အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, February 28, 2010

ငါသာလျှင်အမြတ်ဆုံးလို့


အဂ္ဂေါဟမသ္မိံလောကဿ
ဇေဋ္ဌောဟမသ္မိံလောကဿ
သေဋ္ဌောဟမသ္မိံလောကဿ..တဲ့
.
ဂေါတမဘုရား မယ်တော်မာယာ၏၀မ်းထဲမှမွေးစကထဲက.ကျူးရင့်လိုက်တဲ့စကားလေးပါ..လောကမှာ ငါသာအမြတ်
ဆုံးတဲ့.နီပေါနိုင်ငံ လုမ္ဖိနီ အင်ကြင်းဥယာဉ်တွင်းမှာပေါ့..ဒီနေရာလေးရောက်တော့ သတိရလိုက်တာလေ မြန်မာပြည်ကို.နီပေါသူတွေနဲ့ရွှေမြန်မာတို့နဲ့က တူသလိုလိုကြောင့်ပါ..
လွန်ခဲ့သောနှစ်ပေါင်း.(၂၆၀၀ )ကျော်လောက်ကပေါ့. အိန္ဒိယမြောက်ပိုင်း ဟိမ၀န္တာတောင်ခြေတွင် သကျနွယ် သာကီဝင်မင်းများအုပ်ချုပ်သော ကပိလ၀တ်ပြည်.ဒေ၀ဒဟပြည်နှင့်ကောလိယပြည်တို့ရှိကြတယ်လေ.သုဒ္ဒေါဒနမင်းကြီးကလဲဒေ၀ဒဟဲ့တိုင်းပြည်မှ
မဟာမာယာမင်းသမီးကိုရွှေလက်ဆွဲ၍ကပိလ၀တ်ပြည်ကို သိမ်းမြန်းစိုးစံတော်မူခဲ့တယ်ပေါ့.မဟာမာယာဒေ၀ီ
သည်လည်း ကိုယ်ဝန်အရင့်မာကြီးနှင့် ကပိလ၀တ်မှဒေ၀ဒဟတိုင်းပြည်ကိုဆွေတော်မျိုးတော်များထံသွားရောက်
လေရာလမ်းခရီးတွင်လုမ္ဖိနီသာမောအင်ကြင်းတော၌ကွန်းခိုရပ်နားခဲ့တယ်လေ.ရာသီဥတုကလဲ.ကဆုန်လရာသီ
တောင်လေလေးကတဖြူးဖြူးပေါ့.နွေ အကုန် မိုးအကူးလေးလေ တောမီးလေးတွေကလဲလောင်မြိုက်လို့မြေပြင်
ကို မိုးလေးကတဖြိုက်ဖြိုက် ဆွတ်ဖြန်းထားမြေသင်းရနံ့လေးကလဲ ကြိုင်လှိုင်လို့နေတဲ့အချိန်ဖြစ်လို့နေတော့တယ်
စတားဝါပန်းတို့သည်လည်း၎င်း.ရင်ခတ်ပန်း.သရဖီပန်း.အင်ကြင်းပန်းတို့သည်၎င်းအခြားသော တောပန်း တောင်ပန်းတို့သည်၎င်း ပင်လုံးကျွတ်လှိုင်လှိုင်ပွင့်လျှက်ရှိနေကြတယ်လေ။ပျားပိတုန်းတို့သည်လည်း ဟိုမှသည် ဒီမှဟို ဥဒဟိုပြေးလွှားကာအငမ်းမရ၀တ်ရည်တွေကိုသောက်သုံးလို့နေကြတဲ့အချိန်မှာကျေးငှက်
သာရကာတို့သည်လည်းတပင်မှတပင်သို့ကူးယှက်ကာသာယာနာပျော်စွာကျူးရင့်လို့နေကြတဲ့အချိန်မှာ
မာယာဒေ၀ီမိဘုရားကလဲ ထိုကျေးငှက်တို့သာယာနာပျော်ဖွယ်အသံများနှင့်အတူ ပန်းရနံ့တို့၏မွှေးပျံ့ ကြိုင်သင်းသောအနံ့တို့၏အာရုံကိုနစ်မြောနေစဉ်ရုတ်တရက်လဲမလိုဖြစ်ပြီးကမ္မဇလေလှုပ်ရှားလာကာ မိမိခေါင်းပေါ်မှအင်ကြင်းပန်းကိုဖမ်းကိုင်အားကိုးမှုပြုလိုက်တယ်ပေါ့.ထိုနေရာထိုဋ္ဌာနလေးမှာပင် ဘုရားလောင်းသိဒ္ဒတ္ထလေးကိုဖွားမြင်တော်မူလိုက်တယ်ပေါ့..
အချိန်ကား..မဟာသက္ကရာဇ် (၆၈)ခု (ဘီစီ၆၂၃ )ကဆုန်လပြည့်သောကြ်ာနေ့ပင်ဖြစ်တော့၏။

No comments:

Post a Comment