အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, February 16, 2010

ကုသိနာရုံသို့အလည်တစ်ခေါက်

မြတ်စွာဘုရားပရိနိဗ္ဖာန်ပြုတော်မူရာသို့အလည်တခေါက်လမ်းခရီး၌အမှတ်တရပေါ့.ကုသိနာရုံမြို

အင်း..ဒီနေရာကို ဒုတိယအကြိမ်ရောက်ရှိခြင်းပါ.ဆင်ခြင်မိတယ်လေ.အော်.မြတ်စွာဘုရားကိုသော်မှ.နောက်ဆုံးမှာ သေရခြင်းဆိုတဲ့ပရိနိဗ္ဖာန်ပြုရသေးတာပဲ..ငါ.လိုပုထုဇဉ်ကား.ပြောဘွယ်ရာမရှိတော့လေပြီ.ဆိုပြီး တရားသံဝေပွားမိတယ်လေ..သဗ္ဗေဓမ္မာ အနတ္တာတိ ယဒါပညာယပသာတိ အထနိဗ္ဖန္ဒတိဒုက္ခေ ဧသာမဂ္ဂေါ ၀ိသုဒ္ဒိယာ......လို့ ........၁၆.၂.၂၀၁၀..နေ့နမှတ်တရပေါ့

အချိန်ကား ၁၅.၂.၂၀၁၀ရက် နေ့လည်.၁နာရီ ၁၅မိနစ်မှ မိမိနေရာ ဗာရာဏသီရွှေမြို့တော်မှ စတင် ထွက်ခဲ့တယ်ပေါ့ TATASUMOကားလေးနဲ့ပေါ့..လမ်း၌မြင်တွေ့ရခဲ့သမျှလေးတွေကို သိစေခြင်လို့ပါ။ ကားကလေးသည် တစ်နာရီ မိုင် ၃၀- နှုန်းဖြင့်ပုံမှန်မောင်းလာခဲ့သည်။ တဖြည်းဖြည်းနဲ့ဗာရာဏသီ မြို့အပြင်သို့ရောက်ရှိလာခဲ့၏။ လမ်းမှာ ကျောင်းသား/သူများ ကုန်ကားကြီးများ၊ ဆာရီခြုံကုလားမများ စက်ဘီးဆိုင်ကယ် လန်ချားတွေနဲ့ ပြည့်ညပ်လို့နေတယ်ပေါ့။ ကီလိုမီတာ..၄၀ လောက်ရောက်တော့.ဂင်္ဂါ မြစ်မှမြစ်လက်တက်ဖြစ်သော ၀ရုဏ မြစ်ပေါ်မှဖြတ်ကျော်ကာ လယ်ယာစိုက်ခင်းများ၊ အသီးအရွက်ပျိုး ခင်းများနှင် စိုစိုပြေပြေတွေ့ခဲ့ရ၏။ လမ်းခုလတ်အရောက်မှာ ရထားလာနေလို့စောင့်နေရတယ်လေ အဲဒီမှာ ကားပေါ်အား ကုလားတွေ ၀ိုင်းကြည့် နေတယ်လေ….. မမြင်ဘူးလို့နေမှာပေါ့..နောက်ပြီးရထားလမ်းသည်လည်း မြန်မာပြည်နဲ့ မတူကြောင်း မြေပုံကျမ်းကြေသော အန်ကယ်ဥာဏ်မှပြောလို့သိခဲ့ရပါတယ်..မြန်မာပြည် ရထားလမ်းသည် ၃=ပေသာရှိ၏။ ဒီ..အိန္ဒယနိုင်ငံရဲ့ ရထားသံလမ်းသည် ၄-ပေရှိကြောင်း မှတ်ထားလိုက်ရပေတော့သည်။ နောက်…..အိန္ဒိယ နိုင်ငံရဲ့တနေ့တာ ရထားစီးသူ လူဦးရေ ဟာ ၅- သန်းကျော်တယ်တဲ့လေ။ ထိုမှ ကားလေးဟာ ဆိုက်မြို့ ဆိုတဲ့ မြို့သေးသေးလေးကို ၀င်လာခဲ့ပါပြီလေ..အဲဒီမှာ ဘာသာရေးတရား ဟောနေတာ ကုလားအများစု ထိုင်ကာနာနေကြတယ်ပေါ့.ဒါပေမယ့် ဘာသာရေးလော..နိုင်ငံရေးလော ဆိုတာတော့ သူတို့သာသိကြပေမည် ဒီမှာတော့… ဒီမိုကရေစီနိုင်ငံဆိုတော့ လွတ်လပ်စွာဟောပြောခွင့်ရှိသည်။ ..လွတ်လပ်စွာဆန္ဒပြခွင့် ရှိသည်လေ..ဟော..ပြောရအုံးမယ်လေ..တခါက ဂယာမြို့မှာ မီးမလာလို့ဆန္ဒပြကြ၏၊ မီးဒုတ်တွေကိုင်ပြီးပေါ့. အစိုးရမှလည်းပြန်လည်ပြီး ပြောပြတယ်လေ မင်းတို့မီးမလာတာကြတော့ ဆန္ဒပြတယ်...ငါ့.ကိုတော့ မီတာကြေး ဆောင်လား..ဟူ၏။ အိန္ဒိယသားတို့သည် မီတာဆောင်ခြင်းမပြုလုပ်ကြ ခိုးကြောင်ခိုးဝှက်နဲ့ခိုးသုံးကြ၏။ အိမ်တောင်ပြီးအောင်မဆောက်ကြ အစိုးရအပေါ် အခွန်ဆောင်ရမှာ ကြောက်လို့တဲ့ဆိုပြီး ပါးစပ်ရာဇ၀င်မှတ်တမ်းကြားဘူး၏။ လမ်းမှာမြေပုံကြမ်းကြေတဲ့ အန်ကယ်ကြီး တယောက်ကတော့ ယ္ခု.ကားသည် အိန္ဒိယနိုင်ငံရဲ့အရှေုမြောက်သို့မောင်းနှင်နေကြောင်းနှင့် အခြားအခြားသော ဗဟုသုတလေးတွေပြောကာ နားထောင်နေကြ၏။

လမ်းမှာနတ်ကွန်းပုံများ..ဘာသာရေးအဆောက်ဦလေးများနှင့်တွေ့မြင်ရ၏။ ဂေါရပူရ် မြို့မကြာခင် ရောက်တော့ မည်ဟုလည်းပြောနေကြ၏။သို့သော် ခန့်မှန်းချက်သာတည်း။ လမ်းသည်လည်းအတော်လေးကို ဆိုးရွားလှ၏။ ကုလားဒရိုင်ဘာသည်.သူရဲ့ကားအကြောင်းကိုသိနေသည်လားမသိဖြေးညှင်းစွာမောင်းနှင်နေသည်။ များမကြမှီ.ဂျောင်း..ဟော.အားလုံးဘုရားတကြရ၏။ လေးများကျိုးလေရော့လား မသိရ.သူကားကိုသာ အာရုံပြုမောင်း နှင်နေသော ကုလားသည် ဟို.သည်ကြည့်ကာ မျက်နှာသည်လည်းဂနာမငြိမ်တော့… ကားပြတ်တယ် ဆိုသောသဘောဖြင့် ကားကိုထိုးရပ်လေတော့၏။ နောက်မှကုန်ကားကြီးများသာ်.. ပွမ်..ပွမ်.ပွမ်. ဟွန်းသံ ပေးကာလမ်းတောင်းလေတော့၏။ .ဒီတော့မှ ကုလားဒရိုင်ဘာသည် ဘေးသို့ချပေးလိုက်တော့၏ ။

အင်း…ဒီနေရာမှာ..အမိမြန်မာပြည်သည်..ချစ်စရာကောင်း၏…ဘာကြောင့်ရပ်ရပ်.လမ်းဘေးချရပ်ဆိုတဲ့
ဆိုင်းဘုတ်ကြောင့် ချစ်စရာကောင်းကြောင်း မီးမောင်းထိုးပြထား၏။ ဒရိုင်ဘာသည် နိုင်ငံခြားသားဖြစ်သော မိမိတို့အား.ငွေ.ရူပီးလိုခြင်နေပြီ..အင်း.ဒီလိုနဲ့.ခေါင်းဆောင်အဖြစ်ထားသော အရှင်ဇောတိက(မော်ကျွန်း)မှ နောက်ကားတစီးငှားရန် သူရဲ့စတိုင်ဖြစ်သော လမ်းကွေ့ဖြင့် ကားသမားတယောက်အားစည်းရုံးနေ၏။ တကီလိုမီတာကို.၁၀ရုပီးဖြင့် ဈေးတည့်နေသည်ဟုဆိုလာပါတော့သည်။ ကိုလူလည်ဒရိုင်သိသွားပြီလေ.သူရဲ့ မာယာပရိယာယ်တို့သည်ပေါ်လာလေပြီ။ အကြောင်းမှာ..ထိုအရှင်ဇောသည်. လဘက်ရည်ဟုဆိုသော ကြရည်တခွက်တိုက်လိုက်တော့မှ.သူဖြေးဖြေးမောင်းပေးမည်ဖြစ်ကြောင်းပြောလာတော့၏..
အင်း.ကုလားနှင့်နွားမသနားလေကြနဲ့ဆိုတာမှန်၏။ ရသမျှလိုခြင်၏၊ လူမှုရေးအသိတရားခေါင်းပါး၏၊ လမ်းမှာ.ဒုက္ခကတော့ မသေးလှ.အင်း အမိမြန်မာပြည်ကို လွမ်းမိပါသည်။ တကယ်လို့များ ဒီလိုအဖြစ်ကြုံခဲ့သောမှဘေးမရှိ အန္တရာယ်မရှိ အခု ဒီမှာ.မိမိတို့သည် ညကြီးမှာတကယ်လို့များဆိုတဲ့ အတွေးကိုတွေးလိုက်. ဘုရားဂုဏ် တော်တွေကိုအာရုံပြုလိုက်နဲ့ ဒရိုင်ဘာကိုသာအကဲခတ်နေရ၏။ များမကြာမီ ကားပေါ်သို့ တတ်ခိုင်းလေ တော့သည်။..ဒီတော့မှ.ဟင်း..ဆိုပြီး မိမိတို့အဖွဲ့သက်ပြင်းကိုယ်စီချကာ စိတ်သက်သာရာ ရတော့၏။ ဟော.မျှော်လင့်နေတဲ့ ဂေါရပူရ်မြို့သို့ရောက်ခဲ့ပါပြီ။ ထိုမှာ.လမ်းချဲ့ဘို့အတွက် နေရာအများအပြား လမ်းကြိတ်စက်ဖြင့် ထိုးဖြတ်ထားသော မြင်ကွင်းသည်ကား..အလို.အိမ်များ တိုက်ခဏ်းများ စီမံချက်ကိုတော့ တကယ်အားမနာတမ်း လုပ်တတ်၏.ကြော်ငြာပေး၏။ ကိုကုလားလူမျိုးတို့သည်လည်း လုပ်တော့မှ..ဟယ်..လို့. မြည်တွင် တောက်တီး တတ်ကြ၏။ ခုကြည့်လေ မြင်လိုက်ရတဲ့ရှုခင်းများသည် အနိဌာရုံမြင်ကွင်းအင်း ဒီလူမျိုးတွေသည် ဒီလိုမှပဲသူ့လူမျိုး သူ့စရိုက်ကိုက်ညီလှ၏။ လမ်းတွင်လည်း ကားလမ်းပေါ်သို့တတ်ကာ ကားကိုတားတတ်ကြ၏။ သူလူမျိုးကိုသိသောကိုဒရိုင်ဘာသည် မရပ်.. ဟယ်..လို့သာမိမိတို့တနေကြ၏။

ဒီ..TATASOMO ကားလေးနဲ့ပေါ့..ရုပ်ကိုတော့ သီးခံနော်..:P
----------------------------------
ကိုဒရိုင်ဘာကားမောင်းမြဲမောင်းလျှက်..ကီလိုမီတာ.၁၀၀-ကျော်ကျန်သေးသည်။ ကားကလည်း ဖြေးဖြေးမောင်း နေသောကြောင့် ခရီးကား လိုသလောက်မတွင်ကျယ် မိမိတို့အဖွဲ့သည် ညည်းညူစွာဖြင့် ဒုက္ခလေးတွေ ကိုယ်စီနဲ့လိုက်ပါခဲ့ရသည်။ အော်.မြတ်စွာဘုရားရှင်သည် ထိုနေရာတွေမှာ ခြေလျင်လျောက်သော နေရာဒေသ တွေသာဖြစ်၏။ စာပေထဲတွင် မှတ်သားဘူးသောကြောင့် မြတ်စွာဘုရားက ခြေလျင်ကြွတော်မူသော နေရာတွေဟာ.ဘုရားရဲ့သားတော်ဖြစ်တဲ့ မိမိတို့ကို မြတ်စွာဘုရားသာရှိနေလျှင် ချစ်သားတို့ လာရာကား ကားဖြင့်သာတည်း ငါဘုရားသည်ခြေလျင်ခရီးတောင် လျောက်ခဲ့ဘူးသည်သာတည်းဟု မိန့်တော်မူမည်သာ။ မိမိတို့ဟာ.ကားဖြင့် မပင်မပန်းလိုက်ရခြင်းဖြစ်၏။ မငြီးငြူကြနှင့်..ဟု.မပြောသော်လဲပြောနေသရောင်ရင်ထဲ ခံစားမိကြတော့၏။ အချိန်ကားအတော်လင့်နေပြီ။ ရောက်ကားမရောက်နိုင်သေး သီချင်းတပုဒ် ငယ်စဉ်ကကြားဘူးတယ်၊ ၀တ်ရှိရင်လဲလည်စဉ်းခံမယ်.. မှတ်တမ်းလေးတပုဒ်နဲ့……လို့ကြားဘူးသည်ကို ပြန်လည် အောက်မိတော့..မိမိတယောက်တည်းတွေးကာရီနေမိတော့သည်။

ရောက်လုဆဲဆဲတွင် ကားသမားသည် ကားကိုရပ်ကာမေး၏.မေးလိုက် မောင်းလိုက်ပေါ့.ဟောမိမိတို့
အဖွဲ့ထဲမှ ဘုရားပုံတော်တဆူတွေ့လိုက်ကြောင်းပြော၏။ ကားသမားသည်မောင်းမြဲမောင်းနေ၏။ တနေရာ အရောက်တွင် မေးလိုက်တော့မိမိတို့ ကားသည်ကျော်လာခဲ့ကြောင်းသိရတော့၏။ ကားကိုနောက်ပြန်လှည်ကာ မောင်းရ၏။ ဟော...ဘုရားပုံတော်တဆူ..ဟယ်..လို့သာတမိခဲ့တယ်။ ထိုမှအနည်းငယ်မောင်းလိုက်သော် အလို….. မြန်မာလက်ရာ၊မြန်မာကျောင်း ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီး မဟာသုခံဒဒ.တဲ့ အော်..ရွှေမြန်မာ တို့သည်ကား လက်ရာမညံ့ကြောင်း.ကုသိနာရုံမြို့ မဟာသုခံဒဒစေတီတော်မြတ်ကြီးက သက်သေပြလျက်အော်.. အိန္ဒိယ နိုင်ငံမှာ နေထိုင်ခဲ့ရာ(၃)နှစ်ကျော်ခြေပြီ.. ဒီနေ့သည်ကား.. ၁၅.၂.၂၀၁၀.နေ့ တနေ့ကိုတော့ အမှတ်တရအဖြစ် မြန်မာနိုင်ငံပုံတူစေတီတော်တွေ့မြင်ရလို့ဝမ်းသာကြောင်း..ည..၁၁နာရီ၂၁-မိနစ်အချိန်တွင်ရောက်ရှိပါကြောင်း

No comments:

Post a Comment