အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, March 5, 2012

ပရော်ဖက်ဆာ ဂုရုကြီး ကောင်းရာဘုံဘ၀ရောက်ပါစေလို့


ဗာရာဏသီမြို့ ဆန်းစကရစ်တက္ကသိုလ် ပါဠိဋ္ဌာနတွင် သင်ကြားပေးသော ပရော်ဖက်ဆာ ဂုရုကြီး ရှားရမား သည် ၂.၃.၂၀၁၂ နေ့တွင် ရုပ်တရက်ကွယ်လွန်သွားခဲ့သောကြောင့် မြန်မာရဟန်းတော်များအနေနဲ့ ဆရာဂုရုကြီးအား လွန်စွာနှစ်မြောတသမိကြောင်း ဖေါ်ပြလိုက်ပါတယ်.။ သေခြင်းတရားသည် နေ့မြင်ညပျောက် ပဲ.။ တလောကမှ ဂုရုကြီးရှရမား သည် ဆိုက်ကားပေါ်တွင် ပြုံးပြုံးကြီးမြင်တွေ့လိုက်ရ၍ မထင်မှတ်ခဲ့။ ယ္ခု လည်း သူငယ်ချင်းဆီမှ ဖုန်းလာသည် ဂုရုကြီး ရှရမား အတွက် နောက်ဆုံးပူဇော်သည့်အနေနဲ့ ရူပီးငွေများ တတ်နိုင်သလောက်ပါဝင်ထည့်ကြရန်ဖြစ်သည်။ သတင်းစာတွင်လည်း ဂုရုကြီးပုံပါလာသည် မြန်မာရဟန်းတော်အများစု၏ အားကိုးအားထားရသည့် ဆရာဖြစ်၏။ မြန်မာ ရဟန်းတော်များအပေါ် အထင်လဲကြီး၏။ လေးစားသမှုလဲရှိ၏။
 မေ့နိုင်ပါရိုးလား ဂုရုကြီး.ရယ် တပည့်တို့ {M.A}တန်းတတ်စဉ်က စာသင်ချိန်လေးပြီးဆုံးလေတိုင်း ကျရည်ခေါ်= လဘက်ရည်ကို စာသင်ရင်း အတူတူ သောက်ကြရသည်။ တခါတရံ စာသင်နေစဉ် မောလာချိန်မှာလည်း တက္ကသိုလ်ဒရ၀မ်အစောင့်အားခေါ်စေ၍ လဘက်ရည် မှာစေ၏။ ဆရာဂုရုကြီးသောက်လေ့သောက်ထရှိသော လဘက်ရည်ကား သံပုရာသီးလေးနဲ့ ချဉ်ပြုံးပြုံးအရသာနှင့် လေကောင်းစေ၏။ ဆရာ ဂုရုကြီးအိမ် မိမိ SYNOPSIS တင်ခါနီးအချိန်တွင် ဂုရုကြီးအိမ်မကြာမကြာရောက်လေ့ရှိသည်။ မိမိကျမ်း၏ အကျဉ်းချုပ်ကို ဆရာဂုရုကြီးအားပြစေ၍ တင်ခဲ့ရ၏။ မှတ်မှတ်ရရ မိမိတင်သော SYNOPSIS ကား နမက္ကာရဋီကာ ဖြစ်၏။ မိမိစာအုပ်သည် မြန်မာလိုရေးထား၏။ ဆရာဂုရုကြီးအား မိမိစာအုပ်ကိုပြသည်နှင့် ဆရာဂုရုကြီးသည်စာအုပ်ကိုလှန်၍ ဖတ်လိုက်သည်ကား. ဆဋ္ဌသဂီ င်္တိ သံဃမဟာနာယကေန သာသနာကရ ညောင်ရမ်း အာစရိယောတိ ၀ိဿုတေန ..စသည်စသည်ဖြင့် ဖတ်ရှုလိုက်၍ မိမိအတော်အံ့အားသင့်ခဲ့သည်။ ဂုရုကြီး မြန်မာစာဖတ်တတ်ပါလားဟုအတွေးတချက်ဝင်လာမိ၏။  ပြန်လည်စဉ်းစားမိသည်ကား ပါဠိအရာ၌ ကျွမ်းကျင်တတ်မြောက်သူအဖို့ မြန်မာအက္ခရာသိရင် ဖတ်နိုင်သည်။ မိမိတို့ မြန်မာရဟန်းတော်များသည်လည်း ပါဠိအရာ၌ ကျွမ်းကျင်သည်ဖြစ်သောကြောင့် ဟိန္ဒီပါဠိစာပေများ မပင်မပန်းလွယ်ကူစွာ ဖတ်နိုင်သည်။ ပြန်လည်တွေးမိ၏။ အက္ခရာ ဗျည်း သရ တို့ ကွဲပြားလျှင် ဖတ်နိုင်သည်။ မိမိဗုဒ္ဒတက္ကသိုလ် တတ်စဉ်က ဟိန္ဒီစာများသင်ခဲ့ရသည်။ ဆရာရှင်အရှင်မာနိတကိုလည်း ပြန်လည် အောက်မေ့နေမိသည် အရှင်မာနိတသည် ဟိန္ဒီစာသင်သည်။ အော် ခဲ့ရဘူး၏။ ဒီအက္ခရာတွေ့ရင်ဘာလဲ…? သင်ခဲ့ရသည်ကို အောက်မေ့မိသည်.လွမ်းလဲလွမ်းနေမိ၏။ အရှင်မာနိတ အားလည်း မိမိတို့ကျောင်းသား၊သူများ ပြုစုခွင့်ရခဲ့ရသည်။ ဆရာအရှင်မာနိတ ကောင်းရာဘုံဋ္ဌာနရောက်ပါစေလို့.။ ဆရာဂုရုကြိးအကြောင်းဆက်ပါဦးမည် အထူးသဖြင့် အစည်းဝေးပြုချိန် အခမ်းနားစရင် မြန်မာရဟန်းတော်များသည် မေတ္တာသုတ် ပရိတ်တော်ဒေသနာတော်ဖြင့်ရွတ်ဆိုပေးရသည် ဂုရုကြီး အစည်းဝေးပြောဆိုရမဲ့အချိန်ကျရောက်တိုင်းအမြဲတမ်း ရွတ်ဆိုသည့်ဂါထာကား…”ကရုဏာ သီိတလ ဟဒယံ ပညာပဇ္ဖောတ ၀ိဟာရ မောဟတမံ ။ သနရာမရ လောက ကရုံ သန္ဒေ သုဂတံ ဂတိဝိမုတ္တံ”။ အမြဲရွတ်ဆိုသည် ဆရာဂုရုကြီး၏ ဈာပန လွမ်းသူပန်းခွေ ကို တက္ကသိုလ်ကြီး၏ အဓိက အကြီးမှူးကိုယ်တိုင် လွမ်းသူပန်းခွေချလျှက် နောက်ဆုံး ပူဇော်သည်။ ဆရာဂုရုကြီးသည်လည်း ကောင်းရာဘုံဘ၀ ရောက်ပါစေ လို့ ဗာရာဏသီဆန်းစကရစ်တက္ကသိုလ် ကျောင်းသားတွေအထဲမှ မိမိသည်လည်း ဆရာဂုရုကြီး၏ တပည့်တယောက်အနေနဲ့ နောက်ဆုံး နှုတ်ဆက်သည့်နေ့ကား ၂၈.၂.၂၀၁၂ နေ့ ဆရာဂုရုကြီး၏ ဆိုက်ကားပေါ်မှ ပြံး၍ ပြလိုက်သောနေ့သည် ဂုရုကြီး၏ နောက်ဖုံးအပြုံးဖြစ်ခဲ့ရသည်မို့…။ ယ္ခုတော့ ဂုရုကြီးသည်..သူ၏ သားသမီး မြေးတို့နှင့် ခွဲခွာလို့ တမလွန်အတွက် ကောင်းရာဘုံဘ၀ ရောက်ရှိပါစေလို့ပြန်လည်ထပ်မံပြီး….။

No comments:

Post a Comment