အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, February 19, 2010

ဆင်ခြင်မိခဲ့ဖူးပါသလား

*****မြတ်စွာဘုရားကိုယ်သော်မှသေခြင်းတရားကိုမလွန်ဆန်နိုင်တော့လဲ*****


- - - - - - - - - - - - - - - - - - - - - - - - - - - -
သြော်.............

ပျိုခြင်းမမြဲ.အိုခြင်မြဲ.ငါလဲအိုရမှာပါတကား......
မာခြင်းမမြဲ.နာခြင်မြဲ.ငါလဲနာရမှာပါတကား.....
နေခြင်းမမြဲ.သေခြင်းမြဲ.ငါလဲသေရမှာပါတကား......

ဒီကဗျာလေးကို ဖတ်လိုက်တာနဲ့ သင်သည်ပွားတတ်ရင် ကုသိုလ်ဆိုသလို….ကုသိုလ်စိတ်တွေရင်ထဲမှာ ကိန်းအောင်းသွားပြီလေ.အခု..မိမိတို့သိပ်ပျော်နေတယ်လား? သေခြင်းဆိုတဲ့မရဏတွင်းမှ လွတ်နေမယ်လို့ တွေးထင်နေမိမလားပဲ။ တစ်နေ့တော့ သေခြင်းတရားဟာ ကိုယ့်အလှည့်ဆိုတာ ရောက်ရှိလာမှာပါလားဆိုတဲ့ အတွေးလေး ရင်ထဲဖြစ်ပေါ်မိရင်..ဒီနေ့စာဖတ်သူ အို…သူတော်စဉ် သင်ဘာဝနာလေးပွားလိုက်မိလို့ ရင်ထဲမှာ ကုသိုလ်စိတ်လေးဖြစ်မိပြီလို့မှတ်ထားလိုက်ပါ။ သတိတရားလေးလဲ မိမိရဲ့စိတ်နှလုံးထဲမှာ အမြဲနှလုံး သွင်းစေခြင်တယ်လေ..ဒါဟာ........၀ိပဿနာပဲဆိုတာ သိစေခြင်လို့ပါ။ အော်..တနေ့ ငါလဲအိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေက တနေ့တနေ့နီးလာပြီနော်လို့ သတိတရားလေး အမြဲရှိနေစေခြင်တယ်လေ

မိမိသည်အမိမြန်မာပြည်မှာ.တနေ့သော်ကျောင်းအမကြီးရဲ့နောက်ဆုံးဈာပနကို လိုက်ပို့မိတယ်ပေါ့။ အဲဒီမှာ. တွေ့လိုက်တဲ့…စာသားလေးပေါ့။ မိမိက ကျောင်းအမကြီးရဲ့ မမြဲသောခန္ဒာကိုယ်ကြီးဟာ ဒီနေ့တော့.. သေခြင်း တရားကြီးကခေါ်လို့သူလိုက်သွားရပြီပေါ့ဆိုပြီး..............

အနိစ္စာဝတသင်္ခါရာ ဥပ္ပဒါဝယဓမ္မိနော ဥပ္ပဇ္ဖျိတွာ နိရုဇ္ဈန္တိ တေသံဝူပသမောသုခေါ..စတဲ့

သံဝေဂဂါထာလေးရွတ်ပြီး ကျောင်းအမကြီးအားလည်း မေတ္တာပို့သကာ ဘာဝနာစိတ်လေးနဲ့ မိမိဆရာနဲ့အတူ မိမိနေရာကိုပြန်ထိုင်မည်အပြု တွေ့လိုက်တဲ့စာသားလေးတစ်ခု.ဟယ်ဆိုပြီး အာမေဋိတ်လေးရင်ထဲမှာ ကိန်းအောင်းပြီး ဘာဝနာလေးတဆင့်ပွားဘို့ထပ်မံတွေ့ရှိလိုက်ရတယ်လေ။ အဲဒါလေးကတော့……

အို….လူသား
ငါလဲတချိန်တုန်းက
မင်းလိုအသက်ရှင်ခဲ့ဖူးတာပါပဲ
တစ်နေ့….
မင်းလဲငါလိုဖြစ်လာမှာပါတဲ့
မသေခင်မှာ ရိက္ခာလေးတွေပြင်ပြီးရင်
ငါ့နောက်လိုက်ခဲ့တဲ့..ဗျာ…….

မိမိအား ကျောင်းအမကြီးကများ ထပြီးပြောလိုက်တာလားဆိုတဲ့အတွေးက ရင်ထဲမှာဖြစ်မိတော့ ဟုတ်တယ် တနေ့ငါလဲသေရမှာပါလားဆိုပြီးဘာဝနာကုသိုလ်လေးပိုင်ဆိုင်လိုက်တယ်လေ..

အထက်ပါ ပုံတော်ကတော့ မြတ်စွာဘုရားသည် မလ္လမင်းတို့၏ အင်ကြင်းဥယာဉ်တောထဲမှာ ပရိနိဗ္ဖာန် ပြုနေတဲ့ပုံတော်ဖြစ်ပါတယ်..ဒီနေရာကိုရောက်ရှိခဲ့တာ ၂-ကြိမ်မြောက်ပါ ဒီတခေါက်တော့ အတော်လေးကို ကြေနပ်စွာဖူးခွင့်ရခဲ့ပါတယ်.အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးက အနီးနားမှာငိုကြွေးနေလို့ပေါ့ ဆရာဇီဝက သည်လည်း အနားမှာငိုင်တိုင်တိုင်ကြီးထိုင်ကာ သိကြားမင်းနှင့်မာရ်နတ်မင်းတို့သည်လည်း ညောင်စောင်း ဘေးတွင်ထိုင်လို့….ထုလုပ်ထားတဲ့ပုံစံကိုလည်း မြင်တွေ့နိုင်ပြီး သံဝေဂယူဖွယ်ကောင်းပါသည်။ မိမိသည်လည်း ငိုကြွေးခြင်းဆိုတဲ့ စိတ်လေးမဖြစ်မိအောင် စိတ်ကိုထိန်းထားရပါတယ်။ အော်………. ဒို့ရဲ့ဘုရားတောင် ပရိနိဗ္ဖာန်ဝင်စံလေပြီ။ မြတ်စွာဘုရားစံတော်မမူမီ နောက်ဆုံး စကား တော်လေးဖြစ်တဲ့...

ဟန္ဒဒါနိဘိက္ခဝေအာမန္တယာမိဝေါ ၀ယဓမ္မာသင်္ခါရာအပ္ပမာဒေနသမ္ပာဒေထ..ကိုအကြိမ်ကြိမ်ရွတ်ကာ..

ဘုရားရှင်ကိုယ်တော်မြတ်တောင် သေခြင်းတရားနဲ့ ရင်ဆိုင်ခဲ့ရပြီ။ တစ်နေ့ငါတို့သည်လည်းပဲ.. မမြဲသော ခန္ဒာကြီးဟာ..ထိုလမ်းသို့ပါပဲမဟုတ်လား။ ၄င်းပုံတော်သည် ပေ၂၀-ရှိ၏။ မြောက်ဘက်သို့ ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့ မျက်နှာမူကာ တည်ရှိနေပါသည်။ ပခုံးတော်မှာ..၅ပေ ၆-လက်မ ညောင်စောင်းတော်မှာ ၂၃- ပေ ၉လက်မရှိ၏ မလ္လမင်းတို့ရဲ့ အင်ကြင်းဥယာဉ်တွင်းဝယ် မဟာသက္ကရာဇ်(၁၄၈) ခုနှစ် ကဆုန်လပြည့်နေ့ အာရုဏ်တတ်ချိန်တွင် မြတ်စွာဘုရားရှင်သည် မမြဲသောသေခြင်းတရားကို ကိုယ်တော်တိုင် ပြသာသွားကာ သင်တို့သည်လည်း မလွန်ဆန်နိုင်သော သေခြင်းတရားကို..တနေ့သင်သည်လည်း မမြဲသောခန္ဒာကိုယ် အတ္တဘောကြီးနှင့် သေခြင်းတရားကို မုချတွေ့ကြုံ ရမည်သာ.. မဟုတ်ပေလား................

(ခန္ဒာပြိုကွဲ သေမှာပဲ သေရဲအောင် သာကြိုးစားပါ)လို့ မှာတမ်းခြွေရင်းဖြင့်..သာ။
သတ္တ၀ါမှန်သရွေ့တရားတွေ့ချမ်းမြေ့သာယာရှိပါစေ

No comments:

Post a Comment