အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, March 11, 2012

"ဒီနေ့ ပတ်စ်ဝါ့ ပြဿနာ"နှင့် အိမ်ရှင်၏ ကြက်သားဟင်းနှင့်ပူတီ

ဒီနေ့ဘယ်လိုဖြစ်တာရယ်တော့မသိလိုက်ရပါ။ မနေ့ညက တညလုံး ဘလော့နှိုက်နေသေး.မနက် ၄နာရီခွဲလောက်ထိပေါ့။
ဒီနေ့ မိမိလည်း အမိမြန်မာပြည်မှာဆရာလည်းဟုတ် သူငယ်ချင်းလည်းဟုတ်သည်။ မိမိကိုရင်ငယ်ဘ၀မှာတုံးက သာမဏေသကျသီဟ တတ်ခဲ့
စဉ် မဟာဝါပါဠိတော်ကို ပို့ချပေးဘူးသည့် ဆရာပေါ့။ သူသည်အိန္ဒိယနိုင်ငံ သို့ ဘုရားဖူးလာ၍ မိမိအား လေယာဉ်ကွင်း ဆင်းပြီးတာနဲ့ များမကြာခင်
ဖုန်းဆက်၍ ဗာရာဏသီရောက်က လာခဲ့ဘို့ ဖုန်းမကြာမကြာဆက်တော့၏။ ရောက်ခဲ့ပါပြီ ဗာရာဏသီမြို့။ ရောက်တော့လဲ ဖုန်းဆက်ကာ ဘုရားထဲ ခေါ်၏။ သွားခဲ့ရပြန်၏။တနေကုန် ဘုရားထဲလိုက်လံပို့ခြင်း ဈေးများဝယ်ပေးခြင်း စတဲ့ အလုပ်များနေ၍ တနေကုန် ကွန်ပြူတာနား ကပ်ချိန် မရှိခဲ့။
နေ့လည် မွန်းမလွဲခင် မိမိအိမ်လည်းရောက်ဘူးသည်ရှိအောင် ခေါ်ဆောင်ပြီး ဆရာရဲ့ ဆရာ နှင့်အမျိုးသမီးတယောက်ပါ မိမိနေထိုင်ရာ အခဏ်း
သို့လိုက်ပါခဲ့၏။ ချက်ပြီးသား ခရမ်းချဉ်သီးချက် ရယ် ချဉ်ရည်ဟင်းရယ် အသင့်ရှိပြီးသားနှင့် ကပ်မည်ဟု သံဒိဋ္ဌာန်ချခဲ့သည်။ သို့သော်
အချိန်လဲရသည်မို့ ပါလရွက်လေးကိုကြော်ခဲ့ပြန်၏။ ကြက်ဥ ၅ လုံး ကဗျာကယာမွှေကာ ကြော်ပြီး ဆရာ နှင့် ဆရာ၏ ဆရာတို့အား ဒီနေ့ ဖြစ်သလိုကြုံသလို
ဖြင့် ကပ်ခွင့်ကုသိုလ်လေးတခုတော့ ရလိုက်ပါ၏။ နေ့လည် ဆေးဝင်္ကာကျောင်းသို့ ပြန်ကြွရန် ပြန်လည်ပို့ဆောင်ပေးခဲ့ရပြန်၏။ ကျောင်းသို့ရောက်သည်နှင့်
ဆရာ၏ ပစ္စည်းများအိပ်တလုံးနှင့်ထည့်ကာ စီစီရီရီပြုလုပ်ပေးပြီးပြန်လာခဲ့သည်။ ဆရာမှ သင်္ကန်းနှင့်လွယ်အိပ်။ ဒကာတယောက်မှရှားပါး
ရပ်ရွာဖြစ်ပျားရည်တပုလင်း ။မန္တလေးထိုးမုန့်တထုပ် ရန်ကင်းတောင်ဆရာတော်မှလည်း မာတင်သင်္ကန်းတစုံ  လှူလိုက်သည်။
ဒီလိုနဲ့ဆရာကိုနှုတ်ဆက်ပြီးပြန်အလာ ထုံးစံအတိုင်း အင်တာနက်ကို ဖွင့်မိလိုက်တော့၏။ ပတ်စ်ဝါ့မှားနေသည် ဟူ၏။ တခါ နှစ်ခါ မရ။ သုံးကြိမ်မြောက်
ကြိုးစားကြည့်သည် မရခဲ့။ အလို..ဘာများဖြစ်တာပါလိမ့် လို့အတွေးပေါင်းများစွာနှင့် ကြိုးစားကြည့်ပြန်သည်။ စိတ်မောလူမော နဲ့သာ ရင်ဆိုင်ရ၏။
မနှစ်ကလဲ ဒီအချိန် တခါဖြစ်ဘူး၏။ ဘယ်လိုများလုပ်ရပါလိမ့်ဟု တွေးနေမိသည်။ အတွေးထဲမှာ ဂျမူးတက္ကသိုလ်သို့ (PH.D thesis) လုပ်နေသော
အိုင်တီ သမား အရှင်ကုဏ္ဍလ(တောင်ငူ)ကိုပြေးသတိရမိ၏။ အွန်လိုင်းမှာလဲ သူမရှိခဲ့။ ဖုန်းခေါ်ကာ အကျိုးကြောင်းပြောပြ၏။
မိမိအသုံးပြုသော မေးကို တောင်းကာ ကြိုးစားလုပ်ပေးမည်ဟု ပြောတော့၏။ မိမိသည်လည်း ပို့ပေးပြီး များမကြာခင် ဖုန်းပြန်လာတော့၏။
တယ်လဲထူးဆန်းပါလား ..? မကြာခင်အချိန်တောအတွင်းမှာ မိမိအသုံးပြုသော မေးကို ပြန်လည်အသုံးပြုခွင့်ရရှိတော့၏။
ထူးဆန်းပါပေ့ အင်တာနက်ခေတ်ကြီးရယ် လိုက်မမှီသော အင်တာနက်ပညာတို့သည်ကား..။ မိမိသည် အင်တာနက်ပညာ မကျွမ်းကျင်ရကား
ကျွမ်းကျင်သူတို့သည် မကြာခင်အချိန်တောအတွင်း ပြန်လည်အသက်ဝင်စေသည်။ ဒီနေ့ ကံကောင်းခြင်းပေလား..? ကံမကောင်းခြင်းပေလား.?
တွေးရင်းဖြင့်  တမနက်လုံးပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်သွားခဲ့၏။  ၈ နာရီခွဲ အကျော် လန့်နိုးတော့၏။ မိမိအိမ်ရှင်မ တံခါးလာခေါက်သည်။ ကြက်သား
ဟင်းနှင့်ပူတီလာပို့၏။ မိမိတို့ညစာမစားကြောင်းပြောပြ၏။ သို့သော် မောနင်း အိတင်းဆိုပြီး မပီကလာ ပီကလာနှင့်ပြောဆိုပြီး ထားခဲ့တော့၏။
ကြက်သားအနံ့သည် မွှေးကြိုင်နေ၏။ သို့သော်....
မှတ်ချက်။ ။ မိမိနေ အိမ်မှာ ၄ ကြိမ်ပြည့်ခဲ့ပြီ နေခဲ့ဘူး၏။ဒီနေ့အိမ်ရှင်၏ စေတနာ မေတ္တာသည်ကား..

No comments:

Post a Comment