အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, March 23, 2012

ဗုဒ္ဒဂယာမြေမြတ်မဟာသို့

(၂၀.၃.၂၀၁၂) နေ့ မြန်မာပြည်သို့ပြန်ကြသော သူငယ်ချင်းများကို လိုက်ပို့ရင်း မိမိလည်းကိစ္စလေးအနည်းငယ်ရှိတာနဲ့ ဗုဒ္ဒဂယာမြို့သို့ လိုက်ပါလာခဲ့၏။ လေယာဉ်သည် ၂၁.၃.၂၀၁၂ နေ့ ထွက်ခွာမည်။တရက်ကြိုတင်ပြီး သွားခဲ့၏။ ဗာရာဏသီမြို့မှ ၁၁ နာရီကျော်လောက်ထွက်ခဲ့သည်။ ဗာရာဏသီမြို့ထဲမှာကို အတော်နဲ့မထွက်နိုင်ခဲ့ချေ။အကြောင်းမှာ အိန္ဒိယနိုင်ငံရဲ့ထုံးစံအတိုင်း လမ်းပိတ်ဆို့မှုကြောင့် ဖြေးညှင်းစွာ ဘီးလေးလှိမ့်ရုံ သွားနေရတော့၏။ အိန္ဒိယနိုင်ငံသည် လူဦးရေ ထူထပ်ပေါများလှ၏။ ဆိုက်ကား လန်ချား စက်ဘီး ဆိုင်ကယ် လိုင်းကားများ ကုန်တင်ကားကြီးများနှင့် တိုးဝှေ့လျှက် တခါတရံ တဖြေးဖြေး သွားလာနေသော နွားအိုကြီးများ ကားဟွန်းတီးသံကိုပင် ပမာမခန့်ပဲ ခပ်တည်တည် လျှောက်လှမ်းနေသည်ကို တွေ့မြင်လိုက်ပြန်တော့လဲ အော် နွားကို အရေးထားကြသော မျိုးနွယ်စုတွေကို ကားပေါ်မှအတွေးလေးဖြင့် ဘေးဘီမှလည်း ကားဟွန်းတီးသံများ လမ်းလုကာမောင်းနေကြသော ကိုရွှေဆိုင်ကယ်သမားများနှင့် တလှမ်းရ တလှမ်းတတ်နေသော စက်ဘီးစီးနေသူများကို ကြည့်ပြီး တယောက်ထဲ ပြုံးနေရင်းဖြင့်  အမြန်လိုသော လူငယ်တယောက် မိမိကားရှေ့မှာ စက်ဘီးကိုခွလျှက်နှင့် ဂရုမစိုက်သယောင်အမူရာဖြင့် ရှေ့သို့ ဖြေးညှင်းစွာ စက်ဘီးကိုနင်းလျှက် အော်..သေရမှာကို မကြောက်တာလား..? ဘာကြောင့်လဲဆိုတာ မတွေးတတ် မိမိသိလိုက်တာကတော့ လမ်းသည် အများပြည်သူပိုင်ဆိုင်သည် ငါလဲ ငါ လမ်းလျှေက်နေတာပဲ မင်းလဲ မင်းလမ်းမင်းလျှောက်နေတာပဲ ဆိုသည့် ပုံသဏ္ဍာန်ဖြင့် ဟွန်းတီးနေသည်ကို မသိချင်ယောင်ဆောင်လျှက်..မိမိကတော့ ကြည့်သာနေမိသည် သူနိုင်ငံ သူလူမျိုး သူတို့ဓလေ့ကိုတော့ တခါတလေ သဘောတော့အကျသား လို့ ဘေးဘီကို အာရုံပြောင်းလွဲကာ မိမိရှေ့မှ အမြင်အာရုံကို မျက်ကွယ်ပြုလျှက် ကားလေးမှာတော့ တတီတီဖြင့် သူတာဝန်ကျေအောင်မောင်းရမယ်ဆိုတာ သိနေမိသည်။ ဘေးပတ်ဝန်းကျဉ်မှာလည်း ကားတို့သည် ၃လက္မခန့်လောက်သာခြား၏။ မတွေးရဲစရာပါလားဆိုပြီး တအိအိမောင်းလာရင်းနဲ့ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်တော့မည်မို့ ကားသမားသည် ကားထဲမှ ကုလားသီးချင်းကို အသံမတိုးမကျယ်ဖွင့်လျှက် မြင်တွေ့နေရသော အဝေးပြေးလမ်းမကြီး၏ ဖြောင်းတန်း ညီညာစွာမြင်တွေ့လျှက် မိမိသည်လည်း ဒီတော့မှ သက်ပြင်းလေးတချက်ချကာ ကားသမားသည် အဝေးပြေးလမ်းမရောက်သည်နှင့် တရှိန်ထိုးမောင်းနှင်တော့၏။ ကားလေးသည်လည်း တညိမ့်ညိမ့်နဲ့ ကုန်ကားကြီးများ ၁၀ ဘီးကားကြီးများနှင့် တခါတရံ ကျော်လျှက် တခါတရံ ဟွန်းသံပေးကာ လမ်းတောင်းလျှက် မိမိ၏ ကားသမားသည် ကားမောင်းရင်း အသံညှောင်နာနာညီးလျှက် ကုလားသီချင်းနှင့် စည်းချက်ကိုက်သည့်အခါလည်းရှိ၏။ မကိုက်သည့်အခါလည်းရှိ၏။ ပျော်နေရှာပြီ တခါတရံ ကီလိုမီတာ ၈၀ ကျော်မောင်းနှင်လျှက် တခါတရံ ၆၀ ကျော်လေးနဲ့ ဖြေးညှင်းစွာမောင်းလျှက် မိမိမှာတော့ ဘေးပတ်ဝန်းကျဉ်၏ အသီးအနှံပင်များ ခပ်ဝေးဝေးမှ တွေ့မြင်နိုင်သော ဟိန္ဒီဘုရားကျောင်းကြီးများ နေပူချည်းမှာ ခေါင်းမြီးခြုံကာ အလုပ်လုပ်နေသော ကုလားမကြီးများနှင့် ခေါင်းကိုပေါင်းလျှက် အလုပ်ကြီုးစားနေသော ကုလားကြီးများကိုကြည့်လျှက် အော်..သူတို့ နေပူထဲမှာ အလုပ်တွေ လုပ်နေကြသည်ကို ကြည့်ရင်းနဲ့ ကားလေးခေါ်ဆောင်ရာ ဗုဒ္ဒဂယာရွှေမြို့တော်သို့ ၄ ကြိမ်မြောက်ရောက်ရှိပါသည်လားလို့ မဟာဗောဓိစေတီတော်ကြီး ကို မျက်စိထဲမြင်ယောင်မိလို့ မြတ်စွာဘုရားသဗ္ဖညုတရွှေဥာဏ်တော်ရခဲ့သည့် မြေမြတ်မဟာမှာ ယခု မိမိသည်ကားနှင်ခရီးနှင်လျှက် မြတ်စွာဘုရားလက်ထက်တော်အခါက သဗ္ဖညုတရွှေဥာဏ်တော်ရပြီးသည်နှင့် ဗုဒ္ဒဂယာမြေမြတ်မဟာမှသည် ဓမ္မစကြ်ာတရားဦးဟောရန် ဗာရာဏသီမြို့ မိဂဒါဝုန်သို့ ခြေလျင်ဖြင့် ကြွချီလျှက်..မြတ်စွာဘုရားရှင်အား ကြည်ညိုစိတ်တို့သည် ရင်ထဲမှာအပြည့် ဘေးမှ လေအေးတချက်တိုးဝှေ့မှုကြောင့် အတွေးစကို ဖြတ်လျှက် ကားလေးသည် တရှိန်ထိုးမောင်းနှင်လျှက် တဝေါဝေါဖြင့် ကုန်ကားကြီးများကို ကျော်တတ်လျှက် တခါတရံ ရင်ထဲမှာအေးစိမ့်စိမ့်ဖြစ်လျှက်မို့ မီတာဒိုင်ကွက် ကိုကြည့်မိတော့ ၉၀ သို့ လက်တံသည်ပြလျှက်…အင်း.တခါတရံ ကားသမားသည် စီယာတိုင်မှ လက်ကိုခွာလျှက် ဖြောင့်ဖြူးနေသော ဟိုင်းဝေးလမ်းမကြီးပေါ်သို့  မိမိတို့ကားလေးသည် မောင်းနှင်လျှက် ဘေးဘီမှ လေနုအေးလေးတွေကြောင့် ရင်ထဲမှာလည်း.အေးမြလျှက်.မကြာခင် ဗုဒ္ဒဂယာမြို့တော်သို့ရောက်တော့မှာပါလား…

No comments:

Post a Comment