အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, February 25, 2010

အင်ဒိုနီးရှားနိုင်ငံရဲ့သဘာဝဘေး

အင်ဒိုနီးရှားတွင်
ဖြစ်ပွားခဲ့သော မြေပြိုမှုများအတွင်း လူ(၇၀)မျှထိ သေဆုံးနိုင်ကြောင်း
အာဏာပိုင်များက စိုးရိမ် လျက်ရှိကြသည်။ သည်း ထန်စွာ ရွာသွန်းသော
မိုးရေများကြောင့် ဘန်ဒွန်းမြို့အနီး ရွာလေးတစ်ရွာတွင် ဖေဖော်ဝါရီလ
(၂၃)ရက်နေ့က မြေများပြိုကျခဲ့ခြင်း ဖြစ် သည်။ ရွှံ့နွံများအောက်တွင်
လူအများ ပိတ်မိနေဆဲဟု တာဝန်ရှိသူများက ပြောကြားထားပြီး အနည်းဆုံး
အလောင်း(၆)လောင်းကို တူး ဖော်တွေ့ရှိပြီးဖြစ်သည်။ BBCက လူ(၆၀၀)ခန့်
နေထိုင်သော ရွာလေးမှ ရွာသူရွာသားများသည် တောင်စောင်းများ ရေတိုက်စားခြင်း
ကြောင့် ပြိုကျရာမှ ပုံနေသည့် ရွှံ့နွံများအောက်တွင် အနည်းဆုံး လူ(၆၀)မျှ
ပိတ်မိနေကြောင်း ဖော်ပြခဲ့သည်။ ရွာသားများသည် ရွှံ့ပုံများ ကို
ပေါက်တူးများဖြင့်ယက်ကာ သေဆုံးသူများနှင့် အသက်ရှင် ကျန်ရစ်သူများအား
ရှာဖွေလျက်ရှိသည်။ BBC က စီဝီဒီရွာရှိ အခင်းဖြစ်ပွား ရာ နေရာသို့ အနီးရှိ
ဘရီမော့မှ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် (၅၀၀)မျှ ရောက်ရှိနေကြောင်း
ဖော်ပြခဲ့သည်။ “အထူးလေ့ကျင့်ထား တဲ့ ခွေး(၆)ကောင်နဲ့ လူတွေကို
လိုက်ပြီးရှာနေပါတယ်”ဟု အနောက်ဂျာဗား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ
ဒါဒီအာမက်ကဆိုသည်။ အင်ဒိုနီးရှား ဒုတိယသမ္မတ ဘိုဒီယိုနိုနှင့်
ဝန်ကြီးအချို့တို့သည် မြေပြိုမှုဖြစ်ပွားရာ ဒေသသို့ လာရောက်ရန်
စီစဉ်နေကြောင်းလည်း သိရ သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုများသည်
မကြာခဏ ကြုံရလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်တစ်ခု ဖြစ်ကြောင်းလည်း သတင်း
ရရှိသည်။။

No comments:

Post a Comment