အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, January 22, 2012

ဒီနေ့ ကြက်သားတခွက်ရဲ့ နောင်တ

ဒီနေ့ ကြက်သားစားခြင်သောဆန္ဒကြောင့် ကြက်သားဆိုင်သို့ အပြေးလွှားသွားခဲ့တယ်ပေါ့။ကြက်သားဆိုင်ဟုဆိုသော်လည်းအမိမြန်မာပြည်လိုတော့မဟုတ်လှ။
ဝယ်သူလာမှသာလျှင်
ကြက်ကို လိုခြင်သောကြက်ကိုလက်ညှိုးထိုးပြကာဝယ်ယူရသည်။မိမိမှာ ထိုအရေးတွေတွေးပြီးကြက်သားမစားရတာကြာပြီဖြစ်လို့ ဆိုင်သို့အပြေးလွှားထွက်ခဲ့တယ်ပေါ့။တခါတရံတွင် သတ်ပြီးသားများရှိတတ်၏။မိမိတို့အနေနဲ့သူတပါးအသားကိုသတ်ခိုင်းစေလိုသောဆန္ဒအလျင်းမရှိခဲ့။သို့သော် အသေသားလေးများရှိလိုရှိငြားသွားခဲ့တယ်ပေါ့။တနင်္ဂနွေနေ့သည် အသေသားရှိတတ်သည်ဟုအထင်နဲ့ သွားခဲ့သည်။အထင်တိုင်းအသေသားတွေ့၍ ၀ယ်လာခဲ့တော့၏။ ကီလိုဝက်ပေါ့.။ရူပီး၆၀ ပေးပြီးပြန်လာခဲ့၏။ပဲပြုတ်လေးလဲမစားရတာကြာပြီမို့ ပဲတကီလိုလောက်နဲ့ဆီတပုလင်းလောက်ဝယ်မည်ဟု အတွေးလဲဝင်လာသည်။ချောက်ခန္တိစေတီတော်အနီးရှိဆိုင်တဆိုင်သို့ တဖန်သွားရောက်ခဲ့သည်။ မည်သည့်အရာမဆို ရေမွှေးသည် ကြိုက်သူအဖို့အမွှေးနံ့သည် ကောင်းသည်ဟု ထင်သော်လည်းမကြိုက်သူအဖို့ အနံ့သည်ဆိုးရွား၏။ခုသည်လည်း အိန္ဒိယနိုင်ငံအများစုသည် အသားကိုမစားကြ။အသားနံ့တောင်မခံနိုင်ကြချေ။မိမိတို့အိမ်ငှားနေရခြင်းသည်လည်း အသား.ငါး.ငါးပိကြိုက်၏။မကြိုက်၏။အရင်လေ့လာရ၏။တချို့အသားဟင်းချက်ကြလျင်အနံ့ကိုတောင်မခံနိုင်
ကြချေ။
မိမိလည်းကြက်သားဆိုင်မှဝယ်လာသောကြက်သားကို ယူဆောင်ပြီး ဆီနှင့် ပဲဝယ်ရန်ဆိုင်ထဲသို့အ၀င် သတိလက်လွတ်ဖြစ်ကာဆိုင်ထဲသို့ ၀င်ခဲ့တော့၏။မိမိအား ဆိုင်မှ မောင်ရာဂျူးသည်မိမိအားအကြည့်တချက်ကား သံသယအကြည့်တချက်ဖြင့်မိမိအားဆိုင်တွင်းသို့ ၀င်ခွင့်မပေး။ မိမိသည်လည်း ဘာကြောင့် ဘာလို့ဆိုတာ သတိမရခဲ့။လက်ထဲမှပါလာသော ဖုန်းမှ ဖုန်းသံကြောင့် ဖုန်းကိုကိုင်လိုက်တော့မှ .သြော်....အသားပါလားပါလားဆိုပြီး အသားကိုအပြင်မှာခဏထားကာ ဖုန်းပြောရင်းဆိုင်ထဲသို့ဝင်တော့မှ မောင်ရာဂျူးသည် အပြုံးတချက်နှင့် နမာစတေး ဘန္တေဂျီ တဲ့..အော် အသားကြောင့် သူ၏ဆိုင်ထဲသို့ မ၀င်စေလို.။အင်း.ငါ အမှားပဲ သိရဲ့လျက်သတိတချက်ကြောင့် ဒီနေ့ကြက်သားလေးစားခြင်တဲ့ဆန္ဒသည် ခုတော့..မထင်မှတ်ပဲအသိတချက်ဝင်လာခဲ့သည်။ ဒီနေ့ကစပြီး ကြက်သားမစားလို့တော့ဟု စိတ်ဆုံးဖြတ်ချက်လိုက်တော့၏။မှတ်ချက်။ ။ အိန္ဒိယနိုင်ငံ၍နေစဉ် မိမိကိုယ်တိုင်ဝယ်ပြီးမစားတော့။

No comments:

Post a Comment