အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, February 10, 2010

ကျောင်းအသွားလမ်းခရီးမှာ..

အင်း..တနေ့တနေ့နဲ့ အချိန်တွေဟာ ကုန်မှန်းမသိကုန်ခဲ့ပြီလေ နွေမှသည် ဆောင်း ဆောင်းမှသည်မိုး ရာသီတွေသာ ကုန်ဆုံးခဲသောလည်း အကျွုန်ုပ်အဘို့မှာတော့ နေ့စဉ်သွားနေကြ အမိတက္ကသိုလ်သို့သွားခဲ့ရတယ်ပေါ့ စက်ဘီးအိုလေးကို အဖေါ်ပြု
ဗာရာဏသီရွှေမြို့တော်ကြီးရဲ့နေ့စဉ်ရုံးသွားရုံးလာများ ပရိယေသန အတွက်ဝမ်းစာရှာသူများ နဲ့အတူ တိုးဝှေ့ကာ မိမိနေရာမှန်ရရေးကို လုကာ အပြေးလွှားသွားခဲ့ရတယ်လေ..တကယ်တော့ စက်ဘီးဆိုတာ ဒီရောက်မှ စီးဘူးတယ် ဆိုတာရိုးသားစွာဝန်ခံပ၇စေ မစီးတတ်သောစက်ဘီးကို မိ၈ဒါဝုန်ဘေးနားမှာ ညစဉ်တိုင်းသင်ရတဲ့ ဒုက္ခ.ဒီလိုနဲ့ စီးတတ်လာတော့လဲ အမိတက္ကသိုလ်ဆီသို့ အများနည်းတူ လွယ်အိပ်ကို စလွယ်သိုင်းကာ မိမိချက်ထားသော အာဟာရမဖြစ် ဟင်း လို့အမည်မရသော်လည်း ငံခြင်း စပ်ခြင်း ပူခြင်းအေးခြင်းတွေကို ရင်ထဲမှာမထားပဲ ဗိုက်ကိုပြည့်အောင်လွေးကာ.သွားခဲ့ရတယ်လေ..လမ်းမှာ ...အို့....လူတွေက ပြည့်ညပ် ကားတွေ စက်ဘီးတွေ ဆိုင်ကယ်တွေ ကလဲအများသား လန်ချားတွေ နွားတွေကလဲ မြို့လည်ခေါင်မှာ ဘယ်သူမှဂရုမစိုက်သလိုနဲ့.လမ်းကြောတွေကပိတ် ..ဟင်..ငါ ဘယ်လို သွားလာလျှောက်လှမ်းရမလဲဆိုတဲ့အတွေးတွေ ရင်ထဲမှာဖြစ်တည်ခဲ့တယ်လေ.တခါတလေကြပြန်တော့ ဆန္ဒပြနေတာနဲ့ ကြုံလာခဲ့၇င် တမျှော်တခေါ်ကားတွေ စက်ဘီးတွေ ဆိုင်ကယ်တွေ လန်ချားတွေနဲ့ တတောင်ရ တတောင်ရှေ့တိုးပြီးသွားလာခဲ့ရ ပါတယ်လေ..အော် မိမိက ဒီပညာ ဒီဘွဲ့ရလိုရေးအတွက်လာခဲ့တာမဟုတ်လား.. အင်း..ဘာလိုလိုနဲ့..၃ နှစ်တာသက်တမ်းမှာ ဘွဲ့လေးတဘွဲံတော့ ရရှိခဲ့ပါပြီလေ...အသက်လေးကကြီး..အရွယ်လေးက ရလာတော့လဲ...တခါတလေ စိတ်အားလေးတောင်ငယ်မိပါရဲ့..ခုတော့ ငယ်ရွယ်သူတွေရဲ့အကြားမှာ.စက်ဘီးလေးကို ကိုင်ပြီး.၃ နှစ်တာခရီးမှာ....အော်..အသက်ကြီးပေမဲ့..ငါ လေ..ငယ်ရွယ်သူတွေနဲ့တန်းတူ သွားလာလှုပ်ရှားနေတာဟာ နေ့တိုင်းမဟုတ်စေကာမူ.တနေ့တနေ့ ကီလိုမီတာ ၂၀ လောက် သွားလာလှုပ်ရှားခဲ့တာတွေဟာ..ကျောင်းတော်တက္ကသိုလ်သို့.သွားလေတိုင်း...သြော်...ကားတွေ လန်ချားတွေ ဆိုင်ကယ်တွေ နွားတွေ လူတွေ အကြားမှာ အန္တရာယ် ကို ဂရုမစိုက်သတိမထားပဲ သွားလာနေရတာကို တွေးကြည့်မှိတိုင်း .ငါ ..ဟာ ဘုရားသားတော် ပဲ ဆိုပြီး နှုတ်မှ ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်း....နေ့တိုင်းကီလိုမီတာ ၂၀ မျှသွားလာနေတဲ့
သွားရတဲ့နာရီဝက်ခရီးသည်...မကြောက်ပါ မလန့်ပါ အကြောင်းကား....ဘုရားသားတော် မဇ္ဈိမသားတော်တွေကို ဘုရားရှင်၇ဲ့ အနန္တ.ဂုဏ်တော်တွေကို.ပွားများရင်း.....ကျောင်းတော်တက္ကသိုလ်သို့...သွားလာလှုပ်ရှားနေခြင်းဖြင့်...
ကုသိုလ်အစဉ်တွေပွားများကာ............အမိတက္ကသိုလ်...အား.................

No comments:

Post a Comment