ရန်ကုန်မင်္ဂလာဒုံမှ သာသနာပြုစတင်ထွက်ခွါခဲ့စဉ်။
လွန်ခဲ့သော(၁၅)နှစ်က သာသာနာပြုကုသိုလ်ထူးလေးပါ။
အချိန်ကား..မှတ်မှတ်ရရ..၁၉၉၄
ခု.ကပေါ့..တောင်တန်းဒေသသို့ သာသနာပြုသွားခဲ့တယ်လေ။နေရာဒေသမှာ
နာဂတောင်တန်းဒေသတနေရာမှာဖြစ်၏။ ထိုဒေသကား ခန္တီးခရိုင် လဟယ်မြို့နယ်
လခြမ်းကျေးရွာအမည်ရှိ ရွာတစ်ရွာတွင် မိမိတာဝန်ကြခဲ့ပါသည်.မိမိသည်လည်း
အတွေ့ကြုံထူးတွေ ကုသိုလ်ထူးတွေရခဲ့တဲ့ နေရာ လေးပါ။ ဒီအကြောင်းလေးကို
ရေးဘို့စိတ်ကူးမရှိခဲ့ပါဘူး..ဒါပေမဲ့ ဒီနေ့ဗာရာဏသီ ရွှေမြို့တော်ကြီးမှာ
မိုဃ်းတွေကတနေကုန်ရွာတဲ့နေ့ဆိုတော့ တောင်တန်းမှာနေစဉ်
မိုဃ်းမပြတ်ရွာတတ်သောအကျင့်ရယ်ကြောင့် ဒီနေ့မိုးရွာတာနဲ့
မိမိနေထိုင်သာသနာပြုခဲ့သော နာဂတိုင်းရင်းသားတွေကို အမှတ်တရလည်းအဖြစ်မို့
ဒီဘလော့တနေရာမှာစာဖတ်သူတို့သိစေခြင်သောစေတနာတွေလေးတွေနဲ့အတူပေါ့..တင်ပြလိုက်တယ်လေ။
မိမိတို့သည်
ခန္တီးမြို့တော်ရောက်တော့ ရောက်ပြီအထင်နဲ့
ဆရာတော်ဘဒ္ဒန္တကေသရ(ဗဟိုဌာနချုပ်)အား အရိုသေပေးပြီး ဦးတင်ကန်တော့လိုက်ကြသည်။
ဆရာတော်မှ မောင်ပဉ္ဖင်းတို့ သွားမဲ့နေရာသည် အ၀တ်မ၀တ် သော
နာဂတိုင်းရင်းသားကျေးရွာဟူ၏။ မိမိသည်ဒီလောက်ထိဆိုးမည်ဟုမထင်မိခဲ့ချေ။
တစ်ရက်ခန့်နားပြီး ငယ်စဉ်ကအခေါ်အဝေါ်ဖြင့်ပြောရမည်ဆိုရင်
ဟယ်ရီကော်ပဒါ..ပေါ့..ဟဲ ဟဲ နားမြင်းများကပ်လေမလား ယ္ခုအခေါ်ဟက်စကီး
ရဟတ်ယာဉ်ပေါ့.အင်း..ကြုံလို့ပြောရအုံးမည်.. မိမိတို့ကျေးရွာသည် ဟိုအထက်အညာ
ဒေသပေါ့။ လေယာဉ်သံကြားရလျှင်မိုးပေါ် ကောင်းကင်သို့ ထွက်ကြည့်ကြသည်။
လေယာဉ်ပျံ သည်လည်း ကြုံတောင့်ကြုံခဲ တစ်လတောင်တခါမကြားရ အော်…..
ဒီလေယာဉ်စီးရတာ ကောင်းမှာပဲလို့ မရဲတရဲ တွေးခဲ့ဘူးပါသည်။ ခုတော့ ၁၉၉၄-
ခုမှာ ရန်ကုန်မှသည် မန္တလေး မန္တလေးမှသည်ခန္တီးသို့ စုစုပေါင်း ၄-ခါပေါ့.
အခုတော့ပြည်ပအထိ စီးခွင့်ရခဲ့ပြီပေါ့။
မိမိငယ်စဉ်က အတွေးတို့သည်
အခုတော့…ဖြင့်အကောင်ထည်ပေါခဲ့လေပြီ။ ခန္တီး မှ လဟယ်မြို့သို့ ခြေလျင်
သွားသော်(၃)ညအိပ်(၄)ရက်ကြာသည်တဲ့။ ထိုနေ့တွေကို ၂၅-မိနစ်ဖြင့်
ရဟတ်ယာဉ်ဖြင့် စီးခွင့်ရခဲ့ပါသည်။ ထိုအချိန်တွင် (န.မ.ခ)
တိုင်းမှူးဗိုလ်ချုပ်ကြီးလှမြင့်ဆွေနှင့် (သ.ထ.ပ) ညွှန်ချုပ်
ဦးစန်းလွင်.တို့ဖြင့်အတူ လဟယ်မြို့သို့ အစဦးဆုံးထွက်ခဲ့ရ၏။ ရာသီဥတုသည်ကား
တောင်ပေါ်ဒေသတို့အတိုင်းဆိုးရွား၏။ သွားမည့်ဆဲဆဲတွင် ကောင်းကင်မှာ
ညှိုမှိုင်းပြီးထွက်လို့မရ နာရီဝက်ခန့်အကြာမှ ရာသီဥတုသည် သာယာခဲ့၏
သို့သော်လည်း… ထင်သလောက်တော့မကောင်းလှပါ….ထွက်ခဲ့ပါပြီ.လဟယ်မြို့သို့ ၁၀-
မိနစ်ခန့်အကြာမှာ ရာသီဥတုသည် မဲမှောင်ကာထိတ်လန့်မိ၏ န.မ.ခ.မှ၎င်း သ.ထ.ပ
မှ၎င်း ပရိတ်ရွတ်ဘို့စက်သံကြားမှ တောင်းဆိုသည်..သိရသ္မိံ မေ ဗုဒ္ဒ သေဌော
.အစရှိတဲ့ဂါထာတော်တွေရွတ်. စက်မောင်းသမားရဲ့ ကျွမ်းကြင်မှုသည်
အံ့မခန်းလောက်အောင်တော်သည်။ နို့မို့ဆို တောင်ကြို တောင်ကြားမှာ
မတွေးရဲလောက် စရာပါပဲ။ ၄င်းနေ့အတွက် နေ့ဆွမ်းငတ်ကာ ဥပုသ်စောင့်လိုက်ရ၏။
သွားလေရော့လဟယ်
****************************
****************************
ရောက်ခဲ့ပါပြီလေ…ထိုမှကြိုဆိုနေကြသော
နာဂတိုင်းရင်းသူ,သားများနှင့် ၀န်ထမ်းပေါင်းစုံဌာနများ ရှေ့တန်းရောက်
စစ်သည် အရာခံ အရာရှိများဖြင့်ကြိုဆိုကြသည်။
လဟယ်မြို့ဗဟိုဌာနချုပ်ကျောင်းသို့ ၂ -ရက်
ခန့်နားကာ.မိမိသာသနာပြုရာလခြမ်းကျေးရွာသို့(၉၆၉၃)ကိုယ့်ခြေတောက်ကိုသုံးကာ
ပါလာသောအ၀ည်ထည် ၀န်စည်စလွယ်များကို မေးမှာဆေးမျှင်ကြောင်ထိုး
အ၀တ်မပါကိုယ်တုံးလုံးလန်ကွတ်တီဖြင့် မှိန်းဟုဆိုသော
ဒုတ်ကိုလက်မှာကိုင်လားလားဆံပင်က ဖိုးယိုဖားယား ဖိနပ်ကမပါရှာ..
နောက်ကကြည့်ပြန်တော့ ဖင်ဟောင်း လောင်း သြော်..ငါ ဒါတွေနဲ့ဒါတွေကို
ယဉ်ကျေးအောင်လုပ်ရမှာပါလားဆိုပြီး ဘုရားသားတော်ပီပီကြရာတာဝန်
ထမ်းရပေတော့မည်။
မြတ်စွာဘုရားကလဲပြောထားတယ်လေ..
“ဗုဒ္ဒသာသနဘာရောအ၀သံဝဟိတဗော” လို့ဟောထားတော့ ငါသည်လည်း ဗုဒ္ဒပေးတဲ့တာဝန်လို
မချွတ်ဧကန်အမှန်မုချ ထမ်းဆောင်မည်ဟုရင်ထဲမှာဖြစ်တည်မိ အသိရှိခဲ့ တယ်ပေါ့။
ဒီလိုနဲ့တောင်ပေါ်ဒေသခရီးကြမ်းကို စတင်ကာတက်ခဲ့ရတယ်လေ။ ဟော..
တောင်ပေါ်ထုံးစံတို့ အတိုင်းဘယ်တုန်းက အငြိုးအတေးရယ်တော့မသိ သဲကြီးမဲကြီး
ရွာချလိုက်ပါပြီ… နာဂတိုင်းရင်းသားတွေက
တော့..ဟား..လား…ဟေ..ဆိုပြီးမနားတမ်းသွားကုန်ကြပြီလေ..မိမိမှာတော့
တောင်ပေါ်တက်တဲ့ အကျင့်မရှိ လေတော့ ခြေတောက်မှာ မထောက်နိုင်လောက်အောင်
ဖြစ်နေပါပြီ။ ဒီကြားထဲ ကိုရွှေကြွတ် ကလဲတွယ် ဟိုအဝေးတစ်နေရာမှ
ကြားဟိန်းသံတချက်ကြားမိလိုက်ပြန်တော့….ရင်ထဲမှာကြောက်စိတ်လေးတွေနဲ့အတူ
တောင်ပေါ်မိုးနဲ့အဖေါ်ပြုပြီး… မိုးလေးလေးတဖွဲဖွဲရွာတော့….ပျိုမေကို..သတိရတယ်
ဘယ်ဌာနီ…..လို့ညည်းခြင် တာတောင်… မညည်းနိုင်တော့တဲ့အခြေနေ။
သြော်..
သာသာနာပြုဆိုတာ တကယ်တော့….. တောတောင်ကို ကျော်ကာဖြတ်လို့ ကျောပိုးအိပ်ကို
လွယ်ကာဆိုသလို ကျမ္မာရေးလဲကောင်းမှ ရာသီဥတုဒါဏ်လဲ ခံနိုင်မှဆိုပြီး.
ဘေးပတ်ဝန်းကျင် ကြည့်မိ ပြန်တော့တောင်တန်းတွေ လမ်းကတော့လူသွားလမ်းလို
ကျဉ်းမြောင်းစွာနဲ့ တချက်လေးချော် လိုက်တာနဲ့. မတွေးဝံ့စရာပါလေ။
လမ်းမှာခဏတဖြုတ်နားစဉ် ယခု တောင်သည်ပေပေါင်း (၇၀၀၀) ပျော်မြင့်သည်တဲ့။
အားပါး..ခြေတောက်ကလဲ..လေတွေဝင်လို့မထောက်နိုင်တဲ့အထဲမှာ..ကိုရွှေကြွတ်က
တွယ်ထားလိုက်တာ သွေးတွေတောင်ဝနေပြီပေါ့။
စစ်သားတယောက်မှ
ဆေးလေးလာတို့လိုက်မှ မောင်မင်းကြီး သားက ဆင်းသွား တော့တယ်လေ။ ဒီလိုနဲ့..ပဲ
ဆက်လျောက်လိုက်နားလိုက်နဲ့ မရောက်နိုင်တဲ့ရွာကို တောင်လှမ်း
မျှော်ကြည့်မိတယ်လေ။ အင်း
တနေကုန်ခရီးတဲ့ညနေမှောင်ခါနီးမှရောက်ရှိတယ်ပေါ့.ခ.မ.ရ ၅၂ တပ်ရင်းခန္တီး
(ရှေ့တန်းရောက်စစ်သား)မှ ရေနွေးကြမ်းလာကပ်တယ်လေ။
အင်း..ပါလာတဲ့ဓါတ်မီးလေးနဲ့ ထိုးကြည့် မိတော့ခြေတောက်တခုလုံးလည်း
သွေးတွေရဲနေတယ်လေ။ ကိုရွှေကြွတ်တို့ရဲ့လက်ချက်ပေါ့။ အင်း… ဆောက်ထားတဲ့
ကျောင်းကတော့ ၀ါးတို့ဖြင့်၎င်း၊ တောထန်းတို့ဖြင့်၎င်း၊
သံဆိုလို့မတွေ့မိခဲ့။ ပါလာတဲဒါဏ်ကြေလိမ်းဆေးလေး လိမ်းပြီး ကိုက်ခဲတဲ့ဝေဒနာ
နာကျင်မှုဝေဒနာတွေနဲ့ မိုးအေးအေးကွေးလိုက်တာ.မနက် ၈-နာရီခန့်လောက်မှ
စပါးလုံးပေါင်းမြောက်များစွာနဲ့ ထမင်းကြော်တစ်ပုဂံ
မိုက်ခွက်နဲ့လဘက်ရည်ချိုကတခွက် ဆာဆာနဲ့ ဘုဉ်းပေးလိုက်တာ
လိုက်ပွဲမရှိလို့နားလိုက်ရလေတော့သတည်း။
အ၀တ်မပါကိုယ်လုံးထည်းနဲ့ဆိုတာနာဂတိုင်းရင်းသားတွေလား
****************************
****************************
ဆွမ်းလေးဘုဉ်းပြီး
ကျောင်းပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့ ခြေတောက်က နာ ကျွတ်ကျွတ်
အားမာန်တင်းပြီး လိုက်ကြည့်မိတော့ မိမိကျောင်းသည် ရွာရဲ့အပေါ်မှာဆောက်ထား၏
မိမိရဲ့အပေါ်မှာစစ်တပ် (ရှေ့တန်း) သူပုန်နယ်မြေပေါ့။ ကျောင်းပေါ်မှ
လှမ်းမျှော်ကြည့်လိုက်တော့ နေပူစာ လှုံနေသောကိုယ်တုံးလုံးလူတစု
နောက်တစ်နေရာကြည့်ပြန်တော့လဲ ထိုနည်း၎င်း။ အင်း.ဒီလိုနဲ့ ၁- ရက် ၂-
ရက်စောင့်နေလိုက်တယ် တယောက်မှလဲ မလာကြပါလားဆိုပြီး ဥက္ကဌ
အတွင်းရေးမှူးစတဲ့ကျေးရွာလူကြီးတွေကိုခေါ်ပြီး တစ်ရွာလုံး လာခဲ့ဘို့
ဘာသာရေးစည်းလုံးပွဲ တနည်းအားဖြင့် ဗုဒ္ဒဘာသာခံယူပွဲလေးပေါ့ လုပ်ကြမယ်ဆိုပြီး
ရှေ့တန်းရောက် ခ.မ.ရ- (၃၄၇) စစ်တပ်မှ
အရာရှိအရာခံများနှင့်အတူလက်တွဲပြီးပါလာသောအ၀တ်အထည်တွေ ဆာလာ အိပ်ကြီးနဲ့၂-
လုံးကို ဖေါက်..အို… ကောင်းလိုက်တဲ့ အ၀တ်ထည်တွေတဲ့ စစ်သားတယောက်ရဲ့
ပြောဆိုသံကိုကြားမိတာ…မိမိကတော့ အ၀တ်အစားအကြောင်းမသိတော့ ဟဲ ဟဲ ဟဲ .ဟုတ်လား
ဟလို့သာ ပြောမိရဲ့လာကြပါပြီ။ မျက်နှာမှာ ဆေးမှင်ကြောင်
အ၀တ်မပါကိုယ်လုံးထည်းများ ကျောင်းရှေ့မှာစီတိုင်းလို့ထိုင်
မိမိမှာတော့..ကျောင်းအမည်ခံခပ်နန ကျောင်းလေးပေါ်ကနေကြည့် လန့်တော့အလန့်သား
ကျေးရွာအိမ်ခြေမှာ (၁၁၆)အိမ်ပေါ့ လူဦးရေကတော့ ၄၀၀- ကျော်လောက်ရှိတယ်။
တယောက်ကိုတထည်ကြပေးဝေပြီး
မိမိမှ ဒီအ၀တ်တွေဝတ်ဘို့ပေါ့.. ဗုဒ္ဒဘာသာရဲ့အကြောင်းလေးတွေ ပြောနေရင်း..
ရှေ့တန်းရောက် တပ်ကြပ်ကြီး တယောက်မှ အရှင်ဘုရား
မြန်မာစကားမပေါက်ကြဘူးဟူသတဲ့ ဗျာ..ဆိုပြီး မိမိ.ရဲ့ နဖူးကို
လက်နဲ့ရိုက်ရုံမှတပါး. ဘာမှမတတ်နိုင်..ဒါနဲ့ အတွင်းရေးမှူးသည် မြန်မာစကား
အနည်းကျဉ်းရလေတော့ ဘာသာပြန်စနစ်နဲ့ ပြောရဆိုရတော့တယ်။
.တချို့တစ်ခါတည်းဝတ်ကြ.တချို့မ၀တ်ပဲ လက်မှကိုင်လို့ပေါ့။ ရင်ထဲမှာတော့
ပီတိလေး တွေတော့ဖြစ်မိခဲတယ်လေ။ တစ်နေ့တာတော့ပြီးဆုံးလို့ ဘယ်လိုဆက်ပြီး
သာသနာဆက်ပြုရမလဲဆိုတဲ့ အတွေးကတော့ စက္ကန့်တွေ မိနစ်တွေရှိနေသမျှ
ခေါင်းထဲမှာအစီအရီပေါ့လေ။ ညရောက်တော့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့
ပရိတ်တော်တွေရွတ်တဲ့ အစွမ်းဆိုတဲ့စာအုပ်လေးကို ဖယောင်းတိုင်မီးလေးနဲ့ဖတ်ကာ
အော်… ငါလဲ ပရိတ် ပဌာန်းရွတ်မှဆိုပြီး နေ့စဉ်ရွတ်ဆိုပွားများမိတယ်ပေါ့လေ။
နောက်တစ်နေ့မှာ ထပ်ပြီးဥက္ကဌ အတွင်းရေးမှူးတို့ ခေါ်ပြီး
မိမိကျောင်းမှာရေမရှိ ထင်းမရှိမို့ ပြောပြခဲ့ရတယ်..နောက်တစ်နေ့ရောက်တော့
ဒါးတွေကိုယ်ဆီကိုင်ကာ လူပေါင်း (၅၀)နီးပါးခန့်လောက်လာကြတယ်။
မိမိကျောင်းအတွက် ရေရရှိရေးအတွက် တောင်ပေါ်တစ် နေရာကိုတတ်ခါ ၀ါးများကို
ခြမ်းပြီး၎င်းမှ ရေရရှိစေရေးကို သွယ်ပေးကြတဲ့နေ့တစ်နေ့ပေါ့။
မိမိကျောင်းကိုလဲပြုပြင်ခိုင်းတယ်ပေါ့ ကုန်းပြီးလုပ်ပြန်တော့
ဖင်ဟောင်းလောင်း ထိုင်နေပြန်တော့လဲ… လက်နက်ကြီးနဲ့ချိန်နေတယ်လေ။ လား လား
မဖြစ်ချေဘူးဆိုပြီး မိမိလဲတတ်စွမ်းသမျှ ကူညီပြီး လုပ်အားပေးခဲ့။
တပြိုင်နက်ထဲ ပြောပြလိုက်တယ်လေ….ညစဉ်တိုင်းဘုရားစာသင်ပေးမည့်အကြောင်း ဥက္ကဌ
အတွင်းရေးမှူး တို့အားစည်းရုံးလိုက်တယ်လေ။ အင်း ညဆိုတဲ့အချိန်လေးကို
တမ်းတပြီးနေခဲ့တယ်လေ..
တို့မသိတဲ့ဖယောင်းတိုင်သည်လည်းစည်းရုံးရေးတခုဖြစ်ခဲ့တယ်။
************************
************************
ဟော..နေ၀င်ချိန်
ဒီနေ့ရာသီဥတုသည် သာယာလှ၏။ မိမိကျောင်းပေါ်မှာ ဖယောင်းတိုင် ၄.၅-တိုင်
အရောင်ရရှိရေးမို့ ထွန်းထားတယ်လေ အင်း..ဒီနေ့ဘုရားစာသင်ပေးမယ်ဆိုတော့
သူတို့ အလာကိုစောင့်ကာ နေလိုက်တယ်။ လာကြပါပြီလေ..ပြေးလွှားကာတတ်လာကြသော
နာဂပျိုမယ်တစု.နာဂလူပျိုတစုက တနေရာ နေရာယူနေကြပါပြီ။
ဖယောင်းတိုင်တွေကိုကြည့်ကာ ရီစရာဖြစ်နေကြတယ်ပေါ့..သူတို့မှာ မမြင်စဘူး
အမြင်ထူးတွေဖြစ်နေတယ်။ ဒီနေ့တော့ မြတ်စွာဘုရားရဲ့အကြောင်း ပြောနေရင်းပဲ..
ငုပါ့အာငွေး… ငုပါ့အာငွေး.ဆိုတဲ့ အသံတွေသာနားထဲကြားနေရတယ်။
အင်း..မဖြစ်ခြေဘူး သူတို့စကားငါမသိ ငါ့ စကားလဲ သူတို့မသိ.. ခက်လှပါဘိ.
ဟူး…ဆိုပြီး သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး။ အကြံတခုပေါ်လာပြီပေါ့
ဘောတချက်ကို မှာယူပြီး စာရေးပြီးသင်ပြန်တော့ စာကမတတ်ကြ.ဒီလိုနဲ့ ဒီရွာမှာ
ငါ အတတ်နိုင်ဆုံး ကြိုးစားပြီးအောင်မြင်အောင် လုပ်မယ်ဆိုပြီး
မြန်မာစကားပေါက်သော မောင်ပါဆွန်.အမည်ရှိ
နာဂတိုင်းရင်းသားလေးကိုစည်းရုံးပြီး မြန်မာလိုပြောပြီး နာဂစကားလေးတွေကို
စာအုပ်ထည်းတေးမှတ်ကာ သာသနာပြုလုပ်ငန်းလေးစတင်ဆောင်ရွက်ခဲ့ရပါတယ်။
နာဂတိုင်းရင်းသားအများစုသည်.အ၀တ်မ၀တ်ကြ ဆီဆိုတာလဲအ၀တ်မှမရှိပဲ
ပိုက်ဆံဆိုတာလဲ သူတို့မှာမမြင်ဘူးကြ။
သူတို့ရဲ့တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အချိန်ကုန်ကာနေကြ၏.
လူမျိုး=နာဂတိုင်းရင်းသားဘာသာ..ယစ်ပူဇော်မှုနတ်ကိုးကွယ်မှု
ဓလေ့=.အိမ်အတွင်းမှာမီးဖိုကာအပေါက်တပေါက်သာဖေါက်ထား
နေထိုင်မှု=အ၀တ်မပါကိုယ်လုံးထည်း လန်ကွတ်တီ မိန်းမတဘက်လောက်ရှိသော အစကို ထမီအဖြစ်ပတ်ထား
စားသောက်မှု=ပြောင်းဆံကိုသာထမင်းအဖြစ်စား
အလုပ်ကိုင်=တောင်ယာထဲမှာတနေကုန်နေကာပရိယေသနရှာ
ဒီလိုလူမျိုးတွေနဲ့ဆက်လက်ကာ
မိမိသာသနာပြုလုပ်ငန်းကို အတ္တဟိတ ကိုယ်ကျိုးကိုစွန့်ပြီး ပရဟိတကို
ထမ်းဆောင်ကာ.တောင်ဖြုတ်ကြီးတောင်ဖြုတ်ငယ်အသွယ်သွယ်သော သဘာဝဘေး ဆိုးရွားသော
ရာသီဥတု ဒါဏ်၊ ပိုက်ဆံရှိသော်မှမိမိစားလိုသော အစားအစားမရရှိသောနေရာမျိုးမှာ
တစ်ဘက်မှာလည်း သူပုန်ရန် မိမိနေသောတောင်ရဲ့ အခြားတောင်မှာ သူပုန်ရွာ ဟူ၏။
ဒီလိုနဲ့ပဲ နေထိုင်လာခဲ့ရာ ၇က်ကိုလစားကာ အတော်အသင့်
အောင်မြင်မှုများရရှိခဲ့သည်။..ညမှာဆိုဘုရားစာသင်ပေးရသောအချိန်မှာ အသံတောင်
ဝင်ခဲ့ရပါတယ်။ သြကာသကန်တော့ခန်း(၁၅)ရက် နောက် ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ.ဓမ္မံ သရဏံ
ဂစ္ဆာမိ..သံဃံ သရဏံ ဂစ္ဆာမိ. ကြပြန်တော့ မရနိုင်အခက်သား
စိတ်ထဲအကြံတခုရလိုက်တယ်လေ စီးနဲ့ဝါး သင်နည်းသင်လိုက်တောမှ အိုကေလိုက်တာ
သင်ပုံသင်နည်းကား..လက်ခုတ်တီး လက်ခုတ်တီး လို့ပြောတော့ နောက်ကနေ လက်ခုတ်တီး
၂- လို့ လိုက်ဆိုကြတယ်လေ။ မဟုတ်ဘူး နင်တို့လဲတီးလေ
လိုက်ဆိုဆိုကာမှ.ဗုဒ္ဒံ
သရဏံ ဂစ္ဆာမိ…ဖြောက်လို့ လက်ခုတ်တချက်ခြ အိုကေလိုက်တာလေ ဒီလိုကြပြန်တော့
အမြန်သားပဲ။ ငါးပါးသီလ စသည်ဖြင့်သင်ပေးလိုက်တာ ၂- လနီးပါးနှုတ်မှ
တိုင်ပေးခြင်းဖြင့် သင်ယူစေခဲ့ရပါတယ်။ ဒီနားလေးမှာပြောပြလိုက်ပါရစေပေါ့
မိမိမြေပြန့်မှသူတော်စဉ်တွေဟာ မွေးပြီး မိဘတွေ ဆိုပါများလာရာကနေ
ရတဲ့သူတွေပါ။ မိမိမှာလေ ဒီလိုမသိရှာတဲ့ နာဂတိုင်းရင်းသားတွေရဲ့
ရင်ထဲမှာ..သရဏဂုံ
တည်အောင်ပြုလုပ်ပေးရတဲ့ကုသိုလ်ထူးဟာ.ဘယ်မှာမေ့နိုင်တော့မှာလဲ.
လူကိုခင်တော့မူကိုပြင်ပုဂ္ဂိုလ်ခင်တော့တရားမင်
******************
******************
ဒီလိုနဲ့…နေနလာခဲ့တာ
၃-လကျော်လာခဲ့ပြီလေ ဒီလိုနေလာတာနဲ့အမျှ သူတို့ရဲ့နေထိုင်မှုတွေကို
အကဲခတ်ရန် မိမိနေရာမှ ညနေဆိုရွာထဲသို့ ပါရာစီတမော့၊
ဘာမီတွန်ဆေးလေးများပေးခြင်းဖြင့် စည်းရုံးရေးအဖြစ်ဆင်းခဲ့ရ
လေ့လာခွင့်ရပြီပေါ့။ အင်း..ဒီလိုကြပြန်တော့လဲ
ချစ်စရာလေးတွေလေ..မိမိကဆေးပေးတိုင်းလည်း တချို့ ငြုပ်သီးကို ဖက်နဲ့ထုတ်ကာ
ပေးတတ်ကြ၏။ တချို့ဝက်သားကိုဖက်နဲ့ထုတ် တချို့ကြက်ဥ..တခါတလေ
ဟင်းမရှိတဲ့နေ့ဆို
ဥက္ကဌကိုအကူညီတောင်းတိုင်း..ကြက်အကောင်လိုက်ယူလာပေး၏...တခါက တွေးတွေရွာကို
မိမိနေရာသို့ခေါ်ကာ သူတို့ကျေးရွာလည်း ဗုဒ္ဒဘာသာ
ဝင်လိုကြောင်းလျှောက်ထားဘူး၏။ မိမိကလဲ အ၀တ်တစ်ထည်ဆီ
ပေးလိုက်သောကြောင့်လားတောကမသိ..တိုတွေးတွေရွာသည် သူပုန်ရွာဖြစ်၏။ ထိုဥက္ကဌ
နှင့်အတွင်းရေးမှူးကတော့ ဆိတ်တကောင်နှင့် ကြက်တကောင်ဆီ ပါဘူး၏။
ရွာထဲသို့ဝင်ပြီးစည်းရုံးတော့မှ ပိုလို့အောင်မြင်၏။
ရွာထဲမှာ..ပန်ဟုဆိုသော
အိမ်ကြီးတလုံးရှိ၏။ ချက်ကျောင်းသဘောမျိုးပါ မြေပြန့်မှာဆိုရင်
ဓမ္မာရုံပေါ့…ဒီ ပန်ဆိုသောအိမ်ကြီးထဲမှာ လူပျို အပျိုတို့
ညစဉ်တိုင်းအတူအိပ်ကြ၏ အချစ်မှာ..ဒီမိုကရေစီလေ။
မိဘကသဘောမတူဟူသရွေ့..မရှိ.မိမိအိမ်မှာလဲ အပျိုဖြန်းလေးတို့ အိပ်ဘို့မရှိ
အချစ်ရှာထွက်ကာ ထိုပန်ဟုဆိုသောအိမ်ကြီးကိုသာတတမ်းတကြ၏။ တစ်ခါမှာ မိမိဆီ ည
ဘုရားစာလာသင်သော နာဂပျို လေးကမိမိနှင့်အတူ အိပ်ခြင်တယ်လို့ပြောဘူး၏။
မိမိကား..ငါတို့ ဘုန်းကြီးတွေက မိန်းမမယူရ ညနေစာ ထမင်းမစားရဟု
ပြောပြထားလိုက်တော့၏..ညနေ မိမိ ရွာထဲသို့ ဆေးပေးရန်ထွက်ခဲ့၏။
မူဆိုက်လောင်မီးပူတဲ့ ခေါ်လိုက်တဲ့ အသံကြားတော့ အိမ်ထဲသို့ ရောက်သော်
အဖွားအိုတယောက် တကိုယ်လုံး
ပူနေပြီးနေတော့၏..မိမိသည်လည်းပါလာသောပါရာစီတမော့နှင့် ရေနွေးပူပူ
တိုက်ပေးတော့မှ ဖွားဖွား ခြွေးတွေထွက်လာတော့တယ်။ လူတိုးမီးယမ်းတဲ့လေ
အိမ်မှာရှိသော ပလောပီနန်များ ချဉ်းတတ်များ ငြုပ်သီးများ၊
ပြောင်ဖူးခြောက်များ ပေးလိုက်တော့၏။
ဒီနေရာမှာ အသိလေးတစ်ခု
စာဖတ်သူကို ပေးလိုက်ပရစေ…မိမိသည်စေတနာမှန်ဖြင့် ပရိတ်တော်ကိုရွတ်ပြီး
ဂုဏ်တော်ကိုပါပွားများပြီး လူနာအား
ဆေးကိုတိုက်ကြွေးပါ…မုချပျောက်ကင်းနိုင်ပါကြောင်း..ယ္ခု..မြန်မာပြည်မှာ
ဆေးခန်းပေါင်းစုံ အပြိုင်အဆိုင် ဖွင့်လှစ်ကြ၏။ စီးပွားရှာကြတာကိုတော့
အပြစ်မပြောလိုပါ။ လူနာအားနွေး ထွးသောမေတ္တာစေတနာတွေနဲ့ ကြိုဆိုသင့်ကြောင်း
ငွေမျက်နှာချည်းမကြည့်သင့်ကြောင်းပါ။ တစ်ခါက.. မိမိမြန်မာပြည်မှာ
နေထိုင်စဉ်လူနာပေါင်းစုံပို့ဘူး၏။ ဆေးခန်းပေါင်းစုံ ရောက်ဘူး၏
ယုတ်စွဆုံးကလေးမွေးလို့ အနှီးလိုနေလို့ဆိုင်သို့ပြေးကာ
ဝယ်ပေးဘူးခဲ့တဲ့အဖြစ်ထိပါ။ အို..နောက်ဆုံး..အရူးဆေးရုံတောင် အခေါက်ပေါင်း
မရေတွက်နိုင်ပါဘူး။ ထားပါတော့….တစ်ခါသော်..ကော့မှူးမြို့နယ်မှ အသက်
၁၉-နှစ်အရွယ် လူငယ်တယောက် နှလုံးဆရာဝန်တယောက်သို့သွားပြ၏။ မှတ်မှတ်ရရပဲ
၁၉၉၉-လောက်ကပေါ့ ခွဲရမယ်တဲ့ ၉၀၀၀၀-ကျပ်တဲ့ အဲဒီတုံးက ၉၀၀၀၀- သည် ယ္ခု
၉၀၀၀၀၀-သိန်း လောက်တန်ကြေးများ၏။ မိမိမှာလည်း ၁၀၀၀- ကျော်လောက်ပဲရှိတယ်လေ။
ဘယ်တတ်နိုင်မှာလဲ ထိုလူရွယ် စိတ်ထိခိုက်ပြီးပိုဆိုးကာ တစ်လ မလိုခင်မှာ
သေသွားရရှာတယ်။ အသပြာဆရာဝန်ပေါ့..စေတနာဆရာဝန်မခေါ်နိုင်..နောက်တစ်ယောက်
ခုတော့ နာဂစ်ရဲ့နောက်သို့ ပါသွားရှာခဲ့ပြီလေ။
လပွတ္တာမြို့နယ်ကပေါ့ဆေးခဏ်းကိုသွားပြတယ်လေ
ထိုဆရာ ၀န်ပါပဲ..ဆေးရုံတတ်ရမယ်တဲ့ ဟော လာပြန်ပြီ..ခွဲရမယ်တဲ့
ဆေးရုံပို့ပြီးတစ်ရက်ခန့်တော့ မိမိလည်းမရောက်နိုင်ခဲ့တော့ပါ။
ဒီလိုနဲ့..ဆရာဝန်မှ ခွဲခ ၄- သိန်းတဲ့။ ဆေးရုံကြီးမှာနော်
တော်သေးရဲ့မခွဲခင်ဘယ်လိုနေလဲ ရောက်သွားတော့ မနက်ဖြန်
၎-သိန်းပေးတော့မှာလေအားပါး..မိမိမှ ဆရာဝန်ကြီးဆီလိုက်ကာ..ဆရာသူတို့က
တောသားတွေပါ ဆိုပြီး စားပွဲပေါ်၌ ငွေတစ်သိန်းသာတင်ပြီး
ငိုပြလိုက်တယ်ပေါ့..တကယ်လို့မိမိမရောက်သွားရင် ခွဲခကား.၄- သိန်းကြီး
ကဲ..ပြောလိုရင်းက စေတနာမှန်နှင့် အလုပ်လုပ်ရင်အောင်မြင်နိုင်ကြောင်းပါ။
လူနာကိုသော်မှ ရာခိုင်နှုန်း၅၀% လောက်က သက်သာ စေကြောင်းပေါ့။ ကဲ
ဆက်ဦးစို့...နာဂတိုင်းရင်းသား အများစုဟာ ဆေးဝါးကိုမမြင်ဘူး ငွေဆိုတာလဲ
မမြင်ဘူးဆိုတော့ မမြင်ဘူးတဲ့ဆေးကို သောက်ရလို့ပျောက်တယ်ပဲထားဦး သူတို့ရဲ့
ဓလေ့ကြီးကို တိုက်ဖြတ် နိုင်ခြင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောပြခြင်းပါ။
သူတို့ကလူတယောက်နေမကောင်းရင်
ဝက်ရှိရင် ၀က်ကိုသတ် လူနာအားဝက်သွေးကိုတိုက်ကျွေးခြင်း
ပိုသောသွေးများကိုခန္ဒာကို လိမ်းပေးခြင်းဖြင့် ဆေးကုသမှု
ပြုလုပ်နေကြသောသူတို့ရဲ့အကျင့်ဆိုးတွေကို အဓိကမလုပ်ဘို့ ..အတ္တဟိတ
ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်လေးနဲ့ကုသပေးခဲ့မိတယ်။ တကယ်တော
ဘုန်းကြီးဆိုတာ ဆေးဝါးကုသမှုမပြုလုပ်ရဘူးဆိုတာ ထေရ၀ါဒ
ရွှေမြန်မာတို့အသိပဲလေ..ဒါလေးတွေကို ဥပေက္ခာပြုပြီး မိမိသာသနာပြု
အောင်မြင်အောင်ဆေးဝါးများပေးခြင်း အ၀တ်ထည်များပေးခြင်းဖြင့်
သာသနာပြုခဲ့ရပါတယ်ဆိုတာ ရိုးသားစွာဝန်ခံပရစေပေါ့။
မြတ်စွာဘုရားကတော့ငါဘုရားကိုလုပ်ကျွေးခြင်ရင်ဂိလာနကိုပြုစုလုပ်ကျွေးကြဆိုတဲ့
စကားလေးကို
ရင်ထဲမှာထားပြီး ဒေသနာကြားလို့ရနိုင်တဲ့ အာပါတ်လေးကို ဥက္ခောပြုခဲ့ရပါတယ်။
နောက်ပြီး မိမိဒီရွာကိုရောက်လေမှ သေလိုက်တဲ့လူတွေ ပူဇော်လိုက်ကြတဲ့ယစ်တွေလေ
သွေးမြေခနေသလိုနီမြန်းလို့ နေတဲ့မြင်ကွင်းကို
မိမိဘယ်မှာစိတ်ကောင်းနိုင်မှာလဲ။ ဒါနဲ့ .ခ.မ.ရ ၃၄၇- ဗိုလ်ကြီးနှင့်အတူ
နှီးနှော တိုင်ပင်ကာ၊ ပရိတ်ကမ္မ၀ါစာတွေ ရွတ်ဖတ်ပေးခြင်တဲ့ ဆန္ဒအာသီသလေးတွေကို
ထုတ်ဖေါ်ပြလိုက်တော့.. ကောင်းတာပေါ့ဘုရားတဲ့။ ဒါနဲ့ စခန်းပေါ်မှ ငှက်ပြော
၂ဖီး အုန်းသီးမရှိလို့ အုံးသီးကိုယ်စား
ရွှေဖရုံသီးထည့် ဆံလေးတပြည်
မိမိမှာရှိတဲ့ (၅၀)ကျပ်တန်လေး ၂-ရွက်နဲ့ ရွာအ၀င်ဝမှာ ပရိတ်ရွတ်နှင့်
ကမ္မ၀ါရွတ်ဖတ် သရဏဂုံ သီလဆောက်တည်ကာတောင်ပေါ်ဒေသမှာ ဦးဆုံးသီလပေးရခြင်းပါပဲ
ထိုအချိန်မှာ မိမိသင်ထားတဲ့ ကလေးတွေကလဲဆိုတတ်နေတော့ ပါဏာတိပါတာဝေရမဏိ
သိက္ခာပဒံ သမာဓိယာမိ လို့ဆိုလိုက်တော့..နောက်ကလဲ ဗိုလ်ကြီးတို့
အပါဝင်ကလေးတွေကလဲ တူတူဆိုတဲ့ အသံကြားလိုက်ရတော့ ပီတိတွေဖြစ်လိုက်တာ
ဒီလိုခံစားရတဲ့ ပီတိဟာ ပြောမပြတတ်လောက်အောင်ကိုဖြစ်မိခဲ့ရတယ်။
ပီတိကိုစားကာအားရှိခဲ့ရပါ၏
**************
**************
တစ်ခုသောညနေခင်းအချိန်..ကြိုင်မွန်းရေ…ကြိုင်မွန်းရေ..ဆိုပြီးကျောင်းသို့အပြေးအလွှားတတ်လာသော
နာဂလှပျိုဖြူများ တဖွဲ့မှလည်။ ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ.မပီကလာနဲ့ ဂီတသံသဖွယ်
ညီညာစွာနဲ့ တတ်လာကြသော နာဂလှပျိုဖြူလေးများ .အော်
သူတို့ရင်ထဲမှာ.သရဏဂုံတွေတည်နေကြပါလားဆိုပြီး ရင်ထဲအသဲထဲမှာ
ပီတိတွေနဲ့ပြည့်ညပ်လို့ အားအင်တွေလဲ ပြည့်ခဲ့ရပါပြီလေ။ နောက်ပိုင်းမှာတော့
နာဂတိုင်းရင်းသား ကျေးရွာလေးတွေဟာ ခုလိုအချိန်တွေမှာ ရွှေရောင်သာသနာတွေ
ထွန်းလို့နေရောပေါ့..အ၀တ်စားလေးတွေ လှလှပပနဲ့ဝတ်ဆင်ပြီး ဗုဒ္ဒဘာသာလေးတွေ
ဖြစ်နေတည် ကြတာလေးတွေ မြင်လိုက်ခြင်ပါရဲ့။ ဒါပေမဲ့
လဲ..ခုတော့…နာဂတိုင်းရင်းသားလေးတွေဟာ အသိလေးတွေရှိပြီး အကုသိုလ်နယ်ပယ်မှ
ပျောက်ကွယ်ကာ ကုသိုလ်နယ်ပယ်မှာ မင်းတို့ လေးတွေရဲ့ နှစ်လုံးသားမှာ..ဗုဒ္ဒံ
သရဏံ ဂစ္ဆာမိ..ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ
သရဏံဂစ္ဆာမိ….ဆိုတဲ့အသံလေးတွေဟာ..နာဂတောင်တန်း ပတ်ပွိုင်တောင်ကြီးကို
လွှမ်းမိုးပြီး.. မင်းတို့လေးတွေရဲ့အနာဂါတ်မှာ..အသိတရားတရားလေးတွေရရှိပြီး
နာဂမျိုးဆက်သစ်လေးတွေကိုလည်း.. မင်းတို့လေးလိုဖြစ်အောင်
ဆွဲဆောင်ပြီး.ထေရ၀ါဒ ဗုဒ္ဒဘာသာလေးတွေဖြစ်အောင် ထာဝစဉ် ကြိုးစားနေနိုင်
ကြပါစေဆိုတဲ့တောင်းဆုလေးနဲ့…အဝေးကတောင်းဆုပြုရင်းနဲ့သာ……
No comments:
Post a Comment