သုံးနေရတယ် မီးပြတ်လိုက်တာနဲ့ နေ့ရော ညပါ ချွေးများ စိုစိစိနဲ့ဖြစ်လာတော့၏။နေလို့မထိ။ မီးမပြတ်ရင်တော့ နေရတာ မဆိုး (ကိုလာလေးနဲ့ငြိမ့်နေလို့ရသည်မို့)။ ခုတလော အိန္ဒိယနိုင်ငံ၏ ကုန်ဈေးနှုန်းအစ အရာရာတတ်လာခဲ့ချေပြီ။ မနေ့က ဆီမ၀ယ်တာလဲကြာပြီ ရှိတာလေးနဲ့ခြွေတာခဲ့တာ လနဲ့ချီကြာခဲ့ပြီမို့ ခုအခြေအနေ ဆီမ၀ယ်လို့မဖြစ် သွားဝယ်ခဲ့သည်။ နဂိုရ် တလီတာအိပ်ကို ၆၈ ရူပီး။ ခု ၁၁၀ ရူပီးတဲ့။ ဆံလဲ မိမိစားနေကြသည် တကီလို ၃၀ရူပီး.ခု ၅၀ရူပီးတဲ့။ ကျန်တာတွေတော့ ကိုယ်နဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေတာ အကောင်းပဲဆိုပြီး တိတ်တိတ်လေးနေခဲ့ရသည်။ ဟော ဆက်သွယ်ရေး (အဲယားတဲ..အဲယားဆဲ)ဖုန်းဆင့်ကဒ်ရှိကြရာဝယ် အမိမြန်မာပြည်ဆက်ကိုဆက်က တမိနစ်ကို တချို့ ၆ရူပီး ၄၀ပြား။ တချို့ ၉ရူပီး၂၀ပြား။ ခု ထိုသို့မဟုတ်တော့ လာထား ဘာကဒ်ပဲဖြစ်ဖြစ် တမိနစ် ၁၅ ရူပီးတဲ့။ မွေးမေမေ တို့ ရဟန်းဒကာ/မများဆီမဆက်တာတောင်ကြာခဲ့ပြီ။ နေမှကောင်းပါလေစ လို့ အတွေးနဲ့ပဲ ဆုတောင်းနေမိတော့၏။ အမှန်စင်စစ် ဆက်ချင်ပါ၏။ သို့သော်…
နယုန်လပြည့်နေ့၏ ပြည့်ဝိုင်းသော လမင်းကြီးကိုကြည့်ပြီး လွမ်းနေမိ၏။ ဘယ်ကိုလွမ်းမှန်း ဘယ်သူကိုလွမ်းမှန်းတော့မသိ။သို့သော် လွမ်းနေတာ တခုရှိနေ၏။ အောကွးကျန်နေတဲ့ မေ့မရတဲ့ သူတို့အကြောင်း (နာဂအကြောင်း)ကို မိမိကတိတွေလဲပေးထားခဲ့သည်မို့ မရေးဖြစ်တာ (၅)ရက်တောင်ရှိခဲ့ပြီ။ လွမ်းလွမ်းနဲ့လမင်းကြီးကိုကြည့်ရင်း အတိတ်က သူတို့လေးတွေအကြောင်းကိုစဉ်းစားနေမိ၏။ မိမိအိမ်နှင့် မလှမ်းမကမ်းမှ ကုလားမင်္ဂင်္လာဆောင်သည်လည်း နားထဲမှာတော့ ကန့်လန့်ကြီးကြားနေမိ၏။ စက်သံနှင့် လူအော်သံအချို့ မိမိမှာတော့ တွေးနေကြ ထိုင်နေကြ လေခြူပင်ပျိုရိပ်အောက်ဝယ် အတွေးလေးနဲ့ လမင်းကြီးကတော့ လောကလူသားတွေကို အလင်းရောင်ပေးလို့ ထိန်ထိန်သာလျှက်။ ဘေးဘီမှ ကြယ်တာယာတွေကလည်း လမင်းကြီးကို မယှဉ်နိုင်သော်ငြားလည်း သူတို့သည်လည်း သတ္တိထူးလေးတွေနဲ့ မိမိနှင့် မလှမ်းမကမ်းတနေရာမှာတော့ တိဘက်မိသားစု ဖခင်သည် သမီးကို စာသင်ပေးလျှက်ရှိ၏။ အပူရာသီကြောင့် အိမ်ပြင်ထွက်ကာ မျက်နှာချင်းဆိုင်စာသင်နေသည်ကို မြင်နေရသည်မို့ မိမိလည်း တယောက်ထည်း အတွေးပေါင်းများစွာနဲ့ မပြီးဆုံးသေးတဲ့ ပညာရေးကလဲ ရှိသည်မို့ စိတ်ထဲအတွေးထဲမှာ အပူဒဏ်ကိုအံတုလျှက် အော်…ဗီဇာမကုန်ခင် ကျောင်း (တက္ကသိုလ်)ကိစ္စလေး ပြီးဆုံးအောင်မြင်ပါစေလို့ မနက်တခေါက် ညနေ တခေါက် မြတ်စွာဘုရား ဓမ္မစကြ်ာတရားဦးဟောရာမြေမြတ်မဟာ၌ ဆန္ဒပြု ဆုတောင်းနေရတဲ့ အချိန်တွေ နေ့မှသည် လ။ လမှသည် အောင်မြင်ခြင်းသို့..ဆိုတဲ့အတွေးလေးထဲဝယ်..။

Tuesday, June 5, 2012

နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ဓမ္မလက်ဆောင်


" မဟာသမယသုတ်တော်ဖြစ်စဉ် "


- မြန်မာနှစ် ၁၃၇၄ ခုနှစ်၊ နယုန်လပြည့် ( မဟာသမယအခါတော်နေ့ ) ။
ကပိလ၀တ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြားတွင် ဧရာဟဏီ မြစ်ကြီးတစ်ခုက
နယ်ခြားအဖြစ် စီးဆင်းကာရံလျက်ရှိလေသည်။ ထိုမြစ်မှ ရေကိုယူ၍ ကမ်းနဖူးရှိ လယ်သမားများက
ကောက်ပင်စိုက်ပျိုးရာတွင် သွယ်ယူ၍ သုံးစွဲကြလေသည်။
ကပိလ၀တ် ကမ်းဘက်မှ ရေကို ကပိလ၀တ်ပြည်သား လယ်သမားများက သုံးစွဲ၍ ကောလိယ
ကမ်းဘက်မှ ရေကို ကောလိယပြည်သား လယ်သမားများက ယူ၍ မိမိတို့ လယ်ယာများ
အတွင်းသို့ စီးဆင်းအောင် သွယ်ယူကာ အသုံးပြုကြလေသည်။
တစ်နှစ်တွင် မိုးနည်းပါး၍ ရေပူရှိန်အား ပြင်းထန်လျက် ဧရာဟဏီ မြစ်အတွင်း ရေစီးခြင်း အားနည်း၍
လယ်သမားများအဖို့ အခက်အခဲနှင့်ကြုံစရာ ဖြစ်ပေါ်လာလေသည်။
ဤတွင် ကပိလ၀တ်ပြည်သားများ၊ လယ်သမားများက “ဤရေသည် နှစ်ဦးနှစ်ဖက် သုံးစွဲရန်
မလောက်ငသဖြင့် ငါတို့ဘက်ကသာ ရေကုန်ယူ၍ သုံးမည်” ဟု ကောလိယပြည်သား လယ်သမားများကို
ပြော၏။
ကောလိယပြည်သား လယ်သမားများကလည်း “နှစ်ဖက်စလုံး၊ မသုံးလောက်ဆိုငြား သင်တို့စကား မှန်ပေ၏။
သို့အတွက် သင်တို့ မသုံးကြပါနှင့်၊ ငါတို့ ကောလိယပြည်သား လယ်သမားများသာ သုံးကြမည်၊ ဖယ်ကြလော့”
ဟု ဆို၏။ ဤတွင် နှစ်ဦးနှစ်ဖက် မပြေမလည်ဖြစ်ကာ လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ပွားကြကာ
ရိုက်နှက် သတ်ပုတ် ကြလေတော့သည်။
လယ်သမားချင်း ဖြစ်သော ရန်ပွဲမှသည် လယပိုင်ရှင်ချင်း ရိုက်ကြနှက်ကြသည်အထိ ဖြစ်ရာမှ နှစ်ဖက်
ရွာစားချင်းပါ ရန်မီးပွားလာပြီး၊ မြို့စားချင်း ရိုက်နှက်သတ်ပုတ်ကြသည်ထိ ဖြစ်ကာ ပြည်ထောင်ချင်း
မင်းတို့ပါ တစ်ဆင့်တက်၍ ပါလာကြပြီး ဧရာဟဏီမြစ်ကို အလယ်က ထား၍ တစ်ဖက်ကို မင်းသား
၂၅၀-စီ ဓား၊ လှံ၊ လက်နက်စွဲလျက် တိုက်ပွဲဝင်ကြရန် ရက်ချိန်းကြေညာလိုက်သည်ထိ ကြီးကျယ်
သွားလေတော့သည်။ ထိုနေ့ကား နယုန်လပြည့်နေ့ ဖြစ်၏။
ထိုဖြစ်အင်ကို သိမြင်တော်မူသော ဘုရားရှင်သည် တစ်ဖက် ၂၅၀-စီ နှစ်ဖက်ပေါင်းတုံ ငါးရာကုန်သော
သာကီဝင် မင်းသားတို့၏ အသက်ဆုံးရူံးမူကိုလည်းကောင်း၊ နှစ်ပြည်ထောင်မင်းချင်း စစ်ပြိုင်ခင်းသဖြင့်
ငြိုးသူရန်ဘက် ဆက်လက်ဖြစ်ပွား သွားမည့်ဘေးကို လည်းကောင်း တားဆီး ကယ်တင်တော်မူရန်
နှစ်ဖက်အပြိုင် အနိုင်လုယက် စစ်ထွက်ရန်ဆိုင်မိသော အချိန်တွင် ရောဟဏီမြစ်ဒအလယ်
အဇဋာဝေဟင် ထက်ကောင်းကင်တွင် ဈာန်ယာဉ် သမာပတ် ၀င်စားလျက် တန့်နားကိုယ်ထင်
ပြတော်မူလေသည်။
မြတ်ဗုဒ္ဓသခင် ကောင်းကင်ပြင်တွင် ဈာန်ယာဉ်စီးကာ ကြွချီလာသည်ကို မြင်သဖြင့် နှစ်ဖက်သော
သာကီဝင်မင်းများသည် လက်နက်များ မြေမှာချ၍ ဘုရားရှင်ကို ဖူးမြင် ဦးခိုက်ကြလေသည်။ ထိုအခါ ဘုရားရှင်က ရေထက် မြေက၊ မြေထက် လူက၊ လူထက် အကျင့်သီလက မြင့်မြတ်ကြောင်းကို
ဟောကြားတော်မူလေသည်။
ဘုရားရှင်၏ တရားကို နာကြားရသော ကမ်းနှစ်ဖက်မှ ဘုရား၏ ဆွေတော် မျိုးတော်များမှာ
အမျက်ပြေငြိမ်း၍ ဘုရားသခင်၏ ကျေးဇူးတော်ကိုဆပ်ရန် တစ်ဖက်လျှင် ၂၅၀-စီသော သာကီဝင် မင်းတို့အား ပေးအပ်လှူဒါန်းရာ မြတ်စွာဘုရားသခင်သည် မင်းသား ၅၀၀-ကို ရဟန်းပြုလျက်
မဟာဝုန်တောသို့ ခေါ်ဆောင်လာခဲ့သည်။
ရဟန်းဖြစ်စ တရားမရမီ အချိန်တွင် ပျင်းရိနေကြသည်ကို သိသော ဘုရားသခင်သည်
ရဟန်း ငါးရာတို့အား ဟိမ၀န္တာတောရှိ(ကုဏာလ)အိုင်သို့ ဘုရားတန်ခိုးတော် ဈာန်ဖြင့်
ခေါ်သွားကာ ကမဋ္ဌာန်း အားထုတ်စေရာ ရဟန္တာဖြစ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် တန်ခိုးဈာန်ဖြင့် မဟာဝုန်တောသို့ ပြန်လည် ရောက်ရှိလာကြတော့သည်။
ထိုရဟန်းငါးရာနှင့် တကွ ဘုရား၏ အသရေတော်ကို ဖူးမြော်ရန် ရောက်လာကြသော စကြ၀ဠာ
အတွင်းရှိ နတ်ဗြဟ္မာအပေါင်းတို့အား တစ်ဦးစီ၏ နာမည်များကို မြတ်ဗုဒ္ဓဘုရားက ခေါ်ဝေါ်နူတ်ဆက်ကာ မဟာသမယသုတ်တော်ကို ဟောတော်မူလေသည်။
မဟာသမယသုတ်တော်ကို ဟော်တော်မူသောနေ့သည်ကား နယုန်လပြည့်နေ့ ဖြစ်သတည်း။
ထိုသို့ နတ်၊ ဗြဟ္မအပေါင်းတို့အား တစ်ဦးစီ နာမည်များကို ခေါ်ဝေါ်နူတ်ဆက်ပြီး ရောက်ရှိသော
နတ်၊ ဗြဟ္မာ များသည် စရိုက်တစ်ပါးလျှင် တစ်သုတ်စီ ခွဲခြားဟောရသော် အားလုံးကျွတ်တမ်းဝင်
မည်ကို မြင်တော်မူလေသည်။
ထိုသို့ မြင်တော်မူပြီး စရိုက် အားကြီးသူတို့ နားလည်လွယ်ရန် အမေးအဖြေပြု၍ ဟောမှ သင့်မည်ဟု
ယူဆ၍ နိမ္မိတဘုရားတစ်ဆို ကိုယ်တော်နှင့် တူစွာဖန်ဆင်းတော်မူ၍ နှစ်ဆူသောဘုရားရှင်တို့သည်
ရာဂစရိုက် အားကြီးသူတို့အတွက် (သမ္မာပရိဗ္ဗာဇနိယသုတ်၊ ဒေါသစရိုက်အားကြီးသူတို့အတွက် (ကလဟ၀ိဝါဒသုတ်)၊ မောဟစရိုက်အားကြီးသူတို့ အတွက် (မဟာဗျူဟသုတ်)၊ သဒ္ဒါစရိုက်
အားကြီးသူတို့အတွက် (တုဝဋကသုတ်)၊ ၀ိတက်စရိုက် အားကြီးသူတို့အတွက် (စူဠဗျူဟသုတ်)၊
ပညာစရိုက် အားကြီးသူတို့အတွက် (ပုရာဘေဒသုတ်) တို့ကို အပြန်အလှန် အမေးအဖြေပြု၍
ဟောတော်မူလေသည်။ ထိုအချိန်မှစ၍ မဟာသမယသုတ်တော် ဖြစ်ပေါ် ရွတ်ဆို ပွားများလာကြသည်။
တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။
သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား များပြားလွန်း၍
ရေတွက် လို့တောင်မရနိုင်ပါ။
နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ရင် ---။
  • ၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
  • ၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီးငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
  • ၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
  • ၄။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
  • ၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
  • ၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
" မဟာသမယသုတ်ပါဠိ "
၁။ ဧ၀ံ မေ သုတံ-ဧကံ သမယံ ဘဂ၀ါ သက္ကေသု ၀ိဟရတိ ကပိလ၀တ္ထုသ္မိံ
မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ
သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေ၀တာ ယေဘုယျေန
သန္နိ-ပတိတာ ဟောန္တိ ဘဂ၀နံ္တ ဒဿနာယ, ဘက္ခုသံဃဉ္စ။
အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေ၀တာနံ ဧတဒဟောသိ “အယံ ခေါ ဘဂ၀ါ
သက္ကေသု ၀ိဟရတိ ကပိလ၀တ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ
ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ
ဒေ၀တာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂ၀နံ္တ ဒဿနာယ, ဘိ က္ခုသံဃဉ္စ။
ယံနူန မယမ္ပိ ယေန ဘဂ၀ါ, တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂ၀တော
သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ” တိ။
ဗြဟ္မာလေးဦး၏ လက်ဆောင်ဂါထာ
အထ ခေါ တာ ဒေ၀တာ သေယျထာပိ နာမ ဗလ၀ါ ပုရိသော သမိဉ္ဇိတံ ၀ါ
ဗာဟံ ပသာေရယ်, ပသာရိတံ ၀ါဗာဟံ သမိေဥၨယ်။ ဧ၀မေ၀ သုဒ္ဓါဝါသေသု
ဒေဝေသ အန္တရဟိတာ ဘဂ၀တော ပုရတော ပါတုရဟေသုံ။ အထခေါ
တာ ဒေ၀တာ ဘဂ၀နံ္တ အဘိဝါဒေတွာ ဧကမနံ္တ အဋ္ဌံသု။ ဧကမနံ္တ ဌိတာ
ခေါ ဧကာ ဒေ၀တာ ဘဂ၀တော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“မဟာသမယော ပ၀နသ္မိံ၊
ဒေ၀ကာယာ သမာဂတာ။
အာဂတ’မှ ဣမံ ဓမ္မသမယံ၊
ဒက္ခိတာယေ အပရာဇိတသံဃ” န္တိ။
၂။ အထ ခေါ အပရာ ဒေ၀တာ ဘဂ၀တော သန္တိကေ ဣမံ ဂါထံ အဘာသိ-
“တတြ ဘိက္ခဝေါ သမာဒဟံသု၊
စိတ္တမတ္တနော ဥဇုကံ အကံသု။
သာရထီဝ နေတ္တာနိ ဂဟေတွာ၊
ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ” တိ။
၃။ အထ ခေါ အပရာ ဒေ၀တာ ဘဂ၀တော အန္တိကေ ဣမံ ဂါထံ အဘာသိ -
“ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊
ဣန္ဒခီလံ ဦဟစ္စ မနေဇာ။
တေ စရန္တိ သုဒ္ဓါ ၀ိမလာ၊
စက္ခုမတာ သုဒန္တာ သုသုနာဂါ” တိ။
၎။ အထ ခေါ အပရာ ဒေ၀တာ ဘဂ၀တော သန္တိကေ ဣမံ ဂါထံ အဘာသိ -
“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိအပါယဘူမိံ။
မဟာယ မာနုသံ ဒေဟံ၊
ဒေ၀ကာယံ ပရိပူရေဿန္တီ” တိ။
နတ်၊ ဗြဟ္မာတို့၏ အစည်းအဝေး
၅။ အထ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ “ယေဘုယျေန ဘိက္ခဝေ ဒသသု
လောကဓာတူသု ဒေ၀တာ သန္နိပတိတာ ဟောန္တိ တထာဂတံ ဒဿနာယ
ဘိက္ခုသံဃဉ္စ။
ယေပိ တေ ဘိက္ခဝေ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊
တေသမ္ပိ ဘဂ၀န္တာနံ ဧတံပရမာယေ၀ ဒေ၀တာ သန္နိမတိတာ အဟေသုံ
သေယျထာပိ မယှံ ဧတရဟိ။
ယေပိတေ ဘိက္ခဝေ ဘ၀ိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တောသမ္မာသမ္ဗုဒ္ဓါ၊
တေသမ္ပိ ဘဂ၀န္တာနံ ဧတံပရမာယေ၀ ဒေ၀တာ သန္နိပတိကာ ဘ၀ိဿန္တိ
သေယျထာပိ မယှံ ဧတရဟိ။
အာစိက္ခိဿာမိ ဘိက္ခဝေ ဒေ၀ကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ
ဒေ၀ကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခဝေ ဒေ၀ကာယာနံ နာမာနိ၊
တံ သုဏာထ, သာဓုကံ မနသိကရောထ, ဘာသိဿာ မီ” တိ။ “ဧ၀ံ ဘန္တေ” တိ
ခေါ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။
ဘ၀ါ တေဒဝေါစ -
ရဟန်းတို့ ဒီဗ္ဗစက္ခုအဘိညာဉ် ၀င်စားခြင်း
၁။ သိလောက’ မနုဿာမိ၊ ယတ္ထ ဘုမ္မာ တဒဿိတာ။
ယေ သိတာ ဂိရိဂဗ္ဘရံ၊ မဟိတတ္တာ သမာဟိတာ။
၂။ ပုထူသီဟာဝ သလ္လီနာ၊ လောမဟံသာ ဘိသမ္ဘုနော။
သြဒါတမနသာ သုဒ္ဓါ၊ ၀ိပ္ပသန္န’ မနာဝိလာ။
၃။ ဘိယျော ပဉ္စသတေ ဉတွာ၊ ၀နေ ကာပိလ၀တ္ထဝေ။
တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
၎။ ဒေ၀ကာယာ အဘိက္ကန္တာ၊ တေ ၀ိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပ’ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
၅။ တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။
အပ္ပေကေ သတမဒ္ဒက္ခုံ၊ သဟဿံ အထ သတ္တရိံ။
၆။ သတံ ဧကေ သဟဿာနံ၊ အမနုဿာန’ မဒ္ဒသုံ။
အပ္ပေကေနန္တ’ မဒ္ဒက္ခုံ၊ ဒိသာ သဗ္ဗာ ဖုဋာ အဟုံ။
နတ်တို့၏အမည်ကိုဟောခြင်း
၇။ တဉ္စ သဗ္ဗံ အဘိညာယ၊ ၀ ၀တ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
၈။ ဒေ၀ကာယာ အဘိက္ကန္တာ၊ တေ ၀ိဇာနာထ ဘိက္ခဝေါ။
ယေ ဝေါ’ ဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။
၉။ သတ္တသဟဿာ တေ ယက္ခာ၊ ဘုမ္မာ ကပိလ၀တ္ထ၀ါ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၀။ ဆသဟဿာ ဟေမ၀တာ၊ ယက္ခာ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၁။ သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္တသဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၂။ ဣစ္စေတေ သောဠသသဟဿာ၊
ယက္ခာ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၃။ ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၄။ ကုမ္ဘီရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။
ဘိယျောနံ သတသဟဿံ၊ ယက္ခာနံ ပယိရူပါသတိ။
ကုမ္ဘီရော ရာဇဂဟကော၊ သောပါဂါ သမိတိံ ၀နံ။
၁၅။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ။
ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသာဿိသော။
၁၆။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၇။ ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ၀ိရူဠှော တံ ပသာသတိ။
ကုမ္ဘဏ္ဍာနံ အဓိပတိ၊ မဟာရာဇာ ပသဿိသော။
၁၈။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၁၉။ ပစိ ၦမဥၥ ဒိသံ ရာဇာ၊ ၀ိရူပေကၡာ ပသာသတိ။
နဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။
၂၀။ ပုတ္တာပိ တဿ ဟေဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၂၁။ ဥတ္တရဉ္စ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။
ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။
၂၂။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္နနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၂၃။ ပုရိမံ ဒိသံ ဓတရဠှော၊ ဒက္ခိဏေန ၀ိရူဠှကော။
ပစိ ၦေမန ၀ိရူပေကၡာ၊ ကုေ၀ေရာ ဥတၱရံ ဒိသံ။
၂၄။ စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။
ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ၀နေ ကပိလ၀တ္ထဝေ။
၂၅။ တေသံ မာယာနိနော ဒါသာ၊ အာဂုံ ၀ဉ္စနိကာ သဌာ။
မာယာ ကုဋေဏ္ဍု ၀ိဋေဏ္ဍု၊ ၀ိဋုစ္စ ၀ိဋုဋော သဟ၊
စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။
၂၆။ ပနာဒေါ သြပမညော စ၊ ဒေ၀သူတော စ မာတလိ။
စိတ္တသေနော ဟ ဂန္ဓဗ္ဗော၊ နာဠှောရာဇာ ဇနေသဘော။
အာဂါ ပဉ္စသိခေါ စေ၀၊ တိမ္ဗရူ သူရိယ ၀စ္ဆသာ။
၂၇။ ဧတေ စညေ စ ရဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇူဘိ။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
နဂါးဂဠုန်တို့ အမည်ကို ဟောခြင်း
၂၈။ အထာဂံု နာဂသာ နာဂါ၊ ေ၀သာလာ သဟတစ ၦကာ။
ကမၸလႆတရာ အာဂံု၊ ပါယာဂါ သဟ ဉာတိဘိ။
၂၉။ ယာမုနာ ဓတရဋ္ဌာ စ၊ အဂူ နာဂါ ယသဿိနော။
ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိံ ၀နံ။
၃၀။ ယေ နာဂရာဇေ သဟသာ ဟရန္တိ၊
ဒိဗ္ဗာ ဒိဇာ ပက္ခီ ၀ိသုဒ္ဓစက္ခူ။
ဝေဟာယသာ တေ ၀နမဇ္ဈပတ္တာ၊
စိတြာ သုဝဏ္ဏ ဣတိ တေသ နာမံ။
၃၁။ အဘယံ တဒါ နာဂရာဇာန’ မာသိ၊
သုပဏ္ဏတော ခေမ’မကာသိ ဗုဒ္ဓေါ။
သဏှာဟိ ၀ါစာဟိ ဥပ၀ှယန္တာ၊
နာဂါ သုပဏ္ဏာ သရဏ’မကံသု ဗုဒ္ဓံ။
အသူရာနှင့် မာရ်နတ်
၃၂။ ဇိတာ ၀ဇိရဟတ္ထေန၊ သမုဒ္ဒံ အသုရာသိတာ၊
ဘာတရော ၀ါသ၀ေဿတေ၊ ဣဒ္ဓိမန္တော ယသဿိနော။
၃၃။ ကာလကဉ္စာ မဟာဘိသ္မာ၊ အသုရာ ဒါနဝေဃသာ။
ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစီ သဟ။
၃၄။ သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစ နာမကာ။
သန္နယှိတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒ’မုပါဂမုံ။
သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခူနံ သမိတိံ။
၃၅။ အာပေါ စ ဒေ၀ါ ပထ၀ီ၊
တေဇော ၀ါယော တဒါဂမုံ။
ဝရုဏာ ၀ါရဏာ ဒေ၀ါ၊
သောမော စ ယသသာ သဟ။
မေတ္တာ ကရုဏာ ကာယိကာ၊
အာဂုံ ဒေ၀ါ ယသဿိနော။
၃၆။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၃၇။ ဝေဏ္ဍုဒေ၀ါ သဟလိ စ၊ အသမာ စ ဒုဝေ ယမာ။
စန္ဒယဿူပနိသာ ဒေ၀ါ၊ စန္ဒမာဂုံ ပုရက္ခတွာ။
၃၈။ သူရိယဿူပနိသာ ဒေ၀ါ၊ သူရိယမာဂုံ ပုရက္ခတွာ။
နက္ခတ္တာနိ ပုရက္ခတွာ၊ အာဂုံ မန္ဒသလာဟကာ။
ဝသူနံ ၀ါသဝေါ သေဋ္ဌော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။
၃၉။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၄၀။ အထာဂုံ သဟဘူ ဒေ၀ါ၊ ဇလမဂ္ဂိ သိခါရိဝ။
အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ပ နိဘာသိနော။
၄၁။ ၀ရုဏာ သဟဓမ္မာ ဟ၊ အစ္စုတာ စ အနေဇကာ။
သူလေယျရုစိရာ အာဂုံ၊ အာဂုံ ၀ါသ၀နေသိနော။
၄၂။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၄၃။ သမာနာ မဟာသမာနာ၊ မနုသာ မာနုသုတ္တမာ။
ခိုဍ္ဍဒါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။
၄၄။ အာထာဂုံ ဟရယော ဒေ၀ါ၊
ယေ စ လောဟိတ၀ါသိနော။
ပါရဂါ မဟာပါရဂါ။
အာဂုံ ဒေ၀ါ ယသဿိနော။
၄၅။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၄၆။ သုကၠာ ကရမ ၻာ အရုဏာ၊ အာဂံု ေ၀ဃနသာ သဟ။
သြဒါတဂယှာ ပါမောက္ခာ၊ အာဂုံဒေ၀ါ ၀ိစက္ခဏာ။
၄၇။ သဒါမတ္တာ ဟာရဂဇာ၊ မိဿကာ စာ ယသဿိနော။
ထနယံ အာဂ ပဗ္ဗုန္နော၊ ယော ဒိသာ အဘိဝဿတိ။
၄၈။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေနာတ္တ ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၄၉။ ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသဿိနော။
လမ္ဗီတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသ၀ါ။
နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။
၅၀။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ၀ဏ္ဏ၀န္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ၀နံ။
၅၁။ သဋ္ဌေတေ ဒေ၀နိကာယာ၊ သဗ္ဗေ နာနတ္တ၀ဏ္ဏိနော။
နာမနွယေန အာဂစ္ဆုံ၊ ယေ စညေ သဒိသာ သဟ။
၅၂။ ပ၀ုဋ္ဌဇာတိ’ မခိလံ၊ သြဃတိဏ္ဏ’ မနာသ၀ံ။
ဒက္ခေ မောဃတရံ နာဂံ၊ စန္ဒံဝ အသိတာတိဂံ။
ဗြဟ္မာများ
၅၃။ သုဗြဟ္မာ ပရမတ္တော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။
သနင်္ကုမာရော တိေဿာ စ၊ သောပါဂ သမိတိံ ၀နံ။
၅၄။ သဟဿံ ဗြဟ္မလောကာနံ၊
မဟာဗြဟ္မာဘိတိဋ္ဌတိ။
ဥပပန္နော ဇုတိမန္တော၊
ဘိသ္မာကာယော ယဿဿိယော။
၅၅။ ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေက၀သ၀တ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။
မာရ်နတ် နှောင့်ယှက်ပုံ
၅၆။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သဣန္ဒေ ဒေဝေ သဗြဟ္မကေ။
မာရသေနာ အဘိက္ကာမိ၊ ပဿ တဏှဿ မန္ဒိယံ။
၅၇။ ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဓ’ မတ္ထု ဝေါ။
သမန္တာ ပရိဝါရေထ၊ မာဝေါ မုဉ္စိတ္ထ ကောစိနံ။
၅၈။ ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယိ။
ပါဏိနာ တလ’ မာဟစ္စ၊ သရံ ကတွာန ဘေရ၀ံ။
၅၉။ ယထာ ပါဝုဿကော မေဃော၊
ထနယန္တော သ၀ိဇ္ဇုကော။
တဒါ သော ပစ္စုဒါဝတ္တိ၊
သင်္ကုဒ္ဓေါ အသယံဝသေ။
၆၀။ တဉ္စ သဗ္ဗံ အဘိညာယ၊
ဝ ၀တ္ထိတွာန စက္ခုမာ။
တတော် အာမန္ထယီ သတ္ထာ၊
သာဝကေ သာသနေ ရတေ။
မာရသေနာ အဘိက္ကန္တာ၊
တေ ၀ိဇာနာထ ဘိက္ခဝေါ။
၆၁။ တေ စ အာတပ္ပ’ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
ဝီတရာဂေဟိ ပက္ကာမုံ၊ နေသံ လောမာပိ ဣဉ္ဇယုံ။
၆၂။ သဗ္ဗေ ၀ိဇိတသင်္ဂါမာ၊
ဘယဘီတာ ယသဿိနော။
မောဒန္တိသဟ ဘူတေဟိ၊
သာဝကာ တေ ဇနေသုတာတိ။
မဟာသမယသုတ္တံ နိဋ္ဌိတံ။
မဟာသမယသုတ်တော် ရွတ်ဆိုရခြင်း၏ အကျိုးကျေးဇူး
မဟာသမယသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ရသော အကျိုးဖြင့်
သာသနာတော်စောင့် နတ်များ ချစ်ခင်ခြင်း၊ ဘေးဆိုး ရန်ဆိုးများ ပြေပျောက်ခြင်း၊
ဒေါသတရား နည်းပါးလာခြင်း၊ မောဟစိတ်များ မဖုံးလွှမ်းနိုင်ခြင်းနှင့် လောကီကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ လောကုတ္တာရာ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်
နိုင်သော သတ္တိထုးများကို ရရှိစေတတ်ပါသည်။

Sunday, June 3, 2012

“မေ့ရမရတဲ့သူတို့အကြောင်း(၆)”

လူမျိုး=နာဂတိုင်ရင်းသာလူမျိုး။
နေထိုင်ရာ=ခန္တီးခရိုင် လဟယ်မြို့နယ် လခြမ်းကျေးရွာ စစ်ကိုင်းတိုင်းအထက်ပိုင်း။
နာဂတိုင်းရင်းသားလေးတွေနဲ့ အတူပေါ့

စော်ဘွားကြီးသည် ရွာမှာငါအကြီးဆုံးဆိုပြီး နွားကို သတ်စေပြီး အောင်ပွဲခံနေသည်ပေါ့

ဤသို့ ထမင်းဖြစ်အောင် ပြောင်းကိုထောင်းနေရသည်
ကိုးကွယ်မှု= အိမ်ရှိတိရစ္ဆာန်ကိုသတ်ပြီးယဇ်ပူဇော်မှု။
စားမှု= ပြောင်းဆံကို ထောင်းကာစားသောက်။
ချစ်မှုရေးရာ= ဒီမိုကရေစီကျကျကျင့်သုံး။(လွတ်လပ်မှုအပြည့်)။
နာဂတိုင်းရင်းသားလူမျိုးများသည် ရှေးခေတ်အခါက ကသဲမင်းသည် နာဂလူမျိုးတို့ချစ်စဖွယ်ကောင်း၍ တော်ကောက်၏။ ထိုကသဲမင်း၏ ရန်မှကြောက်သောကြောင့် နဖူးနှင့် မေးရိုးတို့မှာ ဆေးမှင်တွေထိုးကာရုပ်ဖြတ်ကြ၏။ ရွှေမန်းသူတို့ ကျနော် ကျနော် လို့ ပြောဆိုခြင်းကဲ့သို့ဖြစ်နိုင်ချေရှိ၏။(မိမိခန့်မှန်းချက်) ထိုအရိုင်းစိုင်းနာဂတိုင်းရင်းသူ/သားတို့သည် ဒါးကိုလဲတဘက်ပဲသွေးသည်။ နားကိုလဲတဘက်သာဖောက်သည်။ သူတို့သည် အ၀တ်ကိုမ၀တ်ကြပဲ ယောက်ျားမှန်သမျှ လန်ကွတ်တီဖြင့်သာနေထိုင်၏။ မိန်းမမှာမူ အောက်ပိုင်းတွင် တဘက်စ သာသာ ရှိ အ၀တ်ကို (သူတို့ကိုယ်တိုင်လုပ်)ပတ်နေကြ၏။ အပေါ်ပိုင်းဗလာချည်းဖြစ်၏။ သူတို့သည် နေ့စဉ်တောင်ယာတွင်ပျော်မွေ့နေ၏။ တောင်ယာထဲမှာ တနေကုန်နေ၏။ စားစရာကို တရက်စာသာ ယူလာလေ့ရှိ၏။ လေ့လာမိသည်ကား ရွာထဲထားခြင်းသည် မီးရန်မှကြောက်၍ တောင်ယာတွင်ထားကြသည်။ (ကြွက်မနိုင်ကြည်မီးနှင့်ရှို့)စကားပုံအတိုင်း သူတို့နေသော ရွာကို မကြာမကြာ သူပုန်မှသော်၎င်း,စစ်တပ်မှသော်လည်း မီးရှို့ခံရခြင်းကြောင့်ဟု ဒေသခံများပြောပြ၏။ တောင်ပေါ်ဒေသမှန်သမျှ ရွာကို တည်ဆောက်ကြလျှင် တောင်ပေါ်တနေရာရာတွင်တည်ကြသည်။ တောင်ယာသည်လည်း ၃ နှစ်ကိုတကြိမ် မီးရှို့ကာ တခြားတနေရာသို့ပြောင်းရွေ့ကြ၏။ ၃ နှစ်လုပ်ပြီးသော တောင်ယာသည် မြေသြဇာမရှိတော့လို့ဟူ၏။ နာဂတိုင်းရင်းသားမှန်သမျှ သူခိုးဟူသည် မရှိသလောက်ရှားပါး၏။ သူတို့သည် မိမိပစ္စည်းတစုံတရာပျောက်ဆုံးသော် ကြက်ဥတလုံးနှင့် ထိုသူခိုးအား သတ်နိုင်၏။ မှတ်မှတ်ရရ မိမိရွာတွင် ဘိန်းခင်းများရှိ၏။ မိမိသူငယ်ချင်းများ မိမိနေရာရောက်ခဲ့သော် ပြစရာ ဘိန်းပင်ရှိ၍ ဘိန်းခင်းအားလိုက်ပြခဲ့သည်။ (ဗဟုသုတအဖြစ်ပေါ့) လိုက်ပြသည့်အချိန်သည် သူတို့တောင်ယာမသွားခင်လေးပေါ့။ တနေ့ ဘိန်းခင်းရှိရာနေရာသို့ သူငယ်ချင်းများနှင့် အတူ သွားရောက်ခဲ့၏။ ထိုသည်ကို ရွာမှ တချို့တလေမြင်နိုင်၏။ ဖြစ်ခြင်တော့ ထိုနေ့ ဘိန်းပင်မှ ဘိန်းသီးများ၏ ဘိန်းရည်များကို ခိုးယူသွားခဲ့သည်။ ထိုနေ့ မိမိတို့ တောင်ယာတောသွားသည်ကို ရပ်ရွာမှ သိသူက “ကြိုင်မွန်း”တို့ ခိုးတာဖြစ်နိုင်၏ ဟု ထင်နေမိ၏။ မိမိမှာတော့ ဘာသိဘာသာမသိခဲ့။ တရက် ဘာမှမထူးခြားသေး။ နောက်ရက် ရပ်ရွာထဲမှာ တောင်ယာပြီိးဆုံးခြင်း အထိမ်းအမှတ် သူတို့ပျော်ရွှင်ကြမည် နွားနောက်ရှိသူတို့ နွားနောက်ကိုသတ်၍ ပျော်ပွဲစားကြမည်။ ၀က်၇ှိသူတို့ ၀က်ကိုသတ်ကြမည်။ညအချိန် မီးဖိုဘေးတွင်ခေါင်းရည်များသောက်လျှက် သူတို့ စားကြမည်။ ထိုသည်ကို သိသော ဥက္ကဋ္ဌ အတွင်းရေးမှူးမှ ဘုန်းဘုန်း ရွာထဲ ဆင်းလေ။ အသားတွေ ပေးကြလိမ့်မည်ဟူ၏။ မိမိလည်း စစ်သားတယောက်ဖြင့်ရွာထဲသို့ ဆင်းခဲ့သည် တအိမ်ဆင်းတအိမ်တတ်ပေါ့။  အိမ်တိုင်းမှ ၀က်သားတတုံးစီပေးကြသည်။ ပါလာသောစစ်သားလေးမှ တတုံးရ ကြိုးနဲ့သီ နောက်တအိမ် နွားနောက်သား ဖတ်နှင့်ထုတ်ပေး၏။ တအိမ်တတုံးကြပေးလိုက်သည်မို့ (မြတ်စွာဘုရားလက်ထက်က အင်္ဂုလိမာလကို သွားသတိရနေမိ၏။ သူကတော့ လက်ညှိုးတွေ ပန်းကုန်းသဖွယ်သီကုံးထားသမို့ အင်္ဂု=လက်ညှိုး)(မာလ=ပန်း)လက်ညှိုးပန်းပေါ့။ မိမိတို့မှာတော့ အသားမျိုးစုံ သီကုံးထားခဲ့သည်မို့ မိဿက မံသ မာလ ဟု အမည်ပိုင်ရှင်ဖြစ်ရတော့မည်။ အိမ်စဉ်လှည့်လည်နေစဉ် ထိုဘိန်းပိုင်ရှင်အိမ်သို့ ရောက်သွားတော့၏။ မိမိသည် ဘာမှသတိမထားမိ။ ထိုအိမ်ရှင်မှ အဖိုးအိုသည်..” နင် ..အာမီး နင်..အာမီး”လို့ မိမိအားလက်ညှိုးထိုးကာပြောနေသည်။ ဘာအကြောင်းကြောင့်မိမိမသိ။ ခက်ချေပြီ စစ်သားရေ သွားကွာ အတွင်းရေးမှူး ဟို တအိမ်ကျော်မှာ၇ှိတယ် သွားခေါ်ချေဟု ပြော၏။ အမှန်မှာ သူဘာတွေ ပြောနေသလဲဆိုတာ သိချင်နေ၏။ ရောက်လာပြီ အတွင်းရေးမှူး ဟေး ကြူး ငါ့ဘာပြောတာလဲ ပြောစမ်း လို့ မိမိမေးသည်။ မင်း သူတို့ တောင်ယာက ဘိန်းတွေ ခိုးသည်တဲ့။ အလို….။ ငါမယူဘူးဟု ပြောသော်လည်း ထို အဖိုးအိုသည် ဒေါသအမျက်အရမ်းထွက်နေ၏။ ကဲ ကြူးရေ…ပြောလိုက်ကွာ ငါ ခိုးတယ် ဆိုရင် မင်းတို့ နာဂထုံးတမ်းစဉ်လာအရပေါ့။ ငါ့ကို ကြက်ဥနဲ့ သတ်ပေတော့ ငါသေမည်။ ငါမခိုး..။ ဟု မိမိလည်းပြောဆိုမိ၏။ ကြူးသည် မိမိအားညှိုးငယ်သော အကြည့်ဖြင့် (ကြိုင်မွန်း )ဘုန်းဘုန်း မင်းသေမယ်လေ တဲ့။ သေပါစေ ကြူး ငါမခိုး။ ငါမယူ။ သတ်ပေတော့လေဟု ပြောကာ ပြန်လာခဲ့တော့၏။ မိမိထိုဘိန်းကို ဘာလုပ်ရန်အတွက်ယူရမှာလဲ ။ မယူသည်မို့ ရဲရဲနဲ့အာမခံကာ ကြက်ဥတလုံးနှင့် သတ်ပေတော့မည်။ ခိုးရင်တော့ မင်းခံပေတော့။ နောက်နေ့ ထိုအဖိုးလာတောင်းပန်သည် လက်ထဲမှ ဘိန်းရွက်အချို့နှင့် ပလောပီနံ ၂ချောင်း။ဖရုံသီးတလုံး။ ဘိန်းရွက်သည် အနုလေးကြော်စားက အရမ်းကောင်းသည် ထိုနေ့အဖို့ အိပ်လို့ကောင်း၏။ နာဂလူမျိုးတို့သည် လက်တွေ့ လုပ်တတ်၏။ တဦးတယောက်ယုံပြီဆိုလျှင် ထိုသူသည်သာ သူယုံ၏။ ခိုင်းစရာရှိက တခါထဲခိုင်းရ၏။ တခု ခိုင်းပြီး နောက်တခုခိုင်း ဘယ်တော့မှမလုပ်ကြ။ ဒါပြီးဒါလုပ်ပါ .ဒါလေးပြီးရင် ဒါပါဆက်လုပ်ပါဆိုလျှင် ပြီးအောင်လုပ်တတ်၏။ သူတို့၏ ထုံးစံဖြစ်၏။
ယဇ်ပူဇော်မှုဆိုသည်မှာ အိမ်ရှိလူတဦးတယောက်နေထိုင်မကောင်းဖြစ်ခဲ့သော် အိမ်ရှိ နွာ,၀က်,ဆိတ်,တခုခု သတ်ကာ သွေးကို လူနာကိုတိုက်စေ၏။ ကျန်နေသောသွေးများ လူနာအားလိမ်းကျံစေ၏။
ပြောင်းကိုထောင်းကာ ထမင်းအဖြစ် စားသောက်ကြသည်။ ဆံဆိုလို့ တောင်ယာခုတ်ပွဲ တနေ့ ကောက်ညှင်းကဲသို့ စီးပိုင်နေ၏။ ထိုနေ့အဖို့ ၄င်းဆံဖြင့် အသားများနှင့် မြိန်ရှက်စွာ ခေါင်ရည်ဖြင့် စားသောက်ကြ၏။ သူတို့အဓိက လုပ်ကိုင်ကြခြင်းဟာ ပြောင်းဖြစ်၏။ ထိုပြောင်းကို လက်တလှမ်းစာ အလည်တွင် အပေါက်လေးပြုလုပ်ကာ အပေါ်မှ ၅ ပေ ၆ ပေခန့် အသားကို ကျည်ပွေ့ပုံစံပြုလုပ်ကာ ပါးစပ်မှ ဆို၍ဆို၍ တနာရီကျော်မျှ ထောင်းရ၏။ တရက် မိမိလည်း ဗဟုသုတ အဖြစ် ခဏတာထောင်းမိ၏။ လက်တွေ ဘုတွေထကာ အရေဘုများ ထွက်လာတော့၏။ သူတို့သည် (လက်နှီးစုတ်ခေါ်ဆိုသော=လက်ခု= ပူကယ်)ထမင်း ဟင်းချက်ရာတွင် မသုံးလို သူတို့၏ လက်သည် အသားမာများထလျှက် မပူတော့ ထမင်းအိုး ဟင်းအိုးများ ဒီအတိုင်းအောက်သို့ချ၏။ လက်ခုမပါ။ (ခေါမိုး= အခေါ)ပူလား=မပူဘူး။ နာဂစကား။ တခါ အမှတ်ရနေမိသည်။ မိမိသည် ရွာထဲ ဆေးပုလင်းလေးကိုင်ကာ တအိမ်ဆင်းတအိမ်တတ် ဆေးလိုက်ပေးသည်။ (ဟီး ဟီး…မူဆိုက်လောင်မီးပူပေါ့= ဒေါက်တာပေါ့ ဟဲ ဟဲ)ဆေးဆရာလုပ်မိသည်။ အိမ်တအိမ်အရောက် အဖိုးအို အတော်မနာမကျမ်းဖြစ်နေ၏။ အရမ်းလဲ ချမ်းနေ၏။ သူတို့သည် ဆေးမသောက်ဘူး၍ တခါလောက်သောက်ရုံမျှဖြင့် သက်သာစေ၏။ အရင်ပြောပြီးသားဖြစ်၏။ သူတို့သည် ခေါင်ရည်နှင့်သောက်လိုသည်။ ခေါင်ရည်သည် ပြောင်းဖူးကိုပြုတ် အချဉ်ဖောက်ကာ ရေနွေးမပွက်တပွက်နှင့် ရောနှောကာသောက်ရသည်မို့ ဆေးနှင့် မတည့်နိုင်သည်မို့ ထိုအိမ် အဖိုးကြီးကိုတော့ ကိုယ်တိုင်တိုက်မည်ဟု ဆုံးဖြတ်ကာရေနွေးတည်ခိုင်း၏။ (ဖလတ်သွန်း =ရေနွေး)ရေနွေးကို မီးထိုးနေ၏။ မိမိသည်လည်း ထိုမီးဖိုဘေးမှ နေ၍ သူတို့အကြောင်းတွေးနေမိသည်။ ခဏနေ ရေနွေးသည် ပွက်လာ၏။ အိမ်ရှိအဖွားအိုသည် ခွင်ပေါ်မှ ရေနွေးအိုးကို အောက်သို့ လက်ခုမပါပဲ ချလိုက်သည်။ မိမိသည်မေးမိ၏။ ခေါမိုး= ပူသလား။ အဖွားအိုသည် အခေါ=မပူဘူးတဲ့။ ဒါနဲ့ မိမိသည် ထိုရေနေီးအိုးကို ကိုင်ကြည့်မိ၏။ အားပါး ချက်ခြင်းလက်မှ အပူဘုများထလာတော့၏။ အဖွားအိုသည် မင်းဆေးဆရာပဲ တဲ့ ဒါနဲ့မိမိလည်းပါလာသောပရုတ်ဆီဖြင့် လိမ်းလိုက်မိ၏။ ထိုနေ့အဖို့.ကံမကောင်းခြင်းပေလား ကံကောင်းခြင်းပေလား။ မပြောတတ် လက်မှ အဖုတို့ဖြင့် ပြန်ခဲ့ရတော့၏။
အချစ်ဒီမိုကရေစီ ကတော့..နာဂတိုင်းရင်းသူ/သားတို့သည် မိမိမရောက်ခင် ရွာထဲတွင် ပန်ဟု ခေါ်သော အိမ်အကြီးကြီးဆောက်ပေးထား၏။ ထိုအိမ်ကြီးထဲတွင် အပျိုလူပျိုတို့ စုပေါင်းကာ အိပ်ကြရ၏။ မိမိရည်ငံသူကို အတူတူအိပ်ရသည်။ ကာယကံရှင် မိဘတို့တားပိုင်ခွင့်မရှိကြ။ မိမိရောက်ပြီးမကြာခင် ထို ပန်အိမ်ကြီးကို အဖျက်ခိုင်းလိုက်၏။ သို့သော် နောက်တဆင့်တတ်လာ၏။ အမျိုး ညီအကိုဆိုကြပါစို့. အကိုမွေးသောသမီးသည် ညီအိမ်သို့သွားအိပ်ရသည်။ ညီမွေးသော သမီးသည် အကို့အိမ်သို့သွားအိပ်ရ၏။ ကာလသားအချို့ မိမိရည်ငံသော မိန်းမပျို ဘယ်အိမ်အိပ်မည်ဆိုတာ ချောင်းကြရသည့် အလုပ်သည် ကာလသားအချို့တို့၏ ညနေနေ၀င်ရီတရော သူတို့အလုပ်တခုဖြစ်တော့၏။ သူရည်ငံသော အမျိုးသမီးငယ်နှင့် လာပြီး တူတူအိပ်သည်ကို ကန့်ကွက်ခွင့်မရှိ။ တခါ မိမိသည် အမြဲသွားနေကြအိမ်တအိမ်တွင် အမျိုးသမီးငယ်သည်ရှိ၏။ မိမိသည် အိမ်ရှင်အား (ကြိုင်မွန်း မရင်ဆန် ဒိုးမန်းကြင်း=ဘုန်းဘုန်းဒီကောင်မလေးကိုကြိုက်တယ်)လို့ နောက်ပြောဘုး၏။ အိမ်ရှင် ပြန်ပြောသည်ကား ငါ့ရှေ့မပြောနဲ့လေ အားနာတယ်လေ ဟူသတည်း။ သူတို့သည် အချစ်ရေးရာမှာ ကန့်ကွက်မှုမရှိချေ။ မြေပြန့်မှာရှိနေသော အမျိုးသား/သမီးတို့သည်  ဂုဏ် ဓန မတူကြရင် မတူသလို မတန်သလိုနှင့် အချစ်ရေးကို ခွဲကြသည်။ ဒီတွင်မပြီးသေးချေ နာဂတိုင်းရင်းသူတို့သည် အချင်းချင်းရည်ငံလို့ အိပ်ပြီးကာမှ မပေါ့မပါးအချိန် မွေးခါနီးအချိန်ရောက်လာချိန်မှာ သူတို့ အိမ်ထောင်ပြုကြရ၏။ ရပ်ရွာမှ ၀ိုင်းဝန်းကာအိမ်ဆောက်ပေးကြရ၏။ ထိုသည်ကို အမျိုးသားသည် ရှောင်ဖယ်ဖယ်လုပ်ခဲ့လျှင် ၀က်ရှိ ၀က်လျှော်ကြေးပေးရသည်။ နီားရှိ နွားပေးရသည်။ မွေးလာသောကလေးအဖို့ကြတော့ မတွေးဝန့်စရာ အဖေမရှိခြင်းကြောင့် နို့မတိုက်ပဲ ပါးစပ်ထဲသို့ အင်မတန်စပ်သော ရွှေလှန်ဘိုငြုတ်သီး အစီမ်းကိုအရည်ပြုလုပ်ကာ လောင်းထည့်ခြင်းအမှု ပြုလုပ်တော့၏။ ဤသည်ကား အချစ်ဒီမိုကရေစီရဲ့ နောက်ဆုံးသည် ကလေးသည် လူဘ၀ရောက်လာချိန်မှာ သူတို့၏ နွေးထွေးစွာကြိုဆိုလိုက်ခြင်းဖြစ်တော့၏။

Saturday, June 2, 2012

“မေ့မရတဲ့သူတို့အကြောင်း(၅)

တသိန်တန်ကျောင်း လဟယ်မြို့နယ် လခြမ်းကျေးရွာ

နာဂတိုင်းရင်းသားဝတ်စုံနဲ့ဗိုလ်ကြီး(ခ.လရ.၂၂၂ဟုမ္မလင်း)

ခ.လ.ရ ဗိုလ်ကြီးနှင့် တပ်စခန်းတနေရာတွင်

သူတို့ဆောက်ပေးသောကျောင်းရှေ့တွင် နေပူဆာလှုံရင်း သတင်းလေးနားထောင်
နာဂတိုင်းရင်းသားလူမျိုးတို့သည် ရေဒီယိုပင်မမြင်ဘူးကြ။ သူတို့သည် တနေ့လုံး တောင်ယာတောမှာပင်အချိန်ကုန်နေကြရှာသည်။ ရေမချိုးကြ အိပ်ယာထသော်မှ မျက်နှာသစ်ရိုးထုံးစံသူတို့မှာမရှိချေ။ မိမိနေရာအား မြင်စေခြင်သည် သိစေခြင်ကြသည်မို့ တီဗွီတလုံးနှင့် ဆိုလာပြား( ဘတ္ထရီအားသွင်းကိရိယာ) ထိုအချိန် အိန္ဒိယဆိုလာပြားတချက်မှ မြန်မာငွေ ၇၅၀၀ကျပ် တီဗွီတလုံး ၉၀၀၀ ၀န်းကျဉ်ပေါ့။ မ၀ယ်နိုင်ပါ ။ ၀ယ်ပြန်လျှင်လဲ ခန္တီးမြို့သို့ ဆင်းဝယ်ရမည်။ ၃ ည အိပ်၎ ရက်ခရီး မိုးမိနိုင်သည်။ အဆင်မပြေခဲ့။ နိုင်ငံတော်အား တောင်းဆိုလျှင်မူကား နေရာအရောက်ရောက်နိုင်သည် ဟု အကြံဖြင့် နိုင်ငံတော် သာသနာတော်ထွန်းကားပြန့်ပွားရေးသို့ တင်ပြသည်။ အဖြေကား..တောင်ပေါ်ဒေသမို့ နေမပူခြင်းကြောင့် ဘတ္ထရီအားသွင်းမှုသည် အဆင်မပြေနိုင် ဟု ပြန်ကြားခဲ့သည် ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရ၏။ အပြစ်မပြောလိုပါ အမှန်စင်စစ် နေပူအချိန်သည် အင်မတန်နည်းပါးလှ၏။ မိုဃ်းပဲရွာနေတော့၏။ နိုင်ငံတော်မှ စာရောက်လာ၏။ သာသနာပြုနေရာများ ကျောင်းဆောက်နိုင်ရန် ငွေ တသိန်းဆီချပေးခဲ့၏။ နာဂတိုင်းရင်းသားတို့ဆောက်ပေးသောကျောင်းသည် အဆင်မပြေခဲ့ တမိုးကုန်ရင် ချများလိုက်လာတော့၏။ ၀ါးများသည်လည်း အစိမ်းချည်းဖြစ်သောကြောင့် ဖြစ်၏။ နိုင်ငံတော်အစီစဉ်ဖြင့် ကျောင်းဆောက်ရတော့မည်မို့ လွှသမား ကျောင်းဆောက်ရန်လက်သမားများလိုတော့၏။ မြေပြန်မှမှာယူရ၏။ ဟုမ္မလင်းမြို့မှ လက်သမားဆရာရောက်လာ၏။ မှတ်မှတ်ရရ နာမည်တောင်သတိရနေမိသည် ကိုဝါလို။ ကျောင်းဆောက်ရန် လူအတော်များများလိုသည် ရပ်ရွာဥက္ကဋ္ဌကိုအကူညီတောင်းသည်။ တောင်ယာတွေမှ သစ်ပင်များကို ဖြတ်ပြီး ကျောင်းတိုင်လုပ်ခြင်း အခင်းများလုပ်ခြင်း အကာများလုပ်ခြင်းဖြင့် သစ်ပင်အတော်များများအလိုရှိသည်။ တော်ပေါ်ဒေသဖြစ်သည့်အလျှောက် မြေသည်လည်းမညီညာ။ တောင်ယာသွားပြန်ရင်လဲ ကွေ့ကောက်ကာ တောင်တွေကျော်ဖြတ်သွားလာရသည်မို့ သယ်ယူရေး အဆင်မှပြေပါလေစ ဟု တွေးပူနေမိသည်။ သူတို့ဆောက်ပေးသောကျောင်းအထက်တွင် ဆောက်ရန်သဘောတူမိ၏။ သို့သော် မြေကမညီညာခဲ့။ ကျေးရွာအကူညီတောင်းကာ မြေကိုညီညာအောင် အရင်ပြုလုပ်ရပေမည်။ တရက် ၁၀ ယောက်ခန့် လုပ်အားပေးရသည်။ တနေ့ မြေကိုညီညာအောင်ပြုလုပ်နေသော နာဂအမျိုးသမီးတယောက် မျက်နှာမှာ ယောင်လျှက် ခြေတို့သည်လည်းထိုနည်းတူ မိမိအနားသွားမေးမိသည်။ မိုးလိမ်းမိုး..=နေကောင်းလားဟူ၏။ မီးယမ်း ဟု အဖြေထွက်၏။ ကောင်းတယ်တဲ့။ မင်းကောင်းတယ်သာပြောနေတယ် မင်မျက်နှာတွေက ပြောလို့ပင်မဆုံးသေး အတွင်းရေးမှူးက ၀င်လို့ဖြေသည် သူက မနေ့ကမှ ကလေးမွေးတာလေတဲ့..။ ဟင် အဲလို ဆို မင်းပြန်တော့ လို့ မိမိပြောမိသည် သူပြန်ပြောသည် တာဝန်ကျေအောင်လုပ်ရမည်တဲ့။ ကဲ အမိမြေပြန့်မှ မီးနေသူများ နာဂတိုင်းရင်းးသားလူမျိုးတွေက ပျင်းတောင် ပျင်းသေးတယ် လို့တောင် ပြောတော့မယ်။ထားတော့ တောင်ယာသို့သွားသူသွားကြသည် တိုင်တွေ သယ်လာကြသည်။ ကောင်းမှကောင်း ရေတမာသားတွေချည်း အသားတို့သည် နီမြန်းလျှက် ပိတောက်သားနှင့်ဆင်သည်။ မိမိရွာသားများပင်ပန်းနေသည်မို့ ဥက္ကဋ္ဌနှင့်တိုင်ပင်သည် ဥက္ကဋ္ဌရေ ရွာလဲလူကုန်ပြီ အားလဲနာလှပြီ။ ငါ ဟိုရွာကို အကူညီတောင်းကြည့်မယ်ဟူသတဲ့ လက်ညှိုးညွှန်ပြလျှက် တွေးတွေရွာ(ထိုရွာသည် သူပုန်ရွာ)ဖြစ်၏။ ဖြစ်ပါ့မလားဥက္ကဋ္ဌရ.. ပြောမယ်လေတဲ့ ။ သူပြောသည် လူတယောက်လွှတ်သည်။ အဆင်မပြေခဲ့ ။ ထိုအခြင်းအရာကို သိနေသောဗိုလ်ကြီးနှင့် မိမိတိုင်ပင်လိုက်၏။ စစ်တပ်အမိန့်နဲ့ဆိုရင် ရနိုင်လောက်တယ်။ စာအိပ်တလုံးထဲတွင် မီးသွေးခဲတခဲ..ငြုပ်သီးတတောင့်..ကျည်ဆန်အခွံ တခု ထည့်ကာ ပြောလိုက်သည်။ မနက်ဖြန် ဒီစာရရခြင်း လူ အယောက် ၂၀ နှင့် တပတ်စာစားစရာများယူဆောင်၍ လာပါ လို့ပြောခိုင်းလိုက်သည်။ နောက်နေ့ ရောက်လာ၏။ သူတို့ပြောစကားသည်အမှန်။ ငါတို့လဲပါးစပ်ပါတယ်လေ စားဘို့လုပ်နေရတယ်တဲ့။ မှတ်ချက်။ ။ မီးသွေးခဲသည် ရွာကို မီးရှို့မည်။ ကျည်ဆန်သည် ပစ်ခတ်မည်ဟူသောသဘော..ငြုတ်သီးတောင့်သည် ပူသည်။ ဒီအတိုင်းသူတို့သိထားသည် ရှေးရှေး ရှေ့တန်း တပ်မတော်တို့ရဲ့ အပြုမူတည်း။ မိမိလည်း အားလဲနာမိသည် သို့သော် ရပ်ရွာသူတွေလဲ ပင်ပန်းနေကြပြီမို့  တွေးတွေ ရွာ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအား အကျီ င်္တထည်စီပေးလိုက်၏။ နောက်နေ့ သူတို့၏ တုန့်ပြန်မှုသည်ကား ဆိတ်တကောင်နှင့်ကြက်တကောင် ပြန်လည်ပေး၏။ ကျောင်းမြေညိညာသွားသည် ကျောင်းတိုင်များထူသည်။ မိမိလည်းပါဝင် ရိုက်သင့်တာရိုက်သည် ။ နာဂတိုင်းရင်းသားတို့သည် သွပ်ပြားကိုလည်းမမြင်ဘူး လွှများကိုပင်မမြင်ဘူး သံဆိုသည်လည်းဝေးစွ။ မိမိကျောင်းဆောက်ရန် သံများ သွပ်မိုးများ ရောက်လာသည်။ အခင်းများခင်းသည်။ လက်သမားတယောက် အလုပ်မလုပ်နိုင် နေများမကောင်းလေရော့အလား ဆိုပြီးမေးကြည့်မိ၏။ မဟုတ်ရေးချမဟုတ်။ ဘိန်းမရှူရခြင်းအကြောင်းကြောင့် အလုပ်လဲမလုပ်နိုင် အစားလဲမစား ရော ခက်ချေပြီ ဘိန်းရရင် သူလုပ်နိုင်မှာလားလို့ မေးကြည့်မိ၏။ သိပ်လုပ်နိုင်တာပေါ့တဲ့..။ ဒါနဲ့ မနေနနိုင်ခဲ့။ ထိုအချိန်တွင် မိမိရွာသို့ တူးအိုင်စီ ဗိုလ်မှူး ရောက်နေချိန်ဖြစ်၏။ မိမိသည် ရွာထဲသို့ဆင်းကာ (ကန်းနီ အကိုင်မိုး သက္ကာကြရှိမိုး.)လို့အော်ဟစ်ကာ ရွာထဲ ဘိန်းရှာထွက်ခဲ့ရ၏။ ဘိန်းရှိလား ပိုက်ဆံရှိတယ်လို့ ဆိုလိုပါ၏။ တနေရာအရောက် ..အဆာဝေး..ငါ့သားတဲ့ ..မင်း အတွက်လားပေါ့ .. မဟုတ်ဘူး.ငါ့အိမ်ဆောက်နေတဲ့ သူတွေ အတွက်လို့ပြောတော့ သူ ဘိန်းထုတ်လာ၏။ မိမိသည် တဆယ်တန် ၂ ရွက်ပေးကာ ကျောင်းသို့ အပြေးလွှားပြန်လာခဲ့တော့၏။ ဗိုလ်မှူးမှပြော၏ တောင်တန်းသာသနာပြုက ဘိန်းလဲဝယ်ပေးရတာပါလားဘုရားဟူ၏။ မိမိ၂၀ တန် ဘီးပိတ်စလေး ၂ စ ပေးလိုက်သည်နှင့် လူနာဖြစ်နေသော ထိုသူမှာ တခါထည်း လိုအပ်သည်များကို ရှာဖွေပြီး ဘိန်း၇ှူရန် လုပ်ငန်းစတော့၏။ ဘိန်းရှူပြီးသည်နှင့် မနားမနေ လုပ်လိုက်သည်မှာ မိုးချုပ်မှ နားတော့၏။ မကြာခင် ထိုကျောင်းလေးကို ခ.လ.ရ ၂၂၂ ဟုမ္မလင်းမြို့ ဗိုလ်ကြီးသောင်းဦးနှင့် ရေစက်ချခဲ့၏။ ရေစက်ချချိန် ရလိုက်သည့်အလှူငွေသည်ကား မြန်မာကျပ်ငွေ ၅၀ ကျပ် နှင့် အအေးသံဘူးတဘူး ဖြစ်ပေတော့၏။