ထလော့မြန်မာ၊
အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
(ဇော်ဂျီ)
ဒီ
ကဗျာလေးကို ဆရာချစ်ဦးညို ရဲ့ စင်္ကာပူစာပေဟောပြောပွဲတွင်ကြားသိရ၍
အလွန်သဘောကျနေမိ၏။ ဇော်ဂျီ ကဗျာထဲမှာတွေ့ခဲ့ရသည်မို့.ဒီpost
တင်နေချိန်အတွင်းမှာပဲ စပေဟောပြောပွဲသည် ဖွင့်လျှက်မို့ ဆရာချစ်ဦးညို
ပြောသည်။အသိပေးသည်။
မာန်အပြည့်နှင့်စိတ်ဓါတ်တွေကြက်သီးမွှေးညှင်းထလာအောင်ဆွဲဆောင်ခဲ့သည်။
ဆရာဇော်ဂျီ ရေးထားသော ကဗျာတို့သည်
တကယ်ပင်မြန်မာပြည်အတွက် ကြိုတင်သိနေခြင်းပေလားမတွေးတတ်ပါ။
မှန်၏။သွေးထွက်အောင်ပင်မှန်နေ၏။
No comments:
Post a Comment