အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, January 2, 2012

နှစ်သစ်မဂ်လာရဲ့ ပီတိတစုံ

 အရှင်ကုဏ္ဍလ(တောင်ငူ) သူ့တက္ကသိုလ်အတွက် ပိဋက (၃)ပုံကို အဆင့်ဆင့်သယ်သူကာ
                                                   လှူဒါန်းမည်တဲ့.
နှစ်သစ်မင်္ဂလာကိုကြိုဆိုပါသည်။ ခုတလော တဦးနဲ့တဦး မတွေ့လိုက်နဲ့’‘HAPPY NEW TEAR” ပါ ဆိုတဲ့ အသံသည် အရင်ပေါ်ထွက်လာတော့၏။ မင်္ဂလာရှိသောနှစ်သစ်မင်္ဂလာ
ကိုကြိုဆိုတဲ့ မနက် မိုးလင်းခါနီးအချိန် မိုဃ်းနည်းဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ သည် မို
ဃ်း ဖြိုးဖြိုးဖြောက်ဖြောက်ကြလျှက် မင်္ဂလာနှစ်သစ်ကို ကိုရွှေမိုဃ်းကကြိုဆိုနေရော့လား
ဆိုပြီး မိမိငှားထားသော ခပ်ညံ့ညံ့ မညီညာသော အခဏ်းတံခါးလေးကို ဖွင့်ကြည့်မိ
တော့လဲ အငြိုးကြီးစွာ ရွာခြင်းမဟုတ်သော်လည်း အိန္ဒိယနိုင်ငံရဲ့ခိုက်ခိုက်တုန်မျှအအေး
ဒဏ်ကို ပိုမိုအေးစေသည်လားဆိုပြီး အခဏ်းတံခါးကိုပြန်ပိတ်ကာ စောင်ခြုံထဲ ပြန်ဝင်မိတော့၏။ အမှန်ပြောရရင် အအေးတော့နဲနဲပေါ့သွားခဲ့၏။သို့သော် မိုးသည် မိုးလင်းသည်နှင့် ရွာလိုက်သည်ဖြစ်ခြင်းမိုးရိပ်မိုးသားတို့၏ဖုံးကွယ်ထားခြင်းကြောင့်
အအေးဒဏ်တော့ သိသိသာသာလေးပေါ့သွား၏။သို့သော် အနေရတော့အခက်သား
မိုဃ်းကိုကြောက်လို့မဟုတ်သော်လည်း ရွာချိန်မဟုတ်ပဲ အကာလမိုးဖြစ်၍ အနေရခက်
မိ၏။နောက်မကြာခင်ကြားလိုက်ရတဲ့သတင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသတနေရာမှာ
လေမုန်တိုင်းများတိုက်၍ လူအနည်းငယ်သေကြေ၏ ဟု အင်တာနက်စာမျက်နှာမှတွေ့
လိုက်ရ၍ အော် လက်စသတ်တော့မုန်တိုင်းရှိသည်ဟူ၏။  
                 မိုဃ်းသည်အငြိုးတကြီးရွာခြင်းမဟုတ်သော်ငြားလည်း မိမိအခဏ်းတံခါး
လာခေါက်၍ တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ.ဂျမူး ကချမီးယား မှာတက္ကသိုလ်တတ်ရော
က်နေသော အမိတက္ကသိုလ်ကျောင်းသားဟောင်း အရှင်ကုဏ္ဍလ(တောင်ငူ)သည် ဒီနေ့
နေ့လည် ၁၂နာရီ၅၅ မိနစ်ရထားဖြင့် ဋ္ဌာနေကိုပြန်တော့မှာမို့ ဘူတာကြီးအားလိုက်ပို့ရန်
အကြောင်းမှာပိဋက(၃)ပုံနဲ့ ပါနေခြင်းကြောင့်မနိုင်၍ လိုက်ပို့ရန်ဖြစ်ကြောင်း နှစ်ဦးသား
ကော်ဖီတခွက်စီ အအေးဒဏ်ကိုအံတု ရှေးဟောင်းနောက်ဖြစ်လေးများပြောရင်း အပြင်မှာတော့မိုးသည်တဖြောက်ဖြောက်နဲ့ ထမင်းပေါင်းအိုးလေးမီးထိုးထားပြီး နေ့လည်
စာလေး ဆွမ်းဟင်းမဟုတ်သော လဘက်သုတ်လေးနဲ့ ဘုဉ်းပြီး ဘူတာသို့ တက္ကစီကား
လေးငှားကာ ထွက်လာခဲ့တော့၏။တက္ကစီလေးသည်လည်း သူ့တာဝန်ကျေပြွန်အောင်
မိုးရွာထဲမှာ တဝေါဝေါနဲ့ ဘူတာကြီးဆီသို့ ထွက်လာခဲ့တော့၏။ ဘူတာကြီးရောက်သည်နှင့် ပိဋက(၃)ပုံ လက်မှပိုက်ပြီး အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလာမှုသည် ရထားကိုသာ အားကိုးရခြင်းကြောင့်ဘူတာထဲမှာ လူတွေများပြားလိုက်ပုံများ အမေပြောတဲ့စကားတခွန်းကို ပြေးပြီးသတိရမှိရဲ့ ပုရွက်ဆိတ်တွင်းထဲက ပုရွက်ဆိတ်တွေများထွက်လာလေရော့လား.ဆိုပြီး ဘူတာအလာစောင့်နေကြတဲ့ ဗာရာဏသီဘူတာကြီးထဲမှာ ကျောင်းသားလေးရယ်..ဂျမူးကချမီးယားက အရှင်ကုဏ္ဍလ ရယ် မိမိနဲ့ အခဏ်းခြင်းကပ်လျှက်နေတဲ့ မပြီးဆုံးသေးသောပန်းချီကားတချက်ကိုတူတူချယ်မုန်းနေ
တဲ့ အရှင်ကုဏ္ဍလ တို့သည် ပျားပန်းခတ်မျှလုပ်ရှားသွားလာနေကြတဲ့ မဇ္စဖိမသားတွေကိုကြည့်ရင်းနဲ့ မကြာခင် ရထားတွဲ ဆိုက်ရောက်တော့မှာမို့ သူငယ်ချင်းတွေ အခြင်းခြင်း လမ်းခွဲရတော့မယ်ဆိုတဲ့ အသိကြောင့် စိတ်မကောင်းစွာနဲ့
ရထားတွဲအလာကို စောင့်မျှော်ရင်းနဲ့  ပိဋက (၃)ပုံသယ်ဆောင်သွားမဲ့ ရထားကြီး ရယ်လို့ တွေးနေရင်း…..ဟော……ဘော် .ဘီ.ဘူ ရထားတွဲလာချေပြီ..လုယက်ကာ မိမိနေရာကိုယ်စီသို့အပြေးအလွှားပြေးလွှားကြရင်းနဲ့ ..နှစ်သစ်ဦးမင်္ဂလာသည် မိမိတို့ မဇ္ဈိမဒေသ တနေရာမှာ ပိဋက(၃)ပုံ ပို့ဆောင်ပေးရခြင်းဖြင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဒေသနာတော်တွေအား မဇ္ဈိမဒေသ တက္ကသိုလ် ၏ တနေရာသို့ဂျမူးကချမီးယားတက္ကသိုလ်သို့ သူ၏ THESISကိစ္စပြီးဆုံးခဲ့သော် ၄င်းပိဋက(၃)ပုံအား လှူဒါန်းထားခဲ့မည်ဆိုတာ သိလိုက်ရ၍ မိမိတို့ အခဏ်းနားနေသူငယ်ချင်း၂ ပါးတို့သည်.၀မ်းသာဂုဏ်ယူစွာနဲ့ မိမိနေရာ စရဏရပ်ကွက်ဆီသို့ ပြန်ခဲ့ရတော့၏။အပြန်လမ်းတွင်မှာတော့ ပီတိလေးတွေကို ကိုယ်စီစားပြီး………..

No comments:

Post a Comment