အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, February 8, 2010

ဂင်္ဂါမြစ်ကမ်း

ဗာရာဏသီရွှေမြို့တော်ရဲဂင်္ဂါမြစ်တနေရာ

ဒီနေရာလေး..ကို လွန်ခဲ့နှစ်ကရောက်ခဲ့တယ်လေ..နိုင်ငံခြားသားတွေရဲ့မျက်စိကြတယ်နေရာတနေရာပေါ့...ဂင်္ဂြါမစ်ပေါ့..ဒို့..လဲ ဗဟုသုတအဖြစ်ရောက်အောင်သွားခဲ့တယ်လေ...ဒီ..ရေကိုချိုးရင်အကုသိုလ်အပြစ်တွေကင်းစဉ်တယ်လို့..အယူရှိကြတဲ့... လူမျိုးစုတွေပေါ့..မြတ်စွာဘုရားလက်ထပ်တော်မှာ..ရှိမယ်မထင်မိဘူးလေ.ဒီဂင်္ဂါမြစ်ရေကိုချိုးလို့ အကုသိုလ် အညစ်ကြေးတွေ..ကင်းစဉ်ကုန်ရော့လားဆိုပြီး..အတွေးတခုရရှိခဲ့ပါရဲ့..အင်း..လေသူတို့အယူဝါဒကို ဘယ်သူတားဆီးနိုင်စွမ်းရှိမှာလဲလေ..

မြတ်စွာဘုရားလက်ထပ်တော်အခါက.. စကားတခွန်းကိုပြန်လည် အောက်မေ့မိတယ်လေ..ဒီ ဂင်္ဂါမြစ်ထဲက ငါး..တွေ..လိပ်တွေ..စတဲ့စတဲ့..ရေသတ္တ၀ါတွေ. အကုသိုလ်နယ် ပယ်ကိုစွန့်ခွါပြီး.. ကုသိုလ်နယ်ပယ်ကို တောင်မြန်းရပြီပေါ့..လားလား..တွေးမိရင်း..လိုက်လံကြည့်ရှုခဲ့တယ်လေ...ဒီနေ့မှာပဲ..တိုက်တိုက်ဆိုင်ဆိုင်ပေါ့...သူတို့ရဲ့ ဘာသာရေးပွဲတော်ရှိတယ်တဲ့..ဒါ..နဲ့.. ကြုံတုံးစောင့်ကြည့် မိတယ်လေ..
ဆားဒူး..တွေ..လူမျိုးစုတွေ၇ဲ့..မြင်တွေရတာ..မွန်းကြပ်မိတာနဲ့...သူတို့အခေါ်..ကြရည်.. .ဒို့များကတော့.. လဘက်ရည်ပေါ့...အပေါ်ထပ်တနေရာမှာ..ဂင်္ဂါမြစ်.ရဲ့..ရှုခင်းကိုအပေါ်ကကြည့်မိပြန်တော့လဲ..လွမ်းမောစရာ လေးပေါ့..အင်း....လဘက်ရည်ဆိုင်ထိုင်ရခြင်း.ဟာ.ဒီနေ့တော့ခုံတွေဘာတွေနဲ့ပါလားဆိုပြီး.. ပီတိလေးတော့
မဖြစ်ခြင်ဖြစ်ခြင်ဖြစ်မိတယ်လေ..ဒီနေ့..ဟာ..ငါခုံနဲ့လဘက်ရည်တောင်သောက်နေရ ပါလားဆိုပြီး... ရင်ထဲမှာ... တွေးနေရင်း..ဟိုအဝေးဆီ..ကမြင်တွေ့နေရတဲ့..ရာမနန်းတော်ရှုခင်းရယ်..BHU..တက္ကသိုလ်သို့.သွားရာ.. တံတားကြီးတွေရယ်...မွန်ဂိုဆလိုက်ဘူတာသို့သွားရာတံတားကြီးတွေ.ရယ်.. ဟို..ခပ်လှမ်းမှာ.. မော်တော်ဘုတ် လေးတွေနဲ့...ဂင်္ဂါမြစ်ရဲ့အလှကို..ရေပင်လယ်မှကြည့်ကာ..လေ့လာသူများ...ပွဲတော်မှာ...လူကလဲတဖွဲဖွဲ ရောက်လာဆိုတော့...

တနေရာဆီမှ..ကြားလိုက်ရတဲ့ဂီတသွသဖွယ်...လဘက်ရည်ဘိုးရှင်းမယ်ဆိုပြီးခေါ်လိုက်တော့...၅ ရုပီး..တဲ့.. ငံပြပြ..ပေါ့ပြတ်ပြတ်.အောက်ဆင်းပြီး..လေ့လာတော့..ဆာဒူးတွေကပန်းတွေ....နဖူးမှာ..ဆေးမှင်ကြောင်တွေနဲ့..လာရောက်ကြသော..
လူအများကိုကောင်းချည်းပေးတဲ့သဘောနဲ့....ဆုတွေပေး...ပေါ့။ အော်..........မြင်မြင်သမျှတွေဟာ အထူးဆန်း တွေချည်းမို့.. ပါလာတဲ့ ကင်မရာလေးနဲ့မှတ်တမ်းတင်... လားလား...ကိုရွှေကုလားက သူ့ရိုက်ပေးပါဦး.. ဆိုပြီး ရိုက်ပေးလိုက်တော့သဘောတွေကြ..ကိုယ့်မှာတော့လ။ ...အော်..သူတို့ရဲ့..ဘာသာရေး ပွဲတော်ဆိုတော့ ဘယ်လိုတွေဆက်ပြီး လှုပ်ရှားမလဲဆိုတာ သိခြင်သော်လည်း....ကိုယ်ကနိုင်ငံခြားသား တယောက်ဆိုတာ.. ရင်ထဲမှာအသိဝင်လာတော့..အချိန်ကလဲ..လင့်နေပြီလေ..သူတို့ဘာတွေဆက်လုပ်မည်ဆိုတာကိုတောင်မသိလဲ့ရပဲ....
နေထိုင်ရာစရဏ..ဆိုတဲ့မိဂဒါဝုန်အနီးနားမှာ....မိမိငှားနေရာ...အိမ်ခပ်အိုအိုလေးကို ပြန်ခဲ့ရလေတော့...... အဲဒီမှာ..သိလိုက်ရတာတော့...ဂင်္ဂါမြစ်...တဲ့...ရှုခင်းတွေစုံတယ်...စည်ကားတယ်... ဂင်္ဂါမြစ်ရေကို..သောက်မယ် ချိုးမယ်လို့စိတ်ကူးထားခဲ့တဲ့အတွေးကို...သောက်ဘို့မပြောနဲ့..ချိုးဘို့တောင်....စိတ်ထဲမဖြစ်ခဲ့ဘူးပေါ့..အကြောင်း ကတော့...ဒီမှာရေချိုး.ဒီမြစ်ထဲမှာ.လူသေတွေရေမျှော....ကန္နားအနီးမှာလဲ..ခပ်ညစ်ညစ်အရောင်..ရေကိုခပ်ပြီး နမ်းကြည့်ပြန်တော့..ညှီစို့စို့.အနံ့သက်တွေနဲ့ဆိုတော့........

ရင်ထဲမှာအတွေးလေးတခုဖြစ်တည်မိတယ်ပေါ့....အော်..သူတို့.ဒီ..ရေကိုချိုးပြီး...အကုသိုလ်အပြစ်တွေ.. ကင်းစင်ကန်ကြပြီလားဆိုတာ...ဒို့များရဲ့ မြတ်စွာဘုရားက ..ကိုယ်တိုင်ကျင့်ရမယ်..ကိုယ်ကျင့်မှ ကိုယ်ရမယ် ..လို့ဟောထားတယ်လေ....ဒီ..ဂင်္ဂါမြစ်ရေကိုချိုးလို့အပြစ်တွေ..ကင်းစဉ်ခဲ့မယ်ဆိုရင်ပေါ့....သူသိမသုတ်. ကိုအောက်မေ့မိတယ်လေ..


"အနုဌဟံ အ၀ါယမံ သုခံ ယတြဓိ ဂစ္ဆာဟိ. သုသိမ တတ္ထ ဂစ္ဆာဟိ မဉ္စ တတ္ထေ၀ ပါပယ" ဆိုတဲ့..တရားတော်လေးကို..နှလုံးသွင်းမိတယ်လေ..အားမထုတ်ဘဲ..မကြိုးစားပဲ..ချမ်းသာတဲ့နေရာများရှိရင် သုသိမ..ရယ်မင်းလဲ..သွား..ငါ့..လဲခေါ်နော်..တဲ့၊ ဘယ်လောက်ကောင်းလိုက်တဲ့ဒသာနလေး...ခု..လဲ တကယ်လို့များ..ဒီရေကို ချိုးရုံနဲ့ အပြစ်တွေ ကင်းစဉ်မည်ဆိုလျှင်....ငါတို့လည်း.......................



No comments:

Post a Comment